HomeCelebs Update NewsInternationalMet Gala ပွဲမှာ သူမရဲ့ဝတ်စုံကြောင့် ဘာကိုမှကောင်းကောင်းမမြင်ခဲ့ရဘူးဆိုတဲ့ Kim Kardashian 

Met Gala ပွဲမှာ သူမရဲ့ဝတ်စုံကြောင့် ဘာကိုမှကောင်းကောင်းမမြင်ခဲ့ရဘူးဆိုတဲ့ Kim Kardashian 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ယခုနှစ်ရဲ့ Met Gala ပွဲမှာ အားလုံးကို အံ့အားသင့်စေခဲ့ပြီး ဂယက်ထစေခဲ့တဲ့ ဖက်ရှင်ကတော့ Kim Kardashian ရဲ့ ခေါင်းအစ ခြေအဆုံး အနက်ရောင်နဲ့ ဖုံးအုပ်ဝတ်ဆင်လာတဲ့ ဖက်ရှင်ပဲ ဖြစ်ပါတယ်။ ဒီဖက်ရှင်နဲ့ ပတ်သက်ပြီး ကော်ဇော်နီပေါ် လျှောက်လှမ်းရတဲ့ သူမရဲ့ ခံစားချက်ကိုတော့ Kim က သူ့ရဲ့ IG Story မှာ တင်ထားခဲ့ပါသေးတယ်။

အဲဒါကတော့ သူမရဲ့ မျက်နှာအပါအဝင် တစ်ကိုယ်လုံးကို အနက်ရောင်တွေနဲ့ ဖုံးအုပ်ဝတ်ဆင်ထားရတဲ့အတွက် အရှေ့ကို သိပ်မမြင်ရဘဲ ဝိုးတဝါးလေးသာ မြင်ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် meme ဖြစ်သွားစေမယ့် ဓာတ်ပုံတစ်ခုကြောင့်လည်း ရယ်စရာလေးတစ်ခု ဖြစ်သွားခဲ့ပါသေးတယ်။

Photo: theoffiialmetgala/ Instagram

အဲဒါကတော့ Kim ဟာ အနက်ရောင်ဖက်ရှင်နဲ့ ကော်ဇောနီပေါ် လျှောက်လှမ်းလာချိန်မှာ သူမရဲ့ ညီမဖြစ်သူ Kendall က သူမကို လှမ်းခေါ်နေတဲ့ ဓာတ်ပုံပဲ ဖြစ်ပါတယ်။ ဒီအတွေ့အကြုံကိုတော့ အရှေ့ကို ဝိုးတဝါးသာ မြင်ရလို့ အစပိုင်းမှာ ဘယ်သူမှန်း မသိခဲ့ပေမယ့် တလက်လက် တောက်ပနေတဲ့ ဝတ်စုံကြောင့် Kendall မှန်း သိလိုက်ရတယ်လို့ Kim က IG Story မှာ တင်ထားတာ ဖြစ်ပါတယ်။

ညီအစ်မအရင်းနှစ်ယောက်ဖြစ်ပေမယ့် ပွဲတက်လာတဲ့ ဖက်ရှင်ကတော့ လုံးလုံးလျားလျား ကွဲပြားနေတာ ဖြစ်ပါတယ်။ Kim ကတော့ ဘယ်သူဘယ်ဝါဆိုတာတောင် မဖော်ပြချင်တဲ့ အနေအထားနဲ့ ပွဲတက်လာပေမယ့် Kendall ကတော့ ကြွရွနေတဲ့ နတ်သမီးလေးတစ်ပါးလို လှပစွာ ဝတ်စားပြီး ပွဲတက်လာတာပဲ ဖြစ်ပါတယ်။

Photo: theoffiialmetgala/ Instagram

Kim ကို အခုလိုဖက်ရှင်နဲ့ ပွဲတက်ဖို့ အားပေးခဲ့သူကတော့ သူမရဲ့ ခင်ပွန်းဟောင်း Kanye West ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ တခြားဘာအမှတ်တံဆိပ်၊ ရွှေငွေလက်ဝတ်ရတနာတွေ မပါဘဲ အနက်ရောင် ပလိန်းကြီးသာ ဝတ်ဆင်ပြီး identity ကိုပါ ဖုံးကွယ်ထားပေမယ့် လူတိုင်းက ကြည့်လိုက်တာနဲ့ Kim မှန်း သိနေစေဖို့ ဖြစ်တယ်လို့ အတွင်းသတင်းတစ်ခုက ဆိုပါတယ်။

ဒါဟာ ဖက်ရှင်တွေ အပြိုင်အဆိုင်ကြဲပြီး သူ့ထက်ငါ ထင်ပေါ်အောင် ကြိုးစားကြတဲ့ Met Gala ရဲ့ ကော်ဇောနီပေါ်မှာ အားလုံးရဲ့ လုပ်ရိုးလုပ်စဉ်တွေကို ချိုးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။ တကယ်တော့ သူမ ဝတ်ဆင်လာတဲ့ brand ဟာ နာမည်ကျော် ဇိမ်ခံ brand တစ်ခုဖြစ်တဲ့ Balenciaga ပဲ ဖြစ်ပါတယ်။

Photo: theoffiialmetgala/ Instagram

အခုလို အခြားတောက်ပတဲ့ အလှဆင်မှုတွေ မပါဘဲ မျက်နှာကိုကအစ ဖုံးအုပ်ထားပေမယ့် လူတိုင်းက ကိုယ့်ရဲ့ ထူးခြားမှုနဲ့ ဟန်ပန်ကို ကြည့်လိုက်ရုံနဲ့ ကိုယ်မှန်း သိသာစေမယ့် မက်ဆေ့ချ်မျိုးကို Balenciaga က ဖက်ရှင်ချစ်သူတွေဆီ သတင်းစကားပါးနေတာ ဖြစ်ပါတယ်။ ဒါဟာ Balenciaga ရဲ့ မားကတ်တင်း ကမ်ပိန်းတစ်ခုဖြစ်ပြီး Kim Kardashian ၊ Kanye West တို့နဲ့အတူ ပူးတွဲ လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါညက Kim နဲ့အတူ အနက်ရောင်တစ်ကိုယ်လုံး ဖုံးအုပ်ပြီး ပွဲတက်လာသူကို လူတိုင်းက Kanye West လို့ ထင်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ Balenciaga ရဲ့ Creative Director Demna Gvasalia ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ အဲဒီညက Met Gala ပွဲကိုတော့ Kanye ဟာ တက်ရောက်ခဲ့ခြင်း မရှိဘူးလို့လည်း သိရပါတယ်။

Glasgow

Source: people

(Zawgyi Version)

ယခုႏွစ္ရဲ့ Met Gala ပြဲမွာ အားလုံးကို အံ့အားသင့္ေစခဲ့ၿပီး ဂယက္ထေစခဲ့တဲ့ ဖက္ရွင္ကေတာ့ Kim Kardashian ရဲ့ ေခါင္းအစ ေျခအဆုံး အနက္ေရာင္နဲ႔ ဖုံးအုပ္ဝတ္ဆင္လာတဲ့ ဖက္ရွင္ပဲ ျဖစ္ပါတယ္။ ဒီဖက္ရွင္နဲ႔ ပတ္သက္ၿပီး ေကာ္ေဇာ္နီေပၚ ေလၽွာက္လွမ္းရတဲ့ သူမရဲ့ ခံစားခ်က္ကိုေတာ့ Kim က သူ႔ရဲ့ IG Story မွာ တင္ထားခဲ့ပါေသးတယ္။

အဲဒါကေတာ့ သူမရဲ့ မ်က္ႏွာအပါအဝင္ တစ္ကိုယ္လုံးကို အနက္ေရာင္ေတြနဲ႔ ဖုံးအုပ္ဝတ္ဆင္ထားရတဲ့အတြက္ အေရွ႕ကို သိပ္မျမင္ရဘဲ ဝိုးတဝါးေလးသာ ျမင္ရတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ meme ျဖစ္သြားေစမယ့္ ဓာတ္ပုံတစ္ခုေၾကာင့္လည္း ရယ္စရာေလးတစ္ခု ျဖစ္သြားခဲ့ပါေသးတယ္။

Photo: theoffiialmetgala/ Instagram

အဲဒါကေတာ့ Kim ဟာ အနက္ေရာင္ဖက္ရွင္နဲ႔ ေကာ္ေဇာနီေပၚ ေလၽွာက္လွမ္းလာခ်ိန္မွာ သူမရဲ့ ညီမျဖစ္သူ Kendall က သူမကို လွမ္းေခၚေနတဲ့ ဓာတ္ပုံပဲ ျဖစ္ပါတယ္။ ဒီအေတြ႕အၾကဳံကိုေတာ့ အေရွ႕ကို ဝိုးတဝါးသာ ျမင္ရလို႔ အစပိုင္းမွာ ဘယ္သူမွန္း မသိခဲ့ေပမယ့္ တလက္လက္ ေတာက္ပေနတဲ့ ဝတ္စုံေၾကာင့္ Kendall မွန္း သိလိုက္ရတယ္လို႔ Kim က IG Story မွာ တင္ထားတာ ျဖစ္ပါတယ္။

ညီအစ္မအရင္းႏွစ္ေယာက္ျဖစ္ေပမယ့္ ပြဲတက္လာတဲ့ ဖက္ရွင္ကေတာ့ လုံးလုံးလ်ားလ်ား ကြဲျပားေနတာ ျဖစ္ပါတယ္။ Kim ကေတာ့ ဘယ္သူဘယ္ဝါဆိုတာေတာင္ မေဖာ္ျပခ်င္တဲ့ အေနအထားနဲ႔ ပြဲတက္လာေပမယ့္ Kendall ကေတာ့ ႂကြရြေနတဲ့ နတ္သမီးေလးတစ္ပါးလို လွပစြာ ဝတ္စားၿပီး ပြဲတက္လာတာပဲ ျဖစ္ပါတယ္။

Photo: theoffiialmetgala/ Instagram

Kim ကို အခုလိုဖက္ရွင္နဲ႔ ပြဲတက္ဖို႔ အားေပးခဲ့သူကေတာ့ သူမရဲ့ ခင္ပြန္းေဟာင္း Kanye West ပဲ ျဖစ္ပါတယ္။ သူ႔ရဲ့ ရည္ရြယ္ခ်က္ကေတာ့ တျခားဘာအမွတ္တံဆိပ္၊ ေရႊေငြလက္ဝတ္ရတနာေတြ မပါဘဲ အနက္ေရာင္ ပလိန္းႀကီးသာ ဝတ္ဆင္ၿပီး identity ကိုပါ ဖုံးကြယ္ထားေပမယ့္ လူတိုင္းက ၾကည့္လိုက္တာနဲ႔ Kim မွန္း သိေနေစဖို႔ ျဖစ္တယ္လို႔ အတြင္းသတင္းတစ္ခုက ဆိုပါတယ္။

ဒါဟာ ဖက္ရွင္ေတြ အၿပိဳင္အဆိုင္ၾကဲၿပီး သူ႔ထက္ငါ ထင္ေပၚေအာင္ ႀကိဳးစားၾကတဲ့ Met Gala ရဲ့ ေကာ္ေဇာနီေပၚမွာ အားလုံးရဲ့ လုပ္ရိုးလုပ္စဥ္ေတြကို ခ်ိဳးျဖတ္လိုက္တာလည္း ျဖစ္ပါတယ္။ တကယ္ေတာ့ သူမ ဝတ္ဆင္လာတဲ့ brand ဟာ နာမည္ေက်ာ္ ဇိမ္ခံ brand တစ္ခုျဖစ္တဲ့ Balenciaga ပဲ ျဖစ္ပါတယ္။

Photo: theoffiialmetgala/ Instagram

အခုလို အျခားေတာက္ပတဲ့ အလွဆင္မွုေတြ မပါဘဲ မ်က္ႏွာကိုကအစ ဖုံးအုပ္ထားေပမယ့္ လူတိုင္းက ကိုယ့္ရဲ့ ထူးျခားမွုနဲ႔ ဟန္ပန္ကို ၾကည့္လိုက္႐ုံနဲ႔ ကိုယ္မွန္း သိသာေစမယ့္ မက္ေဆ့ခ်္မ်ိဳးကို Balenciaga က ဖက္ရွင္ခ်စ္သူေတြဆီ သတင္းစကားပါးေနတာ ျဖစ္ပါတယ္။ ဒါဟာ Balenciaga ရဲ့ မားကတ္တင္း ကမ္ပိန္းတစ္ခုျဖစ္ၿပီး Kim Kardashian ၊ Kanye West တို႔နဲ႔အတူ ပူးတြဲ လွုပ္ရွားေနတာလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ အဆိုပါညက Kim နဲ႔အတူ အနက္ေရာင္တစ္ကိုယ္လုံး ဖုံးအုပ္ၿပီး ပြဲတက္လာသူကို လူတိုင္းက Kanye West လို႔ ထင္ခဲ့ၾကေပမယ့္ တကယ္တမ္းမွာေတာ့ Balenciaga ရဲ့ Creative Director Demna Gvasalia ျဖစ္တယ္လို႔ အတည္ျပဳထားပါတယ္။ အဲဒီညက Met Gala ပြဲကိုေတာ့ Kanye ဟာ တက္ေရာက္ခဲ့ျခင္း မရွိဘူးလို႔လည္း သိရပါတယ္။

Glasgow

Source: people

 

RELATED ARTICLES

Most Popular