HomeCelebs Update NewsInternational2009 VMAs ဆုပေးပွဲမှာ Taylor Swift ကို ဘာလို့အရှက်ခွဲခဲ့ရတယ်ဆိုတာ ပြောပြလာတဲ့ Kanye West

2009 VMAs ဆုပေးပွဲမှာ Taylor Swift ကို ဘာလို့အရှက်ခွဲခဲ့ရတယ်ဆိုတာ ပြောပြလာတဲ့ Kanye West

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Kanye West ဟာ ၂၀၀၉ခုနှစ် VMAs ဆုပေးပွဲတုန်းက Taylor Swift ကို စင်ပေါ်မှာ အရှက်ခွဲခဲ့တာဟာ ဘုရားသခင်က စေခိုင်းလို့ပါဆိုပြီး စက်တင်ဘာလ(၁)ရက်နေ့က Nick Cannon ရဲ့ podcast ဖြစ်တဲ့ Cannon’s Class မှာ ပြောပြလိုက်ပါတယ်။

အခုဆိုရင်တော့ Kanye West တစ်ယောက် Taylor Swift ကို စင်ပေါ်မှာ အရှက်ခွဲခဲ့တာ (၁၁)နှစ် ကြာမြင့်ခဲ့ပါပြီ။ အဲ့ဒီ့တုန်းက ၂၀၀၉ခုနှစ်ရဲ့ VMAs ဆုပေးပွဲမှာ Taylor Swift ဟာ You Belong With Me MV နဲ့ Best Female Video ဆုကို ရရှိခဲ့ပါတယ်။ ဆုလက်ခံစကားပြောနေစဉ်မှာပဲ Kanye West ဟာ စင်ပေါ်ကို ပြေးတက်လာပြီး Taylor ဆီက မိုက်ခ်ကို လုယူကာ ဒီဆုနဲ့ တကယ်ထိုက်တန်သူဟာ Beyonce သာ ဖြစ်ပါတယ်လို့ တက်ပြောခဲ့တာ ဖြစ်ပါတယ်။

Photo: kanyewestt_official/ Instagram

အဲ့ဒီ့အချိန်က ပထမဆုံး VMAs ဆုကို ရရှိခဲ့တဲ့ Taylor ဟာ အသက်(၁၉)နှစ်သာ ရှိသေးတာကြောင့် စင်ပေါ်မှာ မျက်နှာငယ်လေးနဲ့ ရှက်ရွံ့သွားခဲ့တာကို ပွဲကြည့်ပရိသတ်အားလုံး မြင်တွေ့ခဲ့ကြရပါတယ်။ သို့ပေမယ့် ဒီကိစ္စတွေအားလုံး ဖြစ်ပျက်ပြီး (၁၁)နှစ်ကြာတော့မှ Kanye ဟာ သူဘာလို့ ဒီလိုလုပ်ခဲ့ရတယ်ဆိုတဲ့ အကြောင်းရင်းကို စားမြုံ့ပြန်လာပါတယ်။

Kanye ကတော့ အဲ့ဒီ့နေ့ရက်မှာ သူ့ကို ရှေ့ဆုံးက ထိုင်ခုံမှာ ထိုင်စေခဲ့တာဟာ ဘုရားသခင်ရဲ့ ဆန္ဒဖြစ်ခဲ့ပြီးတော့ Taylor Swift ရဲ့ ကြီးမားတဲ့ အောင်ပွဲရ အခိုက်အတန့်မှာ လျှပ်တစ်ပြက် သွားရောက်နှောင့်ယှက်ဖို့ စေခိုင်းခဲ့သူဟာ ဘုရားသခင်သာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် Taylor Swift ဆိုတာကို ကြားကိုမကြားဖူးခဲ့တာဖြစ်ပြီး Beyonce ရဲ့ Single Ladies MV ကို ကျော်တက်ပြီး ဆုရသွားတာဟာလည်း အလွန်အမင်း ဆိုးဝါးတယ်လို့ ဆိုလိုက်ပါသေးတယ်။

Photo: kanyewestt_official/ Instagram

“ဘုရားသခင်က အခု ကျွန်တော့်ကို သတင်းအချက်အလက်တွေ ပေးနေတယ်။ ကျွန်တော့်ကို စင်ပေါ်ကို ပြေးတက်ပြီး Beyonce ကသာ Best Video ဆုနဲ့ ထိုက်တန်တယ်လို့ မပြောစေချင်ရင် ဘုရားသခင်က ကျွန်တော့်ကို ရှေ့ဆုံးတန်းက ထိုင်ခုံမှာ ထိုင်စေခဲ့မှာ မဟုတ်ဘူးလေ။ ကျွန်တော်က အနောက်ဘက်က တစ်နေရာရာမှာ ထိုင်နေရမှာပေါ့… ” လို့ အသက်(၄၁)နှစ်အရွယ် Kanye က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

သူ ပြောသွားတဲ့ အကြောင်းပြချက်ဟာ တကယ်တမ်း အမှန်တရားနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ရယ်ချင်စရာ ကောင်းနေပါတယ်။ အကြောင်းကတော့ အဲ့ဒီ့အချိန်အခါက Kanye ဟာ ကမ္ဘာပေါ်က အကြီးမားဆုံး ကြယ်ပွင့်တွေထဲမှာ ပါဝင်နေခဲ့သူ ဖြစ်တာကြောင့် ရှေ့ဆုံးခုံမှာ ထိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဆုပေးပွဲရဲ့ ပီဒီတွေနဲ့ live လွှင့်မယ့် ရုပ်မြင်သံကြားက ထုတ်လုပ်သူတွေဟာ နာမည်အကြီးဆုံး ဖြစ်နေတဲ့လူတွေကို အမြဲတမ်း ရှေ့ဆုံးတန်းမှာသာ နေရာချပေးကြတာဟာ ထုံးစံတစ်ခုပါ။

Photo: mepixels

ဒါ့အပြင် စင်ပေါ်မှာ အကောင်းဆုံး ဗွီဒီယိုဆုအတွက် ဆုလက်ခံစကားပြောကြားနေတဲ့ Taylor Swift ကိုလည်း လုံးဝမသိခဲ့ဘူးလို့ ဆိုထားတာ ဖြစ်ပါတယ်။ “သူတို့က ပထမဆုံးဆုအဖြစ် ရသွားစရာ အကြောင်းကို မရှိဘူး။ အဲ့ဒီ့လူက ဘယ်သူမှန်းလည်း ကျွန်တော် မသိတဲ့အတွက် အဲ့လိုလူကို အဲ့ဒီ့ဆု ပေးလိုက်တာက အဓိပ္ပာယ်လုံးဝ မရှိပါဘူး။ Single Ladies ကကျတော့ အကောင်းဆုံးဗွီဒီယိုတွေထဲက တစ်ခုလေဗျာ… ” လို့ Kanye က ဆိုပါတယ်။

Kanye West ဟာ အဆိုပါနေ့က VMAs ဆုပေးပွဲရဲ့ ကော်ဇောနီပေါ်ကနေ ပွဲကျင်းပရာ အခမ်းအနားအထိ ဟန်နက်စီ ဝီစကီပုလင်းကို မော့သောက်သွားတဲ့ ပုံရိပ်တွေဟာ ကင်မရာတွေမှာ ဖမ်းယူမိပြီးသား ဖြစ်ပေမယ့် သူကတော့ အဲ့ဒီ့နေ့က သူ့ရဲ့ပုံရိပ်တွေဟာ လုပ်ဇာတ်ခင်းထားတာလို့ ဆိုပြန်ပါတယ်။ “အဲ့ဒီ့ပွဲက လုပ်ဇာတ်ကြီးမှန်းသိလို့ ကျွန်တော် မသွားချင်ဘူးလေ။ အဲ့ဒါကြောင့် ကိုယ့်ဘာသာ ဟန်နက်စီ သောက်နေတာ… ” လို့ ဆိုပြန်ပါတယ်။

Photo: taylorswift/ Instagram

Taylor Swift ကတော့ ၂၀၀၉ခုနှစ် VMAs တုန်းက အဲ့ဒီ့အတွေ့အကြုံကို သူမရဲ့ဒိုင်ယာရီထဲမှာ ရေးသားထားပြီး Lover အယ်လ်ဘမ်ရဲ့ deluxe edition မှာ ထည့်သွင်းကာ အားလုံးနဲ့ မျှဝေခဲ့ပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

Kanye West ဟာ ၂၀၀၉ခုႏွစ္ VMAs ဆုေပးပြဲတုန္းက Taylor Swift ကို စင္ေပၚမွာ အရွက္ခြဲခဲ့တာဟာ ဘုရားသခင္က ေစခိုင္းလို႔ပါဆိုၿပီး စက္တင္ဘာလ(၁)ရက္ေန႔က Nick Cannon ရဲ႕ podcast ျဖစ္တဲ့ Cannon’s Class မွာ ေျပာျပလိုက္ပါတယ္။

အခုဆိုရင္ေတာ့ Kanye West တစ္ေယာက္ Taylor Swift ကို စင္ေပၚမွာ အရွက္ခြဲခဲ့တာ (၁၁)ႏွစ္ ၾကာျမင့္ခဲ့ပါၿပီ။ အဲ့ဒီ့တုန္းက ၂၀၀၉ခုႏွစ္ရဲ႕ VMAs ဆုေပးပြဲမွာ Taylor Swift ဟာ You Belong With Me MV နဲ႔ Best Female Video ဆုကို ရရွိခဲ့ပါတယ္။ ဆုလက္ခံစကားေျပာေနစဥ္မွာပဲ Kanye West ဟာ စင္ေပၚကို ေျပးတက္လာၿပီး Taylor ဆီက မိုက္ခ္ကို လုယူကာ ဒီဆုနဲ႔ တကယ္ထိုက္တန္သူဟာ Beyonce သာ ျဖစ္ပါတယ္လို႔ တက္ေျပာခဲ့တာ ျဖစ္ပါတယ္။

Photo: kanyewestt_official/ Instagram

အဲ့ဒီ့အခ်ိန္က ပထမဆုံး VMAs ဆုကို ရရွိခဲ့တဲ့ Taylor ဟာ အသက္(၁၉)ႏွစ္သာ ရွိေသးတာေၾကာင့္ စင္ေပၚမွာ မ်က္ႏွာငယ္ေလးနဲ႔ ရွက္႐ြံ႕သြားခဲ့တာကို ပြဲၾကည့္ပရိသတ္အားလုံး ျမင္ေတြ႕ခဲ့ၾကရပါတယ္။ သို႔ေပမယ့္ ဒီကိစၥေတြအားလုံး ျဖစ္ပ်က္ၿပီး (၁၁)ႏွစ္ၾကာေတာ့မွ Kanye ဟာ သူဘာလို႔ ဒီလိုလုပ္ခဲ့ရတယ္ဆိုတဲ့ အေၾကာင္းရင္းကို စားၿမဳံ႕ျပန္လာပါတယ္။

Kanye ကေတာ့ အဲ့ဒီ့ေန႔ရက္မွာ သူ႔ကို ေရွ႕ဆုံးက ထိုင္ခုံမွာ ထိုင္ေစခဲ့တာဟာ ဘုရားသခင္ရဲ႕ ဆႏၵျဖစ္ခဲ့ၿပီးေတာ့ Taylor Swift ရဲ႕ ႀကီးမားတဲ့ ေအာင္ပြဲရ အခိုက္အတန႔္မွာ လွ်ပ္တစ္ျပက္ သြားေရာက္ေႏွာင့္ယွက္ဖို႔ ေစခိုင္းခဲ့သူဟာ ဘုရားသခင္သာ ျဖစ္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။ ဒါ့အျပင္ Taylor Swift ဆိုတာကို ၾကားကိုမၾကားဖူးခဲ့တာျဖစ္ၿပီး Beyonce ရဲ႕ Single Ladies MV ကို ေက်ာ္တက္ၿပီး ဆုရသြားတာဟာလည္း အလြန္အမင္း ဆိုးဝါးတယ္လို႔ ဆိုလိုက္ပါေသးတယ္။

Photo: kanyewestt_official/ Instagram

“ဘုရားသခင္က အခု ကြၽန္ေတာ့္ကို သတင္းအခ်က္အလက္ေတြ ေပးေနတယ္။ ကြၽန္ေတာ့္ကို စင္ေပၚကို ေျပးတက္ၿပီး Beyonce ကသာ Best Video ဆုနဲ႔ ထိုက္တန္တယ္လို႔ မေျပာေစခ်င္ရင္ ဘုရားသခင္က ကြၽန္ေတာ့္ကို ေရွ႕ဆုံးတန္းက ထိုင္ခုံမွာ ထိုင္ေစခဲ့မွာ မဟုတ္ဘူးေလ။ ကြၽန္ေတာ္က အေနာက္ဘက္က တစ္ေနရာရာမွာ ထိုင္ေနရမွာေပါ့… ” လို႔ အသက္(၄၁)ႏွစ္အ႐ြယ္ Kanye က ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

သူ ေျပာသြားတဲ့ အေၾကာင္းျပခ်က္ဟာ တကယ္တမ္း အမွန္တရားနဲ႔ ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ေတာ့ ရယ္ခ်င္စရာ ေကာင္းေနပါတယ္။ အေၾကာင္းကေတာ့ အဲ့ဒီ့အခ်ိန္အခါက Kanye ဟာ ကမာၻေပၚက အႀကီးမားဆုံး ၾကယ္ပြင့္ေတြထဲမွာ ပါဝင္ေနခဲ့သူ ျဖစ္တာေၾကာင့္ ေရွ႕ဆုံးခုံမွာ ထိုင္ခဲ့ရတာ ျဖစ္ပါတယ္။ ဆုေပးပြဲရဲ႕ ပီဒီေတြနဲ႔ live လႊင့္မယ့္ ႐ုပ္ျမင္သံၾကားက ထုတ္လုပ္သူေတြဟာ နာမည္အႀကီးဆုံး ျဖစ္ေနတဲ့လူေတြကို အၿမဲတမ္း ေရွ႕ဆုံးတန္းမွာသာ ေနရာခ်ေပးၾကတာဟာ ထုံးစံတစ္ခုပါ။

Photo: mepixels

ဒါ့အျပင္ စင္ေပၚမွာ အေကာင္းဆုံး ဗြီဒီယိုဆုအတြက္ ဆုလက္ခံစကားေျပာၾကားေနတဲ့ Taylor Swift ကိုလည္း လုံးဝမသိခဲ့ဘူးလို႔ ဆိုထားတာ ျဖစ္ပါတယ္။ “သူတို႔က ပထမဆုံးဆုအျဖစ္ ရသြားစရာ အေၾကာင္းကို မရွိဘူး။ အဲ့ဒီ့လူက ဘယ္သူမွန္းလည္း ကြၽန္ေတာ္ မသိတဲ့အတြက္ အဲ့လိုလူကို အဲ့ဒီ့ဆု ေပးလိုက္တာက အဓိပၸာယ္လုံးဝ မရွိပါဘူး။ Single Ladies ကက်ေတာ့ အေကာင္းဆုံးဗြီဒီယိုေတြထဲက တစ္ခုေလဗ်ာ… ” လို႔ Kanye က ဆိုပါတယ္။

Kanye West ဟာ အဆိုပါေန႔က VMAs ဆုေပးပြဲရဲ႕ ေကာ္ေဇာနီေပၚကေန ပြဲက်င္းပရာ အခမ္းအနားအထိ ဟန္နက္စီ ဝီစကီပုလင္းကို ေမာ့ေသာက္သြားတဲ့ ပုံရိပ္ေတြဟာ ကင္မရာေတြမွာ ဖမ္းယူမိၿပီးသား ျဖစ္ေပမယ့္ သူကေတာ့ အဲ့ဒီ့ေန႔က သူ႔ရဲ႕ပုံရိပ္ေတြဟာ လုပ္ဇာတ္ခင္းထားတာလို႔ ဆိုျပန္ပါတယ္။ “အဲ့ဒီ့ပြဲက လုပ္ဇာတ္ႀကီးမွန္းသိလို႔ ကြၽန္ေတာ္ မသြားခ်င္ဘူးေလ။ အဲ့ဒါေၾကာင့္ ကိုယ့္ဘာသာ ဟန္နက္စီ ေသာက္ေနတာ… ” လို႔ ဆိုျပန္ပါတယ္။

Photo: taylorswift/ Instagram

Taylor Swift ကေတာ့ ၂၀၀၉ခုႏွစ္ VMAs တုန္းက အဲ့ဒီ့အေတြ႕အႀကဳံကို သူမရဲ႕ဒိုင္ယာရီထဲမွာ ေရးသားထားၿပီး Lover အယ္လ္ဘမ္ရဲ႕ deluxe edition မွာ ထည့္သြင္းကာ အားလုံးနဲ႔ မွ်ေဝခဲ့ပါတယ္။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular