HomeCelebs Update NewsInternationalလိင်အကြမ်းဖက်မှု(၄)မှုနဲ့ UK မှာ တရားရင်ဆိုင်ရမယ့် မင်းသားကြီး Kevin Spacey

လိင်အကြမ်းဖက်မှု(၄)မှုနဲ့ UK မှာ တရားရင်ဆိုင်ရမယ့် မင်းသားကြီး Kevin Spacey

နာမည်ကျော်မင်းသားကြီး Kevin Spacey ကတော့ နောက်ထပ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ တရားရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ မင်းသားကြီးဟာ အခုလို လိင်အကြမ်းဖက်မှု ကျူးလွန်တယ်လို့ ပထမဆုံး စွပ်စွဲခံခဲ့ရတာကတော့ ၂၀၁၇ ခုနှစ်မှာ ဖြစ်ပါတယ်။

UK နိုင်ငံရဲ့ Crown Prosecution Service (CPS)ရဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကြေညာချက်အရ မင်းသားကြီး Kevin Spacey ဟာ အမျိုးသားသုံးဦးက စွဲဆိုထားတဲ့ လိင်အကြမ်းဖက်မှု လေးမှုနဲ့ တရားရင်ဆိုင်ရမယ်လို့ သိရပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ပြောကြားချက်အရ အဆိုပါအမှုလေးမှုထဲက နှစ်မှုကတော့ ၂၀၀၅ ခုနှစ် လန်ဒန်မြို့မှာ ဖြစ်ပျက်ခဲ့တာလို့ သိရပြီး နောက်ထပ် နှစ်မှုကတော့ ၂၀၀၈ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် ၂၀၁၃ ခုနှစ်က Gloucestershire မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ နောက်ထပ် လိင်အမြတ်ထုတ်မှု တစ်ခုမှာလည်း မင်းသားကြီးဟာ ပါဝင်နေခဲ့တယ်လို့ ဆိုပါတယ်။

Photo: kevinspaceyloves/ Instagram

“အမျိုးသားသုံးဦးအပေါ် ကျူးလွန်ခဲ့တဲ့ လိင်အကြမ်းဖက်မှု လေးမှုနဲ့ ပတ်သက်ပြီး အသက်(၆၂)နှစ်အရွယ် Kevin Spacey ကို စွဲဆိုထားတဲ့ ပြစ်မှုတွေကို CPS က ကြီးကြပ်ကွပ်ကဲသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားတစ်ဦးအပေါ် အလိုဆန္ဒမတူဘဲ အတင်းအဓမ္မ ကာမရယူရန် ကြိုးစားခဲ့မှုနဲ့ ပတ်သက်ပြီးတော့လည်း CPS ကပဲ ကြီးကြပ်သွားမှာ ဖြစ်ပါတယ် … ”

“Metropolitan ရဲဌာနက အမှုစုံစမ်း စစ်ဆေးရာမှာ ရရှိထားတဲ့ သက်သေအထောက်အထားတွေကို အသုံးပြုပြီးတော့လည်း ကျွန်ုပ်တို့အဖွဲ့က စွဲချက်တွေတင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် Mr. Spacey ရဲ့ ပြစ်မှုတွေအားလုံးကို လက်ရှိမှာ တရားဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပြီး သူ့အနေနဲ့ တရားမျှတစွာ တရားစီရင်ပိုင်ခွင့်ကို ရရှိမှာ ဖြစ်ပါတယ် …” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Photo: albinokid1026/ Instagram

မင်းသားကြီးတော့ ၂၀၁၇ ခုနှစ်မှာ စတင်ပြီး ပထမဆုံး လိင်အကြမ်းဖက်မှုနဲ့ စွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒါကတော့ သရုပ်ဆောင် Anthony Rapp ဟာ သူ့အသက်(၁၄)နှစ်အရွယ်တုန်းက မင်းသားကြီးဟာ သူ့အပေါ် လိင်အမြတ်ထုတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတာပဲ ဖြစ်ပါတယ်။

ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး မင်းသားကြီး Kevin Spacey ကတော့ အဲဒီလိုဖြစ်ရပ်မျိုးကို ကျူးလွန်ခဲ့တယ်လို့ မမှတ်မိပါကြောင်းနဲ့ တကယ်လို့ ဖြစ်ခဲ့တယ်ဆိုရင်တောင် အလွန်အကျွံ အရက်မူးနေတဲ့အတွက် မသင့်တော်တာတွေ လုပ်မိခဲ့တာမျိုးသာ ဖြစ်ပါလိမ့်မယ်လို့ ဆိုပြီး Anthony Rapp ကို တောင်းပန်ထားပါတယ်။ ဒါ့အပြင် “ကျုပ်ဟာ အခုဆိုရင် ဂေးတစ်ယောက်အနေနဲ့ နေထိုင်ဖို့ ရွေးချယ်လိုက်ပါပြီ …” လို့လည်း Kevin Spacey က ပြောခဲ့ပါသေးတယ်။

Photo: kevinspaceyloves/ Instagram

သို့သော်လည်း မင်းသားကြီးဟာ အမျိုးသားတွေအပေါ် လိင်အကြမ်းဖက်မှု၊ လိင်အမြတ်ထုတ်မှုတွေနဲ့ စွပ်စွဲချက်တွေ ပေါ်ပေါက်လာတဲ့ အချိန်မှာမှ ဂေးဖြစ်နေကြောင်း ပြောကြားလာတဲ့အပေါ် နာမည်ကျော်ပုဂ္ဂိုလ်များစွာရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။ ဒါ့အပြင် ယခုလို ဂေးတစ်ယောက်ပါလို့ ဝန်ခံလိုက်ရုံနဲ့ သူကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို လူတွေက အာရုံလွဲသွားမှာ မဟုတ်ဘူးလို့လည်း GLAAD အဖွဲ့က ပြောထားပါသေးတယ်။ (GLAAD အဖွဲ့ကတော့ အမေရိကန်နိုင်ငံ အခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး မီဒီယာနဲ့ ဖျော်ဖြေရေးလောကတစ်ခုလုံးမှာ နာမည်ပျက်ရှိလာတိုင်း LGBT တွေကို ကာဗာယူပြီး အပြစ်က ကင်းလွတ်ဖို့ ကြိုးစားနေသူတွေကို စောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ၂၀၁၈ ခုနှစ်မှာတော့ နောက်ထပ် လိင်အကြမ်းဖက်မှု သုံးမှုနဲ့ ထပ်မံစွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါနှစ်ရဲ့ ဩဂုတ်လထဲမှာလည်း နောက်ထပ် လိင်အကြမ်းဖက်မှုတစ်ခုမှာ မင်းသားကြီး ပါဝင်နေခဲ့ကြောင်း လော့စ်အိန်ဂျလိစ် ခရိုင်ရှေ့နေရုံးက အတည်ပြု ပြောကြားခဲ့ပါသေးတယ်။ သို့သော်လည်း အဆိုပါအမှုက ကျူးလွန်ခံရသူတွေကတော့ တရားစွဲဆိုဖို့ ငြင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular