HomeCelebs Update NewsInternationalဝတ်စုံအရွေးမှားလို့ American Idol မှာ ဂယက်ထသွားတဲ့ Katy Perry 

ဝတ်စုံအရွေးမှားလို့ American Idol မှာ ဂယက်ထသွားတဲ့ Katy Perry 

American Idol ပြိုင်ပွဲရဲ့ ဒိုင်လူကြီးတစ်ဦး ဖြစ်တဲ့ နာမည်ကျော်အဆိုတော် Katy Perry ဟာ Disney Night အတွက် ဝတ်စုံပြည့် ပွဲတက်လာရာက ဝတ်စုံရွေးချယ်မှု မှားယွင်းလို့ ထိုင်ခုံပေါ်က ပြုတ်ကျခဲ့ရပါတယ်။

ဖြစ်ပုံကတော့ Katy ဟာ ယမန်နေ့ မေလ(၁)ရက်နေ့က ပြိုင်ပွဲညမှာ Little Mermaid ကာတွန်းကားထဲက ရေသူမလေး Ariel အတိုင်း ဝတ်စုံပြည့် ဝတ်ဆင်ပြီး ပွဲတက်ခဲ့ပါတယ်။ Ariel ရဲ့ ပုံစံအတိုင်း အနီရောင်ဆံပင်၊ ခရမ်းရောင် ခရုခွံအင်္ကျီနဲ့ အစိမ်းရောင် ရေသူမအမြီးပါ စကတ်ရှည်ကြီးကိုပါ ဝတ်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

Photo: katyperry/ Instagram

Katy ဟာ American Idol ရဲ့ စင်မြင့်ပေါ်ကိုတော့ ကျန်ဒိုင်နှစ်ဦး ဖြစ်တဲ့ Luke Bryan ၊ Lionel Richie တို့နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ရေသူမအမြီးကြောင့် လမ်းလျှောက်ဖို့ အခက်တွေ့နေတဲ့ Katy ကို show host ဖြစ်သူ Ryan Seacrest နဲ့ ကျန်ဒိုင်နှစ်ဦးက တွဲပြီး ဒိုင်တွေရဲ့ ခုံပေါ်ကို တွဲတင်ပေးလိုက်ကြပါတယ်။ Katy ကို သူမရဲ့ခုံနေရာအထိ အရောက်ပို့ပေးလိုက်ပေမယ့်လည်း သူမရဲ့ဝတ်စုံက ရေသူမအမြီးဟာ ထိုင်ခုံနဲ့ အဆင်မပြေ ဖြစ်ပြီး နောက်ကို လန်ကျသွားပါတော့တယ်။

ဒိုင်တစ်ဦးဖြစ်သူ Luke Bryan ကတော့ သူမရဲ့အဖြစ်ကို အားရပါးရ ရယ်မောနေပါသေးတယ်။ သို့သော်လည်း တခဏလေးအတွင်းမှာပဲ ဒိုင်နှစ်ဦးနဲ့ show host တို့ဟာ ရေသူမအမြီးကြီး ထောင်ပြီး ပက်လက်လန်နေတဲ့ Katy ကို ဝိုင်းထူပေးလိုက်ကြပါတယ်။ Katy ကတော့ ဒီမတော်တဆမှုကို ပြုံးပြုံးရယ်ရယ်နဲ့ပဲ ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။ ပွဲက ပရိသတ်တွေကတော့ “Katy” “Katy” ဆိုပြီး သူမရဲ့အမည်ကို ရေရွတ်ကာ အားပေးနေကြတာကို တွေ့ရပါတယ်။

တကယ်တော့ Katy Perry ဟာ Disney ရဲ့ အမာခံပရိသတ်တစ်ဦး ဖြစ်ပါတယ်။ American Idol ပြိုင်ပွဲတွေမှာ Disney Night ကဏ္ဍ‌ ရောက်လာတိုင်း သူမဟာ Disney ဇာတ်ကောင်တစ်ယောက်ယောက်ရဲ့ ပုံစံအတိုင်း ဝတ်စုံပြည့် ဝတ်ဆင်ပြီး ပွဲတက်လေ့ ရှိပါတယ်။ American Idol မှာ ဒိုင်အဖြစ် ဆောင်ရွက်နေတဲ့ နှစ်တွေတလျှောက် Disney Night တိုင်းမှာ Katy ဝတ်ဆင်ခဲ့ဖူးတဲ့ ဇာတ်ကောင်တွေကတော့ Ursula ၊ Mrs. Jumbo ၊ Snow White နဲ့ Tinker Bell တို့ပဲ ဖြစ်ပါတယ်။

Vancovuer

Source: hollywoodlife/abc

RELATED ARTICLES

Most Popular