HomeCelebs Update NewsInternational"White Lives Matter" အင်္ကျီကိုဝတ်ဆင်ပြီး ဂယက်ထသွားစေပြန်တဲ့ Kanye West

“White Lives Matter” အင်္ကျီကိုဝတ်ဆင်ပြီး ဂယက်ထသွားစေပြန်တဲ့ Kanye West

Kanye West ကတော့ ပွဲတွေ၊ ဂယက်တွေနဲ့ မစိမ်းသူ ဖြစ်ပါတယ်။ သူ့ရဲ့ဖက်ရှင်ရွေးချယ်မှု၊ နိုင်ငံရေးရပ်တည်ချက်နဲ့ သဘောထားအမြင်တွေကြောင့် လူတွေကြားမှာ မကြာခဏဆိုသလို ဝေဖန်ခံရသူလည်း ဖြစ်ပါတယ်။ ယခုလည်း ဟောလိဝုဒ်က အသိုင်းအဝိုင်းကြားမှာ ဂယက်အကြီးကြီးထစေမယ့် ကိစ္စတစ်ခုကို လုပ်လိုက်ပြန်ပါပြီ။

အဲဒါကတော့ Kanye West ဟာ အောက်တိုဘာလ(၃)ရက်နေ့က ပြုလုပ်ခဲ့တဲ့ Paris Fashion Week show မှာ surprise အနေနဲ့ သူ့ရဲ့ Yeezy Collection ကိုပါ ပြသသွားတာ ဖြစ်ပါတယ်။ အဆိုပါပွဲကို တက်ရောက်လာတဲ့ Kanye ကတော့ အနက်ရောင် ရှပ်အင်္ကျီလက်ရှည်ကို ဝတ်ဆင်ထားပြီး ကျောဘက်မှာတော့ “White Lives Matter” ဆိုတဲ့ စာသားကို ရိုက်နှိပ်ထားတာ တွေ့ရပါတယ်။

Photo: kanyethegoatwest/ Instagram

အဆိုပါအင်္ကျီရဲ့ ရှေ့ဘက်မှာတော့ ပုပ်ရဟန်းမင်းကြီး Jon Paul II ရဲ့ပုံကို ရိုက်နှိပ်ထားပါသေးတယ်။ Yeezy Collection ရဲ့အသစ်ထုတ်လိုက်တဲ့ အဆိုပါအင်္ကျီကိုတော့ Paris Fashion Week မှာ မော်ဒယ်လ်တွေက ဝတ်ဆင်ပြသခဲ့ကြပါတယ်။ အလားတူပဲ လက်ယာယိမ်းတဲ့ နိုင်ငံရေးသမား Candance Owens ဟာလည်း အဆိုပါရှိုးကို တက်ရောက်ခဲ့ပြီး အဖြူရောင် “White Lives Matter” အင်္ကျီကို ဝတ်ဆင်ပြီး Kanye နဲ့ ဘေးချင်းကပ်လျက် ဓာတ်ပုံတောင် ရိုက်ထားပါသေးတယ်။

တကယ်တော့ White Lives Matter ဆိုတဲ့ ဆောင်ပုဒ်ဟာ အစွန်းရောက် လူဖြူအဖွဲ့အစည်းတွေက Black Lives Matter လှုပ်ရှားမှုကို ချေဖျက်ဖို့အတွက် သုံးစွဲကြတဲ့ ဆောင်ပုဒ်ပဲ ဖြစ်ပါတယ်။ အသားအရောင် ခွဲခြားမှုမှာ အစွန်းရောက်လွန်းတဲ့ Ku Klux Klan လို K သုံးလုံးဂိုဏ်းကအစ ဒီ White Lives Matter ဆိုတဲ့ ဆောင်ပုဒ်ကို အသုံးပြုကြတာကြောင့် ယခုဆိုရင်တော့ Kanye West ရဲ့ ဒီဆောင်ပုဒ်အသုံးပြုမှုကို ကျယ်လောင်စွာ ဝေဖန်နေကြပါတယ်။

Kanye ကတော့ အဆိုပါဖက်ရှင်ရှိုးမှာ Gap နဲ့ Adidas brand တွေနဲ့ လမ်းခွဲခဲ့တဲ့အကြောင်းနဲ့ ၂၀၁၆ ခုနှစ်က Kim Kardashian ရဲ့ ပဲရစ်မြို့မှာ အလုခံခဲ့ရတဲ့အကြောင်းတွေကို ပြောသွားတယ်လို့ Page Six ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

“ကျွန်တော်ကတော့ Ye ပါ။ ပြီးတော့ ဒီကလူတွေအားလုံး ကျွန်တော်ဟာ ခေါင်းဆောင်တစ်ယောက်ဆိုတာ သိထားပြီးသား ဖြစ်မှာပါ။ ကျွန်တော့်ကို ဘယ်သူကမှ လာထိန်းချုပ်လို့ မရပါဘူး …” လို့ ပြောသွားပါသေးတယ်။ တကယ်တော့ Kanye ဟာ လူမည်းတွေရဲ့ နှစ်သုံးရာကျော် ကျွန်ပြုခံရမှုကို ရွေးချယ်မှုလို့ ပြောခဲ့ဖူးသူ ဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ အဆိုးဝါးဆုံးသမ္မတ Donald Trump ကိုလည်း ထောက်ခံခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့ “White Lives Matter” ဆိုတဲ့ ဆောင်ပုဒ်ဟာ ဘာရည်ရွယ်ချက်နဲ့ သုံးစွဲထားတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

Vancouver

Source: hollywoodlife/ rollingstone

RELATED ARTICLES

Most Popular