HomeCelebs Update NewsInternationalreality ရှိုးမှာထက် ဆိုရှယ်မီဒီယာမှာ ဝင်ငွေပိုရနေတဲ့ Kim Kardashian

reality ရှိုးမှာထက် ဆိုရှယ်မီဒီယာမှာ ဝင်ငွေပိုရနေတဲ့ Kim Kardashian

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Kim Kardashian ဟာ သူမရဲ့မူလ reality show ဖြစ်တဲ့ Keeping Up With The Kardashians ရှိုးရဲ့ season တစ်ခုစာ ဝင်ငွေထက် ဆိုရှယ်မီဒီယာက ရတဲ့ ဝင်ငွေက ပိုများနေတယ်လို့ သိရပါတယ်။

Kim K ဟာ မကြာသေးခင်ကပဲ My Guest Needs No Introduction With David Letterman ရှိုးကို ဧည့်သည်အဖြစ် လာရောက်ခဲ့ပြီး သူမရဲ့ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး ဖွင့်ဟပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

Photo: kimkardashian/ Instagram

KUWTK လို့ အတိုကောက် ခေါ်ကြတဲ့ Keeping Up With The Kardashians ရှိုးဟာ Kim K နဲ့တကွ သူမရဲ့မိသားစုတစ်ခုလုံးကို ဒီနေ့ဒီအချိန်လို အခြေအနေမျိုး ဖြစ်လာအောင် တွန်းတင်ပေးခဲ့တဲ့ ရှိုးတစ်ခု ဖြစ်ပါတယ်။ သို့ပေမယ့် ဒီရှိုးဟာ (၁၄)နှစ်ကြာ ထုတ်လွှင့်ခဲ့ပြီး season 20 အပြီးမှာတော့ ပြီးဆုံးသွားတော့မှာ ဖြစ်ပါတယ်။ ရှိုးရဲ့ပရိသတ်တွေကတော့ ဒီရှိုးအပြီးမှာရော သူမရဲ့ဝင်ငွေဟာ အရင်ကလိုပဲ မြင့်မားနေဦးမှာလားလို့ သိချင်ခဲ့ကြပြီး သူမရဲ့အဖြေကတော့ ပိုပြီးအားရစရာ ကောင်းနေပါတယ်။

“Keeping Up With The Kardashians ရှိုး မရှိဘဲနဲ့ ကျွန်မတို့ ဒီနေ့လို နေရာမျိုးကို မရောက်လာနိုင်ပါဘူး။ အဲ့ဒါကြောင့် ကျွန်မတို့အနေနဲ့ကတော့ ကျွန်မတို့ဘဝနဲ့ ပတ်သက်တာတွေကို ဆက်ပြီး ဝေမျှပေးသွားမှာပါ။ ဆိုရှယ်မီဒီယာပေါ်မှာ အဲ့လို ဝေမျှပေးသွားမယ်ဆိုရင် ကျွန်မတို့ KUWTK မှာ တစ် season စာ ရတဲ့ဝင်ငွေထက် အများကြီး ပိုရှာနိုင်ပါတယ်… ” လို့ Kim K က အဆိုပါ ရှိုးမှာ ပြောသွားခဲ့တာပါ။

Photo: kimkardashian/ Instagram

Kim K ဟာ KUWTK ရဲ့ season တစ်ခုမှာ ဒေါ်လာ(၄.၅)သန်းခန့် လစာရရှိပြီး ဆိုရှယ်မီဒီယာမှာဆိုရင်တော့ သူမရဲ့ပို့စ်တစ်ခုဟာ ကြောက်ခမန်းလိလိ တန်ကြေးရှိပါတယ်။ US Weekly သတင်းဌာနရဲ့ ဖော်ပြချက်အရ Kim K ရဲ့ IG ပို့စ်တစ်ခုရဲ့ တန်ကြေးဟာ ဒေါ်လာ (၃)သိန်းကစလို့ ဒေါ်လာ(၁)သန်းအထိ ရှိတယ်လို့ သိရပါတယ်။

Kardashian မိသားစုတစ်ခုလုံးရဲ့ နေ့စဉ်ဘဝအကြောင်းကို ထုတ်လွှင့်ပြသခဲ့တဲ့ KUWTK ရှိုးမှာလည်း E! ရုပ်သံလိုင်းက ပေးတဲ့ လစာအပြင် ကြော်ငြာခတွေနဲ့ မနည်းမနော ဝင်ငွေရှိပါတယ်။ ဒါ့အပြင် KUWTK ရှိုးကနေ ထပ်ပွားထားတဲ့ ရှိုးတွေလည်း အများကြီး ရှိသေးတာကြောင့် Kim K အပါအဝင် တစ်ခြားမိသားစုဝင်တွေရဲ့ ဝင်ငွေဟာ ဒီ့ထက်ပိုတိုးလာဖို့ပဲ ရှိနေပါတယ်။

Glasgow

Source: cosmopolitanme

(Zawgyi Version)

Kim Kardashian ဟာ သူမရဲ႕မူလ reality show ျဖစ္တဲ့ Keeping Up With The Kardashians ရႈိးရဲ႕ season တစ္ခုစာ ဝင္ေငြထက္ ဆိုရွယ္မီဒီယာက ရတဲ့ ဝင္ေငြက ပိုမ်ားေနတယ္လို႔ သိရပါတယ္။

Kim K ဟာ မၾကာေသးခင္ကပဲ My Guest Needs No Introduction With David Letterman ရႈိးကို ဧည့္သည္အျဖစ္ လာေရာက္ခဲ့ၿပီး သူမရဲ႕ေငြေရးေၾကးေရးနဲ႔ ပတ္သက္ၿပီး ဖြင့္ဟေျပာဆိုသြားခဲ့တာ ျဖစ္ပါတယ္။

Photo: kimkardashian/ Instagram

KUWTK လို႔ အတိုေကာက္ ေခၚၾကတဲ့ Keeping Up With The Kardashians ရႈိးဟာ Kim K နဲ႔တကြ သူမရဲ႕မိသားစုတစ္ခုလုံးကို ဒီေန႔ဒီအခ်ိန္လို အေျခအေနမ်ိဳး ျဖစ္လာေအာင္ တြန္းတင္ေပးခဲ့တဲ့ ရႈိးတစ္ခု ျဖစ္ပါတယ္။ သို႔ေပမယ့္ ဒီရႈိးဟာ (၁၄)ႏွစ္ၾကာ ထုတ္လႊင့္ခဲ့ၿပီး season 20 အၿပီးမွာေတာ့ ၿပီးဆုံးသြားေတာ့မွာ ျဖစ္ပါတယ္။ ရႈိးရဲ႕ပရိသတ္ေတြကေတာ့ ဒီရႈိးအၿပီးမွာေရာ သူမရဲ႕ဝင္ေငြဟာ အရင္ကလိုပဲ ျမင့္မားေနဦးမွာလားလို႔ သိခ်င္ခဲ့ၾကၿပီး သူမရဲ႕အေျဖကေတာ့ ပိုၿပီးအားရစရာ ေကာင္းေနပါတယ္။

“Keeping Up With The Kardashians ရႈိး မရွိဘဲနဲ႔ ကြၽန္မတို႔ ဒီေန႔လို ေနရာမ်ိဳးကို မေရာက္လာႏိုင္ပါဘူး။ အဲ့ဒါေၾကာင့္ ကြၽန္မတို႔အေနနဲ႔ကေတာ့ ကြၽန္မတို႔ဘဝနဲ႔ ပတ္သက္တာေတြကို ဆက္ၿပီး ေဝမွ်ေပးသြားမွာပါ။ ဆိုရွယ္မီဒီယာေပၚမွာ အဲ့လို ေဝမွ်ေပးသြားမယ္ဆိုရင္ ကြၽန္မတို႔ KUWTK မွာ တစ္ season စာ ရတဲ့ဝင္ေငြထက္ အမ်ားႀကီး ပိုရွာႏိုင္ပါတယ္… ” လို႔ Kim K က အဆိုပါ ရႈိးမွာ ေျပာသြားခဲ့တာပါ။

Photo: kimkardashian/ Instagram

Kim K ဟာ KUWTK ရဲ႕ season တစ္ခုမွာ ေဒၚလာ(၄.၅)သန္းခန႔္ လစာရရွိၿပီး ဆိုရွယ္မီဒီယာမွာဆိုရင္ေတာ့ သူမရဲ႕ပို႔စ္တစ္ခုဟာ ေၾကာက္ခမန္းလိလိ တန္ေၾကးရွိပါတယ္။ US Weekly သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ Kim K ရဲ႕ IG ပို႔စ္တစ္ခုရဲ႕ တန္ေၾကးဟာ ေဒၚလာ (၃)သိန္းကစလို႔ ေဒၚလာ(၁)သန္းအထိ ရွိတယ္လို႔ သိရပါတယ္။

Kardashian မိသားစုတစ္ခုလုံးရဲ႕ ေန႔စဥ္ဘဝအေၾကာင္းကို ထုတ္လႊင့္ျပသခဲ့တဲ့ KUWTK ရႈိးမွာလည္း E! ႐ုပ္သံလိုင္းက ေပးတဲ့ လစာအျပင္ ေၾကာ္ျငာခေတြနဲ႔ မနည္းမေနာ ဝင္ေငြရွိပါတယ္။ ဒါ့အျပင္ KUWTK ရႈိးကေန ထပ္ပြားထားတဲ့ ရႈိးေတြလည္း အမ်ားႀကီး ရွိေသးတာေၾကာင့္ Kim K အပါအဝင္ တစ္ျခားမိသားစုဝင္ေတြရဲ႕ ဝင္ေငြဟာ ဒီ့ထက္ပိုတိုးလာဖို႔ပဲ ရွိေနပါတယ္။

Glasgow

Source: cosmopolitanme

RELATED ARTICLES

Most Popular