HomeCelebs Update NewsInternationalBatman အဖြစ် သရုပ်ဆောင်ရဖို့က အိပ်မက်ပါပဲဆိုတဲ့ Keanu Reeves

Batman အဖြစ် သရုပ်ဆောင်ရဖို့က အိပ်မက်ပါပဲဆိုတဲ့ Keanu Reeves

ကမ္ဘာကျော်မင်းသားကြီး Keanu Reeves ဟာ Batman ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ရဖို့က သူ့အတွက် အိပ်မက်ပါပဲလို့ အင်တာဗျူးတစ်ခုမှာ ပြောသွားပါတယ်။ Batman ဇာတ်ကောင်ကတော့ စတင်ဖန်တီးခဲ့တဲ့ အချိန်ဖြစ်တဲ့ ၁၉၃၉ ခုနှစ်ကတည်းက ယခုချိန်အထိ Pop Culture မှာ အရေးပါတဲ့နေရာက ပါဝင်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း DC ဟာ Batman နဲ့ ပတ်သက်တဲ့ ကောမစ်တွေ၊ ရုပ်ရှင်တွေနဲ့ Animation တွေများစွာကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ယခုခေတ်မှာတော့ စူပါဟီးရိုးတွေဟာ ပရိသတ်တွေကြားမှာ ပိုပြီးရေပန်းစားလာတာကြောင့် Batman ဇာတ်ကောင်ဟာလည်း ယခင်ကထက် အဆပေါင်းများစွာ ပိုမိုအောင်မြင်လာပါတယ်။

photo via screenrant

ခေတ်အဆက်ဆက်မှာလည်း Batman နေရာမှာ သရုပ်ဆောင်ခဲ့ကြတဲ့ မင်းသားတွေများစွာရှိပြီး ပထမဆုံး Batman သရုပ်ဆောင်ကတော့ Adam West ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ၁၉၆၀ ခုနှစ်ကျော်မှာ ထွက်ရှိခဲ့ပြီး ၁၉၈၉ ခုနှစ်မှာတော့ Michael Keaton က ဆက်လက် သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်တဲ့ Val Kilmer ၊ George Clooney ၊ Christian Bale ၊ Ben Affleck နဲ့ Robert Pattinson တို့က မတူညီတဲ့ ပုံစံအမျိူးမျိူးနဲ့ သရုပ်ဆောင်ခဲ့ကြပါတယ်။

မင်းသားကြီး Keanu Reeves ကတော့ DC League of Super-Pets ထဲမှာ Bruce Wayne အနေနဲ့ ပါဝင်ပြီး အသံသရုပ်ဆောင်ထားတဲ့အပြင် Live Action Batman အနေနဲ့လည်း သရုပ်ဆောင်ချင်ပါတယ်လို့ Extra သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။

“အဲဒါက အမြဲတမ်း ကျွန်တော့်အတွက် အိပ်မက်တစ်ခု ဖြစ်ခဲ့တာပါ။ လောလောဆယ်မှာတော့ Pattinson က Batman လုပ်နေတာလေ။ သူသရုပ်ဆောင်တာလည်း အတော်ကောင်းပါတယ်။ တကယ်လို့ သူတို့ ပိုပြီးအသက်ကြီးတဲ့ Batman ကို လိုလာရင်တော့ သေချာပေါက် သရုပ်ဆောင်ချင်ပါတယ် …”

photo via screenrant

၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Batman Forever ထဲမှာတော့ Michael Keaton ဟာ Batman Franchise က ထွက်ခွာသွားတာကြောင့် ဒါရိုက်တာ Joel Schumacher ဟာ မင်းသားကြီး Keanu Reeves ကို Batman နေရာအတွက် ကမ်းလှမ်းခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ Keanu Reeves ဟာ ဒီဇာတ်ကောင်ကို ငြင်းဆိုခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ အဲဒီအတွက် နောင်တရမိတယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယခုဆိုရင်တော့ Keanu Reeves ကိုယ်တိုင်က ထုတ်ပြောလာပြီ ဖြစ်တာကြောင့် ပရိသတ်အကြိုက် မင်းသားကြီးကိုလည်း အနာဂတ်မှာ Batman အနေနဲ့ မြင်ရနိုင်ပါသေးတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular