HomeCelebs Update NewsInternationalသူဌေးမလေး Kylie Jenner ရဲ့ မယုံနိုင်စရာကောင်းတဲ့ သုံးဖြုန်းမှုများ

သူဌေးမလေး Kylie Jenner ရဲ့ မယုံနိုင်စရာကောင်းတဲ့ သုံးဖြုန်းမှုများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Kylie Jenner ဟာ အခုဆိုရင် ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး ဘီလျံနာတစ်ယောက် ဖြစ်လာပါပြီ။ သူမရဲ့ကိုယ်ပိုင် Kylie cosmetics brand ကရတဲ့ ဝင်ငွေနဲ့ သူမရဲ့မိသားစုအကြောင်း ရိုက်ကူးထုတ်လွှင့်ပြသတဲ့ reality ရှိုးတွေက ရတဲ့ ဝင်ငွေတွေကြောင့် ဒီလို ဘီလျံနာ ဖြစ်လာတာပါ။ အသက်နှစ်ဆယ်စွန်းစွန်းလေးမှာပဲ ဘီလျံနာဖြစ်လာတဲ့အတွက် များပြားလှတဲ့ ပိုက်ဆံတွေကို ဇိမ်ခံပစ္စည်းတွေအတွက် သုံးဖြုန်းလေ့ ရှိသလို သူမရဲ့သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုတွေအတွက်ကိုလည်း ရက်ရက်ရောရော သုံးလေ့ ရှိပါတယ်။ သူမ ဘယ်လိုနေရာတွေမှာ ပိုက်ဆံသုံးလည်းဆိုတာ ကြည့်လိုက်တဲ့အခါမှာတော့ …

သူမမှာ မယုံနိုင်စရာကောင်းတဲ့ ကားတွေ ရှိပါတယ်။
photo via kyliejenner/instagram

ကျွန်တော်တို့ အပြင်သွားရင် အဝတ်အစား ဘာဝတ်ရမလည်းလို့ စဉ်းစားကြပေမဲ့ သူမကတော့ ဘာကားစီးရမလည်းဆိုတာ စဉ်းစားရပါတယ်။ သူမဟာ ကားတွေကို နှစ်သက်သူဖြစ်တာကြောင့် ပြိုင်ကားတွေ၊ ဇိမ်ခံကားတွေ များစွာ စုထားပါတယ်။ အနည်းဆုံး ဒေါ်လာ(၂၂၉၀၀၀)လောက်တန်တဲ့ Bentley Bentayga ၊ စိတ်ကြိုက်မှာထားတဲ့ Range Rover နဲ့ Mercedes G-Wagon တို့အပြင်  Ferraris နှစ်စီးလည်း ရှိပါတယ်။ တစ်စီးကတော့ ဒေါ်လာနှစ်သိန်းခွဲလောက် ခန့်မှန်းခြေရှိပြီး နောက်တစ်စီးကတော့ Travis Scott မှ လက်ဆောင်ပေးထားတာဖြစ်ကာ ဒေါ်လာ(၁.၄)သန်းလောက် တန်ကြေး ရှိပါတယ်။ ဒါ့အပြင် Rolls Royces ကားတွေလည်း အများကြီး ရှိပါသေးတယ်။

အိမ်တစ်လုံးတည်းအတွက် ဒေါ်လာ(၁၂)သန်း ကုန်ကျခံခဲ့ပါတယ်။
photo via kyliejenner/instagram

ဒေါ်လာ(၁၂)သန်းဆိုတဲ့ ပမာဏဟာ တစ်ချို့ကမ္ဘာကျော်နေတဲ့ သရုပ်ဆောင်တွေ၊ အဆိုတော်တွေရဲ့ ကြွယ်ဝမှုလောက် ရှိပါတယ်။ ဒါပေမယ့် ဒီပမာဏဟာ Kylie အတွက်တော့ အိမ်တစ်လုံးဖိုးပဲ ရှိပါတယ်။ သူမမှာ လူကုံထံတွေ နေထိုင်တဲ့ ကယ်လီဖိုးနီးယားက Hidden Hills မှာ ဇိမ်ခံအိမ်ကြီးတစ်အိမ် ရှိပါတယ်။ အဲ့ဒီ့အိမ်ကိုတော့ ၂၀၁၆ခုနှစ်မှာ ဝယ်ယူခဲ့တာပါ။ အိမ်ချည်းပဲ (၁၃၀၀၀)စတုရန်းပေ ကျယ်ဝန်းပြီး ခြံဝန်းကတော့ (၁.၄ ဧက) အကျယ်ရှိပါတယ်။

အဲ့ဒီ့ခြံကြီးထဲမှာ သူမရဲ့ကားတွေအကုန်လုံးကို ထည့်သိမ်းနိုင်လောက်အောင် ကြီးမားတဲ့ ဧရာမကားဂိုဒေါင်ကြီးလည်း ပါပါတယ်။ အိမ်အတွင်းပိုင်း အလှဆင်ဖို့ကိုလည်း သီးသန့်ဒီဇိုင်းအဖွဲ့တွေကို ငှားခဲ့ပါသေးတယ်။ ဒါကြောင့် အားလုံးပေါင်း ကုန်ကျစရိတ်ကတော့ ဒေါ်လာ(၁၂)သန်း ကုန်ကျခဲ့တာ ဖြစ်ပါတယ်။

အိမ်ခြံမြေတွေချည်းပဲ ဒေါ်လာသန်း(၄၀)လောက်ကုန်အောင် ဝယ်ယူခဲ့ပါတယ်။
photo via kyliejenner/instagram

Kylie မှာ ဇိမ်ခံအိမ်ကြီးတစ်ခုပဲ ရှိတယ်လို့ ထင်နေရင် မှားသွားပါလိမ့်မယ်။ သူမဟာ အိမ်ခြံမြေတွေ ဝယ်ယူစုဆောင်းရတာကိုလည်း နှစ်သက်တာကြောင့် နှစ်အနည်းငယ်အတွင်းမှာ အိမ်ခြံမြေတွေချည်းပဲ ဒေါ်လာသန်း(၄၀)ကျော်ဖိုးတောင် ဝယ်ယူခဲ့ပါတယ်။

Beverly Hills မှာလည်း သူမရဲ့ ဇိမ်ခံအိမ် နောက်တစ်ခု ရှိပါသေးတယ်။ အဲ့ဒီအိမ်ကြီးရဲ့ ခြံချင်းကပ်လျက်မှာတော့ သူမ  ပိုင်တဲ့   Kylie Cosmetics ကုမ္ပဏီအတွက် ရုံးခန်းအကြီးကြီး ဆောက်ထားတယ်လို့ ဆိုကြပါတယ်။

ဒေါ်လာ ငါးသောင်းတန်တဲ့ Rolex နာရီကို အပျော်ဝယ်သူ ဖြစ်ပါတယ်။
photo via kyliejenner/instagram

Kylie ကို လက်ဝတ်ရတနာတွေ မပါဘဲနဲ့ မြင်ရခဲပါတယ်။ သူမဟာ လက်ဝတ်ရတနာတွေကို နှစ်သက်သူပါ။ ဒေါ်လာ (၅၃၀၀၀)တန်တဲ့ Rolex နာရီနဲ့ ဒေါ်လာ(၉၀၀၀)လောက်တန်တဲ့ ကာတီးယား စိန်လက်စွပ်တို့ အပါအဝင် လက်ဝတ်ရတနာတွေအတွက် ဒေါ်လာသိန်းပေါင်းများစွာကို သုံးစွဲသူတစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော်တို့ သိထားတာက သူမ တကယ်ပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှုတွေရဲ့ တစ်ဝက်လောက်တောင် မရှိသေးပါဘူး။

ကလေးတစ်နှစ်ပြည့်မွေးနေ့ကို လူချမ်းသာတွေရဲ့ ဇိမ်ခံမင်္ဂလာပွဲလောက် ခမ်းနားအောင် ကျင်းပပေးခဲ့ပါတယ်။
photo via kyliejenner/instagram

ဇိမ်ခံပစ္စည်းအကောင်းစားတွေကိုမှ ဖောဖောသီသီ ရေလိုမျိုး သုံးစွဲနိုင်တဲ့ Kylie မှာ ချစ်ရမယ့် သမီးလေးတစ်ယောက် ရလာတဲ့အခါမှာတော့ ဆိုဖွယ်ရာ မရှိတော့ပါဘူး။ ဒါကြောင့်လည်း သမီးလေးရဲ့ တစ်နှစ်ပြည့်မွေးနေ့ကို ခမ်းနားစွာ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီမွေးနေ့ပွဲရဲ့ ကုန်ကျစရိတ်ကိုတော့ အတိအကျဖော်ပြခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ တကယ့်လူချမ်းသာတွေရဲ့ မင်္ဂလာပွဲလောက်ကို ခမ်းနားတာကြောင့်မို့လို့ အတော်ကို ကုန်ကျမယ်ဆိုတာတော့ ပြောစရာလိုမယ် မထင်ပါဘူး။

သီးသန့်လေယာဉ်တွေ စီးတာကြောင့် နှစ်စဉ် ဒေါ်လာသန်းနဲ့ချီပြီး ကုန်ပါတယ်။
photo via kyliejenner/instagram

Kylie ဟာ လူအများစီးတဲ့ လေကြောင်းလိုင်းတွေကို စီးလေ့မရှိပါဘူး။ သွားချင်တဲ့နေရာကို သီးသန့်အထူးလေယာဉ်နဲ့ သွားတာကြောင့် အရမ်းကို အကုန်အကျများပါတယ်။ ခရီးစဉ်တစ်ခုကို အနည်းဆုံး ဒေါ်လာ(၆)သောင်းလောက် ကုန်ကျတဲ့အတွက် နှစ်စဉ် ဇိမ်ခံခရီးတွေများစွာ သွားနေတဲ့ Kylie အတွက် ခရီးစရိတ်ချည်းပဲ ဒေါ်လာသန်းနဲ့ချီပြီး ကုန်ကျပါတယ်။

Travis Scott ရဲ့ မွေးနေ့မှာ အပန်းဖြေကစားကွင်းအကြီးကြီးကို ငှားပေးခဲ့ပါတယ်။
photo via kyliejenner/instagram

Kylie ဟာ ပွဲအခမ်းအနားတွေ ကျင်းပပေးရတာကို နှစ်သက်သူဖြစ်ပြီး သူမ ချစ်ခင်ရသူတွေအတွက် ပိုက်ဆံတွေ ဖောဖောသီသီ သုံးပေးရတာကိုလည်း ပျော်ရွှင်သူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ချစ်သူ Travis Scott ရဲ့ (၂၆)နှစ်မြောက်မွေးနေ့မှာ ကြီးမားလွန်းတဲ့ အပန်းဖြေ ကစားကွင်းကြီးကို ငှားပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီကုန်ကျစရိတ်တစ်ခုတည်းကပဲ ပျမ်းမျှ ဒေါ်လာတစ်သိန်းခွဲလောက် ကုန်ကျပါတယ်။ အဲ့နောက်မှာတော့ သူ့ရဲ့မိသားစုကို ကာရေဘီယန်ဘက်မှာရှိတဲ့ အပန်းဖြေဖို့ အကောင်းဆုံးကျွန်းဖြစ်တဲ့ Turks နဲ့ Caicos ဆိုတဲ့ ကျွန်းကို လိုက်ပို့ပေးခဲ့ပါသေးတယ်။

ဒါကတော့ သူဌေးမလေး Kylie Jenner ရဲ့ ဇိမ်ခံပစ္စည်းတွေအတွက် ငွေကြေးသုံးစွဲမှုတွေပဲ ဖြစ်ပါတယ်။

Lego Les
(Zawgyi Version)

Kylie Jenner ဟာ အခုဆိုရင္ ကမာၻေပၚမွာ အသက္အငယ္ဆုံး ဘီလ်ံနာတစ္ေယာက္ ျဖစ္လာပါၿပီ။ သူမရဲ႕ကိုယ္ပိုင္ Kylie cosmetics brand ကရတဲ့ ဝင္ေငြနဲ႔ သူမရဲ႕မိသားစုအေၾကာင္း ႐ိုက္ကူးထုတ္လႊင့္ျပသတဲ့ reality ရႈိးေတြက ရတဲ့ ဝင္ေငြေတြေၾကာင့္ ဒီလို ဘီလ်ံနာ ျဖစ္လာတာပါ။ အသက္ႏွစ္ဆယ္စြန္းစြန္းေလးမွာပဲ ဘီလ်ံနာျဖစ္လာတဲ့အတြက္ မ်ားျပားလွတဲ့ ပိုက္ဆံေတြကို ဇိမ္ခံပစၥည္းေတြအတြက္ သုံးျဖဳန္းေလ့ ရွိသလို သူမရဲ႕သူငယ္ခ်င္းမိတ္ေဆြေတြ၊ မိသားစုေတြအတြက္ကိုလည္း ရက္ရက္ေရာေရာ သုံးေလ့ ရွိပါတယ္။ သူမ ဘယ္လိုေနရာေတြမွာ ပိုက္ဆံသုံးလည္းဆိုတာ ၾကည့္လိုက္တဲ့အခါမွာေတာ့ …

သူမမွာ မယုံႏိုင္စရာေကာင္းတဲ့ ကားေတြ ရွိပါတယ္။

ကြၽန္ေတာ္တို႔ အျပင္သြားရင္ အဝတ္အစား ဘာဝတ္ရမလည္းလို႔ စဥ္းစားၾကေပမဲ့ သူမကေတာ့ ဘာကားစီးရမလည္းဆိုတာ စဥ္းစားရပါတယ္။ သူမဟာ ကားေတြကို ႏွစ္သက္သူျဖစ္တာေၾကာင့္ ၿပိဳင္ကားေတြ၊ ဇိမ္ခံကားေတြ မ်ားစြာ စုထားပါတယ္။ အနည္းဆုံး ေဒၚလာ(၂၂၉၀၀၀)ေလာက္တန္တဲ့ Bentley Bentayga ၊ စိတ္ႀကိဳက္မွာထားတဲ့ Range Rover နဲ႔ Mercedes G-Wagon တို႔အျပင္  Ferraris ႏွစ္စီးလည္း ရွိပါတယ္။ တစ္စီးကေတာ့ ေဒၚလာႏွစ္သိန္းခြဲေလာက္ ခန႔္မွန္းေျခရွိၿပီး ေနာက္တစ္စီးကေတာ့ Travis Scott မွ လက္ေဆာင္ေပးထားတာျဖစ္ကာ ေဒၚလာ(၁.၄)သန္းေလာက္ တန္ေၾကး ရွိပါတယ္။ ဒါ့အျပင္ Rolls Royces ကားေတြလည္း အမ်ားႀကီး ရွိပါေသးတယ္။

အိမ္တစ္လုံးတည္းအတြက္ ေဒၚလာ(၁၂)သန္း ကုန္က်ခံခဲ့ပါတယ္။

ေဒၚလာ(၁၂)သန္းဆိုတဲ့ ပမာဏဟာ တစ္ခ်ိဳ႕ကမာၻေက်ာ္ေနတဲ့ သ႐ုပ္ေဆာင္ေတြ၊ အဆိုေတာ္ေတြရဲ႕ ႂကြယ္ဝမႈေလာက္ ရွိပါတယ္။ ဒါေပမယ့္ ဒီပမာဏဟာ Kylie အတြက္ေတာ့ အိမ္တစ္လုံးဖိုးပဲ ရွိပါတယ္။ သူမမွာ လူကုံထံေတြ ေနထိုင္တဲ့ ကယ္လီဖိုးနီးယားက Hidden Hills မွာ ဇိမ္ခံအိမ္ႀကီးတစ္အိမ္ ရွိပါတယ္။ အဲ့ဒီ့အိမ္ကိုေတာ့ ၂၀၁၆ခုႏွစ္မွာ ဝယ္ယူခဲ့တာပါ။ အိမ္ခ်ည္းပဲ (၁၃၀၀၀)စတုရန္းေပ က်ယ္ဝန္းၿပီး ၿခံဝန္းကေတာ့ (၁.၄ ဧက) အက်ယ္ရွိပါတယ္။

အဲ့ဒီ့ၿခံႀကီးထဲမွာ သူမရဲ႕ကားေတြအကုန္လုံးကို ထည့္သိမ္းႏိုင္ေလာက္ေအာင္ ႀကီးမားတဲ့ ဧရာမကားဂိုေဒါင္ႀကီးလည္း ပါပါတယ္။ အိမ္အတြင္းပိုင္း အလွဆင္ဖို႔ကိုလည္း သီးသန႔္ဒီဇိုင္းအဖြဲ႕ေတြကို ငွားခဲ့ပါေသးတယ္။ ဒါေၾကာင့္ အားလုံးေပါင္း ကုန္က်စရိတ္ကေတာ့ ေဒၚလာ(၁၂)သန္း ကုန္က်ခဲ့တာ ျဖစ္ပါတယ္။

အိမ္ၿခံေျမေတြခ်ည္းပဲ ေဒၚလာသန္း(၄၀)ေလာက္ကုန္ေအာင္ ဝယ္ယူခဲ့ပါတယ္။

Kylie မွာ ဇိမ္ခံအိမ္ႀကီးတစ္ခုပဲ ရွိတယ္လို႔ ထင္ေနရင္ မွားသြားပါလိမ့္မယ္။ သူမဟာ အိမ္ၿခံေျမေတြ ဝယ္ယူစုေဆာင္းရတာကိုလည္း ႏွစ္သက္တာေၾကာင့္ ႏွစ္အနည္းငယ္အတြင္းမွာ အိမ္ၿခံေျမေတြခ်ည္းပဲ ေဒၚလာသန္း(၄၀)ေက်ာ္ဖိုးေတာင္ ဝယ္ယူခဲ့ပါတယ္။

Beverly Hills မွာလည္း သူမရဲ႕ ဇိမ္ခံအိမ္ ေနာက္တစ္ခု ရွိပါေသးတယ္။ အဲ့ဒီအိမ္ႀကီးရဲ႕ ၿခံခ်င္းကပ္လ်က္မွာေတာ့ သူမ  ပိုင္တဲ့   Kylie Cosmetics ကုမၸဏီအတြက္ ႐ုံးခန္းအႀကီးႀကီး ေဆာက္ထားတယ္လို႔ ဆိုၾကပါတယ္။

ေဒၚလာ ငါးေသာင္းတန္တဲ့ Rolex နာရီကို အေပ်ာ္ဝယ္သူ ျဖစ္ပါတယ္။

Kylie ကို လက္ဝတ္ရတနာေတြ မပါဘဲနဲ႔ ျမင္ရခဲပါတယ္။ သူမဟာ လက္ဝတ္ရတနာေတြကို ႏွစ္သက္သူပါ။ ေဒၚလာ (၅၃၀၀၀)တန္တဲ့ Rolex နာရီနဲ႔ ေဒၚလာ(၉၀၀၀)ေလာက္တန္တဲ့ ကာတီးယား စိန္လက္စြပ္တို႔ အပါအဝင္ လက္ဝတ္ရတနာေတြအတြက္ ေဒၚလာသိန္းေပါင္းမ်ားစြာကို သုံးစြဲသူတစ္ေယာက္ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ သိထားတာက သူမ တကယ္ပိုင္ဆိုင္တဲ့ ပိုင္ဆိုင္မႈေတြရဲ႕ တစ္ဝက္ေလာက္ေတာင္ မရွိေသးပါဘူး။

ကေလးတစ္ႏွစ္ျပည့္ေမြးေန႔ကို လူခ်မ္းသာေတြရဲ႕ ဇိမ္ခံမဂၤလာပြဲေလာက္ ခမ္းနားေအာင္ က်င္းပေပးခဲ့ပါတယ္။

ဇိမ္ခံပစၥည္းအေကာင္းစားေတြကိုမွ ေဖာေဖာသီသီ ေရလိုမ်ိဳး သုံးစြဲႏိုင္တဲ့ Kylie မွာ ခ်စ္ရမယ့္ သမီးေလးတစ္ေယာက္ ရလာတဲ့အခါမွာေတာ့ ဆိုဖြယ္ရာ မရွိေတာ့ပါဘူး။ ဒါေၾကာင့္လည္း သမီးေလးရဲ႕ တစ္ႏွစ္ျပည့္ေမြးေန႔ကို ခမ္းနားစြာ ျပဳလုပ္ေပးခဲ့တာ ျဖစ္ပါတယ္။ ဒီေမြးေန႔ပြဲရဲ႕ ကုန္က်စရိတ္ကိုေတာ့ အတိအက်ေဖာ္ျပျခင္း မရွိခဲ့ပါဘူး။ ဒါေပမဲ့ တကယ့္လူခ်မ္းသာေတြရဲ႕ မဂၤလာပြဲေလာက္ကို ခမ္းနားတာေၾကာင့္မို႔လို႔ အေတာ္ကို ကုန္က်မယ္ဆိုတာေတာ့ ေျပာစရာလိုမယ္ မထင္ပါဘူး။

သီးသန႔္ေလယာဥ္ေတြ စီးတာေၾကာင့္ ႏွစ္စဥ္ ေဒၚလာသန္းနဲ႔ခ်ီၿပီး ကုန္ပါတယ္။

Kylie ဟာ လူအမ်ားစီးတဲ့ ေလေၾကာင္းလိုင္းေတြကို စီးေလ့မရွိပါဘူး။ သြားခ်င္တဲ့ေနရာကို သီးသန႔္အထူးေလယာဥ္နဲ႔ သြားတာေၾကာင့္ အရမ္းကို အကုန္အက်မ်ားပါတယ္။ ခရီးစဥ္တစ္ခုကို အနည္းဆုံး ေဒၚလာ(၆)ေသာင္းေလာက္ ကုန္က်တဲ့အတြက္ ႏွစ္စဥ္ ဇိမ္ခံခရီးေတြမ်ားစြာ သြားေနတဲ့ Kylie အတြက္ ခရီးစရိတ္ခ်ည္းပဲ ေဒၚလာသန္းနဲ႔ခ်ီၿပီး ကုန္က်ပါတယ္။

Travis Scott ရဲ႕ ေမြးေန႔မွာ အပန္းေျဖကစားကြင္းအႀကီးႀကီးကို ငွားေပးခဲ့ပါတယ္။

Kylie ဟာ ပြဲအခမ္းအနားေတြ က်င္းပေပးရတာကို ႏွစ္သက္သူျဖစ္ၿပီး သူမ ခ်စ္ခင္ရသူေတြအတြက္ ပိုက္ဆံေတြ ေဖာေဖာသီသီ သုံးေပးရတာကိုလည္း ေပ်ာ္႐ႊင္သူ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ခ်စ္သူ Travis Scott ရဲ႕ (၂၆)ႏွစ္ေျမာက္ေမြးေန႔မွာ ႀကီးမားလြန္းတဲ့ အပန္းေျဖ ကစားကြင္းႀကီးကို ငွားေပးခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီကုန္က်စရိတ္တစ္ခုတည္းကပဲ ပ်မ္းမွ် ေဒၚလာတစ္သိန္းခြဲေလာက္ ကုန္က်ပါတယ္။ အဲ့ေနာက္မွာေတာ့ သူ႔ရဲ႕မိသားစုကို ကာေရဘီယန္ဘက္မွာရွိတဲ့ အပန္းေျဖဖို႔ အေကာင္းဆုံးကြၽန္းျဖစ္တဲ့ Turks နဲ႔ Caicos ဆိုတဲ့ ကြၽန္းကို လိုက္ပို႔ေပးခဲ့ပါေသးတယ္။

ဒါကေတာ့ သူေဌးမေလး Kylie Jenner ရဲ႕ ဇိမ္ခံပစၥည္းေတြအတြက္ ေငြေၾကးသုံးစြဲမႈေတြပဲ ျဖစ္ပါတယ္။

Lego Les

 

RELATED ARTICLES

Most Popular