HomeCelebs Update NewsInternationalသူငယ္ခ်င္းေတြလိုပဲ အခ်င္းခ်င္း စာပို႔ေနၾကတုန္းပဲဆိုတဲ့ Kristen Stewart နဲ႔ Robert Pattinson

သူငယ္ခ်င္းေတြလိုပဲ အခ်င္းခ်င္း စာပို႔ေနၾကတုန္းပဲဆိုတဲ့ Kristen Stewart နဲ႔ Robert Pattinson

(အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ရှုပါ။ )

Twilight ဇာတ္ကားေတြနဲ႔ လူသိမ်ားေအာင္ျမင္ခဲ့ၿပီး အခ်င္းခ်င္းပါ ခ်စ္ကၽြမ္း၀င္ခဲ့ၾကတဲ့ သရုပ္ေဆာင္ မင္းသမီး Kristen Stewart နဲ႔ မင္းသား Robert Pattinson တို႔ဟာ လမ္းခြဲခဲ့ၾကတာ ေျခာက္ႏွစ္ခန္႔ ရိွေနၿပီျဖစ္ေပမယ့္ ယေန႔အခ်ိန္အထိ မိတ္ေဆြသူငယ္ခ်င္းေတြလိုပဲ စာပို႔ၿပီး အဆက္အသြယ္ရိွေနၾကတုန္းပဲလို႔ သိရပါတယ္။

အသက္(၃၂)ႏွစ္အရြယ္ ရိွေနၿပီျဖစ္တဲ့ မင္းသားေခ်ာ Robert Pattinson ဟာ အသက္(၂၉)ႏွစ္အရြယ္ ရိွၿပီျဖစ္တဲ့ ခ်စ္သူေဟာင္း မင္းသမီး Kristen Stewart နဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးကို ထားရိွၿမဲျဖစ္တယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျဖၾကားထားခဲ့ပါတယ္။ Kristen နဲ႔ နီးစပ္တဲ့ အတြင္းသတင္းတစ္ခုက Hollywood Life ကို ေျပာၾကားခ်က္အရ “သူတို႔ႏွစ္ေယာက္ဟာ သိပ္မေတြ႕ျဖစ္ၾကေပမယ့္လို႔ Robert ဟာ Kristen အေပၚမွာ သူငယ္ခ်င္းမိတ္ေဆြတစ္ေယာက္လိုပဲ သေဘာထားပါတယ္။ မၾကာေသးခင္ကတင္ပဲ သူတို႔ရဲ႕မိတ္ေဆြတစ္ေယာက္ရဲ႕ ပါတီမွာ ႏွစ္ေယာက္အတူ ေတြ႕ျဖစ္ခဲ့ၾကပါေသးတယ္”လို႔ သိရပါတယ္။

Photo: pinterest

၄င္းအတြင္းသတင္းကပဲ “သူတို႔ႏွစ္ေယာက္ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ သိပ္ရင္းႏွီးၾကသလို သိုလည္းသို၀ွက္ၾကပါတယ္။ ပါဆင္နယ္အေၾကာင္းအရာေတြ၊ အလုပ္နဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြကို တစ္ေယာက္နဲ႔တစ္ေယာက္ စာပို႔ၿပီး ေျပာျဖစ္ေနၾကတုန္းပါပဲ။ ဒါေပမယ့္ Kristen နဲ႔ ပတ္သက္လို႔ကေတာ့ အရင္က သူတို႔ႏွစ္ေယာက္အတူ ရိွဖူးတဲ့အတြက္ေၾကာင့္ေရာ၊ လက္ရိွအေျခအေနေၾကာင့္ေရာ ေလးစားသမႈရိွတဲ့အေနနဲ႔ Robert က သိပ္မ်ားမ်ားစားစား ေျပာျပေလ့မရိွပါဘူး” လို႔ ဆိုပါတယ္။

“ဒီႏူးည့ံသိမ္ေမြ႕တဲ့ ခံစားခ်က္ဟာ အျပန္အလွန္ ရိွေနတာ ျဖစ္ပါတယ္။ Kristen ကလည္း ဒီေလာက္ႏွစ္ေတြ အမ်ားႀကီးကို ျဖတ္သန္းလာၿပီးေနာက္မွာ Robert နဲ႔ သူငယ္ခ်င္းအျဖစ္ ဆက္ရိွေနရတာကို ေက်နပ္ေပ်ာ္ရႊင္ေနပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ကိစၥအေၾကာင္းအရာေတြ အမ်ားႀကီးကို အတူတူ ေက်ာ္ျဖတ္ခဲ့ရၿပီး Robert အေပၚ သူမ လုပ္ခဲ့ဖူးတဲ့ အမွားေတြအတြက္ သူမကို ခြင့္လႊတ္ေပးလို႔လည္း တကယ္အသိအမွတ္ျပဳ တန္ဖိုးထားရွာပါတယ္။ အခုဆိုရင္ Kristen ဟာ အမ်ားႀကီး ရင့္က်က္၊ အရြယ္ေရာက္လာၿပီးေတာ့ Robert နဲ႔ တြဲခဲ့တဲ့အခ်ိန္ကစၿပီး အခုထိ သူ႔အေပၚ နာက်င္ရေအာင္၊ အသည္းကြဲရေအာင္ ဘယ္တုန္းကမွ မရည္ရြယ္ခဲ့ပါဘူး” လို႔ ၄င္းအတြင္းသတင္းက ေျပာျပထားပါတယ္။

Photo: pinterest

Kristen ဟာ Snow White and The Huntsman ရုပ္ရွင္ ရိုက္ကူးစဥ္ ဒါရိုက္တာ Rupert Sanders နဲ႔ ေဖာက္ျပန္ေနတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚလာခဲ့ၿပီး ၂၀၁၂ခုႏွစ္ ဇူလိုင္လမွာေတာ့ ႏွစ္ေယာက္သား နမ္းရႈံ႕ေနတဲ့ ဓာတ္ပုံေတြ ထြက္ရိွလာတာေၾကာင့္ Twilight ပရိသတ္ေတြရဲ႕ ဆူဆူညံညံ ေ၀ဖန္မႈေတြကို ရရိွခဲ့တာပါ။ ပရိသတ္အားလုံးက ခ်စ္ခင္ၾကလို႔ သေဘာတူထားတဲ့ Kristen နဲ႔ Robert တို႔ဟာ ၂၀၁၃ခုႏွစ္မွာ တရား၀င္ လမ္းခြဲျပတ္စဲခဲ့ၾကၿပီး မေရွးမေႏွာင္းမွာပဲ Robert က Suki Waterhouse နဲ႔ တြဲေနတဲ့သတင္းေတြ ထြက္လာခဲ့ၿပီး Kristen ကေတာ့ stylist Sara Dinkin နဲ႔သတင္းေတြ အသီးသီး ထြက္လာခဲ့ၾကတာပါ။

Photo: live.staticflickr.com

အခုဆိုရင္ေတာ့ ၂၀၀၈ခုႏွစ္ Twilight ပထမဆုံးရုပ္ရွင္ ရိုက္ကူးခ်ိန္က စတင္ေတြ႕ရိွခဲ့တဲ့ သူတို႔ႏွစ္ေယာက္ဟာ သိကၽြမ္းခဲ့တာ ဆယ္စုႏွစ္တစ္ခု ၾကာျမင့္ခဲ့ၿပီ ျဖစ္ပါတယ္။ ႏွစ္ေယာက္လုံးဟာ အရြယ္ေရာက္၊ ရင့္က်က္လာၾကၿပီျဖစ္ၿပီး အမ်ားႀကီးလည္း ေျပာင္းလဲသြားၾကပါၿပီ။ Twilight ရဲ႕ ေအာင္ျမင္မႈမုန္တိုင္းဒဏ္ကို အတူတူ ခံစားခဲ့ၾကရတဲ့ သူတို႔ႏွစ္ေယာက္ဟာ အတိတ္မွာ ျဖစ္ခဲ့တာေတြအတြက္ တစ္ေယာက္နဲ႔တစ္ေယာက္ ခြင့္လႊတ္နားလည္ေပးထားၾကၿပီး သူတို႔ႏွစ္ေယာက္ၾကားမွာလည္း ေဖာ္ျပရခက္ခဲတဲ့ ရင္းႏွီးကၽြမ္း၀င္မႈတစ္ခု ရိွေနပါတယ္လို႔ အတြင္းစကားေတြအရ သိရပါတယ္။

တစ္ခ်ိန္က ခ်စ္သူေတြျဖစ္ခဲ့ၾကေပမယ့္ အခုခ်ိန္မွာ လုံး၀ျပန္မျဖစ္ႏိုင္ေတာ့တဲ့ သူတို႔စုံတြဲေလးကို သင္ေရာ အားေပးခဲ့ဖူးပါသလား။

Xei

Source: hollywoodlife.com

(Unicode Version)

Twilight ဇာတ်ကားတွေနဲ့ လူသိများအောင်မြင်ခဲ့ပြီး အချင်းချင်းပါ ချစ်ကျွမ်းဝင်ခဲ့ကြတဲ့ သရုပ်ဆောင် မင်းသမီး Kristen Stewart နဲ့ မင်းသား Robert Pattinson တို့ဟာ လမ်းခွဲခဲ့ကြတာ ခြောက်နှစ်ခန့် ရှိနေပြီဖြစ်ပေမယ့် ယနေ့အချိန်အထိ မိတ်ဆွေသူငယ်ချင်းတွေလိုပဲ စာပို့ပြီး အဆက်အသွယ်ရှိနေကြတုန်းပဲလို့ သိရပါတယ်။

အသက်(၃၂)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မင်းသားချော Robert Pattinson ဟာ အသက်(၂၉)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ချစ်သူဟောင်း မင်းသမီး Kristen Stewart နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထားရှိမြဲဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားထားခဲ့ပါတယ်။ Kristen နဲ့ နီးစပ်တဲ့ အတွင်းသတင်းတစ်ခုက Hollywood Life ကို ပြောကြားချက်အရ “သူတို့နှစ်ယောက်ဟာ သိပ်မတွေ့ဖြစ်ကြပေမယ့်လို့ Robert ဟာ Kristen အပေါ်မှာ သူငယ်ချင်းမိတ်ဆွေတစ်ယောက်လိုပဲ သဘောထားပါတယ်။ မကြာသေးခင်ကတင်ပဲ သူတို့ရဲ့မိတ်ဆွေတစ်ယောက်ရဲ့ ပါတီမှာ နှစ်ယောက်အတူ တွေ့ဖြစ်ခဲ့ကြပါသေးတယ်”လို့ သိရပါတယ်။

Photo: pinterest

၎င်းအတွင်းသတင်းကပဲ “သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် သိပ်ရင်းနှီးကြသလို သိုလည်းသိုဝှက်ကြပါတယ်။ ပါဆင်နယ်အကြောင်းအရာတွေ၊ အလုပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တစ်ယောက်နဲ့တစ်ယောက် စာပို့ပြီး ပြောဖြစ်နေကြတုန်းပါပဲ။ ဒါပေမယ့် Kristen နဲ့ ပတ်သက်လို့ကတော့ အရင်က သူတို့နှစ်ယောက်အတူ ရှိဖူးတဲ့အတွက်ကြောင့်ရော၊ လက်ရှိအခြေအနေကြောင့်ရော လေးစားသမှုရှိတဲ့အနေနဲ့ Robert က သိပ်များများစားစား ပြောပြလေ့မရှိပါဘူး” လို့ ဆိုပါတယ်။

“ဒီနူးညံ့သိမ်မွေ့တဲ့ ခံစားချက်ဟာ အပြန်အလှန် ရှိနေတာ ဖြစ်ပါတယ်။ Kristen ကလည်း ဒီလောက်နှစ်တွေ အများကြီးကို ဖြတ်သန်းလာပြီးနောက်မှာ Robert နဲ့ သူငယ်ချင်းအဖြစ် ဆက်ရှိနေရတာကို ကျေနပ်ပျော်ရွှင်နေပါတယ်။ သူတို့နှစ်ယောက်ဟာ ကိစ္စအကြောင်းအရာတွေ အများကြီးကို အတူတူ ကျော်ဖြတ်ခဲ့ရပြီး Robert အပေါ် သူမ လုပ်ခဲ့ဖူးတဲ့ အမှားတွေအတွက် သူမကို ခွင့်လွှတ်ပေးလို့လည်း တကယ်အသိအမှတ်ပြု တန်ဖိုးထားရှာပါတယ်။ အခုဆိုရင် Kristen ဟာ အများကြီး ရင့်ကျက်၊ အရွယ်ရောက်လာပြီးတော့ Robert နဲ့ တွဲခဲ့တဲ့အချိန်ကစပြီး အခုထိ သူ့အပေါ် နာကျင်ရအောင်၊ အသည်းကွဲရအောင် ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး” လို့ ၎င်းအတွင်းသတင်းက ပြောပြထားပါတယ်။

Photo: pinterest

Kristen ဟာ Snow White and The Huntsman ရုပ်ရှင် ရိုက်ကူးစဉ် ဒါရိုက်တာ Rupert Sanders နဲ့ ဖောက်ပြန်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ၂၀၁၂ခုနှစ် ဇူလိုင်လမှာတော့ နှစ်ယောက်သား နမ်းရှုံ့နေတဲ့ ဓာတ်ပုံတွေ ထွက်ရှိလာတာကြောင့် Twilight ပရိသတ်တွေရဲ့ ဆူဆူညံညံ ဝေဖန်မှုတွေကို ရရှိခဲ့တာပါ။ ပရိသတ်အားလုံးက ချစ်ခင်ကြလို့ သဘောတူထားတဲ့ Kristen နဲ့ Robert တို့ဟာ ၂၀၁၃ခုနှစ်မှာ တရားဝင် လမ်းခွဲပြတ်စဲခဲ့ကြပြီး မရှေးမနှောင်းမှာပဲ Robert က Suki Waterhouse နဲ့ တွဲနေတဲ့သတင်းတွေ ထွက်လာခဲ့ပြီး Kristen ကတော့ stylist Sara Dinkin နဲ့သတင်းတွေ အသီးသီး ထွက်လာခဲ့ကြတာပါ။

Photo: live.staticflickr.com

အခုဆိုရင်တော့ ၂၀၀၈ခုနှစ် Twilight ပထမဆုံးရုပ်ရှင် ရိုက်ကူးချိန်က စတင်တွေ့ရှိခဲ့တဲ့ သူတို့နှစ်ယောက်ဟာ သိကျွမ်းခဲ့တာ ဆယ်စုနှစ်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ နှစ်ယောက်လုံးဟာ အရွယ်ရောက်၊ ရင့်ကျက်လာကြပြီဖြစ်ပြီး အများကြီးလည်း ပြောင်းလဲသွားကြပါပြီ။ Twilight ရဲ့ အောင်မြင်မှုမုန်တိုင်းဒဏ်ကို အတူတူ ခံစားခဲ့ကြရတဲ့ သူတို့နှစ်ယောက်ဟာ အတိတ်မှာ ဖြစ်ခဲ့တာတွေအတွက် တစ်ယောက်နဲ့တစ်ယောက် ခွင့်လွှတ်နားလည်ပေးထားကြပြီး သူတို့နှစ်ယောက်ကြားမှာလည်း ဖော်ပြရခက်ခဲတဲ့ ရင်းနှီးကျွမ်းဝင်မှုတစ်ခု ရှိနေပါတယ်လို့ အတွင်းစကားတွေအရ သိရပါတယ်။

တစ်ချိန်က ချစ်သူတွေဖြစ်ခဲ့ကြပေမယ့် အခုချိန်မှာ လုံးဝပြန်မဖြစ်နိုင်တော့တဲ့ သူတို့စုံတွဲလေးကို သင်ရော အားပေးခဲ့ဖူးပါသလား။

Xei

Source: hollywoodlife.com

 

RELATED ARTICLES

Most Popular