HomeEntertainmentFilmရက်ပိုင်းအတွင်းမှာ ကြည့်ရှုရတော့မယ့် Kung Fu Panda: The Dragon Knight စီးရီး

ရက်ပိုင်းအတွင်းမှာ ကြည့်ရှုရတော့မယ့် Kung Fu Panda: The Dragon Knight စီးရီး

ပရိသတ်တွေ နှစ်ခြိုက်အားပေးကြတဲ့ Kung Fu Panda ကိုတော့ Netflix ဟာ animated series အဖြစ် ထပ်မံ အသက်သွင်းလိုက်ပါတယ်။ Kung Fu Panda: The Dragon Knight လို့ အမည်ရတဲ့ ဒီ animated series ထဲမှာတော့ Po နေရာမှာ မူလအသံသရုပ်ဆောင်ထားတဲ့ မင်းသား Jack Black ကပဲ ပြန်လည် ပါဝင်ထားပါတယ်။

ဒီစီးရီး ထွက်ရှိလာမယ့်အကြောင်းကိုတော့ Netflix ဟာ ပြီးခဲ့တဲ့ မတ်လက နိုင်ငံလုံးဆိုင်ရာ ပန်ဒါဝက်ဝံများနေ့မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Po ဟာ သူ့ရဲ့နေရပ်ကို စွန့်ခွာပြီး Wandering Blade ဆိုတဲ့ အင်္ဂလိပ်သူရဲကောင်းတစ်ဦးနဲ့အတူ စွန့်စားခန်းခရီး ထွက်ခွာရမှာ ဖြစ်ပါတယ်။ Wandering Blade နေရာမှာတော့ အဆို‌တော် Rita Ora က ပါဝင်ပြီး အသံသရုပ်ဆောင်ထားပါတယ်။

The Dragon Knight ဇာတ်လမ်းတွဲရဲ့ ထွေလာကိုတော့ မကြာသေးခင်ကပဲ ထွက်ရှိပေးထားပြီး Po ရဲ့မွေးစားအဖေ Mr. Ping နေရာမှာတော့ ဝါရင့်သရုပ်ဆောင်ကြီး ဖြစ်တဲ့ James Hong ကပဲ ပြန်လည် ပါဝင်ပေးထားပါတယ်။ ဒါ့အပြင် Veruca နဲ့ Klaus ဆိုတဲ့ ဇာတ်ကောင်သစ်နှစ်ယောက်နဲ့လည်း ဒီဇာတ်လမ်းတွဲထဲမှာ မိတ်ဆက်ပေးထားပါသေးတယ်။

ဒီဇာတ်လမ်းတွဲကိုတော့ လာမယ့် (၁၄)ရက်နေ့မှာ Netflix က စတင်ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular