HomeCelebs Update NewsInternational2021 မှာ အဆုံးသတ်တော့မယ့် Keeping Up With The Kardashians ရှိုး

2021 မှာ အဆုံးသတ်တော့မယ့် Keeping Up With The Kardashians ရှိုး

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

season အခု(၂၀)နဲ့ နှစ်ပေါင်း(၁၄)နှစ်ကြာ ထုတ်လွှင့်လာတဲ့ Keeping Up With The Kardashians (KUWTK) reality show ဟာ ၂၀၂၁ခုနှစ်မှာ အဆုံးသတ်တော့မယ်လို့ Kim Kardashian ရဲ့ ကြေညာချက်အရ သိရပါတယ်။

Kar-Jenner တွေရဲ့ ပရိသတ်တွေကတော့ သူတို့ရဲ့အကြိုက် reality show ကို ၂၀၂၁ခုနှစ်မှာ တကယ် နှုတ်ဆက်ရတော့မှာဖြစ်ပြီး သူတို့မိသားစုတစ်ခုလုံးရဲ့ အဖြစ်အပျက်တွေကို ဆိုရှယ်မီဒီယာတွေမှာပဲ စောင့်ကြည့်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ အသက်(၃၉)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Kim Kardashian ဟာ သူမရဲ့အင်စတာဂရမ် အကောင့်ကနေတစ်ဆင့် စက်တင်ဘာလ(၈)ရက်နေ့မှာ အသိပေးလိုက်တာ ဖြစ်ပါတယ်။

Photo: kimkardashian/ Instagram

အဆိုပါပို့စ်မှာတော့ KUWTK ရဲ့ အစောပိုင်း season တစ်ခုမှာ အသုံးပြုခဲ့ဖူးတဲ့ ပရိုမိုးရှင်းဓာတ်ပုံလေးကို တင်ထားပြီး ယခုအချိန်အထိ ကာလကြာရှည်စွာ အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တဲ့အကြောင်း ပြောထားပါတယ်။

“ကျွန်မတို့မိသားစုအနေနဲ့ Keeping Up With The Kardashians ကို နှုတ်ဆက်ဖို့အတွက် စိတ်မကောင်းစွာနဲ့ ဆုံးဖြတ်ချက် ချခဲ့ရပါတယ်။ ကျွန်မတို့မိသားစုရဲ့ အနိမ့်အမြင့်၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ relationship ပေါင်းများစွာနဲ့ ကျွန်မတို့ရဲ့ကလေးတွေ .. စတဲ့ပုံရိပ်အားလုံးကို (၁၄)နှစ်ကြာ season အခု(၂၀)နဲ့ spin-off show ပေါင်းများစွာကို ကြည့်ရှုပေးခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်တာထက် ပိုပါတယ်။ ကျွန်မတို့ ရရှိခဲ့တဲ့ ပျော်ရွှင်ဝမ်းမြောက်ဖွယ်ရာ အမှတ်တရတွေနဲ့ ဒီရှိုးတစ်ခုလုံးမှာ ကြုံတွေ့ခဲ့ရတဲ့ လူပေါင်းများစွာကိုလည်း အမြဲတမ်း အမှတ်ရပြီး တန်ဖိုးထားနေပါ့မယ်… ”

Photo: kimkardashian/ Instagram

“ဒီရှိုးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ပေးခဲ့ကြတဲ့ ထောင်နဲ့ချီတဲ့ ပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ပြီးတော့ ကျွန်မတို့ကို ယုံကြည်ပေးခဲ့တဲ့ Ryan Seacrest ကိုလည်း အထူးကျေးဇူးတင်သလို ကျွန်မတို့နဲ့ ပါတနာလုပ်ပေးခဲ့တဲ့ E! ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ပြီးတော့ ကျွန်မတို့ရဲ့ ဘဝတွေကို နာရီပေါင်းများစွာ မှတ်တမ်းတင်ပြီး ရိုက်ကူးပေးခဲ့ကြတဲ့ ထုတ်လုပ်ရေးအဖွဲ့ Bunim/ Murray ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ရှိုးရဲ့ နောက်ဆုံး season ကိုတော့ ၂၀၂၁ခုနှစ် အစောပိုင်းမှာ ထုတ်လွှင့်ပါလိမ့်မယ်… ”

“Keeping Up With The Kardashians မရှိဘဲနဲ့ ဒီကနေ့ ကျွန်မရောက်နေတဲ့နေရာကို မရရှိနိုင်ပါဘူး။ အံ့ဩစရာကောင်းလှတဲ့ (၁၄)နှစ်လုံးမှာ ကျွန်မတို့မိသားစုကို ကြည့်ရှုပြီး အားပေးခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဒီရှိုးဟာ ကျွန်မတို့ကို ဒီနေ့လိုဖြစ်လာအောင် ကူညီပေးခဲ့တာဖြစ်ပြီး ကျွန်မတို့ရဲ့ဘဝတွေ လုံးဝပြောင်းလဲသွားအောင် ကျွန်မတို့ရဲ့ career တွေကို ဝိုင်းဝန်းပုံသွင်းပေးခဲ့ကြတဲ့သူတိုင်းကို ကျွန်မတို့အနေနဲ့ ထာဝရ ကျေးဇူးကြွေးတင်ရှိနေပါတယ်။ ချစ်ခြင်းများစွာနဲ့ ကျေးဇူးတင်ရှိပါတယ်… ” လို့ ရှိုးရဲ့ တည်ထောင်သူ Kim က ကြေညာချက်မှာ ပြောထားပါတယ်။

Photo: kimkardashian/ Instagram

Kim ရဲ့ ညီမဖြစ်သူ Khloe ကလည်း သူမရဲ့မိသားစုကိုယ်စား အဆိုပါကြေညာချက်ကို သူမရဲ့ အင်စတာဂရမ်မှာ တင်ထားပါသေးတယ်။ KUWTK ကို ထုတ်လွှင့်ပေးခဲ့တဲ့ E! ရုပ်သံလိုင်းကတော့ အောက်ပါအတိုင်း ကြေညာချက် ထုတ်ထားပါတယ်။

“E! ဟာ Kardashian-Jenner မိသားစုရဲ့ ဒုတိယအိမ်တစ်ခုဖြစ်ခဲ့ပြီး (၁၄)နှစ်ကြာမြင့်ခဲ့တဲ့ ဒီခရီးစဉ်ဟာ ဒီမိသားစုရဲ့ အံ့ဩလောက်စရာ ဖြစ်ရပ်တွေကို မှတ်တမ်းတင်ပေးနိုင်ခဲ့ပါတယ်။ သူတို့ရဲ့နေ့စဉ်ဘဝထဲကို ကျွန်တော်တို့ကို ဝင်ရောက်ခွင့်ပြုပြီး အားလုံးနဲ့ သတ္တိရှိရှိ ဝေမျှခဲ့တဲ့ ဖြစ်ရပ်တိုင်းကို အားလုံးနည်းတူ ကျွန်တော်တို့သည်လည်း ခံစားရရှိခဲ့ပါတယ်။ တစ်မိသားစုလုံးကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ လွမ်းဆွတ်နေမှာဖြစ်ပေမယ့် ကျွန်တော်တို့ရဲ့ကင်မရာတွေ မပါဘဲ သူတို့ကိုယ်ပိုင်ဘဝနဲ့ နေထိုင်ချင်တဲ့ မိသားစုရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်တို့အနေနဲ့ လေးစားပါတယ် … ”

Photo: kimkardashian/ Instagram

“ဒါဟာ ကျွန်တော်တို့ရဲ့ နောက်ဆုံးနှုတ်ဆက်လမ်းခွဲတော့ မဟုတ်သေးပါဘူး။ စက်တင်ဘာလ(၁၇)ရက်နေ့မှာ စတင်ထုတ်လွှင့်မယ့် season အသစ်နဲ့အတူ ၂၀၂၁ခုနှစ်မှာ ထုတ်လွှင့်သွားမယ့် နောက်ဆုံး season အတွက်ကိုလည်း သိပ်ကိုစိတ်လှုပ်ရှားနေပါတယ်။ တစ်မိသားစုလုံးနဲ့ ထုတ်လုပ်ရေး ပါတနာတွေဖြစ်တဲ့ Bunim Murray နဲ့ Ryan Seacrest production တို့ကိုလည်း အတူတူ အလုပ်လုပ်ခွင့်ရခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်…   ” လို့ E! ရုပ်သံလိုင်းက ကြေညာထားပါတယ်။

KUWTK ဟာ E! ရုပ်သံလိုင်းက ထုတ်လွှင့်နေတဲ့ main reality show ဖြစ်ပြီး အဲ့ဒီ့ကနေမှ မိသားစုဝင်တစ်ယောက်ချင်းစီရဲ့ ဘဝတွေကို အသေးစိတ် ရိုက်ပြ ထုတ်လွှင့်နေတဲ့ spin-off show ပေါင်း နောက်ထပ်(၁၂)ခုလည်း ရှိပါသေးတယ်။

Photo: kimkardashian/ Instagram

KUWTK ဟာ ၂၀၀၇ခုနှစ်တည်းက စတင်ခဲ့တာဖြစ်ပြီး Kardashian-Jenner တွေရဲ့ နေ့စဉ်ဘဝ အဖြစ်အပျက်များစွာနဲ့တကွ ဘဝအလှည့်အပြောင်း များစွာကိုပါ ဆယ်စုနှစ်တစ်ခုကျော်ကြာ တစ်ကမ္ဘာလုံးက ကြည့်ရှုမျှဝေခံစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီရှိုးဟာ Kardashian-Jenner မိသားစုရဲ့ ဘဝကို လုံးဝပြောင်းလဲသွားအောင် လုပ်ပေးနိုင်ခဲ့တဲ့ ရှိုးဖြစ်ပြီး မိသားစုဝင်တစ်ယောက်စီတိုင်းဟာ ကျိကျိတက် ချမ်းသာတဲ့ သူဌေးတွေ ဖြစ်လာရုံတင်မက ဆိုရှယ်မီဒီယာမှာ အရှိန်အဝါ ကြီးမားတဲ့ လွှမ်းမိုးနိုင်သူတွေပါ ဖြစ်လာကြတာပါလို့ တင်ပြရင်း … ။

Glasgow

Source: hollywood life

(Zawgyi Version)

season အခု(၂၀)နဲ႔ ႏွစ္ေပါင္း(၁၄)ႏွစ္ၾကာ ထုတ္လႊင့္လာတဲ့ Keeping Up With The Kardashians (KUWTK) reality show ဟာ ၂၀၂၁ခုႏွစ္မွာ အဆုံးသတ္ေတာ့မယ္လို႔ Kim Kardashian ရဲ႕ ေၾကညာခ်က္အရ သိရပါတယ္။

Kar-Jenner ေတြရဲ႕ ပရိသတ္ေတြကေတာ့ သူတို႔ရဲ႕အႀကိဳက္ reality show ကို ၂၀၂၁ခုႏွစ္မွာ တကယ္ ႏႈတ္ဆက္ရေတာ့မွာျဖစ္ၿပီး သူတို႔မိသားစုတစ္ခုလုံးရဲ႕ အျဖစ္အပ်က္ေတြကို ဆိုရွယ္မီဒီယာေတြမွာပဲ ေစာင့္ၾကည့္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ ဒီအေၾကာင္းကိုေတာ့ အသက္(၃၉)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ Kim Kardashian ဟာ သူမရဲ႕အင္စတာဂရမ္ အေကာင့္ကေနတစ္ဆင့္ စက္တင္ဘာလ(၈)ရက္ေန႔မွာ အသိေပးလိုက္တာ ျဖစ္ပါတယ္။

Photo: kimkardashian/ Instagram

အဆိုပါပို႔စ္မွာေတာ့ KUWTK ရဲ႕ အေစာပိုင္း season တစ္ခုမွာ အသုံးျပဳခဲ့ဖူးတဲ့ ပ႐ိုမိုးရွင္းဓာတ္ပုံေလးကို တင္ထားၿပီး ယခုအခ်ိန္အထိ ကာလၾကာရွည္စြာ အားေပးခဲ့ၾကတဲ့ ပရိသတ္ေတြကို ေက်းဇူးတင္တဲ့အေၾကာင္း ေျပာထားပါတယ္။

“ကြၽန္မတို႔မိသားစုအေနနဲ႔ Keeping Up With The Kardashians ကို ႏႈတ္ဆက္ဖို႔အတြက္ စိတ္မေကာင္းစြာနဲ႔ ဆုံးျဖတ္ခ်က္ ခ်ခဲ့ရပါတယ္။ ကြၽန္မတို႔မိသားစုရဲ႕ အနိမ့္အျမင့္၊ ေပ်ာ္႐ႊင္မႈ၊ ဝမ္းနည္းမႈ၊ relationship ေပါင္းမ်ားစြာနဲ႔ ကြၽန္မတို႔ရဲ႕ကေလးေတြ .. စတဲ့ပုံရိပ္အားလုံးကို (၁၄)ႏွစ္ၾကာ season အခု(၂၀)နဲ႔ spin-off show ေပါင္းမ်ားစြာကို ၾကည့္ရႈေပးခဲ့ၾကတဲ့ ပရိသတ္ေတြအားလုံးကို ေက်းဇူးတင္တာထက္ ပိုပါတယ္။ ကြၽန္မတို႔ ရရွိခဲ့တဲ့ ေပ်ာ္႐ႊင္ဝမ္းေျမာက္ဖြယ္ရာ အမွတ္တရေတြနဲ႔ ဒီရႈိးတစ္ခုလုံးမွာ ႀကဳံေတြ႕ခဲ့ရတဲ့ လူေပါင္းမ်ားစြာကိုလည္း အၿမဲတမ္း အမွတ္ရၿပီး တန္ဖိုးထားေနပါ့မယ္… ”

Photo: kimkardashian/ Instagram

“ဒီရႈိးရဲ႕ အစိတ္အပိုင္းတစ္ခုအျဖစ္ ပါဝင္ေပးခဲ့ၾကတဲ့ ေထာင္နဲ႔ခ်ီတဲ့ ပုဂၢိဳလ္ေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြ၊ ၿပီးေတာ့ ကြၽန္မတို႔ကို ယုံၾကည္ေပးခဲ့တဲ့ Ryan Seacrest ကိုလည္း အထူးေက်းဇူးတင္သလို ကြၽန္မတို႔နဲ႔ ပါတနာလုပ္ေပးခဲ့တဲ့ E! ကိုလည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ၿပီးေတာ့ ကြၽန္မတို႔ရဲ႕ ဘဝေတြကို နာရီေပါင္းမ်ားစြာ မွတ္တမ္းတင္ၿပီး ႐ိုက္ကူးေပးခဲ့ၾကတဲ့ ထုတ္လုပ္ေရးအဖြဲ႕ Bunim/ Murray ကိုလည္း ေက်းဇူးတင္ပါတယ္။ ကြၽန္မတို႔ရႈိးရဲ႕ ေနာက္ဆုံး season ကိုေတာ့ ၂၀၂၁ခုႏွစ္ အေစာပိုင္းမွာ ထုတ္လႊင့္ပါလိမ့္မယ္… ”

“Keeping Up With The Kardashians မရွိဘဲနဲ႔ ဒီကေန႔ ကြၽန္မေရာက္ေနတဲ့ေနရာကို မရရွိႏိုင္ပါဘူး။ အံ့ဩစရာေကာင္းလွတဲ့ (၁၄)ႏွစ္လုံးမွာ ကြၽန္မတို႔မိသားစုကို ၾကည့္ရႈၿပီး အားေပးခဲ့ၾကတဲ့ ပရိသတ္ေတြအားလုံးကို ေက်းဇူးအထူးတင္ရွိပါတယ္။ ဒီရႈိးဟာ ကြၽန္မတို႔ကို ဒီေန႔လိုျဖစ္လာေအာင္ ကူညီေပးခဲ့တာျဖစ္ၿပီး ကြၽန္မတို႔ရဲ႕ဘဝေတြ လုံးဝေျပာင္းလဲသြားေအာင္ ကြၽန္မတို႔ရဲ႕ career ေတြကို ဝိုင္းဝန္းပုံသြင္းေပးခဲ့ၾကတဲ့သူတိုင္းကို ကြၽန္မတို႔အေနနဲ႔ ထာဝရ ေက်းဇူးေႂကြးတင္ရွိေနပါတယ္။ ခ်စ္ျခင္းမ်ားစြာနဲ႔ ေက်းဇူးတင္ရွိပါတယ္… ” လို႔ ရႈိးရဲ႕ တည္ေထာင္သူ Kim က ေၾကညာခ်က္မွာ ေျပာထားပါတယ္။

Photo: kimkardashian/ Instagram

Kim ရဲ႕ ညီမျဖစ္သူ Khloe ကလည္း သူမရဲ႕မိသားစုကိုယ္စား အဆိုပါေၾကညာခ်က္ကို သူမရဲ႕ အင္စတာဂရမ္မွာ တင္ထားပါေသးတယ္။ KUWTK ကို ထုတ္လႊင့္ေပးခဲ့တဲ့ E! ႐ုပ္သံလိုင္းကေတာ့ ေအာက္ပါအတိုင္း ေၾကညာခ်က္ ထုတ္ထားပါတယ္။

“E! ဟာ Kardashian-Jenner မိသားစုရဲ႕ ဒုတိယအိမ္တစ္ခုျဖစ္ခဲ့ၿပီး (၁၄)ႏွစ္ၾကာျမင့္ခဲ့တဲ့ ဒီခရီးစဥ္ဟာ ဒီမိသားစုရဲ႕ အံ့ဩေလာက္စရာ ျဖစ္ရပ္ေတြကို မွတ္တမ္းတင္ေပးႏိုင္ခဲ့ပါတယ္။ သူတို႔ရဲ႕ေန႔စဥ္ဘဝထဲကို ကြၽန္ေတာ္တို႔ကို ဝင္ေရာက္ခြင့္ျပဳၿပီး အားလုံးနဲ႔ သတၱိရွိရွိ ေဝမွ်ခဲ့တဲ့ ျဖစ္ရပ္တိုင္းကို အားလုံးနည္းတူ ကြၽန္ေတာ္တို႔သည္လည္း ခံစားရရွိခဲ့ပါတယ္။ တစ္မိသားစုလုံးကို ရင္ထဲက လႈိက္လႈိက္လွဲလွဲ လြမ္းဆြတ္ေနမွာျဖစ္ေပမယ့္ ကြၽန္ေတာ္တို႔ရဲ႕ကင္မရာေတြ မပါဘဲ သူတို႔ကိုယ္ပိုင္ဘဝနဲ႔ ေနထိုင္ခ်င္တဲ့ မိသားစုရဲ႕ဆုံးျဖတ္ခ်က္ကို ကြၽန္ေတာ္တို႔အေနနဲ႔ ေလးစားပါတယ္ … ”

Photo: kimkardashian/ Instagram

“ဒါဟာ ကြၽန္ေတာ္တို႔ရဲ႕ ေနာက္ဆုံးႏႈတ္ဆက္လမ္းခြဲေတာ့ မဟုတ္ေသးပါဘူး။ စက္တင္ဘာလ(၁၇)ရက္ေန႔မွာ စတင္ထုတ္လႊင့္မယ့္ season အသစ္နဲ႔အတူ ၂၀၂၁ခုႏွစ္မွာ ထုတ္လႊင့္သြားမယ့္ ေနာက္ဆုံး season အတြက္ကိုလည္း သိပ္ကိုစိတ္လႈပ္ရွားေနပါတယ္။ တစ္မိသားစုလုံးနဲ႔ ထုတ္လုပ္ေရး ပါတနာေတြျဖစ္တဲ့ Bunim Murray နဲ႔ Ryan Seacrest production တို႔ကိုလည္း အတူတူ အလုပ္လုပ္ခြင့္ရခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္…   ” လို႔ E! ႐ုပ္သံလိုင္းက ေၾကညာထားပါတယ္။

KUWTK ဟာ E! ႐ုပ္သံလိုင္းက ထုတ္လႊင့္ေနတဲ့ main reality show ျဖစ္ၿပီး အဲ့ဒီ့ကေနမွ မိသားစုဝင္တစ္ေယာက္ခ်င္းစီရဲ႕ ဘဝေတြကို အေသးစိတ္ ႐ိုက္ျပ ထုတ္လႊင့္ေနတဲ့ spin-off show ေပါင္း ေနာက္ထပ္(၁၂)ခုလည္း ရွိပါေသးတယ္။

Photo: kimkardashian/ Instagram

KUWTK ဟာ ၂၀၀၇ခုႏွစ္တည္းက စတင္ခဲ့တာျဖစ္ၿပီး Kardashian-Jenner ေတြရဲ႕ ေန႔စဥ္ဘဝ အျဖစ္အပ်က္မ်ားစြာနဲ႔တကြ ဘဝအလွည့္အေျပာင္း မ်ားစြာကိုပါ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ တစ္ကမာၻလုံးက ၾကည့္ရႈမွ်ေဝခံစားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒီရႈိးဟာ Kardashian-Jenner မိသားစုရဲ႕ ဘဝကို လုံးဝေျပာင္းလဲသြားေအာင္ လုပ္ေပးႏိုင္ခဲ့တဲ့ ရႈိးျဖစ္ၿပီး မိသားစုဝင္တစ္ေယာက္စီတိုင္းဟာ က်ိက်ိတက္ ခ်မ္းသာတဲ့ သူေဌးေတြ ျဖစ္လာ႐ုံတင္မက ဆိုရွယ္မီဒီယာမွာ အရွိန္အဝါ ႀကီးမားတဲ့ လႊမ္းမိုးႏိုင္သူေတြပါ ျဖစ္လာၾကတာပါလို႔ တင္ျပရင္း … ။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular