HomeCelebs Update NewsInternationalDark Horse သီချင်းရဲ့ မူပိုင်ခွင့်အမှုမှာ အနိုင်ရရှိသွားတဲ့ Katy Perry

Dark Horse သီချင်းရဲ့ မူပိုင်ခွင့်အမှုမှာ အနိုင်ရရှိသွားတဲ့ Katy Perry

Katy Perry နဲ့ သူမရဲ့collaborator တွေဟာ Dark Horse သီချင်းနဲ့ တရားစွဲဆိုခံထားရတာကနေ လွတ်မြောက်ပြီး အမှုမှာလည်း အနိုင်ရရှိသွားတယ်လို့ သိရပါတယ်။

အဲဒါကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ Katy Perry ရဲ့ သီချင်းတစ်ပုဒ် ဖြစ်တဲ့ Dark Horse ဟာ မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။ တရားစွဲဆိုထားသူကတော့ ခရစ်ယာန် hip-hop artist တစ်ယောက် ဖြစ်တဲ့ Flame ဖြစ်ပြီး Katy Perry ရဲ့ Dark Horse သီချင်းဟာ သူ့ရဲ့Joyful Noise ဆိုတဲ့ သီချင်းကို ကူးချထားတယ်ဆိုတဲ့ အချက်နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

Photo: katyperry/ Instagram

ဒီအမှုကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ကူးချမှု မြောက်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပေမယ့် Katy Perry တို့ဘက်က ထပ်မံပြီး အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပြီးခဲ့တဲ့ ကြာသပတေးနေ့က တရားရုံးရဲ့ အမိန့်ချမှတ်မှုအရ Flame ရဲ့ သီချင်းကူးချတယ်ဆိုတဲ့ စွဲဆိုမှုဟာ သက်သေအထောက်အထားနဲ့ မကိုက်ညီတာကို တွေ့ရှိရတာကြောင့် Katy Perry ရဲ့ အယူခံက အောင်မြင်သွားပြီး အမှုမှာလည်း အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။

Flame ကတော့ သူ့ရဲ့သီချင်းကို ကူးချတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ Katy Perry ကို ၂၀၁၆ ခုနှစ်တည်းက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း တရားရုံးက အမှန်တကယ် ကြားနာပြီး အမှုစစ်ဆေးခဲ့တဲ့ အချိန်ကတော့ ၂၀၁၉ ခုနှစ်မှ ဖြစ်ပါတယ်။

Photo: katyperry/ Instagram

ယခုနောက်ဆုံး အမှုကြားနာပြီး အမိန့်ချမှတ်မှုအရ Katy Perry နဲ့ Capitol ဓာတ်ပြားတိုက်တို့ အပါအဝင် သူမနဲ့ သီချင်းအတူ ရေးသားခဲ့ကြတဲ့ Dr. Luke ၊ Cirkut တို့ကပါ ဒီအမှုက ကွင်းလုံးကျွတ် လွတ်မြောက်သွားတာ ဖြစ်ပြီး နစ်နာကြေးအနေနဲ့ ဒေါ်လာ(၂.၈)သန်းပါ ရရှိခဲ့ကြပါတယ်။ ဒါဟာ Katy Perry အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လမှာ အပြစ်ရှိကြောင်း ချမှတ်ခံခဲ့ရတဲ့ အမှုကနေပါ လွတ်မြောက်ခွင့် ရရှိသွားတာ ဖြစ်ပါတယ်။

ဖြစ်ပုံကတော့ Flame နဲ့ သူ့ရဲ့တွဲဖက် artist တွေဟာ သူတို့သီချင်းထဲက ostinato ပုံစံတွေကို Katy Perry ရဲ့ Dark Horse သီချင်းက ကူးချထားတာလို့ အခိုင်အမာ ထွက်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ostinatos ဆိုတာကတော့ သီချင်းတစ်ပုဒ်ထဲမှာ ထပ်ခါ ထပ်ခါ အသုံးပြုထားတဲ့ သံစဉ်အစိတ်အပိုင်းတွေကို ခေါ်ဆိုတာ ဖြစ်ပါတယ်။

တရားရုံးက နောက်ဆုံး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်အရ ဒီအမှုမှာ စွဲဆိုထားတဲ့ ostinatos ကိစ္စဟာ အသုံးများတဲ့ ဂီတအစိတ်အပိုင်းတစ်ခုသာ ဖြစ်တယ်လို့ ဆိုထားပြီး ဒီသီချင်းနှစ်ပုဒ်မှာ ဆင်တူနေတယ်လို့ ပြောထားတဲ့ ostinatos တွေဟာလည်း သံစဉ်သဘာဝအရ ပေါင်းစပ်နေမှုသာ ဖြစ်ပြီး သိသိသာသာ ဆင်တူနေခြင်း မရှိဘူးလို့ ဆိုထားပါတယ်။

Dark Horse သီချင်းကတော့ Katy Perry ရဲ့ Prism အယ်လ်ဘမ်ထဲမှာ ပါဝင်ခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပြီး rapper Juicy J ကလည်း featuring အဖြစ် ပါဝင်သီဆိုပေးထားပါတယ်။ ဒီသီချင်းကတော့ Billboard Hot 100 မှာ ထိပ်ဆုံးနေရာက ရပ်တည်နိုင်ခဲ့ပါတယ်။ ကူးချတယ်လို့ စွပ်စွဲထားတဲ့ Flame ရဲ့ Joyful Noise သီချင်းကတော့ ပင်မ ဂီတရေစီးကြောင်းမှာ အောင်မြင်မှု မရရှိခဲ့ပေမယ့် YouTube နဲ့ MySpace တို့မှာ view ပေါင်း သန်းနဲ့ချီပြီး ရရှိထားတယ်လို့ သိရပါတယ်။

Glasgow

Source: people

RELATED ARTICLES

Most Popular