HomeEntertainmentFilmမင်းသားကြီး Kevin Bacon ဦးဆောင်ပါဝင်ထားတဲ့ horror ရုပ်ရှင်သစ် They/Them

မင်းသားကြီး Kevin Bacon ဦးဆောင်ပါဝင်ထားတဲ့ horror ရုပ်ရှင်သစ် They/Them

ဝါရင့်မင်းသားကြီး Kevin Bacon ဦးဆောင်ပါဝင်ထားတဲ့ horror ရုပ်ရှင်အသစ်ကတော့ မကြာခင်မှာ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။ They/Them လို့ အမည်ရတဲ့ ဒီရုပ်ရှင်ကတော့ ဆယ်ကျော်သက်ရွယ် LGBTQ+ အဖွဲ့တစ်ခုဟာ camp တစ်ခုကို သွားရာကနေ အမည်မသိတဲ့ လူသတ်သမားတစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့အကြောင်း ဖြစ်ပါတယ်။

ဒီဇာတ်ကားကိုတော့ နာမည်ကျော် ဇာတ်ညွှန်းရေးဆရာ John Logan က သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင်အဖြစ် ရိုက်ကူးပေးထားပါတယ်။ John Logan ကတော့ Gladiator နဲ့ Skyfall တို့လို နာမည်ကြီးရုပ်ရှင်တွေကို ဇာတ်ညွှန်း ရေးသားပေးခဲ့သူ ဖြစ်ပြီး ယခုထွက်ရှိလာမယ့် They/Them ရုပ်ရှင်ကတော့ သူ့ရဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက် လက်စွမ်းပြထားတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။

Photo Credit: Josh Stringer/ Peacock TV and Blumhouse Productions

ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ နာမည်ကျော် ဝါရင့်မင်းသားကြီး Kevin Bacon နဲ့အတူ Anna Chlumsky ၊ Theo Germaine ၊ Quei Tann ၊ Anna Lore ၊ Monique Kim ၊ Darwin del Fabro နဲ့ Austin Crute တို့က အဓိက ပါဝင်ထားပါတယ်။ ဒီဇာတ်ကားကိုတော့ horror ရုပ်ရှင်တွေ ထုတ်လုပ်နေကျ Blumhouse Production က ထုတ်လုပ်ပေးထားပါတယ်။

ထွေလာမှာ မြင်တွေ့ရတဲ့ ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက်အရွယ် LGBTQ+ အဖွဲ့တစ်ဖွဲ့ဟာ Whistler Camp ဆိုတဲ့ လိင်တိမ်းညွတ်မှုကို ပြောင်းလဲပေးတဲ့ camp တစ်ခုစီ ရောက်ရှိလာကြပါတယ်။ အဲဒီနောက်မှာတော့ camp ကို ဦးဆောင်လည်ပတ်နေတဲ့ Owen Whistler (Kevin Bacon)က သူတို့အားလုံးကို ရင်းနှီးစွာ ကြိုဆိုပြီး camp ကလူတွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

ဒီလိုနဲ့ အဲဒီဆယ်ကျော်သက် ကလေးတွေဟာ သူတို့ရဲ့ လိင်တိမ်းညွတ်မှုတွေကို ပြောင်းလဲဖို့အတွက် အန္တရာယ်များတဲ့ ကုထုံးတွေနဲ့ စမ်းသပ်ခံရပါတော့တယ်။ ဒါတင်မက မကြာခင်မှာပဲ အမည်မသိတဲ့ လူသတ်သမားတစ်ဦးဟာ သူတို့ထဲက တစ်ယောက်ချင်းစီကို လိုက်လံ သတ်ဖြတ်ဖို့ ကြိုးစားတဲ့အခါမှာတော့ အသက်ရှင်သန်နိုင်ဖို့ ကြိုးစားရပါတော့တယ်။

They/Them ရုပ်ရှင်ကိုတော့ လာမယ့် ဩဂုတ်လ(၅)ရက်နေ့မှာ Peacock ကနေ စတင်ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular