HomeEntertainmentFilmHorror ပရိသတ်တွေ အကြိုက်တွေ့ဦးမယ့် Kristen Stewart ရဲ့ ရုပ်ရှင်အသစ် Crimes of the Future

Horror ပရိသတ်တွေ အကြိုက်တွေ့ဦးမယ့် Kristen Stewart ရဲ့ ရုပ်ရှင်အသစ် Crimes of the Future

မကြာသေးခင်ကပဲ ဒါရိုက်တာ David Cronenberg ရိုက်ကူးထားတဲ့ Crimes of the Future ရုပ်ရှင်ရဲ့ ထွေလာ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Kristen Stewart ၊ Lea Seydoux နဲ့ Viggo Mortensen တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအမျိူးအစားကတော့ စိတ်ကူးယဉ်သိပ္ပံနဲ့ သည်းထိတ်ရင်ဖိုတို့ကို ပေါင်းစပ်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit: NEON

ဇာတ်လမ်းကိုတော့ အနာဂတ်ကာလတစ်ခုမှာ တည်ဆောက်ထားပြီး လူသားတွေဟာ အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ နေထိုင်နေရပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ ပတ်ဝန်းကျင်နဲ့ လိုက်ရောညီထွေ ဖြစ်အောင် သူတို့ရဲ့ခန္ဓာကိုယ်နဲ့ ကိုယ်တွင်းအင်္ဂါတွေကို ပြုပြင်ပြောင်းလဲနေရပါတယ်။ ဘယ်လိုပုံစံတေွ ပြောင်းလဲထားလည်း ဆိုတာကိုတော့ ထွေလာထဲမှာ မြင်တွေ့ရမှာ ဖြစ်ပြီး ပုံစံတွေကတော့ အတော်လေး ထိတ်လန့်စရာကောင်းနေပါတယ်။

မကြာသေးခင်ကပဲ ထုတ်လုပ်ရေးကုမ္ပဏီတစ်ခု ဖြစ်တဲ့ Neon ဟာ ဒီရုပ်ရှင်ရဲ့ ထွေလာကို ထွက်ရှိပေးခဲ့ပါတယ်။ ဒီရုပ်ရှင်ကိုတော့ မကြာခင် ပြုလုပ်မယ့် Cannes ရုပ်ရှင်ပွဲတော်မှာ အထူးပွဲအနေနဲ့ ပြသသွားမှာ ဖြစ်ပြီး မေလ (၂၅)ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။ အသစ်ထွက်ရှိလာတဲ့ ထွေလာကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

ဒီထွေလာကို ကြည့်ပြီးသွားရင်တော့ ကြောက်စရာကောင်းသလို၊ ရွံစရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေကိုလည်း မြင်တွေ့ခံစားရမှာပါ။ စိတ်ကူးယဉ်သိပ္ပံနဲ့ သည်းထိတ်ရင်ဖို အမျိုးအစားကို တမူထူးခြားအောင် ပေါင်းစပ် ဖန်တီးထားတယ်ဆိုတာ သိသာစေပါတယ်။ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ဒီရုပ်ရှင်က တမူထူးခြားတဲ့ ခံစားမှုတွေကို ပေးစွမ်းနိုင်မယ်လို့ ယူဆရတာကြောင့် ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular