HomeCelebs Update NewsInternationalသရုပ်ဆောင်ခဲ့သမျှထဲမှာ ကားကောင်း(၅)ကားသာ ရှိတယ်လို့ ပြောလာတဲ့ Kristen Stewart 

သရုပ်ဆောင်ခဲ့သမျှထဲမှာ ကားကောင်း(၅)ကားသာ ရှိတယ်လို့ ပြောလာတဲ့ Kristen Stewart 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသမီး Kristen Stewart ကတော့ သူမ သရုပ်ဆောင်ခဲ့သမျှ ဇာတ်ကားတိုင်းဟာ hit မဟုတ်ခဲ့တာကို နားလည် လက်ခံတယ်လို့ ဆိုလာပါတယ်။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ The Sunday Times သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ အသက်(၃၁)နှစ်အရွယ် မင်းသမီးဟာ သူမရဲ့ သရုပ်ဆောင်သက်တမ်းတလျှောက် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွာထဲမှာ အချို့ကသာ ကားကောင်းတွေ ဖြစ်တယ်လို့ ပြောလိုက်တာပါ။

“တကယ့်ကို မှန်းရခက်ခဲခဲ့တာပါ။ ကျွန်မ ရိုက်ခဲ့တဲ့ ကားလေးဆယ်ကျော် ငါးဆယ်လောက်မှာ တကယ်ကောင်းတဲ့ ဇာတ်ကားက ငါးကားလောက်ပဲ ရှိမယ် ထင်ပါတယ် … ” လို့ Kristen က ဆိုပါတယ်။

Photo: kristenstewartofficeal/ Instagram

သူမ စိတ်တိုင်းကျတဲ့ ဇာတ်ကားတွေထဲမှာတော့ ဒါရိုက်တာ Olivier Assayas ရဲ့ လက်ရာတွေဖြစ်တဲ့ Clouds of Sils Maria နဲ့ Personal Shopper တို့လို ဇာတ်ကားတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

“ကျွန်မရဲ့ credit list ကို ကြည့်လိုက်မယ်ဆိုရင် နည်းနည်းပဲ ရှိလိမ့်မယ်။ ပြီးတော့ တစ်ကားနဲ့ တစ်ကားလည်း တော်တော်လေး အလှမ်းဝေးတယ်။ ဒါပေမယ့် အဲဒီလိုဆိုတိုင်းလည်း ကျွန်မ ရိုက်ကူးခဲ့မိတဲ့ ဇာတ်ကားတွေအပေါ် နောင်တရတာမျိုးတော့ မရှိပါဘူး … ” လို့ ဆိုပါသေးတယ်။

Photo: kristenstewartofficeal/ Instagram

တချို့ရုပ်ရှင်တွေကို လက်ခံခဲ့မိတဲ့အတွက်တော့ နောင်တရမိတယ်လို့ ဆိုပါတယ်။ သို့သော်လည်း ဒါဟာ ဇာတ်ကားရဲ့ ရလဒ်ကြောင့် နောင်တရမိတာမျိုး မဟုတ်ဘဲ အဲဒီဇာတ်ကားတွေကို ရိုက်ကူးရတာကိုက ပျော်ရွှင်စရာ မကောင်းခဲ့တာကြောင့်ပါလို့ ပြောပြထားပါတယ်။

“အဆိုးဆုံးကတော့ တချို့ဇာတ်ကားတွေကို ရိုက်နေရင်း တန်းလန်းကြီးနဲ့မှ ဒါကြီးက ဘယ်လိုမှ ကောင်းမှာမဟုတ်ဘူးဆိုတာကို သိနေတာရော၊ အဲဒါကြီး ပြီးအောင် မနည်းအားတင်း သည်းခံပြီး ရိုက်ခဲ့ရတာရောပေါ့ … ” လို့ Kristen က သူမရဲ့ ရုပ်ရှင်ရိုက်ကူးရတဲ့ ခံစားချက်ကို ပြောပြထားပါတယ်။

Photo: kristenstewartofficeal/ Instagram

ဘယ်လိုရုပ်ရှင်ဇာတ်ကားမျိုးတွေက သူမကို ဒီလိုခံစားစေခဲ့သလည်းလို့ မေးမြန်းရာမှာတော့ “ကျွန်မက အဲလောက် ရိုင်းစိုင်းတဲ့သူ မဟုတ်ပါဘူး။ လူရှေ့သူရှေ့မှာ လူတွေကို အရှက်မခွဲချင်ပါဘူး … ” လို့ ပြောပြီး ငြင်းဆိုခဲ့ပါတယ်။

Kristen ဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Entertainment Weekly နဲ့ အင်တာဗျူးမှာလည်း ရုပ်ရှင်ဇာတ်ကားတွေကို လက်ခံတဲ့အပေါ်မှာ ပိုမိုစိစစ်ထားတယ်လို့ ဆိုထားပါသေးတယ်။ သူမဟာ Twilights ဇာတ်ကားတွေနဲ့ နာမည်ကျော် မင်းသမီးဘဝကို ရောက်ရှိလာသူ ဖြစ်ပြီး ယခုလက်ရှိမှာတော့ Spencer လို့ အမည်ရတဲ့ ဒိုင်ယာနာမင်းသမီးရဲ့ ဘဝအကြောင်း ရုပ်ရှင်မှာ သရုပ်ဆောင်ထားပါတယ်။ အဆိုပါ ရုပ်ရှင်ကတော့ လာမယ့် နိုဝင်ဘာလမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Glasgow

Source: people

(Zawgyi Version)

မင္းသမီး Kristen Stewart ကေတာ့ သူမ သ႐ုပ္ေဆာင္ခဲ့သမၽွ ဇာတ္ကားတိုင္းဟာ hit မဟုတ္ခဲ့တာကို နားလည္ လက္ခံတယ္လို႔ ဆိုလာပါတယ္။

မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ The Sunday Times သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာေတာ့ အသက္(၃၁)ႏွစ္အရြယ္ မင္းသမီးဟာ သူမရဲ့ သ႐ုပ္ေဆာင္သက္တမ္းတေလၽွာက္ ရိုက္ကူးခဲ့တဲ့ ဇာတ္ကားမ်ားစြာထဲမွာ အခ်ိဳ႕ကသာ ကားေကာင္းေတြ ျဖစ္တယ္လို႔ ေျပာလိုက္တာပါ။

“တကယ့္ကို မွန္းရခက္ခဲခဲ့တာပါ။ ကၽြန္မ ရိုက္ခဲ့တဲ့ ကားေလးဆယ္ေက်ာ္ ငါးဆယ္ေလာက္မွာ တကယ္ေကာင္းတဲ့ ဇာတ္ကားက ငါးကားေလာက္ပဲ ရွိမယ္ ထင္ပါတယ္ … ” လို႔ Kristen က ဆိုပါတယ္။သူမ စိတ္တိုင္းက်တဲ့ ဇာတ္ကားေတြထဲမွာေတာ့ ဒါရိုက္တာ Olivier Assayas ရဲ့ လက္ရာေတြျဖစ္တဲ့ Clouds of Sils Maria နဲ႔ Personal Shopper တို႔လို ဇာတ္ကားေတြ ပါဝင္တယ္လို႔ ဆိုပါတယ္။

Photo: kristenstewartofficeal/ Instagram

“ကၽြန္မရဲ့ credit list ကို ၾကည့္လိုက္မယ္ဆိုရင္ နည္းနည္းပဲ ရွိလိမ့္မယ္။ ၿပီးေတာ့ တစ္ကားနဲ႔ တစ္ကားလည္း ေတာ္ေတာ္ေလး အလွမ္းေဝးတယ္။ ဒါေပမယ့္ အဲဒီလိုဆိုတိုင္းလည္း ကၽြန္မ ရိုက္ကူးခဲ့မိတဲ့ ဇာတ္ကားေတြအေပၚ ေနာင္တရတာမ်ိဳးေတာ့ မရွိပါဘူး … ” လို႔ ဆိုပါေသးတယ္။

တခ်ိဳ႕႐ုပ္ရွင္ေတြကို လက္ခံခဲ့မိတဲ့အတြက္ေတာ့ ေနာင္တရမိတယ္လို႔ ဆိုပါတယ္။ သို႔ေသာ္လည္း ဒါဟာ ဇာတ္ကားရဲ့ ရလဒ္ေၾကာင့္ ေနာင္တရမိတာမ်ိဳး မဟုတ္ဘဲ အဲဒီဇာတ္ကားေတြကို ရိုက္ကူးရတာကိုက ေပ်ာ္ရႊင္စရာ မေကာင္းခဲ့တာေၾကာင့္ပါလို႔ ေျပာျပထားပါတယ္။

Photo: kristenstewartofficeal/ Instagram

“အဆိုးဆုံးကေတာ့ တခ်ိဳ႕ဇာတ္ကားေတြကို ရိုက္ေနရင္း တန္းလန္းႀကီးနဲ႔မွ ဒါႀကီးက ဘယ္လိုမွ ေကာင္းမွာမဟုတ္ဘူးဆိုတာကို သိေနတာေရာ၊ အဲဒါႀကီး ၿပီးေအာင္ မနည္းအားတင္း သည္းခံၿပီး ရိုက္ခဲ့ရတာေရာေပါ့ … ” လို႔ Kristen က သူမရဲ့ ႐ုပ္ရွင္ရိုက္ကူးရတဲ့ ခံစားခ်က္ကို ေျပာျပထားပါတယ္။

ဘယ္လို႐ုပ္ရွင္ဇာတ္ကားမ်ိဳးေတြက သူမကို ဒီလိုခံစားေစခဲ့သလည္းလို႔ ေမးျမန္းရာမွာေတာ့ “ကၽြန္မက အဲေလာက္ ရိုင္းစိုင္းတဲ့သူ မဟုတ္ပါဘူး။ လူေရွ႕သူေရွ႕မွာ လူေတြကို အရွက္မခြဲခ်င္ပါဘူး … ” လို႔ ေျပာၿပီး ျငင္းဆိုခဲ့ပါတယ္။

Photo: kristenstewartofficeal/ Instagram

Kristen ဟာ မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ Entertainment Weekly နဲ႔ အင္တာဗ်ဴးမွာလည္း ႐ုပ္ရွင္ဇာတ္ကားေတြကို လက္ခံတဲ့အေပၚမွာ ပိုမိုစိစစ္ထားတယ္လို႔ ဆိုထားပါေသးတယ္။ သူမဟာ Twilights ဇာတ္ကားေတြနဲ႔ နာမည္ေက်ာ္ မင္းသမီးဘဝကို ေရာက္ရွိလာသူ ျဖစ္ၿပီး ယခုလက္ရွိမွာေတာ့ Spencer လို႔ အမည္ရတဲ့ ဒိုင္ယာနာမင္းသမီးရဲ့ ဘဝအေၾကာင္း ႐ုပ္ရွင္မွာ သ႐ုပ္ေဆာင္ထားပါတယ္။ အဆိုပါ ႐ုပ္ရွင္ကေတာ့ လာမယ့္ နိုဝင္ဘာလမွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular