HomeEntertainmentFilmငယ်ဘဝကို ပြန်ခေါ်သွားပေးမယ့် ရုပ်ရှင်ငါးကား

ငယ်ဘဝကို ပြန်ခေါ်သွားပေးမယ့် ရုပ်ရှင်ငါးကား

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Animated ရုပ်ရှင်တွေ၊ ကလေးဇာတ်လိုက်အဓိက ပါဝင်တဲ့ ရုပ်ရှင်တွေဟာ ကလေးငယ်တွေအတွက် အဓိကပစ်မှတ်ထား ထုတ်လုပ်ထားတာဖြစ်ပေမယ့် အရွယ်ရောက်ပြီးသား လူကြီးတွေအတွက်လည်း ကြည့်လို့ကောင်းနေဆဲပါပဲ။ နူးညံ့တဲ့ ကလေးတွေရဲ့ စိတ်နှလုံးသားကို သိမ်မွေ့ညင်သာစွာနဲ့ အလေ့အကျင့်ကောင်းတွေ သင်ကြားပေးနိုင်တဲ့အထိ စွမ်းတဲ့ ရုပ်ရှင်ကားတွေ အများအပြားပါ။ ဒီလိုရုပ်ရှင်ကားပေါင်းများစွာထဲကမှ စာဖတ်သူတို့ ငယ်ငယ်က အသည်းစွဲခဲ့ဖူးပြီး အခုထိ ပြန်ကြည့်ရင်လည်း မရိုးနိုင်သေးတဲ့ ရုပ်ရှင်ဇာတ်ကားငါးကားကို ဖော်ပြပေးလိုက်ပါတယ်။

(1) The Lion King (1994)
Photo via screen rant

Disney က ထုတ်လုပ်တဲ့ The Lion King ဇာတ်ကားဟာ ကလေးတွေထက် အရွယ်ရောက်ပြီးသူတွေ ပိုအကြိုက်တွေ့တဲ့ ရှားရှားပါးပါး အန်နီမေးရှင်းရုပ်ရှင်တစ်ခုလို့ ပြောလို့ရပါတယ်။ ဇာတ်လမ်းကတော့ ကောက်ကျစ်စဉ်းလဲတဲ့ ဦးလေးဖြစ်သူရဲ့ ချောက်ချမှုကြောင့် ခြင်္သေ့ပေါက်လေးဟာ သူ့အဖေခြင်္သေ့ဘုရင်ကြီးကို သူကိုယ်တိုင် သေစေမိတယ်လို့ အရှက်ရပြီး မွေးရပ်မြေကနေ ထွက်ခွာသွားခဲ့ပါတယ်။ အဲ့ဒီ့နောက် အရိုင်းဆန်တဲ့ နယ်မြေသစ်တစ်ခုမှာ ဘဝအတွက် တန်ဖိုးရှိတဲ့ သင်ခန်းစာတွေကို သင်ယူခဲ့ရပြီး ရဲရင့်တဲ့ ခြင်္သေ့တစ်ကောင်အဖြစ် ပြောင်းလဲသွားတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ ခက်ခဲကျပ်တည်းတဲ့အချိန်တွေကို ရင်ဆိုင်ရတာ၊ အတိတ်က အပြစ်တွေ၊ အမှားတွေကို ပြန်လည်ပြင်ဆင်တာတွေနဲ့ ကိုယ့်ကိုယ်ကို အသိစိတ်ပြန်ဝင်တာတွေဟာ ဒီရုပ်ရှင်မှာ အဓိကခံစားရမယ့်အရာတွေပါ။ ဒါကြောင့်လည်း ကြည့်ပြီး နှစ်ပေါင်းများစွာ ကြာသည့်တိုင် လူအများစုရဲ့ စိတ်ထဲမှာ စွဲထင်ကျန်ရစ်နေခဲ့တဲ့ ရုပ်ရှင်ကားလေးတစ်ကား ဖြစ်နေတာပါ။

(2) Toy Story (1995 – 2019)
Photo via screen rant

ကလေးဘဝက ကြိုက်ခဲ့သလို အရွယ်ရောက်ပြီးမှ ပြန်ကြည့်ရင်လည်း ပိုပြီးနက်နဲတဲ့ အဓိပ္ပာယ်တွေကို ပေါ်လွင်စေမယ့် အန်နီမေးရှင်းရုပ်ရှင်ကတော့ Toy Story ပါ။ Pixar Animation Studios က ထုတ်လုပ်ပြီး Disney ရဲ့ franchise ရုပ်ရှင်ဖြစ်ပါတယ်။ Toy Story (1) ကို ၁၉၉၅မှာ စတင်ထွက်ရှိခဲ့ပြီး တစ်ကားနဲ့တစ်ကားကြားမှာ ဆယ်နှစ်နီးပါးအထိ ကြာမြင့်အောင် စောင့်ခဲ့ရပါတယ်။ အခုဆိုရင် Toy Story (4) အထိ ထွက်ရှိပြီးပြီဖြစ်လို့ ပြန်ကြည့်မယ်ဆိုရင်လည်း အတွဲလိုက် ပြန်ကြည့်လို့ ရပါပြီ။

(3) E.T.  The Extra-Terrestrial (1982)
Photo via screen rant

နာမည်ကျော်ဒါရိုက်တာ Steven Spielberg ရဲ့ ဖန်တီးမှုလက်ရာတွေထဲက လူချစ်ခံရဆုံး သိပ္ပံရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကမ္ဘာပေါ်မှာ သောင်လာတင်နေတဲ့ ဂြိုဟ်သားတစ်ကောင်နဲ့ ကလေးတစ်ယောက်တို့ကြားက သံယောဇဉ်နဲ့ စွန့်စားခန်းအကြောင်းကို ရိုက်ကူးထားတာပါ။ ကောင်လေးက ဂြိုဟ်သားကို အီးတီလို့နာမည်ပေးပြီး သူ့အိမ်မှာ တိတ်တိတ်လေး ခေါ်ထားခဲ့ရာက အစိုးရက ဂြိုဟ်သားရဲ့အကြောင်းကို သိသွားတဲ့အခါ သူ့ရဲ့ဌာနေပြန်နိုင်ဖို့ ကောင်လေးနဲ့ အီးတီတို့က စွန့်စားခန်းဖွင့်ကြရတာ ဖြစ်ပါတယ်။

(4) Fantastic Mr. Fox (2009)
Photo via screen rant

ဒီဇာတ်ကားလေးကတော့ stop-motion နဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အရိုင်းဆန်ခဲ့ဖူးတဲ့ သူ့ရဲ့အကျင့်တွေကို ဖြေဖျောက်ပြီး မိသားစုနဲ့ဘေးပတ်ဝန်းကျင် အသိုင်းအဝိုင်းကို ကာကွယ်ဖို့ ကြိုးစားတဲ့ မြေခွေးတစ်ကောင်ရဲ့အကြောင်း ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင် အတိတ်က မှားခဲ့ဖူးတဲ့အမှားကို တာဝန်သိစိတ်နဲ့ ဖြေရှင်းတာတွေ၊ ကိုယ့်ရဲ့လုပ်ရပ်အတွက် တာဝန်ယူရဲတာတွေကို တွေ့ရမှာပါ။ ကလေးဘဝက ကြည့်ရင်လည်း အဖိုးတန်တဲ့ သင်ခန်းစာတွေ ရမှာဖြစ်သလို အရွယ်ရောက်ပြီးမှ ကြည့်ရင်လည်း အပြင်က လက်တွေ့ဘဝနဲ့ ဆက်စပ်မှုရှိနေတုန်းပဲဆိုတာ ခံစားရမှာပါ။

(5) Home Alone (1990)
Photo via screen rant

သူ့ခေတ်သူ့အခါက သောက်သောက်လဲ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ရှစ်နှစ်အရွယ် Kevin ဟာ မိသားစုရဲ့ ပြင်သစ်နိုင်ငံ အလည်အပတ်ခရီးစဉ်မှာ မတော်တဆ အိမ်မှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့ရာက စပါတယ်။ အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့ရလို့ ထင်တိုင်းကြဲပြီး နေလို့ရပြီအမှတ်နဲ့ ပျော်နေတဲ့ Kevin ဟာ အိမ်ထဲကို ဖောက်ဝင်ဖို့ ကြိုးစားနေတဲ့ သူခိုးတွေနဲ့ တွေ့ရတဲ့အခါမှာတော့ ကလေးတစ်ယောက်ရဲ့ အစွမ်းအစတွေ အကုန်ထုတ်ပြီး သူခိုးတွေနဲ့ ထိပ်တိုက်တွေ့ရပါတော့တယ်။ ဘယ်အချိန်ကြည့်ကြည့် မရိုးရတဲ့အကြောင်းကတော့ သူ့ရဲ့တင်ပြပုံနဲ့ ဟာသမြောက်တဲ့ ဇာတ်ဝင်ခန်းတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘတ်ဂျက်(၁၈)သန်းတည်းနဲ့ Box-Office ဝင်ငွေ ဒေါ်လာ(၄၇၆)သန်းကျော် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါကတော့ ဘယ်အချိန်ကြည့်ကြည့် မရိုးသွားဘဲ ငယ်ဘဝကို ရုတ်ချည်းပြန်ခေါ်သွားပေးနိုင်မယ့် ဇာတ်ကားငါးကား ဖြစ်ပါတယ်။ စာဖတ်သူတို့ရဲ့ အကြိုက် ဇာတ်ကားတွေရှိရင်လည်း ပြန်လည်မျှဝေပေးခဲ့ပါဦး။

LaNina
(Zawgyi Version)

Animated ႐ုပ္ရွင္ေတြ၊ ကေလးဇာတ္လိုက္အဓိက ပါဝင္တဲ့ ႐ုပ္ရွင္ေတြဟာ ကေလးငယ္ေတြအတြက္ အဓိကပစ္မွတ္ထား ထုတ္လုပ္ထားတာျဖစ္ေပမယ့္ အ႐ြယ္ေရာက္ၿပီးသား လူႀကီးေတြအတြက္လည္း ၾကည့္လို႔ေကာင္းေနဆဲပါပဲ။ ႏူးညံ့တဲ့ ကေလးေတြရဲ႕ စိတ္ႏွလုံးသားကို သိမ္ေမြ႕ညင္သာစြာနဲ႔ အေလ့အက်င့္ေကာင္းေတြ သင္ၾကားေပးႏိုင္တဲ့အထိ စြမ္းတဲ့ ႐ုပ္ရွင္ကားေတြ အမ်ားအျပားပါ။ ဒီလို႐ုပ္ရွင္ကားေပါင္းမ်ားစြာထဲကမွ စာဖတ္သူတို႔ ငယ္ငယ္က အသည္းစြဲခဲ့ဖူးၿပီး အခုထိ ျပန္ၾကည့္ရင္လည္း မ႐ိုးႏိုင္ေသးတဲ့ ႐ုပ္ရွင္ဇာတ္ကားငါးကားကို ေဖာ္ျပေပးလိုက္ပါတယ္။

(1) The Lion King (1994)
Photo via screen rant

Disney က ထုတ္လုပ္တဲ့ The Lion King ဇာတ္ကားဟာ ကေလးေတြထက္ အ႐ြယ္ေရာက္ၿပီးသူေတြ ပိုအႀကိဳက္ေတြ႕တဲ့ ရွားရွားပါးပါး အန္နီေမးရွင္း႐ုပ္ရွင္တစ္ခုလို႔ ေျပာလို႔ရပါတယ္။ ဇာတ္လမ္းကေတာ့ ေကာက္က်စ္စဥ္းလဲတဲ့ ဦးေလးျဖစ္သူရဲ႕ ေခ်ာက္ခ်မႈေၾကာင့္ ျခေသၤ့ေပါက္ေလးဟာ သူ႔အေဖျခေသၤ့ဘုရင္ႀကီးကို သူကိုယ္တိုင္ ေသေစမိတယ္လို႔ အရွက္ရၿပီး ေမြးရပ္ေျမကေန ထြက္ခြာသြားခဲ့ပါတယ္။ အဲ့ဒီ့ေနာက္ အ႐ိုင္းဆန္တဲ့ နယ္ေျမသစ္တစ္ခုမွာ ဘဝအတြက္ တန္ဖိုးရွိတဲ့ သင္ခန္းစာေတြကို သင္ယူခဲ့ရၿပီး ရဲရင့္တဲ့ ျခေသၤ့တစ္ေကာင္အျဖစ္ ေျပာင္းလဲသြားတဲ့ ဇာတ္လမ္း ျဖစ္ပါတယ္။ ခက္ခဲက်ပ္တည္းတဲ့အခ်ိန္ေတြကို ရင္ဆိုင္ရတာ၊ အတိတ္က အျပစ္ေတြ၊ အမွားေတြကို ျပန္လည္ျပင္ဆင္တာေတြနဲ႔ ကိုယ့္ကိုယ္ကို အသိစိတ္ျပန္ဝင္တာေတြဟာ ဒီ႐ုပ္ရွင္မွာ အဓိကခံစားရမယ့္အရာေတြပါ။ ဒါေၾကာင့္လည္း ၾကည့္ၿပီး ႏွစ္ေပါင္းမ်ားစြာ ၾကာသည့္တိုင္ လူအမ်ားစုရဲ႕ စိတ္ထဲမွာ စြဲထင္က်န္ရစ္ေနခဲ့တဲ့ ႐ုပ္ရွင္ကားေလးတစ္ကား ျဖစ္ေနတာပါ။

(2) Toy Story (1995 – 2019)
Photo via screen rant

ကေလးဘဝက ႀကိဳက္ခဲ့သလို အ႐ြယ္ေရာက္ၿပီးမွ ျပန္ၾကည့္ရင္လည္း ပိုၿပီးနက္နဲတဲ့ အဓိပၸာယ္ေတြကို ေပၚလြင္ေစမယ့္ အန္နီေမးရွင္း႐ုပ္ရွင္ကေတာ့ Toy Story ပါ။ Pixar Animation Studios က ထုတ္လုပ္ၿပီး Disney ရဲ႕ franchise ႐ုပ္ရွင္ျဖစ္ပါတယ္။ Toy Story (1) ကို ၁၉၉၅မွာ စတင္ထြက္ရွိခဲ့ၿပီး တစ္ကားနဲ႔တစ္ကားၾကားမွာ ဆယ္ႏွစ္နီးပါးအထိ ၾကာျမင့္ေအာင္ ေစာင့္ခဲ့ရပါတယ္။ အခုဆိုရင္ Toy Story (4) အထိ ထြက္ရွိၿပီးၿပီျဖစ္လို႔ ျပန္ၾကည့္မယ္ဆိုရင္လည္း အတြဲလိုက္ ျပန္ၾကည့္လို႔ ရပါၿပီ။

(3) E.T.  The Extra-Terrestrial (1982)
Photo via screen rant

နာမည္ေက်ာ္ဒါ႐ိုက္တာ Steven Spielberg ရဲ႕ ဖန္တီးမႈလက္ရာေတြထဲက လူခ်စ္ခံရဆုံး သိပၸံ႐ုပ္ရွင္ကားတစ္ကား ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ကမာၻေပၚမွာ ေသာင္လာတင္ေနတဲ့ ၿဂိဳဟ္သားတစ္ေကာင္နဲ႔ ကေလးတစ္ေယာက္တို႔ၾကားက သံေယာဇဥ္နဲ႔ စြန႔္စားခန္းအေၾကာင္းကို ႐ိုက္ကူးထားတာပါ။ ေကာင္ေလးက ၿဂိဳဟ္သားကို အီးတီလို႔နာမည္ေပးၿပီး သူ႔အိမ္မွာ တိတ္တိတ္ေလး ေခၚထားခဲ့ရာက အစိုးရက ၿဂိဳဟ္သားရဲ႕အေၾကာင္းကို သိသြားတဲ့အခါ သူ႔ရဲ႕ဌာေနျပန္ႏိုင္ဖို႔ ေကာင္ေလးနဲ႔ အီးတီတို႔က စြန႔္စားခန္းဖြင့္ၾကရတာ ျဖစ္ပါတယ္။

(4) Fantastic Mr. Fox (2009)
Photo via screen rant

ဒီဇာတ္ကားေလးကေတာ့ stop-motion နဲ႔ ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ကား ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ အ႐ိုင္းဆန္ခဲ့ဖူးတဲ့ သူ႔ရဲ႕အက်င့္ေတြကို ေျဖေဖ်ာက္ၿပီး မိသားစုနဲ႔ေဘးပတ္ဝန္းက်င္ အသိုင္းအဝိုင္းကို ကာကြယ္ဖို႔ ႀကိဳးစားတဲ့ ေျမေခြးတစ္ေကာင္ရဲ႕အေၾကာင္း ျဖစ္ပါတယ္။ ဒီဇာတ္ကားမွာဆိုရင္ အတိတ္က မွားခဲ့ဖူးတဲ့အမွားကို တာဝန္သိစိတ္နဲ႔ ေျဖရွင္းတာေတြ၊ ကိုယ့္ရဲ႕လုပ္ရပ္အတြက္ တာဝန္ယူရဲတာေတြကို ေတြ႕ရမွာပါ။ ကေလးဘဝက ၾကည့္ရင္လည္း အဖိုးတန္တဲ့ သင္ခန္းစာေတြ ရမွာျဖစ္သလို အ႐ြယ္ေရာက္ၿပီးမွ ၾကည့္ရင္လည္း အျပင္က လက္ေတြ႕ဘဝနဲ႔ ဆက္စပ္မႈရွိေနတုန္းပဲဆိုတာ ခံစားရမွာပါ။

(5) Home Alone (1990)
Photo via screen rant

သူ႔ေခတ္သူ႔အခါက ေသာက္ေသာက္လဲ ေအာင္ျမင္ခဲ့တဲ့ ႐ုပ္ရွင္ကားတစ္ကား ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ရွစ္ႏွစ္အ႐ြယ္ Kevin ဟာ မိသားစုရဲ႕ ျပင္သစ္ႏိုင္ငံ အလည္အပတ္ခရီးစဥ္မွာ မေတာ္တဆ အိမ္မွာ တစ္ေယာက္တည္း က်န္ရစ္ခဲ့ရာက စပါတယ္။ အိမ္မွာတစ္ေယာက္တည္း က်န္ခဲ့ရလို႔ ထင္တိုင္းႀကဲၿပီး ေနလို႔ရၿပီအမွတ္နဲ႔ ေပ်ာ္ေနတဲ့ Kevin ဟာ အိမ္ထဲကို ေဖာက္ဝင္ဖို႔ ႀကိဳးစားေနတဲ့ သူခိုးေတြနဲ႔ ေတြ႕ရတဲ့အခါမွာေတာ့ ကေလးတစ္ေယာက္ရဲ႕ အစြမ္းအစေတြ အကုန္ထုတ္ၿပီး သူခိုးေတြနဲ႔ ထိပ္တိုက္ေတြ႕ရပါေတာ့တယ္။ ဘယ္အခ်ိန္ၾကည့္ၾကည့္ မ႐ိုးရတဲ့အေၾကာင္းကေတာ့ သူ႔ရဲ႕တင္ျပပုံနဲ႔ ဟာသေျမာက္တဲ့ ဇာတ္ဝင္ခန္းေတြေၾကာင့္ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဘတ္ဂ်က္(၁၈)သန္းတည္းနဲ႔ Box-Office ဝင္ေငြ ေဒၚလာ(၄၇၆)သန္းေက်ာ္ ရရွိခဲ့တာ ျဖစ္ပါတယ္။

ဒါကေတာ့ ဘယ္အခ်ိန္ၾကည့္ၾကည့္ မ႐ိုးသြားဘဲ ငယ္ဘဝကို ႐ုတ္ခ်ည္းျပန္ေခၚသြားေပးႏိုင္မယ့္ ဇာတ္ကားငါးကား ျဖစ္ပါတယ္။ စာဖတ္သူတို႔ရဲ႕ အႀကိဳက္ ဇာတ္ကားေတြရွိရင္လည္း ျပန္လည္မွ်ေဝေပးခဲ့ပါဦး။

LaNina
RELATED ARTICLES

Most Popular