HomeCelebs Update NewsInternationalခင်ပွန်းဖြစ်သူဆီက ထူးခြားတဲ့ မွေးနေ့လက်ဆောင် ရရှိခဲ့တဲ့ Kim Kardashian

ခင်ပွန်းဖြစ်သူဆီက ထူးခြားတဲ့ မွေးနေ့လက်ဆောင် ရရှိခဲ့တဲ့ Kim Kardashian

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Kim Kardashian ဟာ သူမ တစ်သက်တာရဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုကို မွေးနေ့လက်ဆောင်အဖြစ် လက်ခံရရှိခဲ့ပါတယ်။ သူမရဲ့ခင်ပွန်းဖြစ်တဲ့ နာမည်ကြီး ရက်ပ်ပါ Kanye West ဟာ သူမရဲ့ အသက်လေးဆယ်ပြည့် မွေးနေ့မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ သူမရဲ့ဖခင် Robert Kardashian ရဲ့ ရုပ်လုံးကြွ ဟော်လိုဂရမ်ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာလ(၂၁)ရက်နေ့မှာ မွေးနေ့ပွဲ ကျင်းပခဲ့တဲ့ Kim ကတော့ “ဒီဟော်လိုဂရမ်ဟာ ရာသက်ပန်အတွက် အမှတ်တရ လက်ဆောင်ပါပဲ” လို့ ပြောထားပါတယ်။ ဒါအပြင် သူမနဲ့ အတူ မိသားစုဝင်တွေဟာ ဒီဟော်လိုဂရမ်ကို အတူတူ ကြည့်ရှုခဲ့ကြပြီး ဝမ်းနည်းမှုတွေကို ကျော်ဖြတ်နိုင်ခဲ့တယ်လို့လည်း ပြောထားပါတယ်။

photo via indianexpress

“ကျွန်မမွေးနေ့အတွက် Kanye ပေးတဲ့ လက်ဆောင်က တကယ့်ကို တစ်သက်တာ အမှတ်ရစရာ လက်ဆောင်ပါပဲ။ ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ တကယ့် အံ့အားသင့်စရာ အကောင်းဆုံး စပရိုက်ပါပဲ။ အဖေ့ရဲ့ ပုံစံတူ ဟော်လိုဂရမ်ပါ။ ဒါကို တွေ့လိုက်ရတာ အဖေ့ကို အရှင်လတ်လတ် ပြန်တွေ့ရသလိုပဲ။ ကျွန်မတို့တွေ ဒီဟော်လိုဂရမ်ကို ထပ်ကာထပ်ကာ ပြန်ကြည့်မိတယ်။ ဝမ်းနည်းမျက်ရည်တွေနဲ့ လျှံတက်လာပြီး စိတ်ထဲမှာလည်း စို့နင့်သွားရတယ်။ ဒါလေးကို ကျွန်မနဲ့အတူ ကျွန်မရဲ့အမေ၊ ညီမတွေ၊ မောင်တွေ၊ အရင်းနှီးဆုံး မိတ်ဆွေတွေနဲ့ အတူတူ ကြည့်လိုက်ရတာ ဘယ်လိုခံစားရလည်းလို့ ထုတ်မပြောနိုင်အောင်ပါပဲ။ တစ်သက်လုံး အမှတ်ရနေမယ့် ဒီလက်ဆောင်လေးကို ပေးတဲ့ Kanye ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် … ”  လို့ Kim Kardashian က သူမရဲ့ အင်စတာဂရမ်အကောင့်မှာ ဝေမျှထားပါတယ်။

photo: kimkardashian/instagram

Kim ရဲ့ဖခင် Robert Kardashian ဟာ အသက်(၅၉)နှစ်အရွယ် ၂၀၀၃ခုနှစ်မှာ အစာပြွန်ကင်ဆာနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ ဖခင်ကို သက်ရှိထင်ရှား ရှိနေသလို တစ်ခေါက် ပြန်မြင်လိုက်ရတဲ့ ခံစားချက်ဟာ တစ်ခြား တန်ဖိုးကြီး ပစ္စည်း၊ လက်ဆောင်တွေနဲ့ ယှဉ်နိုင်မှာ မဟုတ်တာကြောင့် Kanye တစ်ယောက် အတွေးကောင်းတယ်လို့ ချီးကျုးရမှာပါ။

C 21

Source: indian express

(Zawgyi version)

Kim Kardashian ဟာ သူမ တစ္သက္တာရဲ႕ အေကာင္းဆုံးလက္ေဆာင္တစ္ခုကို ေမြးေန႔လက္ေဆာင္အျဖစ္ လက္ခံရရွိခဲ့ပါတယ္။ သူမရဲ႕ခင္ပြန္းျဖစ္တဲ့ နာမည္ႀကီး ရက္ပ္ပါ Kanye West ဟာ သူမရဲ႕ အသက္ေလးဆယ္ျပည့္ ေမြးေန႔မွာ ကြယ္လြန္သြားၿပီျဖစ္တဲ့ သူမရဲ႕ဖခင္ Robert Kardashian ရဲ႕ ႐ုပ္လုံးႂကြ ေဟာ္လိုဂရမ္ကို လက္ေဆာင္အျဖစ္ ေပးအပ္ခဲ့တာ ျဖစ္ပါတယ္။

ေအာက္တိုဘာလ(၂၁)ရက္ေန႔မွာ ေမြးေန႔ပြဲ က်င္းပခဲ့တဲ့ Kim ကေတာ့ “ဒီေဟာ္လိုဂရမ္ဟာ ရာသက္ပန္အတြက္ အမွတ္တရ လက္ေဆာင္ပါပဲ” လို႔ ေျပာထားပါတယ္။ ဒါအျပင္ သူမနဲ႔ အတူ မိသားစုဝင္ေတြဟာ ဒီေဟာ္လိုဂရမ္ကို အတူတူ ၾကည့္ရႈခဲ့ၾကၿပီး ဝမ္းနည္းမႈေတြကို ေက်ာ္ျဖတ္ႏိုင္ခဲ့တယ္လို႔လည္း ေျပာထားပါတယ္။

photo via indianexpress

“ကြၽန္မေမြးေန႔အတြက္ Kanye ေပးတဲ့ လက္ေဆာင္က တကယ့္ကို တစ္သက္တာ အမွတ္ရစရာ လက္ေဆာင္ပါပဲ။ ေကာင္းကင္ဘုံက ဆင္းသက္လာတဲ့ တကယ့္ အံ့အားသင့္စရာ အေကာင္းဆုံး စပ႐ိုက္ပါပဲ။ အေဖ့ရဲ႕ ပုံစံတူ ေဟာ္လိုဂရမ္ပါ။ ဒါကို ေတြ႕လိုက္ရတာ အေဖ့ကို အရွင္လတ္လတ္ ျပန္ေတြ႕ရသလိုပဲ။ ကြၽန္မတို႔ေတြ ဒီေဟာ္လိုဂရမ္ကို ထပ္ကာထပ္ကာ ျပန္ၾကည့္မိတယ္။ ဝမ္းနည္းမ်က္ရည္ေတြနဲ႔ လွ်ံတက္လာၿပီး စိတ္ထဲမွာလည္း စို႔နင့္သြားရတယ္။ ဒါေလးကို ကြၽန္မနဲ႔အတူ ကြၽန္မရဲ႕အေမ၊ ညီမေတြ၊ ေမာင္ေတြ၊ အရင္းႏွီးဆုံး မိတ္ေဆြေတြနဲ႔ အတူတူ ၾကည့္လိုက္ရတာ ဘယ္လိုခံစားရလည္းလို႔ ထုတ္မေျပာႏိုင္ေအာင္ပါပဲ။ တစ္သက္လုံး အမွတ္ရေနမယ့္ ဒီလက္ေဆာင္ေလးကို ေပးတဲ့ Kanye ကိုလည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္ … ”  လို႔ Kim Kardashian က သူမရဲ႕ အင္စတာဂရမ္အေကာင့္မွာ ေဝမွ်ထားပါတယ္။

photo: kimkardashian/instagram

Kim ရဲ႕ဖခင္ Robert Kardashian ဟာ အသက္(၅၉)ႏွစ္အ႐ြယ္ ၂၀၀၃ခုႏွစ္မွာ အစာႁပြန္ကင္ဆာနဲ႔ ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။ ကြယ္လြန္သြားတဲ့ ဖခင္ကို သက္ရွိထင္ရွား ရွိေနသလို တစ္ေခါက္ ျပန္ျမင္လိုက္ရတဲ့ ခံစားခ်က္ဟာ တစ္ျခား တန္ဖိုးႀကီး ပစၥည္း၊ လက္ေဆာင္ေတြနဲ႔ ယွဥ္ႏိုင္မွာ မဟုတ္တာေၾကာင့္ Kanye တစ္ေယာက္ အေတြးေကာင္းတယ္လို႔ ခ်ီးက်ဳးရမွာပါ။

C 21

Source: indian express

RELATED ARTICLES

Most Popular