HomeEntertainmentFilmသွေးအေးပြီး ရက်စက်တဲ့ ဗီလိန်ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်ထားကြသူများ 

သွေးအေးပြီး ရက်စက်တဲ့ ဗီလိန်ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်ထားကြသူများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကိုရီးယားဒရာမာတွေထဲက ဗီလိန်ဇာတ်ကောင်တွေဟာ ကြည့်ရှုသူတွေကိုပါ အသည်းတယားယားနဲ့ ခြောက်လှန့်နိုင်စွမ်း ရှိကြပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက စတင်ပြီး သာမန်အချစ်ဒရာမာတွေတင် မဟုတ်တော့ဘဲ သည်းထိတ်ရင်ဖို၊ ပဟေဠိဆန်တဲ့ မှုခင်းဒရာမာတွေနဲ့ horror ဇာတ်လမ်းတွဲတွေဟာ ပိုမိုလူကြိုက်များလာခဲ့ပါတယ်။ ဒါကြောင့်ပဲ ပဟေဠိဆန်ဆန် သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲတွေမှာ ကြောက်စရာကောင်းတဲ့ ဗီလိန်ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်ထားကြတဲ့ ကိုရီးယားသရုပ်ဆောင်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

Kim Seo Hyung (Sky Castle)
©JTBC

Sky Castle ကတော့ အထက်တန်းလွှာ လူတန်းစားတွေကြားက မိသားစုအရှုပ်တော်ပုံတွေ၊ ကလေးတွေအတွက် သူ့ထက်ငါ ပိုသာတဲ့ ပညာရေးကို အပြိုင်အဆိုင် ပေးချင်ကြတဲ့ မိဘတွေအကြောင်းကို ဇာတ်လမ်းဖွဲ့ ရိုက်ကူးထားတာပါ။ မင်းသမီး Kim Seo Hyung ကတော့ ဒီဇာတ်လမ်းထဲမှာ မိဘတွေရဲ့ သားသမီးဇောကို အသုံးချတဲ့ ဆရာမ Kim Joo Young အဖြစ် ဗီလိန်ပီသစွာ သရုပ်ဆောင်ထားပါတယ်။

သူမဟာ ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေနဲ့ ကလေးတွေကို စာသင်ကြားပေးသူ၊ ကလေးတွေကိုယ်တိုင်က သူတို့ရဲ့မိဘတွေကို ပြန်ပြီးနာကျင်ခံစားရအောင် လုပ်စေဖို့ လှုံ့ဆော်ပေးသူအဖြစ်သာမက သူမ ကျူးလွန်ဖူးတဲ့ မှုခင်းတွေကို ဖုံးကွယ်ဖို့ဆိုရင် ဘာမဆို လုပ်မယ့်သူတစ်ယောက်အဖြစ် ဒီဇာတ်လမ်းထဲမှာ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

Kim Jae Wook (Voice)
Photo via soompi

Voice ဟာ OCN ရုပ်သံလိုင်းက ထုတ်လွှင့်ထားတဲ့ မှုခင်းဒရာမာတစ်ခုဖြစ်ပြီး သူ့ရဲ့မခန့်မှန်းနိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ထိတ်လန့်စရာ ကြမ်းတမ်းတဲ့ ပြကွက်တွေကြောင့် နာမည်ကြီးပါတယ်။ Kim Jae Wook ကတော့ ဒီဇာတ်လမ်းတွဲထဲမှာ Mo Tae Goo ဆိုတဲ့ လူသတ်သမားတစ်ယောက်အဖြစ်နဲ့ သရုပ်ဆောင်ထားပါတယ်။

Mo Tae Goo ဟာ အပြင်ပန်းကနေ ကြည့်ရင်တော့ အောင်မြင်တဲ့ကုမ္ပဏီတစ်ခုရဲ့ အကြီးအကဲဖြစ်ပြီး ရုပ်ရည်ချောမော ခန့်ငြားသူလည်းဖြစ်လို့ ပြီးပြည့်စုံတယ် ထင်ရပေမယ့် တကယ်တမ်းမှာတော့ လူတိုင်းကြောက်ရွံ့ရမယ့်သူတစ်ယောက် ဖြစ်နေတာပါ။

Shin Sung Rok (My Love From The Star)
Photo via asianwiki

Shin Sung Rok ဟာ နာမည်ကျော်ဒရာမာတစ်ခုဖြစ်တဲ့ My Love From The Star မှာ ဗီလိန်ဇာတ်ရုပ်နဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ထားလို့ ပရိသတ်တွေရဲ့ အမြင်မှာတောင် ဗီလိန်ဆိုပြီး စွဲလမ်းသွားစေခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ တကယ်လည်း သူဟာ ဗီလိန်ဇာတ်ရုပ် တော်တော်များများကို သရုပ်ဆောင်ထားခဲ့တာဖြစ်ပါတယ်။

Shin Sung Rok ဟာ My Love From The Star မှာတော့ Lee Jae Kyung ဆိုတဲ့ ဟန်ဆောင်ကောင်းသူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာပါ။ အပြင်ပန်းက ရိုးသားတည်ကြည်ဟန်နဲ့ ဖုံးကွယ်ထားပေမယ့် တကယ်တမ်းမှာ သူဟာ စိတ်ခံစားချက် တစ်စုံတစ်ရာ မရှိတဲ့ ကြောက်စရာကောင်းသူ ဖြစ်နေခဲ့တာပါ။

Jung Woog In (I Hear Your Voice)
Photo via soompi

ဝါရင့်သရုပ်ဆောင်ကြီး Jung Woong In ဟာ I Hear Your Voice ဆိုတဲ့ ဒရာမာထဲမှာတော့ ဇာတ်လိုက်ရဲ့ဖခင်ကို သတ်သွားတဲ့ လူသတ်တရားခံ Min Joon Gook အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူ ကျူးလွန်ထားတဲ့ အပြစ်အတွက် ထောင်ဒဏ်ကျခံပြီးတာတောင်မှ ဇာတ်လိုက်မင်းသားအပေါ်မှာ လိုက်ပြီးအကျင့်ယုတ်တာ၊ ခြိမ်းခြောက်တာတွေဟာ တကယ်ကို အသည်းယားပြီး ထိတ်လန့်ဖို့ ကောင်းပါတယ်။

Lee Joon (Gap Dong)
Photo via soompi

သရုပ်ဆောင်လောကကို အသစ်အနေနဲ့ ဝင်ရောက်မယ်ဆိုရင် အများစုဟာ ရိုမန့်စ်ဟာသ၊ ဒါမှမဟုတ် မိသားစုဒရာမာလို အမျိုးအစားတွေကို အလွယ်တကူ ရွေးချယ်တတ်ကြပါတယ်။ သို့ပေမယ့် ပရိသတ်က ကြောက်လည်းကြောက်၊ မုန်းလည်းမုန်းရမယ့် ဗီလိန်ကာရိုက်တာမျိုးကို ရွေးချယ်တာမျိုးကျတော့ သတ္တိရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

tvN ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ Gap Dong ဆိုတဲ့ ဒရာမာထဲမှာတော့ Lee Joon ဟာ Ryu Tae Oh ဆိုတဲ့ စိတ်ဝေဒနာသည်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ Ryu Tae Oh ဟာ ဉာဏ်ရည်အလွန်မြင့်မားပြီး စိတ်ဝေဒနာလည်း ခံစားနေရတဲ့အခါမှာတော့ ကြောက်ဖို့ကောင်းလောက်တဲ့ ကိစ္စရပ်တွေကို ကျူးလွန်ပါတော့တယ်။

ဒါကတော့ ကြောက်စရာကောင်းတဲ့ ဗီလိန်ဇာတ်ရုပ်တွေမှာ ပီပြင်စွာ သရုပ်ဆောင်ထားကြတဲ့ ကိုရီးယားသရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားသရုပ်ဆောင်တွေ ရှိရင်လည်း ပြန်လည်ဝေမျှခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ကိုရီးယားဒရာမာေတြထဲက ဗီလိန္ဇာတ္ေကာင္ေတြဟာ ၾကည့္ရႈသူေတြကိုပါ အသည္းတယားယားနဲ႔ ေျခာက္လွန႔္ႏိုင္စြမ္း ရွိၾကပါတယ္။ အထူးသျဖင့္ ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္းက စတင္ၿပီး သာမန္အခ်စ္ဒရာမာေတြတင္ မဟုတ္ေတာ့ဘဲ သည္းထိတ္ရင္ဖို၊ ပေဟဠိဆန္တဲ့ မႈခင္းဒရာမာေတြနဲ႔ horror ဇာတ္လမ္းတြဲေတြဟာ ပိုမိုလူႀကိဳက္မ်ားလာခဲ့ပါတယ္။ ဒါေၾကာင့္ပဲ ပေဟဠိဆန္ဆန္ သည္းထိတ္ရင္ဖို ဇာတ္လမ္းတြဲေတြမွာ ေၾကာက္စရာေကာင္းတဲ့ ဗီလိန္ဇာတ္႐ုပ္ကို ပီပီျပင္ျပင္ သ႐ုပ္ေဆာင္ထားၾကတဲ့ ကိုရီးယားသ႐ုပ္ေဆာင္ေတြကို ေဖာ္ျပေပးလိုက္ရပါတယ္။

Kim Seo Hyung (Sky Castle)
©JTBC

Sky Castle ကေတာ့ အထက္တန္းလႊာ လူတန္းစားေတြၾကားက မိသားစုအရႈပ္ေတာ္ပုံေတြ၊ ကေလးေတြအတြက္ သူ႔ထက္ငါ ပိုသာတဲ့ ပညာေရးကို အၿပိဳင္အဆိုင္ ေပးခ်င္ၾကတဲ့ မိဘေတြအေၾကာင္းကို ဇာတ္လမ္းဖြဲ႕ ႐ိုက္ကူးထားတာပါ။ မင္းသမီး Kim Seo Hyung ကေတာ့ ဒီဇာတ္လမ္းထဲမွာ မိဘေတြရဲ႕ သားသမီးေဇာကို အသုံးခ်တဲ့ ဆရာမ Kim Joo Young အျဖစ္ ဗီလိန္ပီသစြာ သ႐ုပ္ေဆာင္ထားပါတယ္။

သူမဟာ ပုံမွန္မဟုတ္တဲ့ နည္းလမ္းေတြနဲ႔ ကေလးေတြကို စာသင္ၾကားေပးသူ၊ ကေလးေတြကိုယ္တိုင္က သူတို႔ရဲ႕မိဘေတြကို ျပန္ၿပီးနာက်င္ခံစားရေအာင္ လုပ္ေစဖို႔ လႈံ႕ေဆာ္ေပးသူအျဖစ္သာမက သူမ က်ဴးလြန္ဖူးတဲ့ မႈခင္းေတြကို ဖုံးကြယ္ဖို႔ဆိုရင္ ဘာမဆို လုပ္မယ့္သူတစ္ေယာက္အျဖစ္ ဒီဇာတ္လမ္းထဲမွာ သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။

Kim Jae Wook (Voice)
Photo via soompi

Voice ဟာ OCN ႐ုပ္သံလိုင္းက ထုတ္လႊင့္ထားတဲ့ မႈခင္းဒရာမာတစ္ခုျဖစ္ၿပီး သူ႔ရဲ႕မခန႔္မွန္းႏိုင္တဲ့ ဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔ ထိတ္လန႔္စရာ ၾကမ္းတမ္းတဲ့ ျပကြက္ေတြေၾကာင့္ နာမည္ႀကီးပါတယ္။ Kim Jae Wook ကေတာ့ ဒီဇာတ္လမ္းတြဲထဲမွာ Mo Tae Goo ဆိုတဲ့ လူသတ္သမားတစ္ေယာက္အျဖစ္နဲ႔ သ႐ုပ္ေဆာင္ထားပါတယ္။

Mo Tae Goo ဟာ အျပင္ပန္းကေန ၾကည့္ရင္ေတာ့ ေအာင္ျမင္တဲ့ကုမၸဏီတစ္ခုရဲ႕ အႀကီးအကဲျဖစ္ၿပီး ႐ုပ္ရည္ေခ်ာေမာ ခန႔္ျငားသူလည္းျဖစ္လို႔ ၿပီးျပည့္စုံတယ္ ထင္ရေပမယ့္ တကယ္တမ္းမွာေတာ့ လူတိုင္းေၾကာက္႐ြံ႕ရမယ့္သူတစ္ေယာက္ ျဖစ္ေနတာပါ။

Shin Sung Rok (My Love From The Star)
Photo via asianwiki

Shin Sung Rok ဟာ နာမည္ေက်ာ္ဒရာမာတစ္ခုျဖစ္တဲ့ My Love From The Star မွာ ဗီလိန္ဇာတ္႐ုပ္နဲ႔ ပီပီျပင္ျပင္ သ႐ုပ္ေဆာင္ထားလို႔ ပရိသတ္ေတြရဲ႕ အျမင္မွာေတာင္ ဗီလိန္ဆိုၿပီး စြဲလမ္းသြားေစခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ တကယ္လည္း သူဟာ ဗီလိန္ဇာတ္႐ုပ္ ေတာ္ေတာ္မ်ားမ်ားကို သ႐ုပ္ေဆာင္ထားခဲ့တာျဖစ္ပါတယ္။

Shin Sung Rok ဟာ My Love From The Star မွာေတာ့ Lee Jae Kyung ဆိုတဲ့ ဟန္ေဆာင္ေကာင္းသူတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားတာပါ။ အျပင္ပန္းက ႐ိုးသားတည္ၾကည္ဟန္နဲ႔ ဖုံးကြယ္ထားေပမယ့္ တကယ္တမ္းမွာ သူဟာ စိတ္ခံစားခ်က္ တစ္စုံတစ္ရာ မရွိတဲ့ ေၾကာက္စရာေကာင္းသူ ျဖစ္ေနခဲ့တာပါ။

Jung Woog In (I Hear Your Voice)
Photo via soompi

ဝါရင့္သ႐ုပ္ေဆာင္ႀကီး Jung Woong In ဟာ I Hear Your Voice ဆိုတဲ့ ဒရာမာထဲမွာေတာ့ ဇာတ္လိုက္ရဲ႕ဖခင္ကို သတ္သြားတဲ့ လူသတ္တရားခံ Min Joon Gook အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ သူ က်ဴးလြန္ထားတဲ့ အျပစ္အတြက္ ေထာင္ဒဏ္က်ခံၿပီးတာေတာင္မွ ဇာတ္လိုက္မင္းသားအေပၚမွာ လိုက္ၿပီးအက်င့္ယုတ္တာ၊ ၿခိမ္းေျခာက္တာေတြဟာ တကယ္ကို အသည္းယားၿပီး ထိတ္လန႔္ဖို႔ ေကာင္းပါတယ္။

Lee Joon (Gap Dong)
Photo via soompi

သ႐ုပ္ေဆာင္ေလာကကို အသစ္အေနနဲ႔ ဝင္ေရာက္မယ္ဆိုရင္ အမ်ားစုဟာ ႐ိုမန႔္စ္ဟာသ၊ ဒါမွမဟုတ္ မိသားစုဒရာမာလို အမ်ိဳးအစားေတြကို အလြယ္တကူ ေ႐ြးခ်ယ္တတ္ၾကပါတယ္။ သို႔ေပမယ့္ ပရိသတ္က ေၾကာက္လည္းေၾကာက္၊ မုန္းလည္းမုန္းရမယ့္ ဗီလိန္ကာ႐ိုက္တာမ်ိဳးကို ေ႐ြးခ်ယ္တာမ်ိဳးက်ေတာ့ သတၱိရွိတယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။

tvN ႐ုပ္သံလိုင္းက ထုတ္လႊင့္ခဲ့တဲ့ Gap Dong ဆိုတဲ့ ဒရာမာထဲမွာေတာ့ Lee Joon ဟာ Ryu Tae Oh ဆိုတဲ့ စိတ္ေဝဒနာသည္တစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ Ryu Tae Oh ဟာ ဉာဏ္ရည္အလြန္ျမင့္မားၿပီး စိတ္ေဝဒနာလည္း ခံစားေနရတဲ့အခါမွာေတာ့ ေၾကာက္ဖို႔ေကာင္းေလာက္တဲ့ ကိစၥရပ္ေတြကို က်ဴးလြန္ပါေတာ့တယ္။

ဒါကေတာ့ ေၾကာက္စရာေကာင္းတဲ့ ဗီလိန္ဇာတ္႐ုပ္ေတြမွာ ပီျပင္စြာ သ႐ုပ္ေဆာင္ထားၾကတဲ့ ကိုရီးယားသ႐ုပ္ေဆာင္ေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အျခားသ႐ုပ္ေဆာင္ေတြ ရွိရင္လည္း ျပန္လည္ေဝမွ်ခဲ့ပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular