HomeCelebs Update NewsInternationalချစ်သူသက်တမ်း(၆)နှစ်မှာ လက်ထပ်သွားကြတဲ့ Kirsten Dunst နဲ့ Jesse Plemons

ချစ်သူသက်တမ်း(၆)နှစ်မှာ လက်ထပ်သွားကြတဲ့ Kirsten Dunst နဲ့ Jesse Plemons

နာမည်ကျော် သရုပ်ဆောင်နှစ်ယောက် ဖြစ်တဲ့ Kirsten Dunst နဲ့ Jesse Plemons တို့ကတော့ နှစ်အတန်ကြာ ချစ်သူတွေအဖြစ် တွဲလာကြပြီးနောက် တိတ်တဆိတ် လက်ထပ်လိုက်ကြပြီလို့ သိရပါတယ်။

The Power of the Dog ရုပ်ရှင်ရဲ့ တွဲဖက်သရုပ်ဆောင်တွေလည်း ဖြစ်ကြတဲ့ Kirsten Dunst နဲ့ Jesse Plemons တို့ဟာ ပြီးခဲ့တဲ့အပတ်ကပဲ ဂျမေကာနိုင်ငံ၊ Ocho Rios အနီးက GoldenEye ဇိမ်ခံ resort မှာ တိတ်တဆိတ် လက်ထပ်ပွဲ ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ ခြောက်နှစ်ကျော် ချစ်သူတွေအဖြစ် နေထိုင်ခဲ့ကြပြီး ကလေးနှစ်ယောက်လည်း ထွန်းကားထားပါတယ်။

Photo: kirstendunst/ Instagram

Kirsten နဲ့ Jesse တို့ဟာ တရားဝင် လက်မထပ်ခင်တည်းက တစ်ဦးနဲ့တစ်ဦး အကြင်လင်မယားတွေလိုပဲ သဘောထားခဲ့ကြတယ်လို့ အင်တာဗျူးတွေမှာ Kirsten က ပြောထားပါတယ်။ တကယ်တော့ သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းမှာ လက်ထပ်ဖို့ ရည်ရွယ်ခဲ့ကြပေမယ့်လည်း ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားခဲ့ပြီး ဒုတိယကိုယ်ဝန်လည်း ရရှိခဲ့တဲ့အတွက် မင်္ဂလာပွဲကို ရက်ရွှေ့ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။

“အမှန်တကယ် အခုအချိန်လောက်ဆို ကျွန်မတို့က လက်ထပ်ရတော့မှာလေ။ ဒါက တော်တော်လေး ဆိုးတယ်။ ကျွန်မတို့ မင်္ဂလာပွဲကို မစီစဉ်ရသေးတာ။ ကျွန်မက ကိုယ်ဝန်ကြီးတကားကားနဲ့တော့ လက်မထပ်ချင်ဘူးလေ။ မင်္ဂလာပွဲတွေလုပ်၊ ပါတီတွေ လုပ်ပေမယ့် ကိုယ်လည်းမပျော်ရဘူး ဖြစ်နေမှာ မဟုတ်လား …” လို့ Kirsten က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြောခဲ့ပါတယ်။

Photo: garyfromgamenight/ Instagram

အသက်(၄၀)နှစ်အရွယ် Kirsten နဲ့ အသက်(၃၄)နှစ်အရွယ် Jesse တို့ကတော့ FX ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ Fargo ဇာတ်လမ်းတွဲ season 2 မှာ စတင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ အဆိုပါဇာတ်လမ်းတွဲထဲမှာတော့ သူတို့နှစ်ဦးဟာ လက်ထပ်ထားတဲ့ ဇနီးမောင်နှံတွေအဖြစ် သရုပ်ဆောင်ခဲ့ကြတာပါ။ ဒီလိုနဲ့ ၂၀၁၆ ခုနှစ်မှာ အပြင်ဘဝမှာပါ ချစ်သူတွေ ဖြစ်ခဲ့ကြပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာတော့ စေ့စပ်ခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးမှာတော့ အသက်(၄)နှစ်အရွယ် Ennis Howard နဲ့ အသက်(၁၄)လအရွယ် James Robert ဆိုတဲ့ သားနှစ်ယောက် ထွန်းကားထားပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular