HomeCelebs Update NewsInternationalပဋိပက္ခတွေရှိခဲ့ပေမယ့် Taylor Swift သီချင်းတွေကို ကြိုက်ပါတယ်ဆိုတဲ့ Kim Kardashian 

ပဋိပက္ခတွေရှိခဲ့ပေမယ့် Taylor Swift သီချင်းတွေကို ကြိုက်ပါတယ်ဆိုတဲ့ Kim Kardashian 

Kim Kardashian ဟာ Taylor Swift နဲ့ လူသိရှင်ကြား အချင်းများခဲ့ပေမယ့် သူမရဲ့ သီချင်းတွေကိုတော့ တော်တော်လေး ကြိုက်နှစ်သက်ပါတယ်လို့ ဆိုလာပါတယ်။

ဒီအကြောင်းကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၆)ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ Bari Weiss နဲ့ အင်တာဗျူးမှာ Kim က ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အဆိုပါ အင်တာဗျူးထဲမှာတော့ Bari Weiss ဟာ Taylor Swift ရဲ့ ဘယ်သီချင်းကို အကြိုက်ဆုံးလည်းလို့ Kim ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

Photo: kimkardashian/ Instagram

Kim ကတော့ Taylor ရဲ့ သီချင်းတော်တော်များများကို ကြိုက်နှစ်သက်ပါတယ်လို့ ဝန်ခံခဲ့ပြီး ဘယ်တစ်ပုဒ်ကို အကြိုက်ဆုံးလို့ ပြောပြဖို့ရာမှာတော့ ခေါင်းထဲက စဉ်းစားလို့ မထွက်ဘူးလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ အတိတ်ကာလမှာတုန်းက Kim ဟာ Taylor နဲ့ ဆိုရှယ်မီဒီယာပေါ်မှာ လူသိရှင်ကြား အချင်းများခဲ့ပေမယ့် တေးသီချင်းတွေ နားထောင်ဖို့ ရွေးချယ်ရာမှာတော့ ဒီအာဃာတတွေကို ဘေးချိတ်ထားပုံ ရပါတယ်။

Photo: taylorswift/ Instagram

“ကျွန်မ သူ့သီချင်း တော်တော်များများကို တကယ် နှစ်သက်ပါတယ်။ သူ့သီချင်းတွေအကုန်လုံးက ချစ်စရာလည်း ကောင်းတယ်။ နားထဲမှာလည်း စွဲလွယ်တယ်။ ဘယ်သီချင်းကို အကြိုက်ဆုံးလို့ ပြောရမလည်းဆိုရင်တော့ ကျွန်မဖုန်းထဲမှာ ကြည့်မှပဲ ရမယ် … ” လို့ Kim က ဖြေပါတယ်။

ဆယ်လီသတင်းတွေကို မျက်ခြည်မပြတ်တဲ့သူဆိုရင်တော့ Kim နဲ့ Taylor ရဲ့ ပဋိပက္ခကို မှတ်မိကြဦးမှာပါ။ ဇာတ်လမ်းကတော့ Kim ရဲ့ ခင်ပွန်းဟောင်းဖြစ်တဲ့ Kanye West ဟာ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Famous” ဆိုတဲ့ သီချင်းထဲမှာ Taylor ကို ပျစ်ပျစ်နှစ်နှစ် ရက်ပ် ရွတ်ဆိုခဲ့ရာက စတင်ပါတယ်။

Photo: kimkardashian/ Instagram

အဆိုပါ Famous သီချင်းထဲမှာတော့ “I feel like me and Taylor might still have s*x, Why?  I made that b*tch famous …. ” လို့ Kanye က သီဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီလိုစာသားတွေ ထည့်သွင်းခဲ့တဲ့အတွက် Taylor ကလည်း လူသိရှင်ကြား ဝေဖန်တဲ့ ကြေညာချက်တစ်စောင်နဲ့ ချက်ချင်းဆိုသလိုပဲ တုံ့ပြန်ခဲ့ပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ အဆိုပါသီချင်းစာသားကို ထည့်သွင်း အသုံးပြုမယ့်အကြောင်း Kanye က Taylor ဆီ ဖုန်းနဲ့ ပြောကြားခဲ့တဲ့ အသံသွင်းထားတဲ့ ဖိုင်လ်တစ်ခုကို Kim က ထုတ်လွှင့်ခဲ့ပါတယ်။

Photo: kimkardashian/ Instagram

ဒါ့အပြင် ဆိုရှယ်မီဒီယာပေါ်မှာပဲ Kim ဟာ Taylor ကို “မြွေမ” လို့ ခိုင်းနှိုင်းခဲ့ပါသေးတယ်။ ဒီလိုနဲ့ ၂၀၂၀ ခုနှစ် မတ်လမှာ အဆိုပါ ဖုန်းအသံဖိုင်လ်ရဲ့ နောက်ဆက်တွဲ ထပ်မံ ထွက်ရှိလာချိန်မှာတော့ သူတို့ကြားထဲက ရန်ပွဲဟာ ပြန်ပြီးတော့ တောက်လောင်လာခဲ့ပါသေးတယ်။

တကယ်တော့ Kim ဟာ Taylor နဲ့ ဒီပဋိပက္ခတွေ ဖြစ်ခဲ့တဲ့အချိန်ဟာ Kanye နဲ့ လက်ထပ်ထားချိန်မှာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Kim ဟာ Kanye နဲ့ ကွဲနေပြီ ဖြစ်ပြီး တရားဝင် ကွာရှင်းပြတ်စဲဖို့ကိုလည်း သူမဘက်က အမြန်ဆုံး လုပ်ဆောင်နေတာကြောင့် အရင် ကျောင်းတော်က ရန်စရှိခဲ့တဲ့ Taylor နဲ့ ပြန်ပြီး စစ်ပြေငြိမ်းချင်တာလားဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲ။

Kim ဟာ လက်ရှိမှာတော့ comedian လည်းဖြစ်၊ သရုပ်ဆောင်လည်း ဖြစ်တဲ့ Pete Davidson နဲ့ တွဲနေတာ ဖြစ်ပါတယ်။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular