HomeCelebs Update NewsInternationalကိုယ်ဝန်ဆောင်နေချိန်မှာ အသေးစိတ်ဂရုစိုက်ပေးတဲ့ချစ်သူကို အချစ်တွေပိုနေရတဲ့ Katy 

ကိုယ်ဝန်ဆောင်နေချိန်မှာ အသေးစိတ်ဂရုစိုက်ပေးတဲ့ချစ်သူကို အချစ်တွေပိုနေရတဲ့ Katy 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Katy Perry ဟာ ကိုယ်ဝန်ဆောင်ထားရချိန်မှာ အသေးစိတ်ကအစ ဂရုစိုက်၊ကြင်နာပေးတဲ့ ချစ်သူ Orlando Bloom ကြောင့် အချစ်တွေ ပိုပြီးရင်း ပိုနေရတယ်လို့ အတွင်းစကားများအရ သိရပါတယ်။

အသက်(၃၅)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုတော် Katy Perry ဟာ အသက်(၄၃)နှစ်အရွယ် ချစ်သူ Orlando Bloom ရဲ့ ကိုယ်ဝန်ကို လွယ်ထားရတာဖြစ်ပြီး ကိုယ်ဝန်သည်တစ်ယောက် ကြုံတွေ့ခံစားရတဲ့ အတွေ့အကြုံအားလုံးကို ချစ်သူရဲ့ ဂရုစိုက်ပေးမှုကြောင့် အလွယ်တကူပဲ စိတ်ချမ်းသာစွာ ဖြတ်ကျော်နေရပါတယ်။

Photo: orlandobloom/ Instagram

“Bloom ဟာ တကယ် ဘေးမှာနေပေးပြီး Katy ကို အသေးစိတ် ဂရုစိုက်ပေးရှာပါတယ်။ သူမ သက်သောင့်သက်သာဖြစ်အောင် သူ တတ်နိုင်တာ အကုန်လုပ်ပေးတယ်။ ကျောလေးတွေ ပွတ်ပေးတာ၊ ခြေထောက်လေးတွေကို နှိပ်ပေးတာမျိုးတွေက အစပေါ့။ ဟော်မုန်းအပြောင်းအလဲတွေကြောင့် စိတ်ခံစားလွယ်တဲ့အခါတွေမှာလည်း ဘေးကနေ နှစ်သိမ့်ပေးတယ်။ Katy ကတော့ ပိုပိုပြီး အချစ်တွေ တိုးလာရတာပေါ့။ Bloom က ဒီကိုယ်ဝန်အစကနေ အဆုံးအထိ ဘေးမှာတောက်လျှောက် နေပေးနေတော့ Katy အတွက် သိပ်ကိုကောင်းမွန်ပါတယ်…” လို့ အတွင်းလူတစ်ယောက်က hollywood life သတင်းဌာနကို ပြောပြထားပါတယ်။

ဒီကိုယ်ဝန်ဟာ Katy အတွက်တော့ ပထမဆုံးအတွေ့အကြုံပါ။ Bloom ကတော့ ဇနီးဟောင်း နာမည်ကျော်မော်ဒယ်လ် Miranda Kerr နဲ့ရတဲ့ (၉)နှစ်အရွယ်သားလေးတစ်ယောက် ရှိပါတယ်။ သားလေးနာမည်ကတော့ Flynn လို့ခေါ်ပါတယ်။ Bloom ဟာ Miranda နဲ့ လမ်းခွဲပြီးနောက် သူ အချစ်သစ်တွေ့ဦးမှာကို ယုံကြည်ခဲ့ပေမယ့် ကလေးထပ်ယူဖို့ကိုတော့ အစပိုင်းက စိတ်ဆန္ဒမရှိခဲ့ပါဘူး။ သို့ပေမယ့် သူ့သားလေး Flynn အပေါ်ထားတဲ့ Katy ရဲ့သဘောထားနဲ့ ကလေးနဲ့ Katy ရဲ့ကြားထဲက ရင်းနှီးတဲ့ဆက်ဆံရေးကို တွေ့လိုက်ရပြီးနောက်မှာတော့ Bloom ရဲ့စိတ်တွေ ပြောင်းသွားခဲ့ပါတယ်။ Katy ဟာ Bloom ရဲ့သားလေး Flynn နဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး ဇနီးဟောင်းဖြစ်သူ Miranda နဲ့ဆိုရင်လည်း တကယ့်သူငယ်ချင်းတွေလို ခင်မင်နေကြတာကြောင့် Bloom တစ်ယောက် Katy နဲ့ ကလေးယူဖို့ကို ရဲရဲကြီး ဆုံးဖြတ်ချက်ချလိုက်နိုင်တာလို့လည်း အတွင်းစကားတွေက ဆိုကြပါတယ်။

Photo: katyperry/ Instagram

အခုဆိုရင်တော့ ချစ်စရာ လူသားလေးတစ်ယောက်ကို လူ့လောကထဲကို ကြိုဆိုဖိတ်ခေါ်ဖို့ Katy တို့မောင်နှံနှစ်ယောက်လုံးက စိတ်လှုပ်ရှားနေကြပါတယ်။ Katy နဲ့ Bloom တို့ဟာ ပြီးခဲ့တဲ့နှစ် ချစ်သူများနေ့က စေ့စပ်ခဲ့ကြတာဖြစ်ပြီး မကြာခင်မှာ ဂျပန်စတိုင်လ် လက်ထပ်ပွဲ ပြုလုပ်ဖို့ စီစဉ်ထားခဲ့ကြပေမယ့် လတ်တလော ဖြစ်ပွားနေတဲ့ ကိုရိုးနားဗိုင်းရပ်စ် ပျံ့နှံ့မှုတွေကြောင့် လက်ထပ်ပွဲကို ခဏရွှေ့ဆိုင်းထားရတယ်လို့လည်း သိရပါတယ်။

Xei

(Zawgyi Version)

Katy Perry ဟာ ကိုယ္ဝန္ေဆာင္ထားရခ်ိန္မွာ အေသးစိတ္ကအစ ဂ႐ုစိုက္၊ၾကင္နာေပးတဲ့ ခ်စ္သူ Orlando Bloom ေၾကာင့္ အခ်စ္ေတြ ပိုၿပီးရင္း ပိုေနရတယ္လို႔ အတြင္းစကားမ်ားအရ သိရပါတယ္။

အသက္(၃၅)ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ အဆိုေတာ္ Katy Perry ဟာ အသက္(၄၃)ႏွစ္အ႐ြယ္ ခ်စ္သူ Orlando Bloom ရဲ႕ ကိုယ္ဝန္ကို လြယ္ထားရတာျဖစ္ၿပီး ကိုယ္ဝန္သည္တစ္ေယာက္ ႀကဳံေတြ႕ခံစားရတဲ့ အေတြ႕အႀကဳံအားလုံးကို ခ်စ္သူရဲ႕ ဂ႐ုစိုက္ေပးမႈေၾကာင့္ အလြယ္တကူပဲ စိတ္ခ်မ္းသာစြာ ျဖတ္ေက်ာ္ေနရပါတယ္။

Photo: orlandobloom/ Instagram

“Bloom ဟာ တကယ္ ေဘးမွာေနေပးၿပီး Katy ကို အေသးစိတ္ ဂ႐ုစိုက္ေပးရွာပါတယ္။ သူမ သက္ေသာင့္သက္သာျဖစ္ေအာင္ သူ တတ္ႏိုင္တာ အကုန္လုပ္ေပးတယ္။ ေက်ာေလးေတြ ပြတ္ေပးတာ၊ ေျခေထာက္ေလးေတြကို ႏွိပ္ေပးတာမ်ိဳးေတြက အစေပါ့။ ေဟာ္မုန္းအေျပာင္းအလဲေတြေၾကာင့္ စိတ္ခံစားလြယ္တဲ့အခါေတြမွာလည္း ေဘးကေန ႏွစ္သိမ့္ေပးတယ္။ Katy ကေတာ့ ပိုပိုၿပီး အခ်စ္ေတြ တိုးလာရတာေပါ့။ Bloom က ဒီကိုယ္ဝန္အစကေန အဆုံးအထိ ေဘးမွာေတာက္ေလွ်ာက္ ေနေပးေနေတာ့ Katy အတြက္ သိပ္ကိုေကာင္းမြန္ပါတယ္…” လို႔ အတြင္းလူတစ္ေယာက္က hollywood life သတင္းဌာနကို ေျပာျပထားပါတယ္။

ဒီကိုယ္ဝန္ဟာ Katy အတြက္ေတာ့ ပထမဆုံးအေတြ႕အႀကဳံပါ။ Bloom ကေတာ့ ဇနီးေဟာင္း နာမည္ေက်ာ္ေမာ္ဒယ္လ္ Miranda Kerr နဲ႔ရတဲ့ (၉)ႏွစ္အ႐ြယ္သားေလးတစ္ေယာက္ ရွိပါတယ္။ သားေလးနာမည္ကေတာ့ Flynn လို႔ေခၚပါတယ္။ Bloom ဟာ Miranda နဲ႔ လမ္းခြဲၿပီးေနာက္ သူ အခ်စ္သစ္ေတြ႕ဦးမွာကို ယုံၾကည္ခဲ့ေပမယ့္ ကေလးထပ္ယူဖို႔ကိုေတာ့ အစပိုင္းက စိတ္ဆႏၵမရွိခဲ့ပါဘူး။ သို႔ေပမယ့္ သူ႔သားေလး Flynn အေပၚထားတဲ့ Katy ရဲ႕သေဘာထားနဲ႔ ကေလးနဲ႔ Katy ရဲ႕ၾကားထဲက ရင္းႏွီးတဲ့ဆက္ဆံေရးကို ေတြ႕လိုက္ရၿပီးေနာက္မွာေတာ့ Bloom ရဲ႕စိတ္ေတြ ေျပာင္းသြားခဲ့ပါတယ္။ Katy ဟာ Bloom ရဲ႕သားေလး Flynn နဲ႔ ခင္မင္ရင္းႏွီးတဲ့ ဆက္ဆံေရးရွိၿပီး ဇနီးေဟာင္းျဖစ္သူ Miranda နဲ႔ဆိုရင္လည္း တကယ့္သူငယ္ခ်င္းေတြလို ခင္မင္ေနၾကတာေၾကာင့္ Bloom တစ္ေယာက္ Katy နဲ႔ ကေလးယူဖို႔ကို ရဲရဲႀကီး ဆုံးျဖတ္ခ်က္ခ်လိုက္ႏိုင္တာလို႔လည္း အတြင္းစကားေတြက ဆိုၾကပါတယ္။

Photo: katyperry/ Instagram

အခုဆိုရင္ေတာ့ ခ်စ္စရာ လူသားေလးတစ္ေယာက္ကို လူ႔ေလာကထဲကို ႀကိဳဆိုဖိတ္ေခၚဖို႔ Katy တို႔ေမာင္ႏွံႏွစ္ေယာက္လုံးက စိတ္လႈပ္ရွားေနၾကပါတယ္။ Katy နဲ႔ Bloom တို႔ဟာ ၿပီးခဲ့တဲ့ႏွစ္ ခ်စ္သူမ်ားေန႔က ေစ့စပ္ခဲ့ၾကတာျဖစ္ၿပီး မၾကာခင္မွာ ဂ်ပန္စတိုင္လ္ လက္ထပ္ပြဲ ျပဳလုပ္ဖို႔ စီစဥ္ထားခဲ့ၾကေပမယ့္ လတ္တေလာ ျဖစ္ပြားေနတဲ့ ကို႐ိုးနားဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈေတြေၾကာင့္ လက္ထပ္ပြဲကို ခဏေ႐ႊ႕ဆိုင္းထားရတယ္လို႔လည္း သိရပါတယ္။

Xei

 

RELATED ARTICLES

Most Popular