HomeEntertainmentFilmKhonshu ဟာ ဘာကြောင့် Marc ကို Moon Knight အဖြစ် ရွေးချယ်ခဲ့တာလဲ?

Khonshu ဟာ ဘာကြောင့် Marc ကို Moon Knight အဖြစ် ရွေးချယ်ခဲ့တာလဲ?

*** Spoiler Alert ***

Moon Knight ဇာတ်လမ်းတွဲ အပိုင်း(၅)ထဲမှာတော့ Marc Spector ဟာ ဘယ်လိုပုံစံနဲ့ Moon Knight ဖြစ်လာတယ်ဆိုတာ ပြသသွားပါတယ်။ ဒီအပိုင်းထဲမှာတော့ Marc ရဲ့ မတူညီတဲ့ မှတ်ဉာဏ်တွေအမျိူးမျိူးကို မြင်တွေ့ခဲ့ရပြီး အဲ့ဒီထဲကတစ်ခုကတော့ Khonshu က သူ့ကို Moon Knight အဖြစ် ရွေးချယ်ခဲ့တဲ့အချိန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Khonshu ဟာ ဘာကြောင့် Marc ကို Moon Knight အဖြစ် ရွေးချယ်ခဲ့တာလည်း ဆိုတဲ့အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

photo via screenrant

Khonshu ဟာ Marc ကို သူ့ရဲ့ Avatar အဖြစ် ရွေးချယ်ခဲ့တဲ့ ဖြစ်ရပ်ဟာ တိုက်ဆိုင်မှု သက်သက်လို့ပဲ ထင်ရပေမယ့်လည်း တကယ်တော့ Khonshu ဟာ သေသေချာချာကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အကြောင်းကတော့ Marc ရဲ့ Personality တွေ ကွဲထွက်နေတဲ့ အချက်ကို အမြတ်ထုတ်နိုင်လိမ့်မယ်လို့ Khonshu က ထင်မြင်ခဲ့တာကြောင့် ဖြစ်ပါတယ်။

ဒါ့အပြင် Khonshu ဟာ Marc ရဲ့ ကလေးဘဝက စိတ်ဒဏ်ရာတွေကိုလည်း လှည့်စားချုပ်ကိုင်ပြီး လိုသလို အသုံးချနိုင်တယ်လို့ မြင်တဲ့အပြင် Marc ရဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေကြောင့်လည်း သူဟာ Khonshu ရဲ့ Avatar ဖြစ်လာဖို့ သင့်တော်တဲ့သူတစ်ယောက် ဖြစ်လာပါတော့တယ်။

photo via screenrant

Marc ဟာ Khonshu ရဲ့ ကျောင်းတော်ထဲကို ရောက်သွားတာကတော့ မတော်တဆ သက်သက် ဖြစ်ပေမယ့်လည်း အပေါ်မှာ ဖော်ပြထားသလိုပဲ Khonshu ကတော့ Marc ကို ရွေးချယ်ခဲ့တာရဲ့ နောက်ကွယ်မှာ အကြောင်းပြချက်တွေ ရှိနေပါတယ်။ အဲဒီအချိန်မှာပဲ Khonshu ဟာ “မင်းရဲ့နာကျင်မှုကို ငါခံစားနိုင်တယ်။ ထိုက်တန်တဲ့သူတွေကိုပဲ အပြစ်ပေးရမယ်…” ဆိုတဲ့ စကားမျိူးတွေနဲ့ လှည့်စားခဲ့ပြီး Moon Knight ဖြစ်လာစေခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular