HomeCelebs Update NewsInternationalေလးေယာက္ေျမာက္ကေလးကို အငွားကိုယ္၀န္နဲ႔ ေမြးဖြားေနတဲ့ Kim Kardashian

ေလးေယာက္ေျမာက္ကေလးကို အငွားကိုယ္၀န္နဲ႔ ေမြးဖြားေနတဲ့ Kim Kardashian

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ရှုပါ။

Reality TV စတားတစ္ဦးျဖစ္တဲ့ Kim Kardashian နဲ႔ နာမည္ေက်ာ္ rapper Kanye West တို႔ရဲ႕ ေလးေယာက္ေျမာက္ ရင္ေသြးေလးကေတာ့ အငွားကိုယ္၀န္နဲ႔ ေမြးဖြားေနၿပီ ျဖစ္ပါတယ္။ ဒီအေၾကာင္းကို ေမလ (၉)ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ Ellen Degeneres ရိႈးမွာ အစ္မျဖစ္သူ Kourtney Kardashian က ေျပာျပခဲ့တာ ျဖစ္ပါတယ္။

Photo: pinterest

အားလုံးက ထိုင္ခုံကိုယ္စီမွာ ေနရာယူထားေသာ္လည္း Kim ရဲ႕ေနရာက လြတ္ေနတဲ့အတြက္ Ellen က ေမးျမန္းခဲ့ရာမွာ Kourtney က အခုလို ေျပာျပခဲ့တာပါ။ “Kim က ဒီေန႔ မလာႏိုင္ပါဘူး။ သူ႕ရဲ႕ ေလးေယာက္ေျမာက္ ရင္ေသြးေလးကို လြယ္ေပးထားတဲ့ အငွားကိုယ္၀န္က ဒီေန႔ ဗိုက္နာေနၿပီမို႔လို႔ Kim ကေတာ့ ေဆးရုံကို သြားၾကည့္ေနပါတယ္”လို႔ ေျပာျပသြားတာပါ။

Kim နဲ႔ Kanye တို႔မွာ အသက္(၅)ႏွစ္အရြယ္ North ၊ (၃)ႏွစ္အရြယ္ Saint နဲ႔ (၁)ႏွစ္အရြယ္ Chicago ဆိုၿပီး သားသမီး(၃)ေယာက္ ေမြးထားလို႔ အခုေမြးဖြားမယ့္ ကေလးေလးကေတာ့ (၄)ေယာက္ေျမာက္ ကေလးပဲ ျဖစ္ပါတယ္။ ေယာက္်ားေလးလို႔လည္း သိရပါတယ္။

Photo: pinterest

Kim ဟာ ပထမကေလး North နဲ႔ ဒုတိယကေလး Saint တို႔ကို ကိုယ္တိုင္ ကိုယ္၀န္လြယ္ၿပီး ေမြးဖြားခဲ့တာပါ။ သို႔ေပမယ့္လည္း ဒုတိယကေလး Saint ကို ေမြးဖြားတဲ့အခ်ိန္မွာ ကေလးေမြးရတာက လြယ္ကူခဲ့ေပမယ့္ အခ်င္းက က်မလာဘဲ သားအိမ္မွာ ကပ္ၿငိေနခဲ့တဲ့အတြက္ စိုးရိမ္စရာ ျဖစ္ခဲ့ရပါတယ္။ placenta accreta လို႔ေခၚတဲ့ ျဖစ္စဥ္ဟာ ကိုယ္၀န္သည္ေပါင္း အေယာက္(၁၀၀၀)မွာ (၃)ေယာက္သာ ျဖစ္ႏိုင္တဲ့ အေျခအေနမ်ိဳးျဖစ္ပါတယ္။ အခ်င္းက်လာဖို႔အတြက္ အင္မတန္မွ နာက်င္စြာ ခံစားခဲ့ရတယ္လို႔လည္း Kim က ေျပာျပထားပါတယ္။

Photo: pinterest

အဲ့ဒီ့ျဖစ္စဥ္ကို ခံစားရၿပီးတဲ့ Kim ဟာ ေနာက္ထပ္ကေလးေတြကို ကိုယ္တိုင္ ကိုယ္၀န္လြယ္ၿပီး ေမြးမယ္ဆိုရင္ အသက္အႏၱရာယ္အထိ စိုးရိမ္ရႏိုင္လို႔ တတိယကေလးကေနစၿပီး အငွားကိုယ္၀န္သည္ကို အသုံးျပဳခဲ့ရတာ ျဖစ္ပါတယ္။ Kim နဲ႔ Kanye တို႔ရဲ႕ သေႏၶေအာင္ၿပီး သေႏၶသားကို အငွားကိုယ္၀န္ေဆာင္ေပးမယ့္သူရဲ႕ သားအိမ္ထဲကို ထည့္ေပးၿပီး အငွားကိုယ္၀န္ေဆာင္ခိုင္းထားတာ ျဖစ္ပါတယ္။

Kanye ကေတာ့ ကေလးမ်ားမ်ား လိုခ်င္တဲ့အတြက္ (၇)ေယာက္ျပည့္ေအာင္ ယူမယ္လို႔ ဆိုပါတယ္။ သို႔ေပမယ့္လည္း Kim ကေတာ့ “(၇)ေယာက္ဆိုတာ ကၽြန္မ ႏိုင္နင္းမယ္လို႔ မထင္ပါဘူး။ ေလာေလာဆယ္ ဒီ(၄)ေယာက္ေလာက္ကပဲ ေျခႏိုင္လက္ႏိုင္ျဖစ္မယ္လို႔ ထင္ပါတယ္”လို႔ ေျပာထားပါတယ္။

Xei

Source: hollywoodlife.com, people.com, cosmopolitan.com

(Unicode Version)

Reality TV စတားတစ်ဦးဖြစ်တဲ့ Kim Kardashian နဲ့ နာမည်ကျော် rapper Kanye West တို့ရဲ့ လေးယောက်မြောက် ရင်သွေးလေးကတော့ အငှားကိုယ်ဝန်နဲ့ မွေးဖွားနေပြီ ဖြစ်ပါတယ်။ ဒီအကြောင်းကို မေလ (၉)ရက်နေ့က ပြုလုပ်ခဲ့တဲ့ Ellen Degeneres ရှိုးမှာ အစ်မဖြစ်သူ Kourtney Kardashian က ပြောပြခဲ့တာ ဖြစ်ပါတယ်။

အားလုံးက ထိုင်ခုံကိုယ်စီမှာ နေရာယူထားသော်လည်း Kim ရဲ့နေရာက လွတ်နေတဲ့အတွက် Ellen က မေးမြန်းခဲ့ရာမှာ Kourtney က အခုလို ပြောပြခဲ့တာပါ။ “Kim က ဒီနေ့ မလာနိုင်ပါဘူး။ သူ့ရဲ့ လေးယောက်မြောက် ရင်သွေးလေးကို လွယ်ပေးထားတဲ့ အငှားကိုယ်ဝန်က ဒီနေ့ ဗိုက်နာနေပြီမို့လို့ Kim ကတော့ ဆေးရုံကို သွားကြည့်နေပါတယ်”လို့ ပြောပြသွားတာပါ။

Kim နဲ့ Kanye တို့မှာ အသက်(၅)နှစ်အရွယ် North ၊ (၃)နှစ်အရွယ် Saint နဲ့ (၁)နှစ်အရွယ် Chicago ဆိုပြီး သားသမီး(၃)ယောက် မွေးထားလို့ အခုမွေးဖွားမယ့် ကလေးလေးကတော့ (၄)ယောက်မြောက် ကလေးပဲ ဖြစ်ပါတယ်။ ယောက်ျားလေးလို့လည်း သိရပါတယ်။

Photo: pinterest

Kim ဟာ ပထမကလေး North နဲ့ ဒုတိယကလေး Saint တို့ကို ကိုယ်တိုင် ကိုယ်ဝန်လွယ်ပြီး မွေးဖွားခဲ့တာပါ။ သို့ပေမယ့်လည်း ဒုတိယကလေး Saint ကို မွေးဖွားတဲ့အချိန်မှာ ကလေးမွေးရတာက လွယ်ကူခဲ့ပေမယ့် အချင်းက ကျမလာဘဲ သားအိမ်မှာ ကပ်ငြိနေခဲ့တဲ့အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။ placenta accreta လို့ခေါ်တဲ့ ဖြစ်စဉ်ဟာ ကိုယ်ဝန်သည်ပေါင်း အယောက်(၁၀၀၀)မှာ (၃)ယောက်သာ ဖြစ်နိုင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ အချင်းကျလာဖို့အတွက် အင်မတန်မှ နာကျင်စွာ ခံစားခဲ့ရတယ်လို့လည်း Kim က ပြောပြထားပါတယ်။

Photo: pinterest

အဲ့ဒီ့ဖြစ်စဉ်ကို ခံစားရပြီးတဲ့ Kim ဟာ နောက်ထပ်ကလေးတွေကို ကိုယ်တိုင် ကိုယ်ဝန်လွယ်ပြီး မွေးမယ်ဆိုရင် အသက်အန္တရာယ်အထိ စိုးရိမ်ရနိုင်လို့ တတိယကလေးကနေစပြီး အငှားကိုယ်ဝန်သည်ကို အသုံးပြုခဲ့ရတာ ဖြစ်ပါတယ်။ Kim နဲ့ Kanye တို့ရဲ့ သန္ဓေအောင်ပြီး သန္ဓေသားကို အငှားကိုယ်ဝန်ဆောင်ပေးမယ့်သူရဲ့ သားအိမ်ထဲကို ထည့်ပေးပြီး အငှားကိုယ်ဝန်ဆောင်ခိုင်းထားတာ ဖြစ်ပါတယ်။

Kanye ကတော့ ကလေးများများ လိုချင်တဲ့အတွက် (၇)ယောက်ပြည့်အောင် ယူမယ်လို့ ဆိုပါတယ်။ သို့ပေမယ့်လည်း Kim ကတော့ “(၇)ယောက်ဆိုတာ ကျွန်မ နိုင်နင်းမယ်လို့ မထင်ပါဘူး။ လောလောဆယ် ဒီ(၄)ယောက်လောက်ကပဲ ခြေနိုင်လက်နိုင်ဖြစ်မယ်လို့ ထင်ပါတယ်”လို့ ပြောထားပါတယ်။

Xei

Source: hollywoodlife.com, people.com

 

RELATED ARTICLES

Most Popular