HomeCelebs Update NewsInternationalအပြင်းစား ဆွဲဆောင်မှုနဲ့ ကမ်းခြေမှာ လှပနေတဲ့ Khloe Kardashian 

အပြင်းစား ဆွဲဆောင်မှုနဲ့ ကမ်းခြေမှာ လှပနေတဲ့ Khloe Kardashian 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မြန်မာပရိသတ်တွေကြားမှာ Keeping Up With The Kardashians reality ရှိုးနဲ့ လူသိများတဲ့ Khloe Kardashian ကတော့ ကမ်းခြေတစ်ခုမှာ ရောက်ရှိနေပြီး သူမရဲ့ လှပတောင့်တင်းတဲ့ ခန္ဓာကိုယ်အလှကို မျှဝေထားပါတယ်။

Khloe ဟာ အသက်(၃၇)နှစ် ရှိပြီ ဖြစ်ပြီး နာမည်ကျော် အမေရိကန် television personality တစ်ယောက်ဖြစ်သလို အလှအပနဲ့ ဖက်ရှင်လောကမှာ မိန်းကလေးထုကို စိုးမိုးနိုင်တဲ့ Kardashian – Jenner ညီအစ်မတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo: khloekardashian/ Instagram

မကြာသေးခင်ကပဲ Khloe ဟာ ကမ်းခြေတစ်ခုက သူမရဲ့ ပုံရိပ်တွေကို IG မှာ မျှဝေပေးထားတာ ဖြစ်ပါတယ်။ အဆိုပါ ပုံရိပ်တွေထဲမှာတော့ nude color ဘီကီနီနဲ့ အပေါ်က ရှပ်ခါးရှည်တစ်ထည်ကို ကြယ်သီးဖြုတ်ပြီး ဝတ်ဆင်ထားတာ တွေ့ရပါတယ်။

Photo: khloekardashian/ Instagram

ပို့စ်ရဲ့ caption မှာတော့ “၁၈၇ သန်း !!! ဟိုင်းပါ … အချစ်တို့ရေ … ဒီလို နေပူဆာ လှုံရတာရော၊ ကမ်းခြေကိုရော လွမ်းနေခဲ့တာ … ” လို့ ရေးသားထားတာ တွေ့ရပါတယ်။ Khloe ဟာ သူမရဲ့ ကျစ်လျစ် လှပတဲ့ ခန္ဓာကိုယ်အလှကို တခြားသော သူမရဲ့ ညီအစ်မတွေလိုပဲ မကြာခဏ ဖော်ပြလေ့ရှိပါတယ်။

Photo: khloekardashian/ Instagram

သူမ ဝတ်ဆင်ထားတဲ့ ဘီကီနီ brand ကတော့ Good American brand ဖြစ်ပြီး သူမရဲ့ ကိုယ်ပိုင် swimsuit line လည်း ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ဒီ brand က အသစ်ထုတ်လုပ်လိုက်တဲ့ နီယွန်အရောင် ဘီကီနီတွေနဲ့ လှပဆွဲဆောင်မှု ရှိလွန်းတဲ့ ပုံရိပ်တွေကို မျှဝေပေးခဲ့ပါသေးတယ်။

Photo: khloekardashian/ Instagram

တကယ်တော့ ဒါဟာ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်လို့ ပြောရမှာပါပဲ။ သူမရဲ့ လှပတောင့်တင်းတဲ့ အလှကိုလည်း ပြသပြီးသား ဖြစ်သွားသလို သူမရဲ့ ကိုယ်ပိုင် brand ကိုလည်း ကြော်ငြာပြီးသား ဖြစ်သွားတာကြောင့်ပါပဲ။

Linda December
(Zawgyi Version)

ျမန္မာပရိသတ္ေတြၾကားမွာ Keeping Up With The Kardashians reality ရွိုးနဲ႔ လူသိမ်ားတဲ့ Khloe Kardashian ကေတာ့ ကမ္းေျခတစ္ခုမွာ ေရာက္ရွိေနၿပီး သူမရဲ့ လွပေတာင့္တင္းတဲ့ ခႏၶာကိုယ္အလွကို မၽွေဝထားပါတယ္။

Khloe ဟာ အသက္(၃၇)ႏွစ္ ရွိၿပီ ျဖစ္ၿပီး နာမည္ေက်ာ္ အေမရိကန္ television personality တစ္ေယာက္ျဖစ္သလို အလွအပနဲ႔ ဖက္ရွင္ေလာကမွာ မိန္းကေလးထုကို စိုးမိုးနိုင္တဲ့ Kardashian – Jenner ညီအစ္မေတြထဲက တစ္ေယာက္လည္း ျဖစ္ပါတယ္။

Photo: khloekardashian/ Instagram

မၾကာေသးခင္ကပဲ Khloe ဟာ ကမ္းေျခတစ္ခုက သူမရဲ့ ပုံရိပ္ေတြကို IG မွာ မၽွေဝေပးထားတာ ျဖစ္ပါတယ္။ အဆိုပါ ပုံရိပ္ေတြထဲမွာေတာ့ nude color ဘီကီနီနဲ႔ အေပၚက ရွပ္ခါးရွည္တစ္ထည္ကို ၾကယ္သီးျဖဳတ္ၿပီး ဝတ္ဆင္ထားတာ ေတြ႕ရပါတယ္။

Photo: khloekardashian/ Instagram

ပို႔စ္ရဲ့ caption မွာေတာ့ “၁၈၇ သန္း !!! ဟိုင္းပါ … အခ်စ္တို႔ေရ … ဒီလို ေနပူဆာ လွုံရတာေရာ၊ ကမ္းေျခကိုေရာ လြမ္းေနခဲ့တာ … ” လို႔ ေရးသားထားတာ ေတြ႕ရပါတယ္။ Khloe ဟာ သူမရဲ့ က်စ္လ်စ္ လွပတဲ့ ခႏၶာကိုယ္အလွကို တျခားေသာ သူမရဲ့ ညီအစ္မေတြလိုပဲ မၾကာခဏ ေဖာ္ျပေလ့ရွိပါတယ္။

Photo: khloekardashian/ Instagram

သူမ ဝတ္ဆင္ထားတဲ့ ဘီကီနီ brand ကေတာ့ Good American brand ျဖစ္ၿပီး သူမရဲ့ ကိုယ္ပိုင္ swimsuit line လည္း ျဖစ္ပါတယ္။ မၾကာေသးခင္ကလည္း ဒီ brand က အသစ္ထုတ္လုပ္လိုက္တဲ့ နီယြန္အေရာင္ ဘီကီနီေတြနဲ႔ လွပဆြဲေဆာင္မွု ရွိလြန္းတဲ့ ပုံရိပ္ေတြကို မၽွေဝေပးခဲ့ပါေသးတယ္။

Photo: khloekardashian/ Instagram

တကယ္ေတာ့ ဒါဟာ တစ္ခ်က္ခုတ္၊ ႏွစ္ခ်က္ျပတ္လို႔ ေျပာရမွာပါပဲ။ သူမရဲ့ လွပေတာင့္တင္းတဲ့ အလွကိုလည္း ျပသၿပီးသား ျဖစ္သြားသလို သူမရဲ့ ကိုယ္ပိုင္ brand ကိုလည္း ေၾကာ္ျငာၿပီးသား ျဖစ္သြားတာေၾကာင့္ပါပဲ။

Linda December
RELATED ARTICLES

Most Popular