HomeCelebs Update NewsInternationalတစ်မိနစ်အတွင်း ဒေါ်လာတစ်သန်းဖိုး ရောင်းချခဲ့ရတဲ့ Kim Kardashian ရဲ့ SKIMs × Fendi collection

တစ်မိနစ်အတွင်း ဒေါ်လာတစ်သန်းဖိုး ရောင်းချခဲ့ရတဲ့ Kim Kardashian ရဲ့ SKIMs × Fendi collection

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

reality star တစ်ယောက်ဖြစ်တဲ့ Kim Kardashian ဟာ သူမရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ အသုံးအဆောင်တွေကို ထုတ်လုပ်ရာမှာ အသစ်ထုတ်လုပ်လိုက်တဲ့ SKIMs × Fendi collection ကတော့ တစ်မိနစ်အတွင်း ဒေါ်လာတစ်သန်းဖိုး ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

Photo: kimkardashian/ Instagram

Kim ရဲ့ brand ဖြစ်တဲ့ SKIMs ကတော့ အမျိုးသမီးအတွင်းခံနဲ့ shapewear တွေကို အသားအရောင်မျိုးစုံအတွက် ထုတ်လုပ်ရောင်းချနေတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ နာမည်ကျော် ဇိမ်ခံ brand ဖြစ်တဲ့ Fendi နဲ့ ပေါင်းစပ်ထုတ်လုပ်လိုက်တဲ့ ယခု Collection အသစ်ကတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပြီး စဖွင့်တဲ့ တစ်မိနစ်အတွင်းမှာပဲ ဒေါ်လာ တစ်သန်းဖိုး ရောင်းချလိုက်ရတယ်လို့ သိရပါတယ်။

Photo: kimkardashian/ Instagram

TMZ သတင်းဌာနရဲ့ ဖော်ပြချက်အရ ယခုပူးပေါင်းထုတ်လုပ်တဲ့ collection အသစ်ဟာ Kim ရဲ့ SKIMs အတွက်တော့ အောင်မြင်မှုအရရှိဆုံး စတင်မှုဖြစ်တယ်လို့ သိရပါတယ်။ နာမည်ကျော် အီတလီဖက်ရှင် brand နဲ့ ပူးပေါင်းထုတ်လုပ်မယ့်အကြောင်းကိုတော့ ပြီးခဲ့တဲ့လကပဲ Kim က ပြောကြားခဲ့တာပါ။

SKIMs × Fendi Collection ကတော့ ready-to-wear တွေကို ထုတ်လုပ်ရောင်းချတာ ဖြစ်ပြီး form-fitting dress တွေနဲ့ အင်္ကျီတွေ ပါဝင်တယ်လို့ သိရပါတယ်။ စျေးနှုန်းကတော့ ဒေါ်လာ(၉၅၀)က စတင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် leggings တွေလည်း ပါဝင်ပြီး တန်ဖိုးကတော့ ဒေါ်လာ(၁၁၀၀)လို့ သိရပါတယ်။ ဆောင်းရာသီနဲ့ ကိုက်ညီမယ့် puffer jacket တွေလည်း ပါဝင်ပြီး တန်ဖိုးကတော့ ဒေါ်လာ(၂၉၅၀)လို့ သိရပါတယ်။

Photo: kimkardashian/ Instagram

SKIMs ရဲ့ signature ဖြစ်တဲ့ အတွင်းခံတွေ၊ shapewear တွေလည်း ပါဝင်ထားပြီး Fendi ရဲ့ brand logo အပြင် collection ရဲ့ logo တွေပါ ရိုက်နှိပ်ပြီး အလှဆင်ထားတာ တွေ့ရပါတယ်။ ဒါတင်မက swimwear တွေလည်း ပါဝင်ပြီး အရောင်(၈)မျိုး ရရှိမယ့် leather wrap dress တစ်မျိုးကိုလည်း ဒေါ်လာ(၄၂၀၀)နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။

Kim တစ်ယောက် Fendi နဲ့ အလုပ်တွဲလုပ်ဖြစ်တဲ့ အကြောင်းရင်းကတော့ Fendi ကုမ္ပဏီက ဝန်ထမ်းအမျိုးသမီးတွေဟာ သူမရဲ့ SKIMs အတွင်းခံတွေကို သဘောကျ နှစ်ခြိုက်ကြောင်း ကြားသိရတာကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ Fendi ရဲ့ artistic director Kim Jones နဲ့ တွေ့ဆုံပြီး အခုလို brand နှစ်ခု ပူးပေါင်းကာ collection ထုတ်လုပ်ဖြစ်တာလို့ ဆိုပါတယ်။

Photo: kimkardashian/ Instagram

Kim Kardashian ဟာ SKIMs brand ကိုတော့ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ် ဇွန်လကုန်မှာတော့ SKIMs ကုမ္ပဏီရဲ့ တန်ဖိုးဟာ (၁.၆)ဘီလျံခန့် တန်ကြေးရှိနေပြီလို့ သိရပါတယ်။ ဒီအောင်မြင်မှုကြောင့်ပဲ Kim ဟာလည်း Innovator Awards ကို ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။

Glasgow

Source: people

(Zawgyi Version)

reality star တစ္ေယာက္ျဖစ္တဲ့ Kim Kardashian ဟာ သူမရဲ့ ကိုယ္ပိုင္အမွတ္တံဆိပ္နဲ႔ အသုံးအေဆာင္ေတြကို ထုတ္လုပ္ရာမွာ အသစ္ထုတ္လုပ္လိုက္တဲ့ SKIMs × Fendi collection ကေတာ့ တစ္မိနစ္အတြင္း ေဒၚလာတစ္သန္းဖိုး ေရာင္းခ်ခဲ့ရတယ္လို႔ သိရပါတယ္။

Photo: kimkardashian/ Instagram

Kim ရဲ့ brand ျဖစ္တဲ့ SKIMs ကေတာ့ အမ်ိဳးသမီးအတြင္းခံနဲ႔ shapewear ေတြကို အသားအေရာင္မ်ိဳးစုံအတြက္ ထုတ္လုပ္ေရာင္းခ်ေနတဲ့ အမွတ္တံဆိပ္တစ္ခု ျဖစ္ပါတယ္။ နာမည္ေက်ာ္ ဇိမ္ခံ brand ျဖစ္တဲ့ Fendi နဲ႔ ေပါင္းစပ္ထုတ္လုပ္လိုက္တဲ့ ယခု Collection အသစ္ကေတာ့ ၿပီးခဲ့တဲ့ အဂၤါေန႔မွာ စတင္မိတ္ဆက္ခဲ့တာ ျဖစ္ၿပီး စဖြင့္တဲ့ တစ္မိနစ္အတြင္းမွာပဲ ေဒၚလာ တစ္သန္းဖိုး ေရာင္းခ်လိုက္ရတယ္လို႔ သိရပါတယ္။

Photo: kimkardashian/ Instagram

TMZ သတင္းဌာနရဲ့ ေဖာ္ျပခ်က္အရ ယခုပူးေပါင္းထုတ္လုပ္တဲ့ collection အသစ္ဟာ Kim ရဲ့ SKIMs အတြက္ေတာ့ ေအာင္ျမင္မွုအရရွိဆုံး စတင္မွုျဖစ္တယ္လို႔ သိရပါတယ္။ နာမည္ေက်ာ္ အီတလီဖက္ရွင္ brand နဲ႔ ပူးေပါင္းထုတ္လုပ္မယ့္အေၾကာင္းကိုေတာ့ ၿပီးခဲ့တဲ့လကပဲ Kim က ေျပာၾကားခဲ့တာပါ။

SKIMs × Fendi Collection ကေတာ့ ready-to-wear ေတြကို ထုတ္လုပ္ေရာင္းခ်တာ ျဖစ္ၿပီး form-fitting dress ေတြနဲ႔ အကၤ်ီေတြ ပါဝင္တယ္လို႔ သိရပါတယ္။ ေစ်းႏွုန္းကေတာ့ ေဒၚလာ(၉၅၀)က စတင္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ leggings ေတြလည္း ပါဝင္ၿပီး တန္ဖိုးကေတာ့ ေဒၚလာ(၁၁၀၀)လို႔ သိရပါတယ္။ ေဆာင္းရာသီနဲ႔ ကိုက္ညီမယ့္ puffer jacket ေတြလည္း ပါဝင္ၿပီး တန္ဖိုးကေတာ့ ေဒၚလာ(၂၉၅၀)လို႔ သိရပါတယ္။

Photo: kimkardashian/ Instagram

SKIMs ရဲ့ signature ျဖစ္တဲ့ အတြင္းခံေတြ၊ shapewear ေတြလည္း ပါဝင္ထားၿပီး Fendi ရဲ့ brand logo အျပင္ collection ရဲ့ logo ေတြပါ ရိုက္ႏွိပ္ၿပီး အလွဆင္ထားတာ ေတြ႕ရပါတယ္။ ဒါတင္မက swimwear ေတြလည္း ပါဝင္ၿပီး အေရာင္(၈)မ်ိဳး ရရွိမယ့္ leather wrap dress တစ္မ်ိဳးကိုလည္း ေဒၚလာ(၄၂၀၀)နဲ႔ ေရာင္းခ်ေနတယ္လို႔ သိရပါတယ္။

Kim တစ္ေယာက္ Fendi နဲ႔ အလုပ္တြဲလုပ္ျဖစ္တဲ့ အေၾကာင္းရင္းကေတာ့ Fendi ကုမၸဏီက ဝန္ထမ္းအမ်ိဳးသမီးေတြဟာ သူမရဲ့ SKIMs အတြင္းခံေတြကို သေဘာက် ႏွစ္ၿခိဳက္ေၾကာင္း ၾကားသိရတာေၾကာင့္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ပဲ Fendi ရဲ့ artistic director Kim Jones နဲ႔ ေတြ႕ဆုံၿပီး အခုလို brand ႏွစ္ခု ပူးေပါင္းကာ collection ထုတ္လုပ္ျဖစ္တာလို႔ ဆိုပါတယ္။

Photo: kimkardashian/ Instagram

Kim Kardashian ဟာ SKIMs brand ကိုေတာ့ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလမွာ စတင္မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ ယခုႏွစ္ ဇြန္လကုန္မွာေတာ့ SKIMs ကုမၸဏီရဲ့ တန္ဖိုးဟာ (၁.၆)ဘီလ်ံခန႔္ တန္ေၾကးရွိေနၿပီလို႔ သိရပါတယ္။ ဒီေအာင္ျမင္မွုေၾကာင့္ပဲ Kim ဟာလည္း Innovator Awards ကို ဆြတ္ခူးခဲ့တာ ျဖစ္ပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular