HomeEntertainmentFilmKate Winslet နဲ့ Saoirse Ronanတို့ကို ချစ်ကံခေသူနှစ်ဦးအဖြစ် မြင်တွေ့ရမယ့် Ammonite ရုပ်ရှင်

Kate Winslet နဲ့ Saoirse Ronanတို့ကို ချစ်ကံခေသူနှစ်ဦးအဖြစ် မြင်တွေ့ရမယ့် Ammonite ရုပ်ရှင်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ဝါရင့်မင်းသမီး Kate Winslet နဲ့ ခုနောက်ပိုင်းမှာ တစထက်တစ အောင်မြင်လာတဲ့ မင်းသမီးလေး Saoirse Ronan တို့ကို အရင်တုန်းက တစ်ခါမှ မမြင်ဖူးသေးတဲ့ ဇာတ်ရုပ်မျိုးနဲ့ ရုပ်ရှင်အသစ်တစ်ကားမှာ ရှုမြင်ရဖို့ ရှိပါတယ်။

ဇာတ်ကားရဲ့အမည်ကတော့ Ammonite ဖြစ်ပြီး ဒီဇာတ်ကားထဲမှာ Kate Winslet နဲ့ Saoirse Ronan တို့ဟာ ချစ်ကံခေကြတဲ့ လိင်တူအမျိုးသမီးချစ်သူနှစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ ၁၈၀၀ခုနှစ် ပတ်ဝန်းကျင်က အင်္ဂလန်နိုင်ငံမှာ အခြေတည်ထားပါတယ်။ Mary Anning ဆိုတဲ့ ကျောက်ဆစ်ဗေဒပညာရှင် အမျိုးသမီးတစ်ယောက်နဲ့ သူမရဲ့ချစ်သူ Charlotte Murchison ဆိုတဲ့ အမျိုးသမီးတို့ရဲ့ အချစ်ဇာတ်လမ်းကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Photo via IMDb

Ammonite ဟာ ဒါရိုက်တာ Francis Lee ကိုယ်တိုင် ဇာတ်ညွှန်းရေးသားပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။ ထွေလာမှာ ဖော်ပြထားတဲ့ ဇာတ်ဝင်ခန်းတွေအရ ယခု Ammonite ဇာတ်ကားဟာ ၂၀၁၉ခုနှစ်တုန်းက အောင်မြင်မှုတွေ ရရှိခဲ့တဲ့ ပြင်သစ်ဒရာမာဇာတ်ကား Portrait of a Lady on Fire နဲ့ ဇာတ်လမ်း သဘောတရားချင်း ဆင်တူနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားဟာလည်း လိင်တူချစ်သူတွေကို လက်ခံမပေးနိုင်သေးတဲ့ အချိန်ကာလတစ်ခုမှာ ချစ်မိကြတဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ ကံကြမ္မာကို ရိုက်ပြထားတာ ဖြစ်ပါတယ်။

Portrait of a Lady on Fire ဇာတ်ကားဟာ ရုပ်ရှင်ဝေဖန်ရေးတွေကရော၊ ပရိသတ်တွေကရော နှစ်ခြိုက်အားပေးမှုတွေ ရရှိခဲ့တာကြောင့် Ammonite ရုပ်ရှင်ဟာလည်း လှပသေသပ်စွာ ဖန်တီးပြနိုင်ခဲ့မယ်ဆိုရင် အလားတူ အောင်မြင်မှုမျိုး ရရှိဖို့ ရာခိုင်နှုန်းများနေပါတယ်။

Photo via IMDb

ဒါ့အပြင် Ammonite ရုပ်ရှင်ဟာ အော်စကာဆုကိုပါ ရည်မှန်းထားလို့ရတဲ့ ဇာတ်ကားလို့ ခန့်မှန်းနေကြပါတယ်။ အကြောင်းကတော့ ရိုမန့်စ်အမျိုးအစား period drama တွေဟာ ယခင်တုန်းကလည်း အော်စကာဆုသမိုင်းမှာ မျက်နှာသာရခဲ့တာတွေ ရှိနေတာကြောင့် ဒီဇာတ်ကား ထွက်ရှိပြီးတဲ့အခါ ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုကို ရရှိမယ်လို့ တစ်ပေးနေကြတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ Saoirse Ronan အတွက်တော့ Little Women ရုပ်ရှင်အပြီး ပြန်လည်တွေ့မြင်ရမယ့်ဇာတ်ကား ဖြစ်ပါတယ်။ တကယ်လို့ ဒီကားသာ အော်စကာဆုပေးပွဲမှာ အသိအမှတ်ပြု ခံခဲ့ရမယ်ဆိုရင် Saoirse Ronan ဟာ စံကာတင်စာရင်း ငါးခါဝင်ထားတဲ့ အငယ်ဆုံးသော သရုပ်ဆောင် ဖြစ်လာမှာပါ။ မင်းသမီးကြီး Kate Winslet ကတော့ period drama တွေနဲ့ အကျွမ်းတဝင် ရှိပြီးသား သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ၂၀၀၈ခုနှစ်က ထွက်ရှိခဲ့တဲ့ The Reader ရုပ်ရှင်ဇာတ်ကားနဲ့ အော်စကာဆု ဆွတ်ခူးပြီးသား မင်းသမီးတစ်လက် ဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ Saoirse Ronan ၊ Kate Winslet ၊ Fiona Shaw နဲ့ Alec Secareanu တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ လောလောဆယ်အထိတော့ ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၁၃)ရက်နေ့ ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။ သို့ပေမယ့် ကိုဗစ်ရဲ့ အခြေအနေကလည်း ရှိနေသေးတာကြောင့် ရုံတင်ရက် အပြောင်းအလဲတေွ ဖြစ်လာဦးမှာလားဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Glasgow
(Zawgyi Version)

နာမည္ေက်ာ္ ဝါရင့္မင္းသမီး Kate Winslet နဲ႔ ခုေနာက္ပိုင္းမွာ တစထက္တစ ေအာင္ျမင္လာတဲ့ မင္းသမီးေလး Saoirse Ronan တို႔ကို အရင္တုန္းက တစ္ခါမွ မျမင္ဖူးေသးတဲ့ ဇာတ္႐ုပ္မ်ိဳးနဲ႔ ႐ုပ္ရွင္အသစ္တစ္ကားမွာ ရႈျမင္ရဖို႔ ရွိပါတယ္။

ဇာတ္ကားရဲ႕အမည္ကေတာ့ Ammonite ျဖစ္ၿပီး ဒီဇာတ္ကားထဲမွာ Kate Winslet နဲ႔ Saoirse Ronan တို႔ဟာ ခ်စ္ကံေခၾကတဲ့ လိင္တူအမ်ိဳးသမီးခ်စ္သူႏွစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ ဇာတ္လမ္းကေတာ့ ၁၈၀၀ခုႏွစ္ ပတ္ဝန္းက်င္က အဂၤလန္ႏိုင္ငံမွာ အေျခတည္ထားပါတယ္။ Mary Anning ဆိုတဲ့ ေက်ာက္ဆစ္ေဗဒပညာရွင္ အမ်ိဳးသမီးတစ္ေယာက္နဲ႔ သူမရဲ႕ခ်စ္သူ Charlotte Murchison ဆိုတဲ့ အမ်ိဳးသမီးတို႔ရဲ႕ အခ်စ္ဇာတ္လမ္းကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

Photo via IMDb

Ammonite ဟာ ဒါ႐ိုက္တာ Francis Lee ကိုယ္တိုင္ ဇာတ္ၫႊန္းေရးသားၿပီး ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ဇာတ္ကားလည္း ျဖစ္ပါတယ္။ ေထြလာမွာ ေဖာ္ျပထားတဲ့ ဇာတ္ဝင္ခန္းေတြအရ ယခု Ammonite ဇာတ္ကားဟာ ၂၀၁၉ခုႏွစ္တုန္းက ေအာင္ျမင္မႈေတြ ရရွိခဲ့တဲ့ ျပင္သစ္ဒရာမာဇာတ္ကား Portrait of a Lady on Fire နဲ႔ ဇာတ္လမ္း သေဘာတရားခ်င္း ဆင္တူေနတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ အဆိုပါ ဇာတ္ကားဟာလည္း လိင္တူခ်စ္သူေတြကို လက္ခံမေပးႏိုင္ေသးတဲ့ အခ်ိန္ကာလတစ္ခုမွာ ခ်စ္မိၾကတဲ့ အမ်ိဳးသမီးႏွစ္ေယာက္ရဲ႕ ကံၾကမၼာကို ႐ိုက္ျပထားတာ ျဖစ္ပါတယ္။

Portrait of a Lady on Fire ဇာတ္ကားဟာ ႐ုပ္ရွင္ေဝဖန္ေရးေတြကေရာ၊ ပရိသတ္ေတြကေရာ ႏွစ္ၿခိဳက္အားေပးမႈေတြ ရရွိခဲ့တာေၾကာင့္ Ammonite ႐ုပ္ရွင္ဟာလည္း လွပေသသပ္စြာ ဖန္တီးျပႏိုင္ခဲ့မယ္ဆိုရင္ အလားတူ ေအာင္ျမင္မႈမ်ိဳး ရရွိဖို႔ ရာခိုင္ႏႈန္းမ်ားေနပါတယ္။

Photo via IMDb

ဒါ့အျပင္ Ammonite ႐ုပ္ရွင္ဟာ ေအာ္စကာဆုကိုပါ ရည္မွန္းထားလို႔ရတဲ့ ဇာတ္ကားလို႔ ခန႔္မွန္းေနၾကပါတယ္။ အေၾကာင္းကေတာ့ ႐ိုမန႔္စ္အမ်ိဳးအစား period drama ေတြဟာ ယခင္တုန္းကလည္း ေအာ္စကာဆုသမိုင္းမွာ မ်က္ႏွာသာရခဲ့တာေတြ ရွိေနတာေၾကာင့္ ဒီဇာတ္ကား ထြက္ရွိၿပီးတဲ့အခါ ႐ုပ္ရွင္ေဝဖန္ေရးသမားေတြရဲ႕ ခ်ီးက်ဴးမႈကို ရရွိမယ္လို႔ တစ္ေပးေနၾကတာ ျဖစ္ပါတယ္။

ဒီဇာတ္ကားဟာ Saoirse Ronan အတြက္ေတာ့ Little Women ႐ုပ္ရွင္အၿပီး ျပန္လည္ေတြ႕ျမင္ရမယ့္ဇာတ္ကား ျဖစ္ပါတယ္။ တကယ္လို႔ ဒီကားသာ ေအာ္စကာဆုေပးပြဲမွာ အသိအမွတ္ျပဳ ခံခဲ့ရမယ္ဆိုရင္ Saoirse Ronan ဟာ စံကာတင္စာရင္း ငါးခါဝင္ထားတဲ့ အငယ္ဆုံးေသာ သ႐ုပ္ေဆာင္ ျဖစ္လာမွာပါ။ မင္းသမီးႀကီး Kate Winslet ကေတာ့ period drama ေတြနဲ႔ အကြၽမ္းတဝင္ ရွိၿပီးသား သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ၿပီး ၂၀၀၈ခုႏွစ္က ထြက္ရွိခဲ့တဲ့ The Reader ႐ုပ္ရွင္ဇာတ္ကားနဲ႔ ေအာ္စကာဆု ဆြတ္ခူးၿပီးသား မင္းသမီးတစ္လက္ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ေတြအေနနဲ႔ Saoirse Ronan ၊ Kate Winslet ၊ Fiona Shaw နဲ႔ Alec Secareanu တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ေလာေလာဆယ္အထိေတာ့ ၂၀၂၀ခုႏွစ္ ႏိုဝင္ဘာလ(၁၃)ရက္ေန႔ ႐ုံတင္ျပသဖို႔ စီစဥ္ထားပါတယ္။ သို႔ေပမယ့္ ကိုဗစ္ရဲ႕ အေျခအေနကလည္း ရွိေနေသးတာေၾကာင့္ ႐ုံတင္ရက္ အေျပာင္းအလဲေတြ ျဖစ္လာဦးမွာလားဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Glasgow

 

 

 

RELATED ARTICLES

Most Popular