HomeCelebs Update NewsInternationalJon Snow လို ကာရိုက်တာမျိုး နောက်ထပ်သရုပ်မဆောင်ချင်တော့ဘူးဆိုတဲ့ Kit Harington 

Jon Snow လို ကာရိုက်တာမျိုး နောက်ထပ်သရုပ်မဆောင်ချင်တော့ဘူးဆိုတဲ့ Kit Harington 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Game of Thrones ထဲက အဓိကဇာတ်ကောင် Jon Snow အဖြစ် ဆယ်နှစ်ကျော်ကြာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Kit Harington ဟာ စိတ်ခံစားချက်တွေကို ဖိနှိပ်မျိုသိပ်ပြီး နှုတ်ဆိတ်နေရတဲ့ ကာရိုက်တာမျိုးကို နောက်ထပ် သရုပ်မဆောင်ချင်တော့ဘူးလို့ ဆိုလိုက်ပါတယ်။

Game of Thrones ထဲမှာ Jon Snow အဖြစ် သရုပ်ဆောင်ခဲ့ရတဲ့ Kit Harington ဟာ သူသရုပ်ဆောင်ခဲ့ရတဲ့ ဇာတ်ရုပ်နဲ့ ပတ်သက်ပြီး ပြန်လည်စဉ်းစား ဆင်ခြင်မိတာတွေ ရှိသလို အမျိုးသားတွေမှာ မျိုးရိုးဗီဇလိုက်ပြီး စိတ်ခံစားချက်တွေကို အတင်းဖိနှိပ် မျိုသိပ်ထားရတဲ့ စိတ်ဒဏ်ရာရှိနေတတ်ကြပြီး ကိုယ့်စိတ်ထဲက ခံစားချက်ကို ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်း ထုတ်ပြောဖို့ ခက်ခဲကြတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။

©HBO

“ကျွန်တော် ခံစားမိတာကတော့ အမျိုးသားတွေမှာ စိတ်ခံစားချက်အပိုင်းမှာ ပြဿနာတစ်ခု ရှိနေကြတယ်။ ပိတ်ဆို့မှုတစ်ခုပေါ့။ ဒုတိယကမ္ဘာစစ်ကနေစပြီး ဖြစ်ပေါ်လာတဲ့ ပိတ်ဆို့မှုတစ်ခုပေါ့။ အဲ့ဒီ့ဟာက အဘိုးကနေ အဖေ၊ အဖေကနေ သားအထိ လက်ဆင့်ကမ်းပြီး စိတ်ပိုင်းဆိုင်ရာ အမွေရလာတဲ့သဘောပဲ။ ကျွန်တော်တို့ ယောက်ျားတွေမှာ စိတ်ထဲမှာ ဘယ်လိုခံစားနေရတယ်ဆိုတာ ထုတ်မပြောတတ်ကြဘူး။ ဘာလို့လည်းဆိုတော့ အဲ့လိုထုတ်ပြောတာဟာ အားနည်းချက်ကို ပြသရာရောက်တယ်၊ ယောက်ျားမဆန်ဘူးလို့ သတ်မှတ်ထားတာတွေကြောင့်ပဲ … ”

“သူရဲကောင်းဆန်ပေမယ့် နှုတ်ဆိတ်ပြီးနေရတဲ့ ကာရိုက်တာမျိုးကို သရုပ်ဆောင်ခဲ့ရတဲ့ သူတစ်ယောက်အနေနဲ့ ဒါမျိုးကိုတော့ နောက်ထပ် သရုပ်မဆောင်ချင်တော့ဘူး။ ဒီဇာတ်ရုပ်မျိုးဟာ ကျွန်တော် ထပ်မလုပ်ချင်တော့တဲ့ ဇာတ်ရုပ်မျိုးပဲ။ အဲ့ထက်ပိုပြီး ယောက်ျားဆန်တာ၊ တင်းကြပ်တာမျိုးတွေနဲ့ ကာရိုက်တာမျိုးကို ကမ္ဘာကြီးက မြင်တွေ့ရဖို့ မလိုအပ်တော့ဘူးလို့ ထင်တာပဲ.. ” လို့ Telegraph သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

©Netflix

အသက်(၃၃)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသား Kit Harington ဟာ ယောက်ျားလေး၊ မိန်းမလေးဆိုပြီး သီးသန့် ခွဲခြားပြီး ပြုစုပျိုးထောင်နည်းမျိုးနဲ့ ကြီးပြင်းခဲ့ရသူ မဟုတ်ဘဲ မိခင်ရဲ့ အယူအဆအောက်မှာ တစ်သမတ်တည်း မဟုတ်တဲ့ ပုံစံနဲ့ ကြီးပြင်းခဲ့ရတယ်လို့လည်း ဆိုပါတယ်။

“ကျွန်တော်က Mighty Max (animated horror ကာတွန်းစီးရီး) ကြည့်ချင်တယ်လို့ တောင်းဆိုရင် အမေက Polly Pocket (မိန်းကလေးဇာတ်ကောင်နဲ့ ကာတွန်းစီးရီး)ကို ဝယ်ပေးတာမျိုး။ ကျွန်တော်က စစ်သားရုပ် ပူဆာရင် သူက အရုပ်မ ဝယ်ပေးတာမျိုး။ အဲ့တော့ ငယ်ငယ်တည်းက အမေက ယောက်ျားလေးဆို သန်မာရမယ်ဆိုတဲ့ စည်းတွေ၊ ဘောင်တွေကို ချိုးဖျက်ထားတဲ့သူပေါ့။ အဲ့တော့ ကျွန်တော်ကလည်း ဒီ flow အတိုင်းပဲ ကြီးပြင်းလာခဲ့ရတာပေါ့ဗျာ …” လို့ Kit က ဆိုပါတယ်။

Kit ဟာ လက်ရှိမှာတော့ Netflix ရဲ့ ရဲမှုခင်းဒရာမာစီးရီး Criminal ရဲ့ season 2 မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Glasgow

Source: indian express

(Zawgyi Version)

နာမည္ေက်ာ္ ႐ုပ္သံဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ Game of Thrones ထဲက အဓိကဇာတ္ေကာင္ Jon Snow အျဖစ္ ဆယ္ႏွစ္ေက်ာ္ၾကာ သ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသား Kit Harington ဟာ စိတ္ခံစားခ်က္ေတြကို ဖိႏွိပ္မ်ိဳသိပ္ၿပီး ႏႈတ္ဆိတ္ေနရတဲ့ ကာ႐ိုက္တာမ်ိဳးကို ေနာက္ထပ္ သ႐ုပ္မေဆာင္ခ်င္ေတာ့ဘူးလို႔ ဆိုလိုက္ပါတယ္။

Game of Thrones ထဲမွာ Jon Snow အျဖစ္ သ႐ုပ္ေဆာင္ခဲ့ရတဲ့ Kit Harington ဟာ သူသ႐ုပ္ေဆာင္ခဲ့ရတဲ့ ဇာတ္႐ုပ္နဲ႔ ပတ္သက္ၿပီး ျပန္လည္စဥ္းစား ဆင္ျခင္မိတာေတြ ရွိသလို အမ်ိဳးသားေတြမွာ မ်ိဳး႐ိုးဗီဇလိုက္ၿပီး စိတ္ခံစားခ်က္ေတြကို အတင္းဖိႏွိပ္ မ်ိဳသိပ္ထားရတဲ့ စိတ္ဒဏ္ရာရွိေနတတ္ၾကၿပီး ကိုယ့္စိတ္ထဲက ခံစားခ်က္ကို ႐ိုး႐ိုးသားသား၊ ပြင့္ပြင့္လင္းလင္း ထုတ္ေျပာဖို႔ ခက္ခဲၾကတဲ့အေၾကာင္းကို ေျပာျပခဲ့ပါတယ္။

©HBO

“ကြၽန္ေတာ္ ခံစားမိတာကေတာ့ အမ်ိဳးသားေတြမွာ စိတ္ခံစားခ်က္အပိုင္းမွာ ျပႆနာတစ္ခု ရွိေနၾကတယ္။ ပိတ္ဆို႔မႈတစ္ခုေပါ့။ ဒုတိယကမာၻစစ္ကေနစၿပီး ျဖစ္ေပၚလာတဲ့ ပိတ္ဆို႔မႈတစ္ခုေပါ့။ အဲ့ဒီ့ဟာက အဘိုးကေန အေဖ၊ အေဖကေန သားအထိ လက္ဆင့္ကမ္းၿပီး စိတ္ပိုင္းဆိုင္ရာ အေမြရလာတဲ့သေဘာပဲ။ ကြၽန္ေတာ္တို႔ ေယာက္်ားေတြမွာ စိတ္ထဲမွာ ဘယ္လိုခံစားေနရတယ္ဆိုတာ ထုတ္မေျပာတတ္ၾကဘူး။ ဘာလို႔လည္းဆိုေတာ့ အဲ့လိုထုတ္ေျပာတာဟာ အားနည္းခ်က္ကို ျပသရာေရာက္တယ္၊ ေယာက္်ားမဆန္ဘူးလို႔ သတ္မွတ္ထားတာေတြေၾကာင့္ပဲ … ”

“သူရဲေကာင္းဆန္ေပမယ့္ ႏႈတ္ဆိတ္ၿပီးေနရတဲ့ ကာ႐ိုက္တာမ်ိဳးကို သ႐ုပ္ေဆာင္ခဲ့ရတဲ့ သူတစ္ေယာက္အေနနဲ႔ ဒါမ်ိဳးကိုေတာ့ ေနာက္ထပ္ သ႐ုပ္မေဆာင္ခ်င္ေတာ့ဘူး။ ဒီဇာတ္႐ုပ္မ်ိဳးဟာ ကြၽန္ေတာ္ ထပ္မလုပ္ခ်င္ေတာ့တဲ့ ဇာတ္႐ုပ္မ်ိဳးပဲ။ အဲ့ထက္ပိုၿပီး ေယာက္်ားဆန္တာ၊ တင္းၾကပ္တာမ်ိဳးေတြနဲ႔ ကာ႐ိုက္တာမ်ိဳးကို ကမာၻႀကီးက ျမင္ေတြ႕ရဖို႔ မလိုအပ္ေတာ့ဘူးလို႔ ထင္တာပဲ.. ” လို႔ Telegraph သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

©Netflix

အသက္(၃၃)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ မင္းသား Kit Harington ဟာ ေယာက္်ားေလး၊ မိန္းမေလးဆိုၿပီး သီးသန႔္ ခြဲျခားၿပီး ျပဳစုပ်ိဳးေထာင္နည္းမ်ိဳးနဲ႔ ႀကီးျပင္းခဲ့ရသူ မဟုတ္ဘဲ မိခင္ရဲ႕ အယူအဆေအာက္မွာ တစ္သမတ္တည္း မဟုတ္တဲ့ ပုံစံနဲ႔ ႀကီးျပင္းခဲ့ရတယ္လို႔လည္း ဆိုပါတယ္။”ကြၽန္ေတာ္က Mighty Max (animated horror ကာတြန္းစီးရီး) ၾကည့္ခ်င္တယ္လို႔ ေတာင္းဆိုရင္ အေမက Polly Pocket (မိန္းကေလးဇာတ္ေကာင္နဲ႔ ကာတြန္းစီးရီး)ကို ဝယ္ေပးတာမ်ိဳး။ ကြၽန္ေတာ္က စစ္သား႐ုပ္ ပူဆာရင္ သူက အ႐ုပ္မ ဝယ္ေပးတာမ်ိဳး။ အဲ့ေတာ့ ငယ္ငယ္တည္းက အေမက ေယာက္်ားေလးဆို သန္မာရမယ္ဆိုတဲ့ စည္းေတြ၊ ေဘာင္ေတြကို ခ်ိဳးဖ်က္ထားတဲ့သူေပါ့။ အဲ့ေတာ့ ကြၽန္ေတာ္ကလည္း ဒီ flow အတိုင္းပဲ ႀကီးျပင္းလာခဲ့ရတာေပါ့ဗ်ာ …” လို႔ Kit က ဆိုပါတယ္။

Kit ဟာ လက္ရွိမွာေတာ့ Netflix ရဲ႕ ရဲမႈခင္းဒရာမာစီးရီး Criminal ရဲ႕ season 2 မွာ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

Glasgow

Source: indian express

 

RELATED ARTICLES

Most Popular