HomeCelebs Update NewsInternationalပရိသတ်တွေက Joker အဖြစ် သရုပ်ဆောင်စေချင်ကြတဲ့အပေါ် တုံ့ပြန်လာတဲ့ Kristen Stewart 

ပရိသတ်တွေက Joker အဖြစ် သရုပ်ဆောင်စေချင်ကြတဲ့အပေါ် တုံ့ပြန်လာတဲ့ Kristen Stewart 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်တွေဟာ Robert Pattinson ရဲ့ Batman ရုပ်ရှင်မှာ မင်းသမီး Kristen Stewart ကို Joker အဖြစ် သရုပ်ဆောင်စေချင်ကြတဲ့အပေါ် မကြာသေးခင်ကပဲ Kristen ဘက်က တုံ့ပြန်ပြောကြားလာပါတယ်။

အသက်(၃၁)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Kristen Stewart ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာပဲ Variety သတင်းဌာနရဲ့ Award Circuit podcast အစီအစဉ်ကို လာရောက်ခဲ့တာ ဖြစ်ပြီး အခုလို သူမရဲ့ သဘောထားကို ပြောလိုက်တာ ဖြစ်ပါတယ်။

တကယ်တော့ Robert Pattinson ဟာ Batman အဖြစ် သရုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ကို အတူပြန်မြင်ကြချင်တဲ့ ပရိသတ်တွေဟာ Joker ဇာတ်ကောင်အတွက် မင်းသမီး Kristen Stewart ကို သရုပ်ဆောင်ခိုင်းဖို့ မကြာသေးခင်ကပဲ အွန်လိုင်းကမ်ပိန်းတစ်ခု ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo: kristenstewartx/ Instagram

Robert နဲ့ Kristen တို့ဟာ Twilight ဇာတ်ကားတွေ ရိုက်ကူးရင်း တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး အပြင်မှာပါ တကယ့်ချစ်သူတွေအဖြစ် ၂၀၀၉ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ တွဲခဲ့ကြတာ ဖြစ်ပါတယ်။

“ဒီကမ်ပိန်းရဲ့ နောက်ကွယ်က ပရိသတ်တွေရဲ့ တကယ့် အင်အားစိုက်ထည့်မှုကို ကျွန်မ ကြိုက်ပါတယ်။ တကယ်ပြောတာပါ။ သူတို့ တကယ် ကောင်းကောင်းလုပ်ခဲ့ကြတာပါ။ ကျွန်မ ပြောချင်တာကတော့ သူတို့ရဲ့ အားထုတ်မှုကို ကျွန်မ တကယ် နှစ်သက်ပါတယ်။ ဒါပေမယ့် တခြားတစ်ခုခုကို စဉ်းစားကြပါစို့လား။ ကြောက်စရာကောင်းတဲ့ လူတစ်ယောက်အဖြစ်တော့ ကျွန်မ သရုပ်ဆောင်ချင်ပါတယ် … ” လို့ ဆိုထားပါတယ်။

Photo: kristenstewartx/ Instagram

ပရိသတ်တွေရဲ့ ဒီတောင်းဆိုမှုကို သူမဘက်က ငြင်းပယ်တဲ့သဘောလားလို့ မေးမြန်းရာမှာတော့ “ငြင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မ ကြုံဖူးသမျှနဲ့ ပြောရင်တော့ စိတ်ကို လှုံ့ဆော်နိုင်ဆုံးဟာတစ်ခုတော့ မဟုတ်ဘူး။ အသစ်တစ်ခုခုကို လုပ်ကြည့်ကြရအောင်လား ” လို့ Kristen က ဆိုပါတယ်။

The Joker ဇာတ်ကောင်ကတော့ နာမည်ကြီး သရုပ်ဆောင်များစွာ သရုပ်ဆောင်ခဲ့တဲ့ DC ရဲ့ နာမည်ကြီးဗီလိန်ဇာတ်ရုပ်တစ်ခု ဖြစ်ပါတယ်။ Joker အဖြစ် သရုပ်ဆောင်ခဲ့ဖူးသူတွေကတော့ Jared Leto ၊ Jack Nicholson ၊ Mark Hamill ၊ Heath Ledger နဲ့ Joaquin Phoenix တို့ ဖြစ်ပါတယ်။ ဒီထဲကမှ Heath Ledger နဲ့ Joaquin Phoenix တို့ကတော့ ဒီဇာတ်ရုပ်နဲ့ပဲ အော်စကာဆု ဆွတ်ခူးခဲ့ကြပါတယ်။

Photo: kristenstewartx/ Instagram

Kristen ကတော့ အော်စကာဆုနဲ့ ဂုဏ်သိက္ခာချင်း ညီမျှတဲ့ ပြင်သစ်ရုပ်ရှင်ထူးချွန်ဆု César Award ကို Clouds of Sils Maria ရုပ်ရှင်နဲ့ ၂၀၁၅ ခုနှစ်မှာ ဆွတ်ခူးခဲ့ပါတယ်။ သူမဟာ ဒီဆုကို ရရှိခဲ့တဲ့ ပထမဆုံး အမေရိကန်မင်းသမီးလည်း ဖြစ်ပါတယ်။

Glasgow

Source: people

(Zawgyi Version)

ပရိသတ္ေတြဟာ Robert Pattinson ရဲ့ Batman ႐ုပ္ရွင္မွာ မင္းသမီး Kristen Stewart ကို Joker အျဖစ္ သ႐ုပ္ေဆာင္ေစခ်င္ၾကတဲ့အေပၚ မၾကာေသးခင္ကပဲ Kristen ဘက္က တုံ႔ျပန္ေျပာၾကားလာပါတယ္။

အသက္(၃၁)ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ Kristen Stewart ဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔မွာပဲ Variety သတင္းဌာနရဲ့ Award Circuit podcast အစီအစဥ္ကို လာေရာက္ခဲ့တာ ျဖစ္ၿပီး အခုလို သူမရဲ့ သေဘာထားကို ေျပာလိုက္တာ ျဖစ္ပါတယ္။

တကယ္ေတာ့ Robert Pattinson ဟာ Batman အျဖစ္ သ႐ုပ္ေဆာင္ေနတာ ျဖစ္တဲ့အတြက္ သူတို႔ႏွစ္ေယာက္ကို အတူျပန္ျမင္ၾကခ်င္တဲ့ ပရိသတ္ေတြဟာ Joker ဇာတ္ေကာင္အတြက္ မင္းသမီး Kristen Stewart ကို သ႐ုပ္ေဆာင္ခိုင္းဖို႔ မၾကာေသးခင္ကပဲ အြန္လိုင္းကမ္ပိန္းတစ္ခု ျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။

Photo: kristenstewartx/ Instagram

Robert နဲ႔ Kristen တို႔ဟာ Twilight ဇာတ္ကားေတြ ရိုက္ကူးရင္း ေတြ႕ဆုံခဲ့ၾကတာ ျဖစ္ၿပီး အျပင္မွာပါ တကယ့္ခ်စ္သူေတြအျဖစ္ ၂၀၀၉ ခုႏွစ္ကေန ၂၀၁၂ ခုႏွစ္အထိ တြဲခဲ့ၾကတာ ျဖစ္ပါတယ္။

“ဒီကမ္ပိန္းရဲ့ ေနာက္ကြယ္က ပရိသတ္ေတြရဲ့ တကယ့္ အင္အားစိုက္ထည့္မွုကို ကၽြန္မ ႀကိဳက္ပါတယ္။ တကယ္ေျပာတာပါ။ သူတို႔ တကယ္ ေကာင္းေကာင္းလုပ္ခဲ့ၾကတာပါ။ ကၽြန္မ ေျပာခ်င္တာကေတာ့ သူတို႔ရဲ့ အားထုတ္မွုကို ကၽြန္မ တကယ္ ႏွစ္သက္ပါတယ္။ ဒါေပမယ့္ တျခားတစ္ခုခုကို စဥ္းစားၾကပါစို႔လား။ ေၾကာက္စရာေကာင္းတဲ့ လူတစ္ေယာက္အျဖစ္ေတာ့ ကၽြန္မ သ႐ုပ္ေဆာင္ခ်င္ပါတယ္ … ” လို႔ ဆိုထားပါတယ္။

Photo: kristenstewartx/ Instagram

ပရိသတ္ေတြရဲ့ ဒီေတာင္းဆိုမွုကို သူမဘက္က ျငင္းပယ္တဲ့သေဘာလားလို႔ ေမးျမန္းရာမွာေတာ့ “ျငင္းတာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ကၽြန္မ ၾကဳံဖူးသမၽွနဲ႔ ေျပာရင္ေတာ့ စိတ္ကို လွုံ႔ေဆာ္နိုင္ဆုံးဟာတစ္ခုေတာ့ မဟုတ္ဘူး။ အသစ္တစ္ခုခုကို လုပ္ၾကည့္ၾကရေအာင္လား ” လို႔ Kristen က ဆိုပါတယ္။

The Joker ဇာတ္ေကာင္ကေတာ့ နာမည္ႀကီး သ႐ုပ္ေဆာင္မ်ားစြာ သ႐ုပ္ေဆာင္ခဲ့တဲ့ DC ရဲ့ နာမည္ႀကီးဗီလိန္ဇာတ္႐ုပ္တစ္ခု ျဖစ္ပါတယ္။ Joker အျဖစ္ သ႐ုပ္ေဆာင္ခဲ့ဖူးသူေတြကေတာ့ Jared Leto ၊ Jack Nicholson ၊ Mark Hamill ၊ Heath Ledger နဲ႔ Joaquin Phoenix တို႔ ျဖစ္ပါတယ္။ ဒီထဲကမွ Heath Ledger နဲ႔ Joaquin Phoenix တို႔ကေတာ့ ဒီဇာတ္႐ုပ္နဲ႔ပဲ ေအာ္စကာဆု ဆြတ္ခူးခဲ့ၾကပါတယ္။

Photo: kristenstewartx/ Instagram

Kristen ကေတာ့ ေအာ္စကာဆုနဲ႔ ဂုဏ္သိကၡာခ်င္း ညီမၽွတဲ့ ျပင္သစ္႐ုပ္ရွင္ထူးခၽြန္ဆု César Award ကို Clouds of Sils Maria ႐ုပ္ရွင္နဲ႔ ၂၀၁၅ ခုႏွစ္မွာ ဆြတ္ခူးခဲ့ပါတယ္။ သူမဟာ ဒီဆုကို ရရွိခဲ့တဲ့ ပထမဆုံး အေမရိကန္မင္းသမီးလည္း ျဖစ္ပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular