HomeEntertainmentFilmသင့်ရဲ့အချစ်ဦးကိုပြန်ပြီး သတိရသွားစေမယ့် ကိုရီးယားဇာတ်လမ်းတွဲများ

သင့်ရဲ့အချစ်ဦးကိုပြန်ပြီး သတိရသွားစေမယ့် ကိုရီးယားဇာတ်လမ်းတွဲများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လူတွေဟာ ပထမဦးဆုံး ချစ်မိကြတဲ့အချိန်မှာ ရင်အခုန်ဆုံးနဲ့ စိတ်အလှုပ်ရှားဖြစ်တတ်ကြပြီးတော့ ကိုယ့်ရဲ့အချစ်ဦးကိုတော့ ဘယ်သူမှမေ့မှာ မဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ကွဲသွားကြရင်တောင်မှ တိုက်ဆိုင်တဲ့အရာတစ်ခုခုကြောင့် ပြန်ပြီး သတိရတတ်ကြပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါတော့ ကိုယ့်ရဲ့အချစ်ဦးကို ပြန်ပြီးသတိရစေမယ့်အပြင် သူနဲ့ရှိခဲ့ဖူးတဲ့အမှတ်တရလေးတွေကို ပြန်ပြီးသတိရစေမယ့် ကိုရီးယားဇာတ်လမ်းတွဲတွေကို ဖော်ပြပေးချင်ပါတယ်။

(1) When My Love Blooms
photo via mydramalist

ဒီဇာတ်လမ်းတွဲကတော့ Yoon Ji Soo ဆိုတဲ့ကောင်လေးနဲ့ Han Jae Hyun ဆိုတဲ့ကောင်မလေးတို့ရဲ့ မြင်မြင်ချင်းချစ်မိသွားတဲ့ အချစ်ကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူမဟာ အရမ်းကိုကြီးမားပြင်းထန်တဲ့ဆန္ဒပြပွဲကြားထဲကို ညှပ်ပါသွားတဲ့အချိန်မှာ Yoon Ji Soo ကကယ်တင်ခဲ့ပါတယ်။ အဲ့ဒီမှာသူတို့နှစ်ယောက်ပထမဆုံးဆုံတွေ့ခဲ့ကြတာဖြစ်ပြီးတော့ အဲ့ဒီအချိန်ကစပြီး သူမဟာ Yoon Ji Soo ကိုစွဲလမ်းသွားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ Yoon Ji Soo ဟာလည်း သူမအပေါ်မှာ ခံစားချက်တွေရှိလာပြီးတော့ သူတို့နှစ်ယောက်ဟာ တွဲဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ကံမကောင်းစွာနဲ့ပဲ Yoon Ji Soo ဟာ အကြောင်းတစ်ခုကြောင့် သူမကိုလမ်းခွဲဖို့အတွက် တွန်းအားပေးခံခဲ့ရပါတယ်။ နောက်ထပ်နှစ်တွေကြာသွားတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ဟာ ပြန်ပြီးဆုံတွေ့ခဲ့ကြပြီး သူတို့သိလိုက်ရတာတစ်ခုကတော့ သူတို့နှစ်ယောက်ကြားက ခံစားချက်တွေနဲ့ သံယောဇဉ်တွေဟာ ဘယ်တုန်းကမှ ပျောက်ပျက်မသွားဘူးဆိုတာပါပဲ။

(2) Moments of 18
photo via mydramalist

ဒီစီးရီးကတော့ Choi Joon Woo ဆိုတဲ့ကျောင်းသားလေးနဲ့ Yoo Soo Bin ဆိုတဲ့ကျောင်းသူလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ Choi Joon Woo ဟာကျောင်းထုတ်ခံလိုက်ရတာကြောင့် တစ်ခြားကျောင်းတစ်ခုကို ပြောင်းလာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ သူကကျောင်းသားသစ်တစ်ယောက်ဖြစ်တာကြောင့် လူတော်တော်များများက စိတ်ဝင်စားနေခဲ့ပါတယ်။

အဲ့ဒီကျောင်းကို ပြောင်းလာပြီး သိပ်မကြာခင်မှာပဲ သူဟာ Yoo Soo Bin နဲ့တွေ့ခဲ့ပြီးတော့ သူတို့နှစ်ယောက်ဟာ အချိန်တွေကို အတူတူကုန်ဆုံးခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်လုံးဟာ တဖြည်းဖြည်းနဲ့ ခံစားချက်တွေပိုလာခဲ့ပြီးတော့ Yoo Soo Bin ဟာသူ့ရဲ့ဘဝမှာ လိုအပ်နေတဲ့အရာဆိုတာကို သိလိုက်ရပါတော့တယ်။ သူတို့နှစ်ယောက်လုံးဟာ ကျောင်းသားကျောင်းသူအရွယ်ပဲ ရှိသေးတာကြောင့် ငယ်ရွယ်ပြီးတော့ အပြစ်ကင်းစင်တဲ့အချစ်ကို ကြည်နူးစဖွယ်ပုံဖော်ထားတာကို တွေ့ရမှာပါ။

(3) Love in the Moonlight
photo via mydramalist

ဒီဇာတ်လမ်းကတော့ Lee Young ဆိုတဲ့မင်းသားတစ်ပါးနဲ့ Hong Ra On ဆိုတဲ့သာမန်ကောင်မလေးတစ်ယောက်ရဲ့ကြားက အချစ်ကို ဖော်ပြထားတာဖြစ်ပါတယ်။ မင်းသား Lee Young ဟာ သူ့အနားမှာခစားရတဲ့ ကုန်းကုန်းတွေထဲကတစ်ယောက်ဟာ မိန်းကလေးဖြစ်နေတာကို သတိမထားမိခဲ့ပါဘူး။

နောက်ပိုင်းမှာတော့ မင်းသားဟာသိသွားပြီးတော့ တဖြည်းဖြည်းနဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်တွေနဲ့ သံယောဇဉ်တွေဟာ ခိုင်မာလာခဲ့ပါတယ်။ ဒါပေမဲ့လည်း မင်းသားတစ်ယောက်နဲ့ သာမန်မိန်းကလေးဟာ ပုံမှန်အတိုင်းဆိုရင် ဘယ်လိုမှပေါင်းစပ်လို့ မဖြစ်နိုင်ပါဘူး။ အဲ့ဒါကြောင့်ပဲ မင်းသား Lee Young ဟာအရာအားလုံးကို စွန့်လွှတ်ပြီးတော့ သူမနဲ့အတူရှိနေနိုင်ဖို့အတွက် ကြိုးစားပါတော့တယ်။

(4) When the Weather is Fine
photo via mydramalist

Im Eun Seop ဆိုတဲ့ကောင်လေးဟာ လူမှန်းသိတတ်စအရွယ်ကတည်းက Mok Hae Won ဆိုတဲ့ကောင်မလေးကို တစ်ဖက်သတ်ချစ်ကြိုက်နေခဲ့ပါတယ်။ အဲ့ဒီကောင်မလေးဟာ Im Eun Seop ရဲ့ဘေးအိမ်မှာရှိတဲ့ သူမရဲ့အဒေါ်ဆီကို မကြာခဏလာလည်လေ့ရှိတာကြောင့် သူဟာ အဲ့ဒီကောင်မလေးလာလည်တာကို မျှော်နေလေ့ရှိပါတယ်။

သူတို့နှစ်ယောက်ဟာ သူငယ်ချင်းဖြစ်နေပေမယ့်လည်း သူဟာ သူ့ရဲ့ခံစားချက်တွေကို ဘယ်တော့မှထုတ်မပြောဘဲ မြိုသိပ်ထားပြီးတော့ သူငယ်ချင်းအနေနဲ့ပဲ ကျေနပ်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီကောင်မလေးကပါ သူ့ကိုချစ်ကြိုက်မိသွားတဲ့အချိန်မှာတော့ သူဟာသူ့ရဲ့အကြောက်တရားကိုရင်ဆိုင်ပြီးတော့ သူ့ရဲ့ခံစားချက်တွေကို ပြောပြဖို့အတွက် ကြိုးစားရပါတော့တယ်။ ဒီဇာတ်ကားကိုကြည့်နေရင်းနဲ့ သင့်ရဲ့ပထမဦးဆုံး ခံစားချက်တွေကို ထုတ်ပြောခဲ့တဲ့အချိန်နဲ့ ပထမဦးဆုံး အပြောခံခဲ့ရတဲ့ခံစားချက်တွေကို ပြန်လည်ခံစားမိစေမှာပါ။

(5) Flower Boy Next Door
photo via mydramalist

ဒီဇာတ်လမ်းကတော့ လုံးဝကို စရိုက်မတူညီတဲ့လူနှစ်ယောက်ရဲ့ကြားထဲက အချစ်ကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Go Dok Mi ဆိုတဲ့ကောင်မလေးဟာ တစ်ယောက်တည်းနေရတာကြိုက်နှစ်သက်သူဖြစ်ပြီး လူတွေလည်း သိပ်ပြီးအဆက်အဆံလုပ်လေ့မရှိပါဘူး။ ဒါ့အပြင်သူမဟာ သူ့ရဲ့တိုက်ခန်းထဲမှာ အမြဲလိုလိုနေလေ့ရှိပြီး တစ်နေ့မှာတော့ သူ့ရဲ့ဘေးအိမ်ကလူတစ်ယောက်အကြောင်းကို စပ်စုနေတာကို Enrique Geum ကတွေ့သွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ နှစ်ယောက်လုံးဟာ ရှက်ကိုးရှက်ကန်းနဲ့ ကြောင်တောင်တောင်နိုင်တဲ့ ကိစ္စတွေ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီ Enrique ဆိုတဲ့ကောင်လေးကတော့ ပျော်ပျော်နေတတ်သူဖြစ်ပြီး သူမနဲ့အကျင့်စရိုက်ဟာ လုံးဝဆန့်ကျင်ဘက် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အချိန်တွေကြာလာတဲ့အခါမှာတော့ သူတို့နှစ်ယောက်ရဲ့ကြားက သံယောဇဉ်တွေနဲ့ ခံစားချက်တွေဟာ တဖြည်းဖြည်းနဲ့ တိုးလာခဲ့ပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

လူေတြဟာ ပထမဦးဆုံး ခ်စ္မိၾကတဲ့အခ်ိန္မွာ ရင္အခုန္ဆုံးနဲ႔ စိတ္အလႈပ္ရွားျဖစ္တတ္ၾကၿပီးေတာ့ ကိုယ့္ရဲ႕အခ်စ္ဦးကိုေတာ့ ဘယ္သူမွေမ့မွာ မဟုတ္ပါဘူး။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကြဲသြားၾကရင္ေတာင္မွ တိုက္ဆိုင္တဲ့အရာတစ္ခုခုေၾကာင့္ ျပန္ၿပီး သတိရတတ္ၾကပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါေတာ့ ကိုယ့္ရဲ႕အခ်စ္ဦးကို ျပန္ၿပီးသတိရေစမယ့္အျပင္ သူနဲ႔ရွိခဲ့ဖူးတဲ့အမွတ္တရေလးေတြကို ျပန္ၿပီးသတိရေစမယ့္ ကိုရီးယားဇာတ္လမ္းတြဲေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) When My Love Blooms
photo via mydramalist

ဒီဇာတ္လမ္းတြဲကေတာ့ Yoon Ji Soo ဆိုတဲ့ေကာင္ေလးနဲ႔ Han Jae Hyun ဆိုတဲ့ေကာင္မေလးတို႔ရဲ႕ ျမင္ျမင္ခ်င္းခ်စ္မိသြားတဲ့ အခ်စ္ကို ပုံေဖာ္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သူမဟာ အရမ္းကိုႀကီးမားျပင္းထန္တဲ့ဆႏၵျပပြဲၾကားထဲကို ညႇပ္ပါသြားတဲ့အခ်ိန္မွာ Yoon Ji Soo ကကယ္တင္ခဲ့ပါတယ္။ အဲ့ဒီမွာသူတို႔ႏွစ္ေယာက္ပထမဆုံးဆုံေတြ႕ခဲ့ၾကတာျဖစ္ၿပီးေတာ့ အဲ့ဒီအခ်ိန္ကစၿပီး သူမဟာ Yoon Ji Soo ကိုစြဲလမ္းသြားခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ Yoon Ji Soo ဟာလည္း သူမအေပၚမွာ ခံစားခ်က္ေတြရွိလာၿပီးေတာ့ သူတို႔ႏွစ္ေယာက္ဟာ တြဲျဖစ္ခဲ့ၾကပါတယ္။ ဒါေပမဲ့လည္း ကံမေကာင္းစြာနဲ႔ပဲ Yoon Ji Soo ဟာ အေၾကာင္းတစ္ခုေၾကာင့္ သူမကိုလမ္းခြဲဖို႔အတြက္ တြန္းအားေပးခံခဲ့ရပါတယ္။ ေနာက္ထပ္ႏွစ္ေတြၾကာသြားတဲ့အခ်ိန္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ျပန္ၿပီးဆုံေတြ႕ခဲ့ၾကၿပီး သူတို႔သိလိုက္ရတာတစ္ခုကေတာ့ သူတို႔ႏွစ္ေယာက္ၾကားက ခံစားခ်က္ေတြနဲ႔ သံေယာဇဥ္ေတြဟာ ဘယ္တုန္းကမွ ေပ်ာက္ပ်က္မသြားဘူးဆိုတာပါပဲ။

(2) Moments of 18
photo via mydramalist

ဒီစီးရီးကေတာ့ Choi Joon Woo ဆိုတဲ့ေက်ာင္းသားေလးနဲ႔ Yoo Soo Bin ဆိုတဲ့ေက်ာင္းသူေလးတို႔ရဲ႕ အခ်စ္ဇာတ္လမ္းေလး ျဖစ္ပါတယ္။ Choi Joon Woo ဟာေက်ာင္းထုတ္ခံလိုက္ရတာေၾကာင့္ တစ္ျခားေက်ာင္းတစ္ခုကို ေျပာင္းလာခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူကေက်ာင္းသားသစ္တစ္ေယာက္ျဖစ္တာေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားက စိတ္ဝင္စားေနခဲ့ပါတယ္။

အဲ့ဒီေက်ာင္းကို ေျပာင္းလာၿပီး သိပ္မၾကာခင္မွာပဲ သူဟာ Yoo Soo Bin နဲ႔ေတြ႕ခဲ့ၿပီးေတာ့ သူတို႔ႏွစ္ေယာက္ဟာ အခ်ိန္ေတြကို အတူတူကုန္ဆုံးခဲ့ၾကပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္လုံးဟာ တျဖည္းျဖည္းနဲ႔ ခံစားခ်က္ေတြပိုလာခဲ့ၿပီးေတာ့ Yoo Soo Bin ဟာသူ႔ရဲ႕ဘဝမွာ လိုအပ္ေနတဲ့အရာဆိုတာကို သိလိုက္ရပါေတာ့တယ္။ သူတို႔ႏွစ္ေယာက္လုံးဟာ ေက်ာင္းသားေက်ာင္းသူအ႐ြယ္ပဲ ရွိေသးတာေၾကာင့္ ငယ္႐ြယ္ၿပီးေတာ့ အျပစ္ကင္းစင္တဲ့အခ်စ္ကို ၾကည္ႏူးစဖြယ္ပုံေဖာ္ထားတာကို ေတြ႕ရမွာပါ။

(3) Love in the Moonlight
photo via mydramalist

ဒီဇာတ္လမ္းကေတာ့ Lee Young ဆိုတဲ့မင္းသားတစ္ပါးနဲ႔ Hong Ra On ဆိုတဲ့သာမန္ေကာင္မေလးတစ္ေယာက္ရဲ႕ၾကားက အခ်စ္ကို ေဖာ္ျပထားတာျဖစ္ပါတယ္။ မင္းသား Lee Young ဟာ သူ႔အနားမွာခစားရတဲ့ ကုန္းကုန္းေတြထဲကတစ္ေယာက္ဟာ မိန္းကေလးျဖစ္ေနတာကို သတိမထားမိခဲ့ပါဘူး။

ေနာက္ပိုင္းမွာေတာ့ မင္းသားဟာသိသြားၿပီးေတာ့ တျဖည္းျဖည္းနဲ႔ သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေတြနဲ႔ သံေယာဇဥ္ေတြဟာ ခိုင္မာလာခဲ့ပါတယ္။ ဒါေပမဲ့လည္း မင္းသားတစ္ေယာက္နဲ႔ သာမန္မိန္းကေလးဟာ ပုံမွန္အတိုင္းဆိုရင္ ဘယ္လိုမွေပါင္းစပ္လို႔ မျဖစ္ႏိုင္ပါဘူး။ အဲ့ဒါေၾကာင့္ပဲ မင္းသား Lee Young ဟာအရာအားလုံးကို စြန႔္လႊတ္ၿပီးေတာ့ သူမနဲ႔အတူရွိေနႏိုင္ဖို႔အတြက္ ႀကိဳးစားပါေတာ့တယ္။

(4) When the Weather is Fine
photo via mydramalist

Im Eun Seop ဆိုတဲ့ေကာင္ေလးဟာ လူမွန္းသိတတ္စအ႐ြယ္ကတည္းက Mok Hae Won ဆိုတဲ့ေကာင္မေလးကို တစ္ဖက္သတ္ခ်စ္ႀကိဳက္ေနခဲ့ပါတယ္။ အဲ့ဒီေကာင္မေလးဟာ Im Eun Seop ရဲ႕ေဘးအိမ္မွာရွိတဲ့ သူမရဲ႕အေဒၚဆီကို မၾကာခဏလာလည္ေလ့ရွိတာေၾကာင့္ သူဟာ အဲ့ဒီေကာင္မေလးလာလည္တာကို ေမွ်ာ္ေနေလ့ရွိပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ သူငယ္ခ်င္းျဖစ္ေနေပမယ့္လည္း သူဟာ သူ႔ရဲ႕ခံစားခ်က္ေတြကို ဘယ္ေတာ့မွထုတ္မေျပာဘဲ ၿမိဳသိပ္ထားၿပီးေတာ့ သူငယ္ခ်င္းအေနနဲ႔ပဲ ေက်နပ္ေနခဲ့ပါတယ္။ ဒါေပမဲ့လည္း အဲ့ဒီေကာင္မေလးကပါ သူ႔ကိုခ်စ္ႀကိဳက္မိသြားတဲ့အခ်ိန္မွာေတာ့ သူဟာသူ႔ရဲ႕အေၾကာက္တရားကိုရင္ဆိုင္ၿပီးေတာ့ သူ႔ရဲ႕ခံစားခ်က္ေတြကို ေျပာျပဖို႔အတြက္ ႀကိဳးစားရပါေတာ့တယ္။ ဒီဇာတ္ကားကိုၾကည့္ေနရင္းနဲ႔ သင့္ရဲ႕ပထမဦးဆုံး ခံစားခ်က္ေတြကို ထုတ္ေျပာခဲ့တဲ့အခ်ိန္နဲ႔ ပထမဦးဆုံး အေျပာခံခဲ့ရတဲ့ခံစားခ်က္ေတြကို ျပန္လည္ခံစားမိေစမွာပါ။

(5) Flower Boy Next Door
photo via mydramalist

ဒီဇာတ္လမ္းကေတာ့ လုံးဝကို စ႐ိုက္မတူညီတဲ့လူႏွစ္ေယာက္ရဲ႕ၾကားထဲက အခ်စ္ကို ပုံေဖာ္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ Go Dok Mi ဆိုတဲ့ေကာင္မေလးဟာ တစ္ေယာက္တည္းေနရတာႀကိဳက္ႏွစ္သက္သူျဖစ္ၿပီး လူေတြလည္း သိပ္ၿပီးအဆက္အဆံလုပ္ေလ့မရွိပါဘူး။ ဒါ့အျပင္သူမဟာ သူ႔ရဲ႕တိုက္ခန္းထဲမွာ အၿမဲလိုလိုေနေလ့ရွိၿပီး တစ္ေန႔မွာေတာ့ သူ႔ရဲ႕ေဘးအိမ္ကလူတစ္ေယာက္အေၾကာင္းကို စပ္စုေနတာကို Enrique Geum ကေတြ႕သြားခဲ့ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ ႏွစ္ေယာက္လုံးဟာ ရွက္ကိုးရွက္ကန္းနဲ႔ ေၾကာင္ေတာင္ေတာင္ႏိုင္တဲ့ ကိစၥေတြ ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီ Enrique ဆိုတဲ့ေကာင္ေလးကေတာ့ ေပ်ာ္ေပ်ာ္ေနတတ္သူျဖစ္ၿပီး သူမနဲ႔အက်င့္စ႐ိုက္ဟာ လုံးဝဆန႔္က်င္ဘက္ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း အခ်ိန္ေတြၾကာလာတဲ့အခါမွာေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ၾကားက သံေယာဇဥ္ေတြနဲ႔ ခံစားခ်က္ေတြဟာ တျဖည္းျဖည္းနဲ႔ တိုးလာခဲ့ပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular