HomeEntertainmentFilmယခုနှစ် နှောင်းပိုင်းမှာ ရုံတင်ပြီး Netflix မှာပါ ပြသသွားမယ့် Knives Out 2

ယခုနှစ် နှောင်းပိုင်းမှာ ရုံတင်ပြီး Netflix မှာပါ ပြသသွားမယ့် Knives Out 2

ဒါရိုက်တာ Rian Johnson ရိုက်ကူးထားတဲ့ Knives Out 2 ဟာ ယခုနှစ်နှောင်းပိုင်းမှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီရုပ်ရှင်ကို Netflix မှာပဲ ပြသသွားမှာ မဟုတ်ဘဲ ရုပ်ရှင်ရုံမှာပါ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ပထမဇာတ်ကားကတော့ ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ ထွက်ရှိခဲ့ပြီး နာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်တဲ့ Daniel Craig ၊ Chris Evans နဲ့ Ana de Armas တို့ အဓိက ပါဝင်ခဲ့ပါတယ်။ ဒါရိုက်တာ Rian Johnson ဟာ ဒီရုပ်ရှင်ရဲ့ ဇာတ်ညွှန်းရေးသားမှုအတွက် အော်စကာဆုတောင် စံကာတင်စာရင်း ဝင်ခဲ့ပါသေးတယ်။

photo via screenrant

ဒီရုပ်ရှင်ကို ဖန်တီးဖို့အတွက် ဘတ်ဂျက်အနေနဲ့ ဒေါ်လာ သန်း(၄၀)ပဲ ကုန်ကျခဲ့ပေမယ့် Box-Office ဝင်ငွေမှာတော့ ဒေါ်လာ(၃၁၁)သန်းကျော် ရရှိခဲ့ပါတယ်။ ဒီလို အောင်မြင်မှုတွေ ရရှိခဲ့တာကြောင့် Sequel ဟာလည်း ယခုနှစ်နှောင်းပိုင်းမှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Knives Out 2 ထဲမှာတော့ Daniel Craig ဟာ ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပေမယ့်လည်း ကျန်တဲ့သရုပ်ဆောင်တွေကတော့ ပြန်လာတော့မှာ မဟုတ်ဘဲ သရုပ်ဆောင်အသစ်တွေကို မြင်တွေ့ရမှာပါ။

Sequel ထဲမှာ ပါဝင်လာမယ့် နာမည်ကျော်သရုပ်ဆောင်တွေကတော့ Ethan Hawke ၊ Dave Bautista ၊ Jessica Henwick ၊ Kathryn Hahn ၊ Edward Norton ၊ Leslie Odom Jr. ၊ Kate Hudson ၊ Janelle Monae နဲ့ Madelyn Cline တို့ပဲ ဖြစ်ပါတယ်။

ရိုက်ကူးရေးကတော့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ပြီးဆုံးသွားပြီ ဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကိုတော့ အခုထိ မသိရသေးပါဘူး။ Sequel ကလည်း ယခုနှစ်နှောင်းပိုင်းမှာ ထွက်ရှိလာမယ်လို့ပဲ သိရသေးပြီး ရက်အတိအကျကိုတော့ မသိရသေးပါဘူး။

photo via screenrant

ပထမဇာတ်ကားကိုတော့ ၂၀၁၉ ခုနှစ် နှောင်းပိုင်းရဲ့ ကျေးဇူးတော်နေ့ အချိန်ကာလမှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး Sequel ကိုလည်း ယခုနှစ်နှောင်းပိုင်းလို့ ကြေညာထားတာကြောင့် အဲ့ဒီအချိန်ကာလဝန်းကျင်မှာပဲ ထွက်ရှိလာနိုင်ပါတယ်။ Daniel Craig ရဲ့ ပြောပြချက်အရ Sequel ဟာ ပထမဇာတ်ကားနဲ့ အလွန်ကွာခြားတယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ ဘယ်လိုစိတ်ဝင်စားစရာတွေ မြင်တွေ့ရမလည်းဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular