HomeCelebs Update NewsInternationalGame of Thrones အပြီးမှာ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့ Kit Harington

Game of Thrones အပြီးမှာ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့ Kit Harington

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Jon Snow နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Kit Harington ဟာ Game of Thrones ဇာတ်လမ်းတွဲ ရိုက်ကူးပြီးနောက်မှာတော့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။

အကြောင်းကတော့ ဒီဇာတ်လမ်းတွဲရဲ့ သဘောသဘာဝနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ Game of Thrones ကတော့ HBO က ထုတ်လုပ်ခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲတစ်ခု ဖြစ်ပြီး Kit အတွက်လည်း သရုပ်ဆောင်လောကမှာ နာမည်တစ်ခုရစေခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။

photo via screenrant

Jon Snow ဟာ ဒီဇာတ်လမ်းတွဲ တလျှောက်လုံးမှာ အနိမ့်အမြင့် အတက်အကျနဲ့ အခက်အခဲများစွာရှိတဲ့ ခရီးရှည်ကြီးကို လျှောက်လှမ်းခဲ့ရပါတယ်။ ဇာတ်လမ်းအစမှာပဲ Jon Snow ဟာ Winterfell ကနေ ထွက်ခွာလာပြီး ညစောင့်အဖွဲ့ထဲကို ဝင်ရောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ Westeros ကို White Walker တွေနဲ့ လူသားတွေရဲ့ လက်ကနေ ကာကွယ်ပေးခဲ့ပါတယ်။ ဒီအချက်တွေကြောင့်ပဲ Jon Snow ဟာ ဒီဇာတ်လမ်းတွဲရဲ့ အရေးကြီးဆုံး ဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်နေပြီး ပရိသတ်တွေ အကြိုက်ဆုံး ဇာတ်ကောင်တွေထဲမှာလည်း ပါဝင်နေပါတယ်။

The Hollywood Reporter နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ Kit Harington ဟာ ဒီဇာတ်လမ်းတွဲ ရိုက်ကူးအပြီးမှာ ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။

” GoT ဇာတ်သိမ်းကို ရိုက်နေတဲ့အချိန်နဲ့ ရိုက်ပြီးသွားတဲ့အချိန်တွေမှာ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲ့ဒီစိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေက ဒီဇာတ်လမ်းတွဲရဲ့ သဘောသဘာဝနဲ့ ရက်စက်မှုတွေကြောင့် ဖြစ်လာတာပါ။ ပြီးတော့ ဒီဇာတ်လမ်းတွဲမှာ ကျွန်တော်က နှစ်ပေါင်းများစွာ သရုပ်ဆောင်ခဲ့ရတာလေ … “

photo via screenrant

ဒါကြောင့်လည်း Kit Harington ဟာ ဒီဇာတ်လမ်းတွဲ ပြီးသွားတဲ့နောက်မှာ အချိန်တစ်ခုထိ သရုပ်ဆောင်ဘဝကနေ အနားယူနေခဲ့တာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ Kit ဟာ အနားယူနေရတဲ့အချိန်မှာ စိတ်ကျန်းမာရေးစင်တာကို သွားခဲ့ရပါသေးတယ်။

ကံကောင်းစွာနဲ့ပဲ အခုချိန်မှာတော့ Kit ဟာ ဟောလိဝုဒ်လောကထဲကို သရုပ်ဆောင်အနေနဲ့ ပြန်လာဖို့ အဆင်သင့်ဖြစ်နေပြီးတော့ Marvel ရဲ့ Eternals ရုပ်ရှင်ထဲမှာ Dane Whitman တဖြစ်လည်း Black Knight အဖြစ် ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Jon Snow ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသား Kit Harington ဟာ Game of Thrones ဇာတ္လမ္းတြဲ ႐ိုက္ကူးၿပီးေနာက္မွာေတာ့ စိတ္ပိုင္းဆိုင္ရာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ခဲ့ရတယ္လို႔ သိရပါတယ္။

အေၾကာင္းကေတာ့ ဒီဇာတ္လမ္းတြဲရဲ႕ သေဘာသဘာဝနဲ႔ ရက္စက္ၾကမ္းၾကဳတ္မႈေတြေၾကာင့္ပဲ ျဖစ္ပါတယ္။ Game of Thrones ကေတာ့ HBO က ထုတ္လုပ္ခဲ့တဲ့ နာမည္ႀကီးဇာတ္လမ္းတြဲတစ္ခု ျဖစ္ၿပီး Kit အတြက္လည္း သ႐ုပ္ေဆာင္ေလာကမွာ နာမည္တစ္ခုရေစခဲ့တဲ့ ဇာတ္လမ္းတြဲတစ္ခု ျဖစ္ပါတယ္။

photo via screenrant

Jon Snow ဟာ ဒီဇာတ္လမ္းတြဲ တေလွ်ာက္လုံးမွာ အနိမ့္အျမင့္ အတက္အက်နဲ႔ အခက္အခဲမ်ားစြာရွိတဲ့ ခရီးရွည္ႀကီးကို ေလွ်ာက္လွမ္းခဲ့ရပါတယ္။ ဇာတ္လမ္းအစမွာပဲ Jon Snow ဟာ Winterfell ကေန ထြက္ခြာလာၿပီး ညေစာင့္အဖြဲ႕ထဲကို ဝင္ေရာက္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူဟာ Westeros ကို White Walker ေတြနဲ႔ လူသားေတြရဲ႕ လက္ကေန ကာကြယ္ေပးခဲ့ပါတယ္။ ဒီအခ်က္ေတြေၾကာင့္ပဲ Jon Snow ဟာ ဒီဇာတ္လမ္းတြဲရဲ႕ အေရးႀကီးဆုံး ဇာတ္ေကာင္ေတြထဲက တစ္ေယာက္ျဖစ္ေနၿပီး ပရိသတ္ေတြ အႀကိဳက္ဆုံး ဇာတ္ေကာင္ေတြထဲမွာလည္း ပါဝင္ေနပါတယ္။

The Hollywood Reporter နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာေတာ့ Kit Harington ဟာ ဒီဇာတ္လမ္းတြဲ ႐ိုက္ကူးအၿပီးမွာ ႀကီးမားတဲ့ စိတ္ပိုင္းဆိုင္ရာ အခက္အခဲေတြ ႀကဳံေတြ႕ခဲ့ရတယ္လို႔ ေျပာျပခဲ့ပါတယ္။

” GoT ဇာတ္သိမ္းကို ႐ိုက္ေနတဲ့အခ်ိန္နဲ႔ ႐ိုက္ၿပီးသြားတဲ့အခ်ိန္ေတြမွာ စိတ္ပိုင္းဆိုင္ရာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ အဲ့ဒီစိတ္ပိုင္းဆိုင္ရာ အခက္အခဲေတြက ဒီဇာတ္လမ္းတြဲရဲ႕ သေဘာသဘာဝနဲ႔ ရက္စက္မႈေတြေၾကာင့္ ျဖစ္လာတာပါ။ ၿပီးေတာ့ ဒီဇာတ္လမ္းတြဲမွာ ကြၽန္ေတာ္က ႏွစ္ေပါင္းမ်ားစြာ သ႐ုပ္ေဆာင္ခဲ့ရတာေလ … “

photo via screenrant

ဒါေၾကာင့္လည္း Kit Harington ဟာ ဒီဇာတ္လမ္းတြဲ ၿပီးသြားတဲ့ေနာက္မွာ အခ်ိန္တစ္ခုထိ သ႐ုပ္ေဆာင္ဘဝကေန အနားယူေနခဲ့တာ ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ Kit ဟာ အနားယူေနရတဲ့အခ်ိန္မွာ စိတ္က်န္းမာေရးစင္တာကို သြားခဲ့ရပါေသးတယ္။

ကံေကာင္းစြာနဲ႔ပဲ အခုခ်ိန္မွာေတာ့ Kit ဟာ ေဟာလိဝုဒ္ေလာကထဲကို သ႐ုပ္ေဆာင္အေနနဲ႔ ျပန္လာဖို႔ အဆင္သင့္ျဖစ္ေနၿပီးေတာ့ Marvel ရဲ႕ Eternals ႐ုပ္ရွင္ထဲမွာ Dane Whitman တျဖစ္လည္း Black Knight အျဖစ္ ပါဝင္လာဦးမွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular