HomeCelebs Update NewsInternationalဝိကြိုက်သူတစ်ယောက်ပါလို့ ဝန်ခံလိုက်တဲ့ Kendall Jenner 

ဝိကြိုက်သူတစ်ယောက်ပါလို့ ဝန်ခံလိုက်တဲ့ Kendall Jenner 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော်မော်ဒယ်လ် Kendall Jenner ဟာ ဝိလို့ လူတွေအမည်ဝှက်နဲ့ ခေါ်ကြတဲ့ ဆေးခြောက်ကို ကြိုက်နှစ်သက်ပါတယ်လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ podcast အင်တာဗျူးတစ်ခုမှာ ပြောကြားလိုက်ပါတယ်။

Kendall Jenner ဟာ Kate Hudson နဲ့ Oliver Hudson တို့ရဲ့ podcast ဖြစ်တဲ့ Sibling Revelry ကို စက်တင်ဘာလ(၁၀)ရက်နေ့မှာ အစ်မဖြစ်သူ Kourtney Kardashian နဲ့အတူ ဧည့်သည့်အဖြစ် လာရောက်ပြီး အင်တာဗျူးပြုလုပ်ခဲ့ရာက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

Photo: kendalljenner/ Instagram

အဲ့ဒါကတော့ မိသားစုထဲမှာ တကယ်လို့များ ဝိကြိုက်သူရှိမယ်ဆိုရင် ဘယ်သူများဖြစ်မလည်းဆိုပြီး Oliver Hudson က မေးမြန်းခဲ့တာကို အစ်မတော် Kourtney က “Kendall လေ” ဆိုပြီး တန်းခနဲ ဖော်ကောင်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ညီမဖြစ်သူ Kendall က စိတ်မဆိုးခဲ့ဘဲ “ကျွန်မက ဝိချစ်သူပါ။ ဘယ်သူမှ အဲ့ဒါကို မသိပါဘူး။ ဒါမျိုးကို ထုတ်ပြောပြဖူးတာ အခုက ပထမဆုံးပါ… ” ဆိုပြီး ဝန်ခံခဲ့ပါတယ်။

ဒါဟာ အသက်(၂၄)နှစ်အရွယ် စူပါမော်ဒယ်လ် Kendall ရဲ့ မထင်မှတ်ထားတဲ့ အကြိုက်တစ်ခုကို သိလိုက်ရတာဖြစ်ပြီး မိနစ်ကိုးဆယ်လောက် ကြာမြင့်ခဲ့တဲ့ အဆိုပါ podcast ထဲမှာ ညီအစ်မနှစ်ယောက်ရဲ့ တစ်ယောက်ကိုတစ်ယောက် မကျေနပ်ချက်တွေကိုလည်း ပြောကြားထားပါသေးတယ်။

Photo: kendalljenner/ Instagram

Kendall ဟာ စူပါမော်ဒယ်လ်တစ်ယောက် ဖြစ်ရုံတင်မကဘဲ reality TV စတားတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမတို့မိသားစုရဲ့ နေ့စဉ်ဘဝကို reality show အဖြစ် ထုတ်လွှင့်ပြသနေတဲ့ Keeping Up With The Kardashians (KUWTK) ကြောင့် မီဒီယာတွေမှာရော၊ ဆိုရှယ်မီဒီယာတွေမှာပါ အမြဲတမ်း လူစိတ်ဝင်စားခံနေရသူတွေလည်း ဖြစ်ပါတယ်။ KUWTK ရှိုးအပြင် သူမတို့မိသားစုထဲက တစ်ယောက်စီရဲ့အကြောင်းတွေကို reality show ထုတ်လွှင့်ပြသနေတဲ့ အခြားရှိုးပေါင်းဆယ်ခုကျော်လည်း ရှိနေပါသေးတယ်။

မီဒီယာတွေရဲ့ ရှေ့တန်းစာမျက်နှာမှာ အမြဲတမ်း ပါဝင်နေခဲ့ရတဲ့ Kendall အတွက်ကတော့ အခုတစ်ခေါက်ကိစ္စကလည်း သေချာပေါက် သူမရဲ့ပရိသတ်တွေကို အံ့ဩသွားအောင် လုပ်နိုင်ခဲ့မယ်ဆိုတာ အသေအချာပါပဲ။

Glasgow

Source: hollywood life

(Zawgyi Version)

နာမည္ေက်ာ္ေမာ္ဒယ္လ္ Kendall Jenner ဟာ ဝိလို႔ လူေတြအမည္ဝွက္နဲ႔ ေခၚၾကတဲ့ ေဆးေျခာက္ကို ႀကိဳက္ႏွစ္သက္ပါတယ္လို႔ မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ podcast အင္တာဗ်ဴးတစ္ခုမွာ ေျပာၾကားလိုက္ပါတယ္။

Kendall Jenner ဟာ Kate Hudson နဲ႔ Oliver Hudson တို႔ရဲ႕ podcast ျဖစ္တဲ့ Sibling Revelry ကို စက္တင္ဘာလ(၁၀)ရက္ေန႔မွာ အစ္မျဖစ္သူ Kourtney Kardashian နဲ႔အတူ ဧည့္သည့္အျဖစ္ လာေရာက္ၿပီး အင္တာဗ်ဴးျပဳလုပ္ခဲ့ရာက အခုလို ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

Photo: kendalljenner/ Instagram

အဲ့ဒါကေတာ့ မိသားစုထဲမွာ တကယ္လို႔မ်ား ဝိႀကိဳက္သူရွိမယ္ဆိုရင္ ဘယ္သူမ်ားျဖစ္မလည္းဆိုၿပီး Oliver Hudson က ေမးျမန္းခဲ့တာကို အစ္မေတာ္ Kourtney က “Kendall ေလ” ဆိုၿပီး တန္းခနဲ ေဖာ္ေကာင္လုပ္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ညီမျဖစ္သူ Kendall က စိတ္မဆိုးခဲ့ဘဲ “ကြၽန္မက ဝိခ်စ္သူပါ။ ဘယ္သူမွ အဲ့ဒါကို မသိပါဘူး။ ဒါမ်ိဳးကို ထုတ္ေျပာျပဖူးတာ အခုက ပထမဆုံးပါ… ” ဆိုၿပီး ဝန္ခံခဲ့ပါတယ္။

ဒါဟာ အသက္(၂၄)ႏွစ္အ႐ြယ္ စူပါေမာ္ဒယ္လ္ Kendall ရဲ႕ မထင္မွတ္ထားတဲ့ အႀကိဳက္တစ္ခုကို သိလိုက္ရတာျဖစ္ၿပီး မိနစ္ကိုးဆယ္ေလာက္ ၾကာျမင့္ခဲ့တဲ့ အဆိုပါ podcast ထဲမွာ ညီအစ္မႏွစ္ေယာက္ရဲ႕ တစ္ေယာက္ကိုတစ္ေယာက္ မေက်နပ္ခ်က္ေတြကိုလည္း ေျပာၾကားထားပါေသးတယ္။

Photo: kendalljenner/ Instagram

Kendall ဟာ စူပါေမာ္ဒယ္လ္တစ္ေယာက္ ျဖစ္႐ုံတင္မကဘဲ reality TV စတားတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူမတို႔မိသားစုရဲ႕ ေန႔စဥ္ဘဝကို reality show အျဖစ္ ထုတ္လႊင့္ျပသေနတဲ့ Keeping Up With The Kardashians (KUWTK) ေၾကာင့္ မီဒီယာေတြမွာေရာ၊ ဆိုရွယ္မီဒီယာေတြမွာပါ အၿမဲတမ္း လူစိတ္ဝင္စားခံေနရသူေတြလည္း ျဖစ္ပါတယ္။ KUWTK ရႈိးအျပင္ သူမတို႔မိသားစုထဲက တစ္ေယာက္စီရဲ႕အေၾကာင္းေတြကို reality show ထုတ္လႊင့္ျပသေနတဲ့ အျခားရႈိးေပါင္းဆယ္ခုေက်ာ္လည္း ရွိေနပါေသးတယ္။

မီဒီယာေတြရဲ႕ ေရွ႕တန္းစာမ်က္ႏွာမွာ အၿမဲတမ္း ပါဝင္ေနခဲ့ရတဲ့ Kendall အတြက္ကေတာ့ အခုတစ္ေခါက္ကိစၥကလည္း ေသခ်ာေပါက္ သူမရဲ႕ပရိသတ္ေတြကို အံ့ဩသြားေအာင္ လုပ္ႏိုင္ခဲ့မယ္ဆိုတာ အေသအခ်ာပါပဲ။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular