HomeEntertainmentFilm၂၀၂၀မှာ ဒရာမာအမိုက်စားတွေနဲ့ comeback ပြန်လာကြတဲ့ (၃၀)ကျော်ကွီးများ

၂၀၂၀မှာ ဒရာမာအမိုက်စားတွေနဲ့ comeback ပြန်လာကြတဲ့ (၃၀)ကျော်ကွီးများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၂၀၁၉ခုနှစ် နှစ်ကုန်ပိုင်းကစလို့ ယခု ၂၀၂၀ခုနှစ်အတွင်းမှာ ကိုရီးယားဒရာမာလောကထဲက ထိပ်တန်းမင်းသား အများစုဟာ ပရိသတ်တွေ အသည်းစွဲရစေမယ့် ဒရာမာအမိုက်စားတွေနဲ့ comeback ပြန်လာခဲ့ကြပါတယ်။ ၂၀၀၀ခုနှစ်အစောပိုင်းဝန်းကျင်ထဲက အောင်မြင်လာခဲ့တဲ့ ဒီမင်းသားတွေဟာ ယခုအချိန်မှာတော့ အသက်(၃၀)ကျော်နေကြပါပြီ။ ဒါပေမယ့်လည်း ယခင်ကထက် ပိုပြီးစိန်ခေါ်မှုများတဲ့ ကာရိုက်တာတွေ၊ ဒရာမာအမျိုးအစားတွေနဲ့ တီဗွီဖန်သားပြင်ပေါ်ကို တစ်ဖန်ရောက်ရှိလာကြသလို ကိုရီးယားပြည်တွင်းမှာသာမက ကမ္ဘာအနှံ့မှာပါ ပရိသတ်တွေ ရရှိလာကြပြီ ဖြစ်ပါတယ်။ အမိုက်စားဒရာမာတွေနဲ့ ပရိသတ်တွေဆီကို ပြန်လာခဲ့တဲ့ ကွီးတွေကတော့ …

Ju Ji Hoon (၃၈)နှစ်
Photo: _jujihoon/ Instagram

မင်းသား Ju Ji Hoon ဟာ Princess Hours ဆိုတဲ့ ဒရာမာနဲ့ ၂၀၀၆ခုနှစ်လောက်တည်းက အောင်မြင်မှု ရရှိထားတဲ့ မင်းသားတစ်လက် ဖြစ်ပါတယ်။ Princess Hours ဟာ ကိုရီးယားပြည်တွင်းနဲ့ အာရှနိုင်ငံအများအပြားမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ ဒရာမာတစ်ခုပါ။ အဲ့ဒီ့ဒရာမာထဲက Ju Ji Hoon ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုကြောင့် MBC Drama Awards ဆုပေးပွဲမှာ အကောင်းဆုံး သရုပ်ဆောင်မင်းသားဆုကို ရရှိခဲ့ပါသေးတယ်။ Ju Ji Hoon ရဲ့ ၂၀၂၀ comeback ကတော့ Kingdom ဇာတ်လမ်းတွဲ ဒုတိယ season နဲ့ Hyena တို့ ဖြစ်ပါတယ်။ Kingdom ဟာ ပရိသတ်တွေကြားထဲမှာ ရေပန်းစားခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။

Hyun Bin (၃၇)နှစ်
Photo: vast.ent/ Instagram

မင်းသား Hyun Bin ရဲ့ Crash Landing On You ဒရာမာဟာ ကိုရီးယားနိုင်ငံရဲ့ ရုပ်မြင်သံကြားသမိုင်းမှာ တတိယအမြင့်ဆုံး ranking ချိတ်ထားတဲ့ ဇာတ်လမ်းတွဲအဖြစ် ရပ်တည်နေပါတယ်။ ဒါ့အပြင် ဒရာမာထဲမှာပါတဲ့ Hyun Bin ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုနဲ့ နုပျိုခန့်ငြားမှုတို့ကြောင့် ကောင်မလေးတွေရဲ့ အိုပါး ဗိုလ်ကြီးအဖြစ် ပိုပြီးရေပန်းစားသွားပါသေးတယ်။

သို့ပေမယ့် Captain Ri ဇာတ်ကောင်ဟာ Hyun Bin ကို ကောင်မလေးတွေ ကြွေခဲ့ရတဲ့ ပထမဆုံးသော ကာရိုက်တာတော့ မဟုတ်ပါဘူး။ ၂၀၀၅ခုနှစ်က ထွက်ရှိခဲ့တဲ့ My Lovely Sam-Soon ဆိုရင် ဂန္ထဝင်ဒရာမာအဖြစ် သတ်မှတ်ခံခဲ့ရပြီး ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တဲ့ Secret Garden ဆိုရင်လည်း ဖက်ရှင်နဲ့ ဂီတမှာ အာရှတစ်လွှားကိုပါ ကိုင်လှုပ်နိုင်ခဲ့ပါတယ်။ Secret Garden ထဲက ပုံရိပ်တွေဟာလည်း အထင်ကရဖြစ်ခဲ့တဲ့အပြင် ပေါ့ပ်ယဉ်ကျေးမှုထဲမှာ မကြာခဏ ညွှန်းဆိုခံရတဲ့ ဒရာမာလည်း ဖြစ်ခဲ့ပါသေးတယ်။

Jo Jung Suk (၃၉)နှစ်
Photo: jojungsuk/ Instagram

မင်းသား Jo Jung Suk ဟာ ပြဇာတ်လောကမှာလည်း နာမည်တစ်လုံးနဲ့လူ ဖြစ်သလို ရုပ်ရှင်ဘက်မှာလည်း Architecture 101 ဇာတ်ကားနဲ့ အသိအမှတ်ပြုခံထားရသူ ဖြစ်ပါတယ်။ Jo Jung Suk ကို ဒရာမာလောကမှာ စတင်အောင်မြင်စေခဲ့တဲ့ ဒရာမာကတော့ ၂၀၁၂ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The King 2 Hearts ဖြစ်ပါတယ်။ အဲ့ဒီ့နောက်ပိုင်းမှာတော့ ရိုမန့်စ်ဟာသ ဒရာမာများစွာကို ရိုက်ကူးခဲ့ပြီး ပရိသတ်ရဲ့ အသည်းနှလုံးကို ရရှိခဲ့သူ ဖြစ်ပါတယ်။ Jo Jung Suk ရဲ့ ၂၀၂၀ comeback ကတော့ Hospital Playlist ဖြစ်ပါတယ်။

Lee Min Ho (၃၂)နှစ်
Photo: actorleeminho/ Instagram

မင်းသားချော Lee Min Ho ရဲ့ ၂၀၂၀ comeback ကတော့ စစ်မှုထမ်းကအပြန် ပထမဆုံး သရုပ်ဆောင်ထားတဲ့ The King: Eternal Monarch ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ Lee Min Ho ဟာ ၂၀၀၉ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Boys Over Flower ဒရာမာနဲ့ အောင်မြင်မှု စတင်ရရှိခဲ့ပြီး အာရှတစ်လွှားမှာ လူသိများ ကျော်ကြားတဲ့ မင်းသားတစ်လက် ဖြစ်စေခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၁ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ City Hunter ဇာတ်လမ်းတွဲကြောင့် ဥရောပအထိကိုပါ ထိုးဖောက်နိုင်ခဲ့ပြန်ပါတယ်။

ကိုရီးယားရဲ့ ဖျော်ဖြေရေးလှိုင်း ထိုးဖောက်မှုမှာ အရေးပါတဲ့ မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ၂၀၁၃ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Heirs ဇာတ်လမ်းတွဲနဲ့ ပိုပြီးအောင်မြင်ခဲ့ပါတယ်။ အဲ့ဒီ့အချိန်မှာတော့ streaming ဝက်ဘ်ဆိုဒ်တွေ စတင်ခေတ်စားလာခဲ့ပြီမို့ အထူးသဖြင့် တရုတ်မှာ ဝက်ဝက်ကွဲ အောင်မြင်မှုရရှိပြီး ပရိသတ်အခိုင်အမာ ရရှိခဲ့ပါတယ်။ ၂၀၁၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Legend of the Blue Sea ဒရာမာနဲ့လည်း တရှိန်ထိုး အောင်မြင်ခဲ့ပါသေးတယ်။

Park Seo Joon (၃၁)နှစ်
Photo: bn_sj2013/ Instagram

၂၀၂၀မှာ comeback ပြန်လာတဲ့ Park Seo Joon ရဲ့ ဒရာမာကတော့ Itaewon Class ဖြစ်ပါတယ်။ Park Seo Joon ဟာ ယခင်က ရိုမန့်စ်ဟာသ ဒရာမာတွေရဲ့ ဘုရင်လို့ တင်စားခံထားရာကနေ Itaewon Class ထဲက ကြမ်းတမ်းတဲ့ သရုပ်ဆောင်မှုတွေနဲ့ သူ့ရဲ့စွယ်စုံရတဲ့ စကေးလ်ကို ပြသခဲ့ပါတယ်။ Park Seo Joon သရုပ်ဆောင်ခဲ့တဲ့ ဒရာမာတွေကတော့ ၂၀၁၅ခုနှစ်မှာ She Was Pretty ၊ ၂၀၁၇ခုနှစ်မှာ Fight For My Way ၊ ၂၀၁၈ခုနှစ်မှာ What’s Wrong With Secretary Kim ဒရာမာတို့ဖြစ်ပါတယ်။

Ji Chang Wook (၃၂)နှစ်
Photo: jichangwook/ Instagram

မင်းသား Ji Chang Wook ဟာ ကိုရီးယားပြည်တွင်းမှာ နာမည်တစ်လုံး ရရှိထားပြီးသား သရုပ်ဆောင်ဖြစ်ပေမယ့် ၂၀၁၄ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Healer ဇာတ်လမ်းတွဲကြောင့် ထိပ်တန်းမင်းသားနေရာကို ရရှိခဲ့ပါတယ်။ Healer ဇာတ်လမ်းတွဲထဲမှာ အသွင်ယူပြီး သတင်းပေးနေသူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားခြင်းက သူ့ရဲ့စွယ်စုံရတဲ့ သရုပ်ဆောင်စွမ်းရည်တွေကို ထုတ်ပြပြီးသား ဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် The K2 ဒရာမာထဲမှာ သရုပ်ဆောင်ဖို့ ပြင်းထန်တဲ့ ကိုယ်ခံပညာတေွ သင်ကြားခဲ့တာ၊ ဘော်ဒီထရိန်းတာတွေနဲ့ diet တွေပါ ပြုလုပ်ပြီး ပြင်ဆင်ခဲ့တာကြောင့် ပရိသတ်ရဲ့ ချီးမွမ်းမှုကို ရရှိခဲ့ပါသေးတယ်။ ၂၀၂၀ comeback မှာတော့ Backstreet Rookie ဒရာမာနဲ့ ပြန်လာခဲ့သူ ‌ဖြစ်ပါတယ်။

Kim Soo Hyun (၃၂)နှစ်
Photo: soohyun_k216/ Instagram

မင်းသား Kim Soo Hyun ဟာ ၂၀၁၁ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဆယ်ကျော်သက်ဒရာမာ Dream High ၊ ၂၀၁၂ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Moon Embracing The Sun နန်းတွင်းဒရာမာနဲ့ ၂၀၁၃ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ My Love From The Star ဒရာမာတို့ကြောင့် နိုင်ငံတကာအထိပါ ထိုးဖောက်နိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ Kim Soo Hyun ရဲ့ ၂၀၂၀ comeback ကတော့ It’s Okay To Not Be Okay ဒရာမာဖြစ်ပြီး လက်ရှိမှာ ဟော့နေတဲ့ ဒရာမာလည်း ဖြစ်ပါတယ်။

ဒါကတော့ ၂၀၂၀မှာ comeback ပြန်လာကြတဲ့ အသက်သုံးဆယ်ကျော် ကွီးတွေပဲ ဖြစ်ပါတယ်။ ဘယ်ကွီးက စာဖတ်သူတို့ရဲ့ အသည်းစွဲလည်းဆိုတာ ပြောပြခဲ့ပါဦး။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

၂၀၁၉ခုႏွစ္ ႏွစ္ကုန္ပိုင္းကစလို႔ ယခု ၂၀၂၀ခုႏွစ္အတြင္းမွာ ကိုရီးယားဒရာမာေလာကထဲက ထိပ္တန္းမင္းသား အမ်ားစုဟာ ပရိသတ္ေတြ အသည္းစြဲရေစမယ့္ ဒရာမာအမိုက္စားေတြနဲ႔ comeback ျပန္လာခဲ့ၾကပါတယ္။ ၂၀၀၀ခုႏွစ္အေစာပိုင္းဝန္းက်င္ထဲက ေအာင္ျမင္လာခဲ့တဲ့ ဒီမင္းသားေတြဟာ ယခုအခ်ိန္မွာေတာ့ အသက္(၃၀)ေက်ာ္ေနၾကပါၿပီ။ ဒါေပမယ့္လည္း ယခင္ကထက္ ပိုၿပီးစိန္ေခၚမႈမ်ားတဲ့ ကာ႐ိုက္တာေတြ၊ ဒရာမာအမ်ိဳးအစားေတြနဲ႔ တီဗြီဖန္သားျပင္ေပၚကို တစ္ဖန္ေရာက္ရွိလာၾကသလို ကိုရီးယားျပည္တြင္းမွာသာမက ကမာၻအႏွံ႔မွာပါ ပရိသတ္ေတြ ရရွိလာၾကၿပီ ျဖစ္ပါတယ္။ အမိုက္စားဒရာမာေတြနဲ႔ ပရိသတ္ေတြဆီကို ျပန္လာခဲ့တဲ့ ကြီးေတြကေတာ့ …

Ju Ji Hoon (၃၈)ႏွစ္
Photo: _jujihoon/ Instagram

မင္းသား Ju Ji Hoon ဟာ Princess Hours ဆိုတဲ့ ဒရာမာနဲ႔ ၂၀၀၆ခုႏွစ္ေလာက္တည္းက ေအာင္ျမင္မႈ ရရွိထားတဲ့ မင္းသားတစ္လက္ ျဖစ္ပါတယ္။ Princess Hours ဟာ ကိုရီးယားျပည္တြင္းနဲ႔ အာရွႏိုင္ငံအမ်ားအျပားမွာ ဝက္ဝက္ကြဲ ေအာင္ျမင္ခဲ့တဲ့ ဒရာမာတစ္ခုပါ။ အဲ့ဒီ့ဒရာမာထဲက Ju Ji Hoon ရဲ႕ ေျပာင္ေျမာက္တဲ့ သ႐ုပ္ေဆာင္မႈေၾကာင့္ MBC Drama Awards ဆုေပးပြဲမွာ အေကာင္းဆုံး သ႐ုပ္ေဆာင္မင္းသားဆုကို ရရွိခဲ့ပါေသးတယ္။ Ju Ji Hoon ရဲ႕ ၂၀၂၀ comeback ကေတာ့ Kingdom ဇာတ္လမ္းတြဲ ဒုတိယ season နဲ႔ Hyena တို႔ ျဖစ္ပါတယ္။ Kingdom ဟာ ပရိသတ္ေတြၾကားထဲမွာ ေရပန္းစားခဲ့ၿပီး ေအာင္ျမင္မႈမ်ားစြာ ရရွိခဲ့ပါတယ္။

Hyun Bin (၃၇)ႏွစ္
Photo: vast.ent/ Instagram

မင္းသား Hyun Bin ရဲ႕ Crash Landing On You ဒရာမာဟာ ကိုရီးယားႏိုင္ငံရဲ႕ ႐ုပ္ျမင္သံၾကားသမိုင္းမွာ တတိယအျမင့္ဆုံး ranking ခ်ိတ္ထားတဲ့ ဇာတ္လမ္းတြဲအျဖစ္ ရပ္တည္ေနပါတယ္။ ဒါ့အျပင္ ဒရာမာထဲမွာပါတဲ့ Hyun Bin ရဲ႕ ေျပာင္ေျမာက္တဲ့ သ႐ုပ္ေဆာင္မႈနဲ႔ ႏုပ်ိဳခန႔္ျငားမႈတို႔ေၾကာင့္ ေကာင္မေလးေတြရဲ႕ အိုပါး ဗိုလ္ႀကီးအျဖစ္ ပိုၿပီးေရပန္းစားသြားပါေသးတယ္။

သို႔ေပမယ့္ Captain Ri ဇာတ္ေကာင္ဟာ Hyun Bin ကို ေကာင္မေလးေတြ ေႂကြခဲ့ရတဲ့ ပထမဆုံးေသာ ကာ႐ိုက္တာေတာ့ မဟုတ္ပါဘူး။ ၂၀၀၅ခုႏွစ္က ထြက္ရွိခဲ့တဲ့ My Lovely Sam-Soon ဆိုရင္ ဂႏၴဝင္ဒရာမာအျဖစ္ သတ္မွတ္ခံခဲ့ရၿပီး ၂၀၁၀ခုႏွစ္က ထြက္ရွိခဲ့တဲ့ Secret Garden ဆိုရင္လည္း ဖက္ရွင္နဲ႔ ဂီတမွာ အာရွတစ္လႊားကိုပါ ကိုင္လႈပ္ႏိုင္ခဲ့ပါတယ္။ Secret Garden ထဲက ပုံရိပ္ေတြဟာလည္း အထင္ကရျဖစ္ခဲ့တဲ့အျပင္ ေပါ့ပ္ယဥ္ေက်းမႈထဲမွာ မၾကာခဏ ၫႊန္းဆိုခံရတဲ့ ဒရာမာလည္း ျဖစ္ခဲ့ပါေသးတယ္။

Jo Jung Suk (၃၉)ႏွစ္
Photo: jojungsuk/ Instagram

မင္းသား Jo Jung Suk ဟာ ျပဇာတ္ေလာကမွာလည္း နာမည္တစ္လုံးနဲ႔လူ ျဖစ္သလို ႐ုပ္ရွင္ဘက္မွာလည္း Architecture 101 ဇာတ္ကားနဲ႔ အသိအမွတ္ျပဳခံထားရသူ ျဖစ္ပါတယ္။ Jo Jung Suk ကို ဒရာမာေလာကမွာ စတင္ေအာင္ျမင္ေစခဲ့တဲ့ ဒရာမာကေတာ့ ၂၀၁၂ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ The King 2 Hearts ျဖစ္ပါတယ္။ အဲ့ဒီ့ေနာက္ပိုင္းမွာေတာ့ ႐ိုမန႔္စ္ဟာသ ဒရာမာမ်ားစြာကို ႐ိုက္ကူးခဲ့ၿပီး ပရိသတ္ရဲ႕ အသည္းႏွလုံးကို ရရွိခဲ့သူ ျဖစ္ပါတယ္။ Jo Jung Suk ရဲ႕ ၂၀၂၀ comeback ကေတာ့ Hospital Playlist ျဖစ္ပါတယ္။

Lee Min Ho (၃၂)ႏွစ္
Photo: actorleeminho/ Instagram

မင္းသားေခ်ာ Lee Min Ho ရဲ႕ ၂၀၂၀ comeback ကေတာ့ စစ္မႈထမ္းကအျပန္ ပထမဆုံး သ႐ုပ္ေဆာင္ထားတဲ့ The King: Eternal Monarch ဇာတ္လမ္းတြဲ ျဖစ္ပါတယ္။ Lee Min Ho ဟာ ၂၀၀၉ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Boys Over Flower ဒရာမာနဲ႔ ေအာင္ျမင္မႈ စတင္ရရွိခဲ့ၿပီး အာရွတစ္လႊားမွာ လူသိမ်ား ေက်ာ္ၾကားတဲ့ မင္းသားတစ္လက္ ျဖစ္ေစခဲ့ပါတယ္။ ဒီလိုနဲ႔ ၂၀၁၁ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ City Hunter ဇာတ္လမ္းတြဲေၾကာင့္ ဥေရာပအထိကိုပါ ထိုးေဖာက္ႏိုင္ခဲ့ျပန္ပါတယ္။

ကိုရီးယားရဲ႕ ေဖ်ာ္ေျဖေရးလႈိင္း ထိုးေဖာက္မႈမွာ အေရးပါတဲ့ မင္းသားတစ္လက္အျဖစ္ သတ္မွတ္ခံထားရသူျဖစ္ၿပီး ၂၀၁၃ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ The Heirs ဇာတ္လမ္းတြဲနဲ႔ ပိုၿပီးေအာင္ျမင္ခဲ့ပါတယ္။ အဲ့ဒီ့အခ်ိန္မွာေတာ့ streaming ဝက္ဘ္ဆိုဒ္ေတြ စတင္ေခတ္စားလာခဲ့ၿပီမို႔ အထူးသျဖင့္ တ႐ုတ္မွာ ဝက္ဝက္ကြဲ ေအာင္ျမင္မႈရရွိၿပီး ပရိသတ္အခိုင္အမာ ရရွိခဲ့ပါတယ္။ ၂၀၁၆ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ The Legend of the Blue Sea ဒရာမာနဲ႔လည္း တရွိန္ထိုး ေအာင္ျမင္ခဲ့ပါေသးတယ္။

Park Seo Joon (၃၁)ႏွစ္
Photo: bn_sj2013/ Instagram

၂၀၂၀မွာ comeback ျပန္လာတဲ့ Park Seo Joon ရဲ႕ ဒရာမာကေတာ့ Itaewon Class ျဖစ္ပါတယ္။ Park Seo Joon ဟာ ယခင္က ႐ိုမန႔္စ္ဟာသ ဒရာမာေတြရဲ႕ ဘုရင္လို႔ တင္စားခံထားရာကေန Itaewon Class ထဲက ၾကမ္းတမ္းတဲ့ သ႐ုပ္ေဆာင္မႈေတြနဲ႔ သူ႔ရဲ႕စြယ္စုံရတဲ့ စေကးလ္ကို ျပသခဲ့ပါတယ္။ Park Seo Joon သ႐ုပ္ေဆာင္ခဲ့တဲ့ ဒရာမာေတြကေတာ့ ၂၀၁၅ခုႏွစ္မွာ She Was Pretty ၊ ၂၀၁၇ခုႏွစ္မွာ Fight For My Way ၊ ၂၀၁၈ခုႏွစ္မွာ What’s Wrong With Secretary Kim ဒရာမာတို႔ျဖစ္ပါတယ္။

Ji Chang Wook (၃၂)ႏွစ္
Photo: jichangwook/ Instagram

မင္းသား Ji Chang Wook ဟာ ကိုရီးယားျပည္တြင္းမွာ နာမည္တစ္လုံး ရရွိထားၿပီးသား သ႐ုပ္ေဆာင္ျဖစ္ေပမယ့္ ၂၀၁၄ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Healer ဇာတ္လမ္းတြဲေၾကာင့္ ထိပ္တန္းမင္းသားေနရာကို ရရွိခဲ့ပါတယ္။ Healer ဇာတ္လမ္းတြဲထဲမွာ အသြင္ယူၿပီး သတင္းေပးေနသူတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားျခင္းက သူ႔ရဲ႕စြယ္စုံရတဲ့ သ႐ုပ္ေဆာင္စြမ္းရည္ေတြကို ထုတ္ျပၿပီးသား ျဖစ္ေစခဲ့ပါတယ္။ ဒါ့အျပင္ The K2 ဒရာမာထဲမွာ သ႐ုပ္ေဆာင္ဖို႔ ျပင္းထန္တဲ့ ကိုယ္ခံပညာေတြ သင္ၾကားခဲ့တာ၊ ေဘာ္ဒီထရိန္းတာေတြနဲ႔ diet ေတြပါ ျပဳလုပ္ၿပီး ျပင္ဆင္ခဲ့တာေၾကာင့္ ပရိသတ္ရဲ႕ ခ်ီးမြမ္းမႈကို ရရွိခဲ့ပါေသးတယ္။ ၂၀၂၀ comeback မွာေတာ့ Backstreet Rookie ဒရာမာနဲ႔ ျပန္လာခဲ့သူ ‌ျဖစ္ပါတယ္။

Kim Soo Hyun (၃၂)ႏွစ္
Photo: soohyun_k216/ Instagram

မင္းသား Kim Soo Hyun ဟာ ၂၀၁၁ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ ဆယ္ေက်ာ္သက္ဒရာမာ Dream High ၊ ၂၀၁၂ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Moon Embracing The Sun နန္းတြင္းဒရာမာနဲ႔ ၂၀၁၃ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ My Love From The Star ဒရာမာတို႔ေၾကာင့္ ႏိုင္ငံတကာအထိပါ ထိုးေဖာက္ႏိုင္ခဲ့တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ Kim Soo Hyun ရဲ႕ ၂၀၂၀ comeback ကေတာ့ It’s Okay To Not Be Okay ဒရာမာျဖစ္ၿပီး လက္ရွိမွာ ေဟာ့ေနတဲ့ ဒရာမာလည္း ျဖစ္ပါတယ္။

ဒါကေတာ့ ၂၀၂၀မွာ comeback ျပန္လာၾကတဲ့ အသက္သုံးဆယ္ေက်ာ္ ကြီးေတြပဲ ျဖစ္ပါတယ္။ ဘယ္ကြီးက စာဖတ္သူတို႔ရဲ႕ အသည္းစြဲလည္းဆိုတာ ေျပာျပခဲ့ပါဦး။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular