HomeCharacterThe Suicide Squad ထဲက King Shark ရဲ့ ကောမစ် Origin နဲ့ စွမ်းအားများ

The Suicide Squad ထဲက King Shark ရဲ့ ကောမစ် Origin နဲ့ စွမ်းအားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဒါရိုက်တာ James Gunn ရဲ့ The Suicide Squad ထဲမှာတော့ ပုံမှန်မြင်တွေ့နေကျ ဗီလိန်တွေလိုမဟုတ်ဘဲ တစ်ယောက်တစ်မျိူးစီ ထူးခြားနေကြတဲ့ ဇာတ်ကောင်တွေကို ထည့်သွင်းထားပါတယ်။ King Shark တဖြစ်လည်း Nanaue ဟာလည်း Task Force X အဖွဲ့ဝင်တစ်ယောက် ဖြစ်ပြီး ဒီရုပ်ရှင်ထဲက ပရိသတ်တွေ အကြိုက်ဆုံးဇာတ်ကောင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ King Shark ဟာ Live Action အဖြစ် အခုမှပါဝင်တာ မဟုတ်ဘဲ CW ရဲ့ The Flash ဇာတ်လမ်းတွဲထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ သူ့ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

ကောမစ် Origin
photo via screenrant

King Shark ဟာ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Superboy Vol 4 ကောမစ်ထဲမှာ စတင်ပါဝင်ခဲ့ပါတယ်။ ဇာတ်လမ်းရဲ့အစမှာတော့ သူဟာ ဟာဝိုင်အီကျွန်းပေါ်မှာ အဖမ်းခံထားရပါတယ်။ အဲ့ဒီနောက်မှာတော့ ဒုစရိုက်ဂိုဏ်းတစ်ခုရဲ့ အကူအညီနဲ့ သူဟာ ထောင်ဖောက်သွားနိုင်ပြီး အဲ့ဒီဒုစရိုက်ဂိုဏ်းသားတွေကိုလည်း သတ်ပစ်လိုက်ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ King Shark ဟာ ဘယ်လိုသတ္တဝါလည်း ဆိုတာကို မဖော်ပြသေးဘဲ နောက်ထပ်နှစ်တွေ ကြာတော့မှသာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

King Shark မှာတော့ တခြား Origin တွေ ရှိနေသေးပေမယ့်လည်း အဓိက Origin ထဲမှာတော့ သူဟာ Shark God Chondrakha နဲ့ လူသား အမျိူးသမီးတစ်ယောက်တို့ရဲ့ သား ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူဟာ လူတစ်ပိုင်း၊ နတ်ဘုရားတစ်ပိုင်း (Demigod)လို့တောင် ပြောလို့ရပါတယ်။

အပေါ်မှာဖော်ပြခဲ့သလို ကောမစ်ထဲမှာ စတင်ပါဝင်လာတဲ့အချိန်တုန်းက ထောင်ကျနေရတဲ့အကြောင်းကတော့ King Shark ဟာ လူပျောက်ဆုံးမှုတွေနဲ့ သေဆုံးမှုတွေများစွာအတွက် အပြစ်ရှိနေလို့ပဲ ဖြစ်ပါတယ်။ သူဟာ အဲ့ဒီလုပ်ရပ်တွေကိုလည်း သူ့အမေရဲ့ အကူအညီနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့အမေဟာ သူ့ကိုအလွန်ချစ်ပြီး သစ္စာလည်းရှိကာ တစ်ခေါက်တုန်းကဆိုရင် King Shark အစာစားရဖို့အတွက် သူမရဲ့လက်တစ်ဘက်ကိုတောင် စားစေခဲ့ပါတယ်။

စွမ်းအားများ
photo via screenrant

King Shark ဟာ သူ့ရဲ့စွမ်းအားတွေကြောင့် Task Force X ထဲမှာ ပါဝင်ခဲ့ရပြီး Amanda Waller ဟာ သူ့ကို ထိန်းချုပ်ဖို့အတွက် သူ့ရဲ့ခါးမှာ ခါးပါတ်လိုအရာနဲ့ ဗုံးကို ချိတ်ပေးထားပါတယ်။ King Shark ဟာ Demigod ဖြစ်တာကြောင့် ခွန်အားနဲ့ လျင်မြန်မှုတွေကတော့ သာမန်လူတွေထက် အဆပေါင်းများစွာ သာလွန်ပါတယ်။ သူဟာ ငါးမန်းတစ်ဝက်၊ လူတစ်ဝက်ပုံစံ ဖြစ်နေတာကြောင့် သူ့ရဲ့ ချွန်ထက်လှတဲ့ အစွယ်တွေနဲ့ လက်သည်းတွေဟာလည်း လက်နက်တစ်ခုလို အသုံးချနိုင်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ အာရုံခံစားမှုတွေကို ပုံမှန်ထက် အဆပေါင်းများစွာ မြှင့်တင်နိုင်ဖို့အတွက် အသံကို အသုံးပြုနိုင်ပါတယ်။

ဒါတင်မကသေးဘဲ သူ့မှာ ဒဏ်ရာတွေ ပြန်လည်ကောင်းမွန်စေတဲ့ အစွမ်းလည်း ရှိပါသေးတယ်။ တစ်ခေါက်တုန်းကဆိုရင် သူ့ရဲ့ခါးမှာချိတ်ထားတဲ့ ဗုံးကို Amanda Waller က ဖောက်ခွဲခဲ့ပေမယ့်လည်း သူကတော့ မသေခဲ့ပါဘူး။ New 52 Timeline ကို ရောက်လာတဲ့အချိန်မှာတော့ ကောမစ်ဖန်တီးသူတွေဟာ သူ့ရဲ့ပုံစံကို ပြောင်းလဲခဲ့ပါတယ်။ အစတုန်းကတော့ King Shark ရဲ့ ပုံစံဟာ သာမန်ငါးမန်းပုံစံ ဖြစ်ပေမယ့်လည်း New 52 ထဲမှာတော့ သူ့ရဲပုံစံဟာ Hammerhead လို့ခေါ်တဲ့ မျိုးစိတ်မတူတဲ့ ငါးမန်းပုံစံအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

ဒါကတော့ King Shark ရဲ့ ကောမစ်ထဲက origin နဲ့ စွမ်းအားအကြောင်းတွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်ရင် ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ဒါ႐ိုက္တာ James Gunn ရဲ႕ The Suicide Squad ထဲမွာေတာ့ ပုံမွန္ျမင္ေတြ႕ေနက် ဗီလိန္ေတြလိုမဟုတ္ဘဲ တစ္ေယာက္တစ္မ်ိဴးစီ ထူးျခားေနၾကတဲ့ ဇာတ္ေကာင္ေတြကို ထည့္သြင္းထားပါတယ္။ King Shark တျဖစ္လည္း Nanaue ဟာလည္း Task Force X အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ၿပီး ဒီ႐ုပ္ရွင္ထဲက ပရိသတ္ေတြ အႀကိဳက္ဆုံးဇာတ္ေကာင္တစ္ေယာက္ဆိုလည္း မမွားပါဘူး။ King Shark ဟာ Live Action အျဖစ္ အခုမွပါဝင္တာ မဟုတ္ဘဲ CW ရဲ႕ The Flash ဇာတ္လမ္းတြဲထဲမွာလည္း ပါဝင္ခဲ့ပါတယ္။ ဒီတစ္ေခါက္မွာေတာ့ သူ႔ရဲ႕ ေကာမစ္ထဲက Origin နဲ႔ စြမ္းအားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

ေကာမစ္ Origin
photo via screenrant

King Shark ဟာ ၁၉၉၄ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Superboy Vol 4 ေကာမစ္ထဲမွာ စတင္ပါဝင္ခဲ့ပါတယ္။ ဇာတ္လမ္းရဲ႕အစမွာေတာ့ သူဟာ ဟာဝိုင္အီကြၽန္းေပၚမွာ အဖမ္းခံထားရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ဒုစ႐ိုက္ဂိုဏ္းတစ္ခုရဲ႕ အကူအညီနဲ႔ သူဟာ ေထာင္ေဖာက္သြားႏိုင္ၿပီး အဲ့ဒီဒုစ႐ိုက္ဂိုဏ္းသားေတြကိုလည္း သတ္ပစ္လိုက္ပါတယ္။ အဲ့ဒီအခ်ိန္တုန္းကေတာ့ King Shark ဟာ ဘယ္လိုသတၱဝါလည္း ဆိုတာကို မေဖာ္ျပေသးဘဲ ေနာက္ထပ္ႏွစ္ေတြ ၾကာေတာ့မွသာ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

King Shark မွာေတာ့ တျခား Origin ေတြ ရွိေနေသးေပမယ့္လည္း အဓိက Origin ထဲမွာေတာ့ သူဟာ Shark God Chondrakha နဲ႔ လူသား အမ်ိဴးသမီးတစ္ေယာက္တို႔ရဲ႕ သား ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ သူဟာ လူတစ္ပိုင္း၊ နတ္ဘုရားတစ္ပိုင္း (Demigod)လို႔ေတာင္ ေျပာလို႔ရပါတယ္။

အေပၚမွာေဖာ္ျပခဲ့သလို ေကာမစ္ထဲမွာ စတင္ပါဝင္လာတဲ့အခ်ိန္တုန္းက ေထာင္က်ေနရတဲ့အေၾကာင္းကေတာ့ King Shark ဟာ လူေပ်ာက္ဆုံးမႈေတြနဲ႔ ေသဆုံးမႈေတြမ်ားစြာအတြက္ အျပစ္ရွိေနလို႔ပဲ ျဖစ္ပါတယ္။ သူဟာ အဲ့ဒီလုပ္ရပ္ေတြကိုလည္း သူ႔အေမရဲ႕ အကူအညီနဲ႔ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ႕အေမဟာ သူ႔ကိုအလြန္ခ်စ္ၿပီး သစၥာလည္းရွိကာ တစ္ေခါက္တုန္းကဆိုရင္ King Shark အစာစားရဖို႔အတြက္ သူမရဲ႕လက္တစ္ဘက္ကိုေတာင္ စားေစခဲ့ပါတယ္။

စြမ္းအားမ်ား
photo via screenrant

King Shark ဟာ သူ႔ရဲ႕စြမ္းအားေတြေၾကာင့္ Task Force X ထဲမွာ ပါဝင္ခဲ့ရၿပီး Amanda Waller ဟာ သူ႔ကို ထိန္းခ်ဳပ္ဖို႔အတြက္ သူ႔ရဲ႕ခါးမွာ ခါးပါတ္လိုအရာနဲ႔ ဗုံးကို ခ်ိတ္ေပးထားပါတယ္။ King Shark ဟာ Demigod ျဖစ္တာေၾကာင့္ ခြန္အားနဲ႔ လ်င္ျမန္မႈေတြကေတာ့ သာမန္လူေတြထက္ အဆေပါင္းမ်ားစြာ သာလြန္ပါတယ္။ သူဟာ ငါးမန္းတစ္ဝက္၊ လူတစ္ဝက္ပုံစံ ျဖစ္ေနတာေၾကာင့္ သူ႔ရဲ႕ ခြၽန္ထက္လွတဲ့ အစြယ္ေတြနဲ႔ လက္သည္းေတြဟာလည္း လက္နက္တစ္ခုလို အသုံးခ်ႏိုင္ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ အာ႐ုံခံစားမႈေတြကို ပုံမွန္ထက္ အဆေပါင္းမ်ားစြာ ျမႇင့္တင္ႏိုင္ဖို႔အတြက္ အသံကို အသုံးျပဳႏိုင္ပါတယ္။

ဒါတင္မကေသးဘဲ သူ႔မွာ ဒဏ္ရာေတြ ျပန္လည္ေကာင္းမြန္ေစတဲ့ အစြမ္းလည္း ရွိပါေသးတယ္။ တစ္ေခါက္တုန္းကဆိုရင္ သူ႔ရဲ႕ခါးမွာခ်ိတ္ထားတဲ့ ဗုံးကို Amanda Waller က ေဖာက္ခြဲခဲ့ေပမယ့္လည္း သူကေတာ့ မေသခဲ့ပါဘူး။ New 52 Timeline ကို ေရာက္လာတဲ့အခ်ိန္မွာေတာ့ ေကာမစ္ဖန္တီးသူေတြဟာ သူ႔ရဲ႕ပုံစံကို ေျပာင္းလဲခဲ့ပါတယ္။ အစတုန္းကေတာ့ King Shark ရဲ႕ ပုံစံဟာ သာမန္ငါးမန္းပုံစံ ျဖစ္ေပမယ့္လည္း New 52 ထဲမွာေတာ့ သူ႔ရဲပုံစံဟာ Hammerhead လို႔ေခၚတဲ့ မ်ိဳးစိတ္မတူတဲ့ ငါးမန္းပုံစံအျဖစ္ ေျပာင္းလဲသြားခဲ့ပါတယ္။

ဒါကေတာ့ King Shark ရဲ႕ ေကာမစ္ထဲက origin နဲ႔ စြမ္းအားအေၾကာင္းေတြပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္ရင္ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ေပးထားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular