HomeCelebs Update NewsInternational"Sad Keanu"ဓာတ်ပုံဟာ ဝမ်းနည်းနေတာ မဟုတ်ဘဲ ဗိုက်ဆာနေတာသာဖြစ်ကြောင်း ပြောလာတဲ့ Keanu Reeves

“Sad Keanu”ဓာတ်ပုံဟာ ဝမ်းနည်းနေတာ မဟုတ်ဘဲ ဗိုက်ဆာနေတာသာဖြစ်ကြောင်း ပြောလာတဲ့ Keanu Reeves

မင်းသားကြီး Keanu Reeves ဟာ “Sad Keanu” meme နောက်ကွယ်က တကယ့် အဖြစ်အပျက်အမှန်ကို ပြောပြလာပါတယ်။

အသက်(၅၇)နှစ်ရှိပြီ ဖြစ်တဲ့ Keanu Reeves ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ကပဲ Stephen Colbert ရဲ့ The Late Show ကို ဧည့်သည်အဖြစ် လာရောက်ခဲ့ပြီး ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ ဓာတ်ပုံတစ်ပုံရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်ကိုလည်း ပြောပြခဲ့ပါတယ်။

အဲဒါကတော့ ရှိုးရဲ့ host ဖြစ်တဲ့ Stephen Colbert ဟာ Reeves ကိုယ်တိုင် ဖန်တီးထားတဲ့ BRZRKR ကောမစ်စာအုပ်ထဲက သရုပ်ဖော်ပုံတစ်ခုနဲ့ Reeves ရဲ့ နာမည်ကြီးဓာတ်ပုံတို့ကို ယှဉ်တွဲ ပြသခဲ့ရာက ဒီအဖြစ်မှန်ကို သိခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: Splash

အွန်လိုင်းပေါ်က ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ အဆိုပါဓာတ်ပုံကတော့ ၂၀၁၀ ခုနှစ်က Reeves ရဲ့ ပုံတစ်ပုံ ဖြစ်ပါတယ်။ ပုံထဲမှာတော့ Reeves ဟာ ခုံတန်းတစ်ခုပေါ်မှာ တစ်ယောက်တည်း ထိုင်နေပြီး လက်မှာတော့ မုန့်တစ်ခုကို ကိုင်ထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ ပုံစံဟာ အလွန်ကိုမှ စိတ်ပျက်လက်ပျက်နဲ့ စိတ်ဓာတ်ကျ ဝမ်းနည်းနေတဲ့အသွင် ဖြစ်နေခဲ့တာကြောင့် “Sad Keanu” ဆိုတဲ့ meme ဖြစ်လာခဲ့ပါတယ်။

အဆိုပါဓာတ်ပုံနဲ့ ပတ်သက်ပြီး Reeves ကတော့ “ကျုပ်ဘာသာ ဆင်းဒွစ် စားနေတာပါဗျာ … ” လို့ ဆိုပါတယ်။

Photo Credit: The Tonight Show with Stephen Colbert

ဒီမှာတင် ဒေါ်လာသန်းချီ တန်လောက်တဲ့ မေးခွန်းတစ်ခုကို Stephen Colbert က မေးမြန်းခဲ့ပါတယ်။ “အဲဒီတော့ “Sad Keanu” ဓာတ်ပုံထဲမှာ ခင်ဗျားက တကယ် ဝမ်းနည်းနေတာ မဟုတ်ဘူးပေါ့ … ” လို့ Stephen က မေးမြန်းခဲ့ပါတယ်။

“ကျုပ်က စဉ်းစားနေတာပါ။ ကျုပ်မှာ အဲဒီတုန်းက ကိစ္စလေးတွေ ရှိခဲ့တယ်ပေါ့။ ပြီးတော့ ကျုပ် ဗိုက်ဆာနေတာဗျ …. ” လို့ Reeves က ဖြေကြားခဲ့ပါတယ်။

ထို့ပြင် Reeves ရဲ့ ရှင်းပြချက်အရ BRZRKR ကောမစ်ရဲ့ သရုပ်ဖော်ရေးဆွဲသူ Ron Garney ဟာ အဆိုပါ “Sad Keanu” meme ကို ကောမစ်ရဲ့ အတွဲ(၁)ထဲမှာ ကိုးကားပြီး ပုံဖော်ရေးဆွဲခဲ့တယ်လို့ ဆိုပါတယ်။ သူ ဒီလို ကိုးကားအသုံးပြုမယ်ဆိုတာကို Reeves ကတော့ မသိခဲ့ဘူးလို့လည်း ဆိုပါတယ်။

Photo Credit: The Tonight Show with Stephen Colbert

အဆိုပါကောမစ်ထဲမှာတော့ ကာရိုက်တာဟာ မိုးရွာနေတဲ့ကြားက ခုံတန်းတစ်ခုပေါ်မှာ တစ်ယောက်တည်း ခေါင်းငိုက်စိုက်ချ ထိုင်နေတာ ဖြစ်ပါတယ်။ Reeves ကတော့ ဒီသရုပ်ဖော်ပုံဟာ သူ့ရဲ့ (၁၁)နှစ်တာ သက်တမ်းရှိပြီ ဖြစ်တဲ့ meme ကို ကိုးကားပြီး သုံးထားတာလို့ ယူဆထားပါတယ်။

“သူ အဲလိုလုပ်မယ်ဆိုတာ ကျုပ်လည်း မသိခဲ့ဘူးဗျ။ ဒါပေမယ့် သူ အဲလိုဆွဲခဲ့တယ်ပေါ့လေ။ ဒါကတော့ ကျုပ်ကို ရည်ညွှန်းကိုးကားပြီး ဆွဲထားတာလို့ ထင်ပါတယ် … ” လို့ Reeves က ပြောပါတယ်။

Photo: keanureevesofflcial_/ Instagram

တကယ်တော့ Reeves ဟာ meme ပေါင်းများစွာရဲ့ subject ဖြစ်နေခဲ့တာ ကြာမြင့်ခဲ့ပါပြီ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Stephen က “ခင်ဗျားက ဘာလို့ ဒီလောက် meme တွေ အလုပ်ခံနေရတာလဲ … ” လို့ မေးမြန်းခဲ့ရာ Reeves ကတော့ “ကျုပ်လည်း မသိပါဘူးဗျာ … တကယ်ပါ … ” လို့ ပြန်လည် ဖြေဆိုထားပါတယ်။

ပြီးခဲ့တဲ့ မတ်လက Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ သူ့ရဲ့ BRZRKR ကောမစ်စာအုပ်စီးရီးကို live action ရုပ်ရှင်တစ်ကားနဲ့ anime series တို့ ရိုက်ကူး ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ အဆိုပါ live action ရုပ်ရှင်ထဲမှာတော့ Reeves ကိုယ်တိုင် သရုပ်ဆောင်မယ်လို့လည်း ဆိုပါတယ်။

Glasgow

Source: people

RELATED ARTICLES

Most Popular