HomeCelebs Update NewsInternationalYeezy Gap Collectionကို အမှိုက်အိတ်တွေနဲ့ ထည့်ရောင်းလို့ ဝေဖန်ခံနေရတဲ့ Kanye West

Yeezy Gap Collectionကို အမှိုက်အိတ်တွေနဲ့ ထည့်ရောင်းလို့ ဝေဖန်ခံနေရတဲ့ Kanye West

နာမည်ကျော်ရက်ပ်ပါ Kanye West ကတော့ Yeezy Gap Collection ကို အမှိုက်အိတ်တွေနဲ့ ထည့်သွင်းပြီး ရောင်းချနေတဲ့အတွက် သုံးစွဲသူတွေကြားမှာ ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ Yeezy Gap Collection ကတော့ နာမည်ကျော် brand တစ်ခုဖြစ်တဲ့ Gap နဲ့ Kanye တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ collection တစ်ခု ဖြစ်ပါတယ်။

ဒီအကြောင်းကတော့ ဩဂုတ်လ(၁၅)ရက်နေ့မှာ ဆိုရှယ်မီဒီယာမှာ စတင်ပျံ့နှံ့လာတာ ဖြစ်ပါတယ်။ အဲဒါကတော့ Gap store မှာ Kanye ရဲ့ Yeezy Gap collection က အဝတ်အထည်တွေကို ပုံမှန်ရောင်းချနေကျ ပုံစံနဲ့ ချိတ်ဆွဲပြီး သပ်သပ်ရပ်ရပ် ရောင်းချတာမျိုး မဟုတ်ဘဲ အမှိုက်ထည့်တဲ့ အိတ်အမည်းကြီးတွေနဲ့ စုပုံထိုးထည့်ပြီး ကြမ်းပြင်မှာ ပုံထားတာကို မြင်တွေ့ရတာ ဖြစ်ပါတယ်။

Photo: kanyethegoatwest/ Instagram

ဒါ့အပြင် Gap store တစ်ခုက ဝန်ထမ်းတစ်ယောက်ရဲ့ အဆိုအရ အဲဒီ collection ထဲက အဝတ်အထည်တွေကို ချိတ်နဲ့ ချိပ်ဆွဲပြီး သပ်သပ်ရပ်ရပ် ပြသရောင်းချဖို့ ကြိုးစားခဲ့ပေမယ့် ဒါကို Kanye သိသွားတဲ့အခါ ဒေါသူပုန်ထခဲ့သေးတယ်လို့ သိရပါတယ်။ ဝယ်ယူသူတွေအနေနဲ့ ဒီ collection ထဲက အဝတ်အထည်တွေကို ဝယ်ယူမယ်ဆိုရင်တော့ အဲဒီအမှိုက်အိတ်တွေထဲမှာ စုပုံထည့်ထားတဲ့အတိုင်း မိမိဆိုဒ်ကို မွှေနှောက်ရှာဖွေပြီး ဝယ်ယူရမှာလည်း ဖြစ်တာကြောင့် ဝေဖန်မှုများစွာ ရှိနေပါတယ်။

တကယ်တော့ ဒီလိုပုံစံနဲ့ ခင်းကျင်းပြီး ရောင်းချဖို့ဟာ Kanye ရဲ့ အိုင်ဒီယာသာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုအမှိုက်အိတ်တွေထဲ စုပြုံထည့်ထားဖို့ကိုတော့ အိမ်ခြေရာမဲ့တွေဆီကနေ အိုင်ဒီယာရခဲ့တာ ဖြစ်ကြောင်း Kanye က အင်စတာဂရမ်က ပို့စ်တစ်ခုမှာ ရည်ညွှန်းပြောဆိုခဲ့ပါသေးတယ်။ ပရိသတ်တွေနဲ့ သုံးစွဲသူတွေကတော့ ဒီအိုင်ဒီယာကို လုံးလုံးလျားလျား ဆန့်ကျင့်နေကြပြီး ဒါဟာ အိမ်ခြေရာမဲ့တွေကို စော်ကားရာလည်းရောက်တယ်လို့ ဝေဖန်နေကြပါတယ်။

ဒီလိုဝေဖန်မှုတွေကိုတော့ Kanye က ပြန်လည်တုံ့ပြန်ထားပါတယ်။ ဒါ့အပြင် သူ ဒီလိုဝေဖန်ပြောဆိုခံရတာဟာ မီဒီယာတွေရဲ့ လက်ချက်ကြောင့်လို့လည်း အပြစ်တင်ထားပါသေးတယ်။

“ဒါကမီဒီယာတွေ လုပ်ချင်တဲ့ပုံစံပဲလေ။ သူတို့ တွေးစေချင်တဲ့ ပုံစံအတိုင်း ကျုပ်တို့က မတွေးဘူး၊ မလုပ်ဘူးဆိုရင် ကျုပ်တို့ကို ပြန်ပြီးဒုက္ခရောက်အောင်၊ တောင်းပန်ရအောင် လုပ်တော့တာပဲ။ ဒါက ဟာသမဟုတ်ဘူးနော်။ ကစားနေတာလည်း မဟုတ်ဘူး။ ဒီတိုင်းဆယ်လီတစ်ယောက်နဲ့ ဘရန်းတစ်ခု ပူးပေါင်းလိုက်တာလေးလည်း မဟုတ်ဘူး။ ဒါက ကျုပ်ဘဝပဲ။ အဝတ်အထည်နဲ့ ပတ်သက်ပြီး ပြောင်းလဲပေးဖို့နဲ့ လူတွေအတွက် အကောင်းဆုံးဒီဇိုင်းကို လုပ်ပေးနိုင်ဖို့ တိုက်နေတာ …”လို့ Kanye က Fox News သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular