HomeCelebs Update NewsInternationalBrad Pitt ကို မေတြ႕ႏိုင္ဘဲ ထြက္ေျပးရတဲ့အေၾကာင္း ေျပာလာတဲ့ Kendall Jenner

Brad Pitt ကို မေတြ႕ႏိုင္ဘဲ ထြက္ေျပးရတဲ့အေၾကာင္း ေျပာလာတဲ့ Kendall Jenner

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Kendall Jenner ဆိုတာဟာ လက္ရိွကမာၻ႕ေမာ္ဒယ္လ္ ေလာကမွာ ထိတ္ထိတ္ႀကဲ နာမည္ႀကီးေနတဲ့ ထိပ္တန္းေမာ္ဒယ္လ္တစ္ေယာက္ပါ။ Kardashians မိသားစု၀င္ျဖစ္သလို၊ နာမည္ႀကီး ေမာ္ဒယ္လ္လည္း ျဖစ္ေနတဲ့ Kendall အတြက္ ကမာၻေက်ာ္ဆယ္လီ အမ်ားအျပားနဲ႔ ေတြ႕ဆုံရင္းႏွီးဖူးပါတယ္။ သို႔ေပမယ့္ မင္းသားႀကီး Brad Pitt နဲ႔ ေတြ႕တဲ့အခါမွာေတာ့ စိတ္လႈပ္ရွားလြန္းလို႔ မ်က္ႏွာခ်င္းမဆိုင္ႏိုင္ဘဲ ေရွာင္ထြက္လာရတယ္လို႔ သူမက ဆိုပါတယ္။

Kanye West က ႀကီးမွဴးက်င္းပေနတဲ့ Sunday Service ကို ကမာၻေက်ာ္ဆယ္လီေတြ တက္ေရာက္ေလ့ရိွတဲ့အထဲက စက္တင္ဘာလ(၁)ရက္ေန႔မွာ က်ေရာက္တဲ့အခမ္းအနားမွာေတာ့ မင္းသားႀကီး Brad Pitt ပါ တက္ေရာက္လာတာ ေတြ႕ခဲ့ရပါတယ္။ ျဖစ္ခ်င္ေတာ့ အဲ့ဒီ့ေန႔က Kendall ကလည္း Sunday Service ကို တက္ေရာက္လာခဲ့ပါတယ္။ အဲ့ဒီ့မွာတင္ပဲ Brad Pitt ကို ငယ္ငယ္တည္းက ရူးခဲ့ရတဲ့ Kendall ဟာ အျပင္မွာ အရွင္လတ္လတ္ႀကီး ေတြ႕ရမယ္ဆိုေတာ့ ရင္ေတြပန္းေတြတုန္ၿပီး စိတ္လႈပ္ရွားမႈကို မထိန္းႏိုင္ေတာ့ဘဲ အေစာႀကီး ထျပန္လာခဲ့ရတယ္လို႔ စက္တင္ဘာလ(၅)ရက္ေန႔က Jimmy Fallon ရဲ႕ The Tonight Show မွာ ရင္ဖြင့္လာခဲ့ပါတယ္။

“သူလည္း အဲ့ဒီ့ကိုေရာက္ေနခဲ့ပါတယ္။ ကၽြန္မထင္တာ သူကအဲ့ဒီ့ကို အႀကိမ္ေရ ေတာ္ေတာ္မ်ားမ်ား ေရာက္ဖူးၿပီးသား ထင္ပါတယ္။ ကၽြန္မအတြက္ကေတာ့ သူရိွေနတဲ့အခ်ိန္ကို ေရာက္သြားတာ ဒါက ပထမဆုံးအႀကိမ္ပါပဲ။ အဲ့ဒါနဲ႔ ကၽြန္မလည္းေစာေစာျပန္လာလိုက္တယ္။ သူနဲ႔သြားေတြ႕ႏိုင္စြမ္းမရိွလို႔ပါ” လို႔ Kendall က အစီအစဥ္တင္ဆက္သူ Jimmy Fallon ကို ေျပာၾကားခဲ့တာပါ။

wikimedia commons

အသက္(၂၃)ႏွစ္ရိွၿပီျဖစ္တဲ့ Kendall ဟာ အသက္(၅၅)ႏွစ္အရြယ္ ရိွၿပီျဖစ္ေပမယ့္ ေျဖာင့္တုန္းေခ်ာတုန္း မင္းသားႀကီး Brad Pitt ကို ငယ္ငယ္တည္းက စြဲလန္းႏွစ္သက္ခဲ့ရသူလို႔ သိရပါတယ္။ “အခုရုံတင္ေနတဲ့ သူ႔ရဲ႕ရုပ္ရွင္ Once Upon A Time In Hollywood ကိုလည္း ၾကည့္ၿပီးပါၿပီ။ အရမ္းေကာင္းပါတယ္။ သူကေတာ့ အသက္ႀကီးလာေလ သရုပ္ေဆာင္ခ်က္ေတြက ပိုေကာင္းလာေလပါပဲ။ အဲ့ဒါနဲ႔ ကၽြန္မလည္း ငါေတာ့ သြားမွလို႔ ေတြးလိုက္မိတာပါ။ လူေတြေျပာၾကတဲ့ ဆိုရိုးတစ္ခုရိွတယ္ေလ။ မင္းရဲ႕ စူပါဟီးရိုးကို ဘယ္ေတာ့မွ မေတြ႕နဲ႔ဆိုတာ။ အဲ့ေတာ့ ကၽြန္မလည္း မသိေတာ့ဘူး။ သူ႔ကို အရမ္းခ်စ္တာပဲသိတယ္။ အဲ့ဒါေၾကာင့္ အဲ့စိတ္ေလးအတိုင္းထားၿပီး ကၽြန္မ ျပန္လာခဲ့လိုက္တယ္။ စိတ္ေတြအရမ္းလႈပ္ရွားေနလို႔ေလ” လို႔ ရွင္းျပပါတယ္။

Kanye West က ႀကီးမွဴးက်င္းပေနတဲ့ Sunday Service ကို တက္ေရာက္လာတဲ့ Brad Pitt ကေတာ့ သူ႔ေဘးမွာ၀ိုင္းလာတဲ့ သူ႔ရဲ႕ပရိသတ္ေတြနဲ႔ ၿပံဳးၿပံဳးရႊင္ရႊင္ ဓာတ္ပုံအရိုက္ခံေနတာကိုလည္း ေတြ႕ရပါတယ္။ Brad Pitt အျပင္ Kanye West ရဲ႕ Sunday Service ကို Kourtney နဲ႔ Khloe Kardashian တို႔ညီအစ္မ၊ Adrienne Bailon ၊ L.A. Reid နဲ႔ နာမည္ႀကီး radio personality တစ္ေယာက္ျဖစ္တဲ့ Big Boy တို႔လည္း တက္ေရာက္ခဲ့ၾကပါေသးတယ္။

Photo: flickr

ကိုယ္သိပ္ႀကိဳက္ရတဲ့ အႏုပညာရွင္တစ္ေယာက္ကို အျပင္မွာ လူကိုယ္တိုင္ ေတြ႕ရေတာ့မယ္ဆိုရင္ ရူးသြပ္ေတာ့မေလာက္ ရင္ခုန္တတ္ၾကတာကေတာ့ သဘာ၀ပါ။ Kendall တစ္ေယာက္ ႏႈတ္ဆက္စကားေတာင္ မေျပာႏိုင္ဘဲ ထြက္သြားရတာကိုၾကည့္ရင္ Brad Pitt အေပၚထားတဲ့ သူ႔ရဲ႕ခ်စ္ခင္ေလးစားမႈကို အထင္းသား ျမင္ေနရတယ္ဆိုတာ တင္ျပရင္း …။

Xei

(Unicode Version)

Kendall Jenner ဆိုတာဟာ လက်ရှိကမ္ဘာ့မော်ဒယ်လ် လောကမှာ ထိတ်ထိတ်ကြဲ နာမည်ကြီးနေတဲ့ ထိပ်တန်းမော်ဒယ်လ်တစ်ယောက်ပါ။ Kardashians မိသားစုဝင်ဖြစ်သလို၊ နာမည်ကြီး မော်ဒယ်လ်လည်း ဖြစ်နေတဲ့ Kendall အတွက် ကမ္ဘာကျော်ဆယ်လီ အများအပြားနဲ့ တွေ့ဆုံရင်းနှီးဖူးပါတယ်။ သို့ပေမယ့် မင်းသားကြီး Brad Pitt နဲ့ တွေ့တဲ့အခါမှာတော့ စိတ်လှုပ်ရှားလွန်းလို့ မျက်နှာချင်းမဆိုင်နိုင်ဘဲ ရှောင်ထွက်လာရတယ်လို့ သူမက ဆိုပါတယ်။

Kanye West က ကြီးမှူးကျင်းပနေတဲ့ Sunday Service ကို ကမ္ဘာကျော်ဆယ်လီတွေ တက်ရောက်လေ့ရှိတဲ့အထဲက စက်တင်ဘာလ(၁)ရက်နေ့မှာ ကျရောက်တဲ့အခမ်းအနားမှာတော့ မင်းသားကြီး Brad Pitt ပါ တက်ရောက်လာတာ တွေ့ခဲ့ရပါတယ်။ ဖြစ်ချင်တော့ အဲ့ဒီ့နေ့က Kendall ကလည်း Sunday Service ကို တက်ရောက်လာခဲ့ပါတယ်။ အဲ့ဒီ့မှာတင်ပဲ Brad Pitt ကို ငယ်ငယ်တည်းက ရူးခဲ့ရတဲ့ Kendall ဟာ အပြင်မှာ အရှင်လတ်လတ်ကြီး တွေ့ရမယ်ဆိုတော့ ရင်တွေပန်းတွေတုန်ပြီး စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ အစောကြီး ထပြန်လာခဲ့ရတယ်လို့ စက်တင်ဘာလ(၅)ရက်နေ့က Jimmy Fallon ရဲ့ The Tonight Show မှာ ရင်ဖွင့်လာခဲ့ပါတယ်။

“သူလည်း အဲ့ဒီ့ကိုရောက်နေခဲ့ပါတယ်။ ကျွန်မထင်တာ သူကအဲ့ဒီ့ကို အကြိမ်ရေ တော်တော်များများ ရောက်ဖူးပြီးသား ထင်ပါတယ်။ ကျွန်မအတွက်ကတော့ သူရှိနေတဲ့အချိန်ကို ရောက်သွားတာ ဒါက ပထမဆုံးအကြိမ်ပါပဲ။ အဲ့ဒါနဲ့ ကျွန်မလည်းစောစောပြန်လာလိုက်တယ်။ သူနဲ့သွားတွေ့နိုင်စွမ်းမရှိလို့ပါ” လို့ Kendall က အစီအစဉ်တင်ဆက်သူ Jimmy Fallon ကို ပြောကြားခဲ့တာပါ။

wikimedia commons

အသက်(၂၃)နှစ်ရှိပြီဖြစ်တဲ့ Kendall ဟာ အသက်(၅၅)နှစ်အရွယ် ရှိပြီဖြစ်ပေမယ့် ဖြောင့်တုန်းချောတုန်း မင်းသားကြီး Brad Pitt ကို ငယ်ငယ်တည်းက စွဲလန်းနှစ်သက်ခဲ့ရသူလို့ သိရပါတယ်။ “အခုရုံတင်နေတဲ့ သူ့ရဲ့ရုပ်ရှင် Once Upon A Time In Hollywood ကိုလည်း ကြည့်ပြီးပါပြီ။ အရမ်းကောင်းပါတယ်။ သူကတော့ အသက်ကြီးလာလေ သရုပ်ဆောင်ချက်တွေက ပိုကောင်းလာလေပါပဲ။ အဲ့ဒါနဲ့ ကျွန်မလည်း ငါတော့ သွားမှလို့ တွေးလိုက်မိတာပါ။ လူတွေပြောကြတဲ့ ဆိုရိုးတစ်ခုရှိတယ်လေ။ မင်းရဲ့ စူပါဟီးရိုးကို ဘယ်တော့မှ မတွေ့နဲ့ဆိုတာ။ အဲ့တော့ ကျွန်မလည်း မသိတော့ဘူး။ သူ့ကို အရမ်းချစ်တာပဲသိတယ်။ အဲ့ဒါကြောင့် အဲ့စိတ်လေးအတိုင်းထားပြီး ကျွန်မ ပြန်လာခဲ့လိုက်တယ်။ စိတ်တွေအရမ်းလှုပ်ရှားနေလို့လေ” လို့ ရှင်းပြပါတယ်။

Kanye West က ကြီးမှူးကျင်းပနေတဲ့ Sunday Service ကို တက်ရောက်လာတဲ့ Brad Pitt ကတော့ သူ့ဘေးမှာဝိုင်းလာတဲ့ သူ့ရဲ့ပရိသတ်တွေနဲ့ ပြုံးပြုံးရွှင်ရွှင် ဓာတ်ပုံအရိုက်ခံနေတာကိုလည်း တွေ့ရပါတယ်။ Brad Pitt အပြင် Kanye West ရဲ့ Sunday Service ကို Kourtney နဲ့ Khloe Kardashian တို့ညီအစ်မ၊ Adrienne Bailon ၊ L.A. Reid နဲ့ နာမည်ကြီး radio personality တစ်ယောက်ဖြစ်တဲ့ Big Boy တို့လည်း တက်ရောက်ခဲ့ကြပါသေးတယ်။

Photo: flickr

ကိုယ်သိပ်ကြိုက်ရတဲ့ အနုပညာရှင်တစ်ယောက်ကို အပြင်မှာ လူကိုယ်တိုင် တွေ့ရတော့မယ်ဆိုရင် ရူးသွပ်တော့မလောက် ရင်ခုန်တတ်ကြတာကတော့ သဘာဝပါ။ Kendall တစ်ယောက် နှုတ်ဆက်စကားတောင် မပြောနိုင်ဘဲ ထွက်သွားရတာကိုကြည့်ရင် Brad Pitt အပေါ်ထားတဲ့ သူ့ရဲ့ချစ်ခင်လေးစားမှုကို အထင်းသား မြင်နေရတယ်ဆိုတာ တင်ပြရင်း …။

Xei

RELATED ARTICLES

Most Popular