HomeCelebs Update NewsInternationalMalibu ကမ်းခြေမှာ ဒေါ်လာသန်း(၇၀)တန် အပန်းဖြေအိမ်ကြီး ဝယ်ယူလိုက်တဲ့ Kim Kardashian

Malibu ကမ်းခြေမှာ ဒေါ်လာသန်း(၇၀)တန် အပန်းဖြေအိမ်ကြီး ဝယ်ယူလိုက်တဲ့ Kim Kardashian

နာမည်ကျော် TV Personality တစ်ယောက်လည်းဖြစ်၊ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်လည်း ဖြစ်တဲ့ Kim Kardashian ဟာ နာမည်ကျော်ပုဂ္ဂိုလ်တွေကြား ရေပန်းစားတဲ့ မာလီဘူးကမ်းခြေမှာ အပန်းဖြေစံအိမ်တစ်ခု ဝယ်ယူလိုက်တယ်လို့ TMZ သတင်းဌာနရဲ့ အတည်ပြုချက်အရ သိရပါတယ်။

Kim ဝယ်ယူလိုက်တဲ့ ဒီအပန်းဖြေစံအိမ်ကြီးကတော့ မာလီဘူးကမ်းခြေက တောင်စောင်းတစ်ခုပေါ်မှာ တည်ရှိပါတယ်။ Kim ဟာ ဒီအပန်းဖြေစံအိမ်ကိုတော့ ဒေါ်လာသန်း(၇၀)ပေးပြီး ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ ဒီအိမ်ကြီးမှာတော့ အိပ်ခန်း(၄)ခန်းနဲ့ ရေချိုးခန်း(၅)ခန်း ပါဝင်ကာ အိမ်ရဲ့ဘက်ပေါင်းစုံကနေ လှပလွန်းတဲ့ ပင်လယ်ကမ်းခြေကို တွေ့မြင်နိုင်တယ်လို့ ဆိုပါတယ်။

Photo: kimkardashian/ Instagram

ဒါ့အပြင် အိမ်အပြင်ဘက် ခြံဝန်းထဲမှာလည်း အပန်းဖြေ အနားယူဖို့ နေရာတွေ၊ ညစာစားပွဲ ကျင်းပနိုင်တဲ့ နေရာလှလှတွေနဲ့ ကျယ်ဝန်းလှတဲ့ ရေကူးကန်ကြီးပါ ပါဝင်ပါတယ်။ လှပတင့်တယ်လွန်းတဲ့ အပန်းဖြေစံအိမ်တစ်ခု ဖြစ်ပေမယ့် ဒေါ်လာသန်း(၇၀)ဆိုတဲ့ ပမာဏဟာ သန်းကြွယ်သူဌေးတွေကြားမှာတောင် အတော်လေး တန်ကြေးကြီးတဲ့ ပမာဏတစ်ခုလို့ ပြောနိုင်ပါတယ်။

Photo Credit: Andrian Anz/ TMZ

ဒီအိမ်ရဲ့ ပိုင်ရှင်အဟောင်းကတော့ Silicon Valley က fund manager ဖြစ်တဲ့ Adam Weiss ဖြစ်ပါတယ်။ သူကတော့ ဒီအိမ်ကြီးကို လွန်ခဲ့တဲ့ လေးနှစ်ခန့်တုန်းက နာမည်ကျော် ထိပ်တန်းမော်ဒယ်လ် Cindy Crawford ဆီက ဒေါ်လာ(၄၅)သန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Andrian Anz/ TMZ

တကယ်တော့ ဒီမာလီဘူးကမ်းခြေမှာပဲ Kim ရဲ့ ခင်ပွန်းဟောင်း Kanye West ဟာလည်း အပန်းဖြေအိမ်တစ်ခု ဝယ်ယူထားပါသေးတယ်။ Kanye ကတော့ အဆိုပါ အပန်းဖြေအိမ်ကို ပြီးခဲ့တဲ့နှစ်တုန်းက ဝယ်ယူခဲ့တာဖြစ်ပြီး အခုထက်ထိ ပြင်ဆင် ပြုပြင်မှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ Kanye ရဲ့အိမ်နဲ့ Kim ရဲ့အိမ်ကတော့ (၁၄)မိုင်ခန့် ကွာဝေးတယ်လို့လည်း သိရပါတယ်။

Vancouver

Source: tmz

 

RELATED ARTICLES

Most Popular