HomeCelebs Update NewsInternationalMV အသစ်နဲ့ ကိုယ်ဝန်ရှိနေကြောင်း ဖွင့်ချလိုက်တဲ့ Katy Perry

MV အသစ်နဲ့ ကိုယ်ဝန်ရှိနေကြောင်း ဖွင့်ချလိုက်တဲ့ Katy Perry

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပေါ့ပ်စတား Katy Perry ဟာ ဟောလိဝုဒ်ရဲ့မင်းသားချော Orlando Bloom နဲ့ရတဲ့ သူမရဲ့ ပထမဆုံးရင်သွေးလေးကို လွယ်ထားရပြီ ဖြစ်ပါတယ်။ သူမ ကိုယ်ဝန်ရှိနေတဲ့အကြောင်းကိုတော့ သူမရဲ့ဆင်ဂယ်လ်အသစ် Never Worn White ရဲ့ music video ထဲမှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ရင်း အခုလို အသိပေးလိုက်တာ ဖြစ်ပါတယ်။

MV ရဲ့အစမှာ အဖြူရောင်ဂါဝန်နဲ့ Katy ကို မြင်ရတည်းက ဝမ်းဗိုက်ပိုင်းဟာ စူထွက်နေမှန်း အနည်းငယ် သိသာပေမယ့် MV ရဲ့အဆုံးမှာတော့ ဘေးတိုက်ပုံနဲ့ သိသိသာသာ မြင်ရအောင် ရိုက်ပြထားပါတယ်။ သီချင်းရဲ့အကြောင်းအရာကလည်း Bloom နဲ့ သူမရဲ့အချစ်ခရီးလမ်းအကြောင်းကို သီဆိုထားတာဖြစ်ပြီး ကြောက်ရွံ့စိုးရိမ်မှုတွေကနေ ရုန်းထွက်ပြီး ချစ်သူနဲ့အတူ ဘဝခရီးဆက်မယ့်အဓိပ္ပာယ် သီဆိုထားတာကို တွေ့ရပါတယ်။

Photo: Never Worn White YouTube Video/ vevo

Bloom နဲ့ Katy တို့မောင်နှံဟာ ပြီးခဲ့တဲ့နှစ် ဗယ်လင်တိုင်းဒေးက စေ့စပ်ခဲ့ကြပြီး ဂျပန်စတိုင်လ် မင်္ဂလာပွဲကို စီစဉ်ထားကြတယ်လို့တော့ သတင်းတွေအရ ကြားသိရပါတယ်။ သို့ပေမယ့် လက်ရှိမှာ ကိုရိုနားဗိုင်းရပ်စ်ပျံ့နှံ့မှုတွေကြောင့် စီစဉ်ထားတဲ့အတိုင်း လုပ်ဖြစ်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Photo: Never Worn White YouTube Video/ vevo

Katy ဟာ လာမယ့်နွေရာသီမှာ ကလေးမီးဖွားမှာဖြစ်ကြောင်း MV ထွက်ပြီးနောက် ထုတ်လွှင့်ခဲ့တဲ့ IG Live မှာ ပြောကြားခဲ့ပါတယ်။ “ဒီနှစ်နွေရာသီကတော့ အများကြီး ဖြစ်ပျက်ဖို့ ရှိနေပါတယ်။ ကျွန်မ ကလေးမီးဖွားဖို့လည်း ရှိသလို ရှင်တို့အားလုံးစောင့်ဆိုင်းနေကြတဲ့အရာလည်း လာဖို့ရှိပါတယ်” လို့ဆိုပြီး အယ်လ်ဘမ်အသစ် လာမယ့်အကြောင်းကိုပါ ရည်ညွှန်းပြောဆိုသွားပါတယ်။

Twitter မှာတော့ ကိုယ်ဝန်ရှိကြောင်း ထုတ်ပြောလိုက်ရတဲ့ ပေါ့ပါးမှုကို ပို့စ်တင်ထားပါသေးတယ်။ “တော်သေးတာပေါ့ … ဒီထဲမှာပဲ ပိတ်မိနေစရာ မလိုတော့ဘူး။ ပိုက်ဆံအိတ်အကြီးကြီးတွေ သယ်ပြီး ကွယ်ထားစရာလည်း မလိုတော့ဘူး…” လို့ ရေးထားတာ တွေ့ရပါတယ်။

Xei

(Zawgyi Version)

ေပါ့ပ္စတား Katy Perry ဟာ ေဟာလိဝုဒ္ရဲ႕မင္းသားေခ်ာ Orlando Bloom နဲ႔ရတဲ့ သူမရဲ႕ ပထမဆုံးရင္ေသြးေလးကို လြယ္ထားရၿပီ ျဖစ္ပါတယ္။ သူမ ကိုယ္ဝန္ရွိေနတဲ့အေၾကာင္းကိုေတာ့ သူမရဲ႕ဆင္ဂယ္လ္အသစ္ Never Worn White ရဲ႕ music video ထဲမွာ ကိုယ္တိုင္ပါဝင္သ႐ုပ္ေဆာင္ရင္း အခုလို အသိေပးလိုက္တာ ျဖစ္ပါတယ္။

MV ရဲ႕အစမွာ အျဖဴေရာင္ဂါဝန္နဲ႔ Katy ကို ျမင္ရတည္းက ဝမ္းဗိုက္ပိုင္းဟာ စူထြက္ေနမွန္း အနည္းငယ္ သိသာေပမယ့္ MV ရဲ႕အဆုံးမွာေတာ့ ေဘးတိုက္ပုံနဲ႔ သိသိသာသာ ျမင္ရေအာင္ ႐ိုက္ျပထားပါတယ္။ သီခ်င္းရဲ႕အေၾကာင္းအရာကလည္း Bloom နဲ႔ သူမရဲ႕အခ်စ္ခရီးလမ္းအေၾကာင္းကို သီဆိုထားတာျဖစ္ၿပီး ေၾကာက္႐ြံ႕စိုးရိမ္မႈေတြကေန ႐ုန္းထြက္ၿပီး ခ်စ္သူနဲ႔အတူ ဘဝခရီးဆက္မယ့္အဓိပၸာယ္ သီဆိုထားတာကို ေတြ႕ရပါတယ္။

Photo: Never Worn White YouTube Video/ vevo

Bloom နဲ႔ Katy တို႔ေမာင္ႏွံဟာ ၿပီးခဲ့တဲ့ႏွစ္ ဗယ္လင္တိုင္းေဒးက ေစ့စပ္ခဲ့ၾကၿပီး ဂ်ပန္စတိုင္လ္ မဂၤလာပြဲကို စီစဥ္ထားၾကတယ္လို႔ေတာ့ သတင္းေတြအရ ၾကားသိရပါတယ္။ သို႔ေပမယ့္ လက္ရွိမွာ ကို႐ိုနားဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈေတြေၾကာင့္ စီစဥ္ထားတဲ့အတိုင္း လုပ္ျဖစ္မလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Photo: Never Worn White YouTube Video/ vevo

Katy ဟာ လာမယ့္ေႏြရာသီမွာ ကေလးမီးဖြားမွာျဖစ္ေၾကာင္း MV ထြက္ၿပီးေနာက္ ထုတ္လႊင့္ခဲ့တဲ့ IG Live မွာ ေျပာၾကားခဲ့ပါတယ္။ “ဒီႏွစ္ေႏြရာသီကေတာ့ အမ်ားႀကီး ျဖစ္ပ်က္ဖို႔ ရွိေနပါတယ္။ ကြၽန္မ ကေလးမီးဖြားဖို႔လည္း ရွိသလို ရွင္တို႔အားလုံးေစာင့္ဆိုင္းေနၾကတဲ့အရာလည္း လာဖို႔ရွိပါတယ္” လို႔ဆိုၿပီး အယ္လ္ဘမ္အသစ္ လာမယ့္အေၾကာင္းကိုပါ ရည္ၫႊန္းေျပာဆိုသြားပါတယ္။

Twitter မွာေတာ့ ကိုယ္ဝန္ရွိေၾကာင္း ထုတ္ေျပာလိုက္ရတဲ့ ေပါ့ပါးမႈကို ပို႔စ္တင္ထားပါေသးတယ္။ “ေတာ္ေသးတာေပါ့ … ဒီထဲမွာပဲ ပိတ္မိေနစရာ မလိုေတာ့ဘူး။ ပိုက္ဆံအိတ္အႀကီးႀကီးေတြ သယ္ၿပီး ကြယ္ထားစရာလည္း မလိုေတာ့ဘူး…” လို႔ ေရးထားတာ ေတြ႕ရပါတယ္။

Xei

 

RELATED ARTICLES

Most Popular