HomeCelebs Update NewsInternationalရိုက်ကွင်းမှာ ကျောဒဏ်ရာရရှိသွားတာကြောင့် ဆေးရုံတင်လိုက်ရတဲ့ Kate Beckinsale 

ရိုက်ကွင်းမှာ ကျောဒဏ်ရာရရှိသွားတာကြောင့် ဆေးရုံတင်လိုက်ရတဲ့ Kate Beckinsale 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မြန်မာပရိသတ်တွေကြားမှာ Underworld ဇာတ်ကားတွေနဲ့ လူသိများတဲ့ မင်းသမီး Kate Beckinsale ဟာ ရိုက်ကွင်းမှာ မတော်တဆ ကျောဒဏ်ရာရရှိသွားတာကြောင့် ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။

အသက်(၄၈)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသမီး Kate Beckinsale ဟာ စက်တင်ဘာလ(၁၀)ရက် သောကြာနေ့ မနက်ခင်းပိုင်းမှာပဲ လက်စ်ဗီးဂက်စ်မြို့က ဆေးရုံကို အရေးပေါ်သွားလိုက်ရတယ်လို့ TMZ သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Photo: katebeckinsale/ Instagram

မင်းသမီးဟာ သူမရဲ့ ရုပ်ရှင်အသစ်ဖြစ်တဲ့ Prisoner’s Daughter ဇာတ်ကားကို လက်စ်ဗီးဂက်စ်မြို့မှာ လာရောက် ရိုက်ကူးနေတာ ဖြစ်ပါတယ်။ သူမနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောကြားချက်အရ မတော်တဆ ကျောဒဏ်ရာ ရရှိပြီး လူနာတင်ကားတစ်စီးနဲ့ ဗီးဂက်စ်မြို့က နီးစပ်ရာ ဆေးရုံကို အရေးပေါ် တင်လိုက်ရတာလို့ သိရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး သူမရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ် မေးမြန်းထားပေမယ့် တစုံတရာ ဖြေကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Photo: katebeckinsale/ Instagram

သူမ လက်ရှိ ရိုက်ကူးနေတဲ့ Prisoner’s Daughter ရဲ့ ဇာတ်လမ်းကတော့ လူလိမ်အဖြစ် ကျင်လည်ကျက်စားခဲ့ဖူးတဲ့ Max ဆိုသူဟာ အနေဝေးနေတဲ့ သူ့ရဲ့ သမီးနဲ့မြေးဖြစ်သူတို့ကို အဆက်အသွယ်ပြန်ရအောင် ကြိုးစားနေသူ ဖြစ်ပါတယ်။ ဒီလိုနဲ့ သမီးနဲ့ရော၊ မြေးဖြစ်သူနဲ့ရော အဆင်ပြန်ပြေခါနီးမှာပဲ သူ့ရဲ့ အတိတ်က အရိပ်တွေက သူ့နောက်ကို လိုက်လာတဲ့အခါမှာတော့ အားလုံးအတွက် အန္တရာယ်ကင်းအောင် ကြိုးစားရပါတော့တယ်။

Kate ဟာ ဒီဇာတ်ကားထဲမှာ Max ရဲ့ သမီးဖြစ်သူနေရာက သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ Max ဇာတ်ကောင်နေရာမှာတော့ Brian Cox က ပါဝင်သရုပ်ဆောင်ထားပါတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

ျမန္မာပရိသတ္ေတြၾကားမွာ Underworld ဇာတ္ကားေတြနဲ႔ လူသိမ်ားတဲ့ မင္းသမီး Kate Beckinsale ဟာ ႐ိုက္ကြင္းမွာ မေတာ္တဆ ေက်ာဒဏ္ရာရရွိသြားတာေၾကာင့္ ေဆး႐ုံတင္လိုက္ရတယ္လို႔ သိရပါတယ္။

အသက္(၄၈)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ မင္းသမီး Kate Beckinsale ဟာ စက္တင္ဘာလ(၁၀)ရက္ ေသာၾကာေန႔ မနက္ခင္းပိုင္းမွာပဲ လက္စ္ဗီးဂက္စ္ၿမိဳ႕က ေဆး႐ုံကို အေရးေပၚသြားလိုက္ရတယ္လို႔ TMZ သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

Photo: katebeckinsale/ Instagram

မင္းသမီးဟာ သူမရဲ႕ ႐ုပ္ရွင္အသစ္ျဖစ္တဲ့ Prisoner’s Daughter ဇာတ္ကားကို လက္စ္ဗီးဂက္စ္ၿမိဳ႕မွာ လာေရာက္ ႐ိုက္ကူးေနတာ ျဖစ္ပါတယ္။ သူမနဲ႔ နီးစပ္တဲ့ အသိုင္းအဝိုင္းက ေျပာၾကားခ်က္အရ မေတာ္တဆ ေက်ာဒဏ္ရာ ရရွိၿပီး လူနာတင္ကားတစ္စီးနဲ႔ ဗီးဂက္စ္ၿမိဳ႕က နီးစပ္ရာ ေဆး႐ုံကို အေရးေပၚ တင္လိုက္ရတာလို႔ သိရပါတယ္။ ဒီသတင္းနဲ႔ ပတ္သက္ၿပီး သူမရဲ႕ ကိုယ္စားလွယ္ေတြနဲ႔ ဆက္သြယ္ ေမးျမန္းထားေပမယ့္ တစုံတရာ ေျဖၾကားျခင္း မရွိေသးဘူးလို႔ သိရပါတယ္။

Photo: katebeckinsale/ Instagram

သူမ လက္ရွိ ႐ိုက္ကူးေနတဲ့ Prisoner’s Daughter ရဲ႕ ဇာတ္လမ္းကေတာ့ လူလိမ္အျဖစ္ က်င္လည္က်က္စားခဲ့ဖူးတဲ့ Max ဆိုသူဟာ အေနေဝးေနတဲ့ သူ႔ရဲ႕ သမီးနဲ႔ေျမးျဖစ္သူတို႔ကို အဆက္အသြယ္ျပန္ရေအာင္ ႀကိဳးစားေနသူ ျဖစ္ပါတယ္။ ဒီလိုနဲ႔ သမီးနဲ႔ေရာ၊ ေျမးျဖစ္သူနဲ႔ေရာ အဆင္ျပန္ေျပခါနီးမွာပဲ သူ႔ရဲ႕ အတိတ္က အရိပ္ေတြက သူ႔ေနာက္ကို လိုက္လာတဲ့အခါမွာေတာ့ အားလုံးအတြက္ အႏၲရာယ္ကင္းေအာင္ ႀကိဳးစားရပါေတာ့တယ္။

Kate ဟာ ဒီဇာတ္ကားထဲမွာ Max ရဲ႕ သမီးျဖစ္သူေနရာက သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။ Max ဇာတ္ေကာင္ေနရာမွာေတာ့ Brian Cox က ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular