HomeCelebs Update NewsInternationalIQ မြင့်လွန်းတာကြောင့် ဘဝမှာ အနှောင့်အယှက်ပါ ဖြစ်စေတယ်ဆိုတဲ့ Kate Beckinsale 

IQ မြင့်လွန်းတာကြောင့် ဘဝမှာ အနှောင့်အယှက်ပါ ဖြစ်စေတယ်ဆိုတဲ့ Kate Beckinsale 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မြန်မာပရိသတ်တွေကြားမှာ Underworld ဇာတ်ကားတွေနဲ့ လူသိများမယ့် မင်းသမီး kate Beckinsale ဟာ သာမန်လူတွေထက် မြင့်မားလွန်းတဲ့ ဉာဏ်ရည်ရှိနေပြီး အဲဒါကြောင့်ပဲ သူမရဲ့ အသက်မွေးဝမ်းကျောင်းမှာ အနှောင့်အယှက်တစ်ခုသဖွယ် ဖြစ်ခဲ့ရတယ်လို့ ပြောလာပါတယ်။

အသက်(၄၈)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသမီးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာပဲ The Howard Stern Show ကို ဧည့်သည်အဖြစ် လာရောက်ခဲ့တာ ဖြစ်ပြီး အဆိုပါအင်တာဗျူးအတွင်း သူမရဲ့ ဉာဏ်ရည်နဲ့ ပတ်သက်တဲ့ အံ့အားသင့်စရာအချို့ကိုလည်း ပြောပြခဲ့ပါတယ်။ Kate ဟာ သာမန်ထက် မြင့်မားတဲ့ ဉာဏ်ရည်ကို ပိုင်ဆိုင်ထားတယ်လို့ ဆိုပြီး ဒါကိုတော့ သူမ ငယ်စဉ်တည်းက မိခင်ဖြစ်သူက စမ်းသပ်ပေးခဲ့တာလို့ သိရပါတယ်။

Photo: katebeckinsale/ Instagram

“အရမ်းဉာဏ်ကောင်းတဲ့ ကလေးတွေက မိဘတွေအတွက်ကျတော့ ခေါင်းကိုက်စေတယ်လေ။ အဲဒါကြောင့် အမေက ကျွန်မကို ငယ်ငယ်တည်းက ဉာဏ်ရည်ဘယ်လောက်လည်းဆိုတာ သွားစမ်းသပ်ခဲ့ပုံ ရပါတယ် …  ” လို့ သူမက ဆိုပါတယ်။

Kate ရဲ့ IQ ကတော့ (152) ရှိတယ်လို့ သိရပါတယ်။ သာမန်လူတစ်ယောက်ရဲ့ ပျမ်းမျှ IQ ဟာ (100) ရှိတယ်လို့ သိရပြီး IQ (130)နဲ့အထက် ရှိသူတွေကိုတော့ မြင့်မားတဲ့ IQ ရှိသူတွေလို့ သတ်မှတ်ထားကြောင်း သိရပါတယ်။

Photo: katebeckinsale/ Instagram

“ကျွန်မတွေ့ဖူးသမျှ ဆရာဝန်တိုင်း၊ လူတိုင်းက ပြောကြတာ ရှိတယ်။ ခင်ဗျားသာ အခုထက် IQ (30)လောက် လျော့သွားမယ်ဆို အများကြီး ပိုပြီးပျော်ရွှင်နိုင်မယ်လို့ ပြောကြတယ်။ IQ က အဲ့လိုတွေ မြင့်နေလို့လည်း ကျွန်မအတွက်တော့ ပိုပြီးမလွယ်ကူခဲ့ပါဘူး။ ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်းမှာလည်း အကျိုးမဖြစ်စေခဲ့ဘူး။ တကယ်တမ်း စဉ်းစားကြည့်ရင် အဲဒါကြောင့် ပိုပြီးအနှောင့်အယှက်တောင် ဖြစ်နေရသလိုပဲ … ” လို့ ဆိုပါတယ်။

Glasgow

Source: people

(Zawgyi Version)

ျမန္မာပရိသတ္ေတြၾကားမွာ Underworld ဇာတ္ကားေတြနဲ႔ လူသိမ်ားမယ့္ မင္းသမီး kate Beckinsale ဟာ သာမန္လူေတြထက္ ျမင့္မားလြန္းတဲ့ ဉာဏ္ရည္ရွိေနၿပီး အဲဒါေၾကာင့္ပဲ သူမရဲ့ အသက္ေမြးဝမ္းေက်ာင္းမွာ အေႏွာင့္အယွက္တစ္ခုသဖြယ္ ျဖစ္ခဲ့ရတယ္လို႔ ေျပာလာပါတယ္။

အသက္(၄၈)ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ မင္းသမီးဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔မွာပဲ The Howard Stern Show ကို ဧည့္သည္အျဖစ္ လာေရာက္ခဲ့တာ ျဖစ္ၿပီး အဆိုပါအင္တာဗ်ဴးအတြင္း သူမရဲ့ ဉာဏ္ရည္နဲ႔ ပတ္သက္တဲ့ အံ့အားသင့္စရာအခ်ိဳ႕ကိုလည္း ေျပာျပခဲ့ပါတယ္။ Kate ဟာ သာမန္ထက္ ျမင့္မားတဲ့ ဉာဏ္ရည္ကို ပိုင္ဆိုင္ထားတယ္လို႔ ဆိုၿပီး ဒါကိုေတာ့ သူမ ငယ္စဥ္တည္းက မိခင္ျဖစ္သူက စမ္းသပ္ေပးခဲ့တာလို႔ သိရပါတယ္။

Photo: katebeckinsale/ Instagram

“အရမ္းဉာဏ္ေကာင္းတဲ့ ကေလးေတြက မိဘေတြအတြက္က်ေတာ့ ေခါင္းကိုက္ေစတယ္ေလ။ အဲဒါေၾကာင့္ အေမက ကၽြန္မကို ငယ္ငယ္တည္းက ဉာဏ္ရည္ဘယ္ေလာက္လည္းဆိုတာ သြားစမ္းသပ္ခဲ့ပုံ ရပါတယ္ …  ” လို႔ သူမက ဆိုပါတယ္။

Kate ရဲ့ IQ ကေတာ့ (152) ရွိတယ္လို႔ သိရပါတယ္။ သာမန္လူတစ္ေယာက္ရဲ့ ပ်မ္းမၽွ IQ ဟာ (100) ရွိတယ္လို႔ သိရၿပီး IQ (130)နဲ႔အထက္ ရွိသူေတြကိုေတာ့ ျမင့္မားတဲ့ IQ ရွိသူေတြလို႔ သတ္မွတ္ထားေၾကာင္း သိရပါတယ္။

Photo: katebeckinsale/ Instagram

“ကၽြန္မေတြ႕ဖူးသမၽွ ဆရာဝန္တိုင္း၊ လူတိုင္းက ေျပာၾကတာ ရွိတယ္။ ခင္ဗ်ားသာ အခုထက္ IQ (30)ေလာက္ ေလ်ာ့သြားမယ္ဆို အမ်ားႀကီး ပိုၿပီးေပ်ာ္ရႊင္နိုင္မယ္လို႔ ေျပာၾကတယ္။ IQ က အဲ့လိုေတြ ျမင့္ေနလို႔လည္း ကၽြန္မအတြက္ေတာ့ ပိုၿပီးမလြယ္ကူခဲ့ပါဘူး။ ကၽြန္မရဲ့ အသက္ေမြးဝမ္းေက်ာင္းမွာလည္း အက်ိဳးမျဖစ္ေစခဲ့ဘူး။ တကယ္တမ္း စဥ္းစားၾကည့္ရင္ အဲဒါေၾကာင့္ ပိုၿပီးအေႏွာင့္အယွက္ေတာင္ ျဖစ္ေနရသလိုပဲ … ” လို႔ ဆိုပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular