HomeCelebs Update NewsInternationalအေမဇုန္ေတာမီးအတြက္ မလွဴဒါန္းဘဲ ေဒၚလာေထာင္ခ်ီတဲ့ ဖိနပ္ေတြ၀ယ္ေနလို႔ ေ၀ဖန္ခံေနရတဲ့Kylie Jenner

အေမဇုန္ေတာမီးအတြက္ မလွဴဒါန္းဘဲ ေဒၚလာေထာင္ခ်ီတဲ့ ဖိနပ္ေတြ၀ယ္ေနလို႔ ေ၀ဖန္ခံေနရတဲ့Kylie Jenner

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Kylie Jenner ဟာ အသက္ႏွစ္ဆယ္နဲ႔ ဘီလ်ံနာတစ္ေယာက္ ျဖစ္လာခဲ့သူျဖစ္ၿပီး သူမရဲ႕ ေျမာက္မ်ားလွစြာေသာ ေဒၚလာေတြကို ဇိမ္ခံပစၥည္းေပါင္းေျမာက္မ်ားစြာ ၀ယ္ယူရင္း သုံးျဖဳန္းေနသူလည္း ျဖစ္ပါတယ္။ တိုက္တိုက္ဆိုင္ဆိုင္ပဲ ေဒၚလာေထာင္ခ်ီတန္တဲ့ ဖိနပ္ေတြကို Kylie က ၀ယ္ယူေနခ်ိန္မွာ တစ္ဖက္မွာေတာ့ ကမာၻ႕လူဦးေရ(၂၀)ရာခိုင္ႏႈန္းအတြက္ ေအာက္ဆီဂ်င္ေတြ ထုတ္လုပ္ေပးေနတဲ့ အေမဇုန္သစ္ေတာႀကီးဟာ အႀကီးအက်ယ္ ေတာမီးေလာင္ကၽြမ္းလို႔ ေနပါတယ္။ ဒါေၾကာင့္လည္း  သူမအေနနဲ႔ အခုလို ပိုက္ဆံေတြ သုံးေနမယ့္အစား သစ္ေတာႀကီးမီးၿငိမ္းသြားေစဖို႔ ျပဳလုပ္ရာမွာ ကူညီလွဴဒါန္းတာမ်ိဳး၊ လူအမ်ား သတိျပဳမိၿပီး ႏိုးၾကားလာေအာင္ လႈံ႔ေဆာ္တာမ်ိဳးေတြ မလုပ္လို႔ ေ၀ဖန္ခံေနရတာ ျဖစ္ပါတယ္။

Photo Credit: xinhuanet

ေဟာလိ၀ုဒ္က နာမည္ေက်ာ္ဆယ္လီအမ်ားအျပားဟာ ကမာၻႀကီးအတြက္ ေကာင္းက်ိဳးမ်ားစြာ ျပဳေနတဲ့ အေမဇုန္သစ္ေတာႀကီး မီးေလာင္ကၽြမ္းေနမႈအေပၚ လူထုက သတိျပဳမိလာဖို႔၊ ဆင္ျခင္လာေစဖို႔ရန္ အသိေပးလႈံ႔ေဆာ္တာေတြ ျပဳလုပ္ေနၾကပါတယ္။ ဘရာဇီးလ္ႏိုင္ငံရဲ႕ နယ္နိမိတ္အတြင္းမွာ ေလာင္ကၽြမ္းေနတဲ့ ဒီေတာမီးႀကီးဟာ ရွားပါးတိရစာၦန္မ်ိဳးစိတ္မ်ားစြာရဲ႕ အသက္ေတြကို ဇီ၀ိန္ေျခြသြားခဲ့ၿပီး သစ္ေတာရဲ႕ ဧရိယာအေတာ္မ်ားမ်ားကိုလည္း လိႈက္စားေလာင္ကၽြမ္းေနဆဲ ျဖစ္ပါတယ္။ ကမာၻႀကီးရဲ႕ ရာသီဥတုအေျခအေနကိုပါ မ်ားစြာသက္ေရာက္မႈျဖစ္ေစႏိုင္တဲ့ သစ္ေတာႀကီးျဖစ္တာေၾကာင့္ လူအမ်ားဟာ ရတက္မေအး ျဖစ္ေနၾကရပါတယ္။

https://www.instagram.com/p/B0ytV8tHmhy/

သို႔ေပမယ့္ အသက္(၂၂)ႏွစ္အရြယ္ရိွၿပီျဖစ္တဲ့ Kylie Jenner တစ္ေယာက္ကေတာ့ ေဒၚလာ(၁၂၅၀)တန္ GUCCI ဖိနပ္နဲ႔ (၉၉၅)ေဒၚလာတန္ Balenciaga ရွဴးဖိနပ္ေတြကို ၀ယ္ယူလာတဲ့အေၾကာင္း ၾသဂုတ္လ(၂၂)ရက္ေန႔က သူမရဲ႕ Instagram Story မွာ တင္ကာ ၾကြားခဲ့ပါတယ္။ ဒါ့အျပင္ သူမရဲ႕ ေဒၚလာေထာင္ေသာင္းခ်ီတန္တဲ့ ရွဴးဖိနပ္အရံ ေျမာက္မ်ားစြာကို သိမ္းထားတဲ့ ဖိနပ္အခန္းႀကီးကိုပါ ျပလိုက္တဲ့အခါမွာေတာ့ ပရိသတ္အမ်ားအျပားဟာ ေ၀ဖန္ေထာက္ျပလာၾကပါေတာ့တယ္။


ေသေရးရွင္ေရးတမွ် အေရးႀကီးေနတဲ့ အေမဇုန္သစ္ေတာ၊ ေတာမီးေလာင္ကၽြမ္းမႈႀကီးမွာ ေတာမီးၿငိွမ္းသတ္ေရးအတြက္လည္း ေငြမလွဴဒါန္းသလို အနည္းဆုံး လူထုကို လႈံ႔ေဆာ္မႈျပဳတာေလာက္ေလးကိုေတာင္ မလုပ္တဲ့အတြက္ ေ၀ဖန္ခံေနရတာလည္း ျဖစ္ပါတယ္။ သူမမွာ ေငြေၾကးလည္း ေျမာက္မ်ားစြာရိွၿပီး Follower ေတြလည္း သန္းနဲ႔ခ်ီ ရိွေနတဲ့အခ်ိန္မွာ အေမဇုန္သစ္ေတာႀကီးအတြက္ လုပ္ေပးႏိုင္တဲ့ကိစၥေတြ အမ်ားအျပား ရိွေနလ်က္နဲ႔ လ်စ္လ်ဴရႈထားတဲ့အတြက္လည္း ပရိသတ္အခ်ိဳ႕ရဲ႕ စိတ္ပ်က္မႈကို ခံေနရတာပါ။

ဒီအေရးကိစၥမွာ ေရငုံႏႈတ္ပိတ္ေနတာဟာ Kylie တစ္ေယာက္တည္းေတာ့ မဟုတ္ပါဘူး။ သူမရဲ႕ နာမည္ႀကီးမိသားစုက အေမေတြ၊ အစ္မေတြဟာလည္း အေမဇုန္ေတာမီးနဲ႔ ပတ္သက္လို႔ သူတို႔ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာေတြမွာ အသိေပးလႈံ႔ေဆာ္တာ တစ္ခုတစ္ေလမွ မရိွတာကိုလည္း ေတြ႕ရပါတယ္။ သို႔ေပမယ့္ မိသားစုထဲမွာဆိုရင္ Kylie က အခ်မ္းသာဆုံးျဖစ္ၿပီး ဇိမ္ခံပစၥည္းေတြကို အၾကြားဆုံးျဖစ္တာေၾကာင့္ ပိုအေျပာခံေနရတာလည္း ျဖစ္ႏိုင္ပါတယ္။

Xei

Source: hollywoodlife

(Unicode Version)

Kylie Jenner ဟာ အသက်နှစ်ဆယ်နဲ့ ဘီလျံနာတစ်ယောက် ဖြစ်လာခဲ့သူဖြစ်ပြီး သူမရဲ့ မြောက်များလှစွာသော ဒေါ်လာတွေကို ဇိမ်ခံပစ္စည်းပေါင်းမြောက်များစွာ ဝယ်ယူရင်း သုံးဖြုန်းနေသူလည်း ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒေါ်လာထောင်ချီတန်တဲ့ ဖိနပ်တွေကို Kylie က ဝယ်ယူနေချိန်မှာ တစ်ဖက်မှာတော့ ကမ္ဘာ့လူဦးရေ(၂၀)ရာခိုင်နှုန်းအတွက် အောက်ဆီဂျင်တွေ ထုတ်လုပ်ပေးနေတဲ့ အမေဇုန်သစ်တောကြီးဟာ အကြီးအကျယ် တောမီးလောင်ကျွမ်းလို့ နေပါတယ်။ ဒါကြောင့်လည်း  သူမအနေနဲ့ အခုလို ပိုက်ဆံတွေ သုံးနေမယ့်အစား သစ်တောကြီးမီးငြိမ်းသွားစေဖို့ ပြုလုပ်ရာမှာ ကူညီလှူဒါန်းတာမျိုး၊ လူအများ သတိပြုမိပြီး နိုးကြားလာအောင် လှုံ့ဆော်တာမျိုးတွေ မလုပ်လို့ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

Photo Credit: xinhuanet

ဟောလိဝုဒ်က နာမည်ကျော်ဆယ်လီအများအပြားဟာ ကမ္ဘာကြီးအတွက် ကောင်းကျိုးများစွာ ပြုနေတဲ့ အမေဇုန်သစ်တောကြီး မီးလောင်ကျွမ်းနေမှုအပေါ် လူထုက သတိပြုမိလာဖို့၊ ဆင်ခြင်လာစေဖို့ရန် အသိပေးလှုံ့ဆော်တာတွေ ပြုလုပ်နေကြပါတယ်။ ဘရာဇီးလ်နိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာ လောင်ကျွမ်းနေတဲ့ ဒီတောမီးကြီးဟာ ရှားပါးတိရစ္ဆာန်မျိုးစိတ်များစွာရဲ့ အသက်တွေကို ဇီဝိန်ခြွေသွားခဲ့ပြီး သစ်တောရဲ့ ဧရိယာအတော်များများကိုလည်း လှိုက်စားလောင်ကျွမ်းနေဆဲ ဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့ ရာသီဥတုအခြေအနေကိုပါ များစွာသက်ရောက်မှုဖြစ်စေနိုင်တဲ့ သစ်တောကြီးဖြစ်တာကြောင့် လူအများဟာ ရတက်မအေး ဖြစ်နေကြရပါတယ်။

https://www.instagram.com/p/B0ytV8tHmhy/

သို့ပေမယ့် အသက်(၂၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ Kylie Jenner တစ်ယောက်ကတော့ ဒေါ်လာ(၁၂၅၀)တန် GUCCI ဖိနပ်နဲ့ (၉၉၅)ဒေါ်လာတန် Balenciaga ရှူးဖိနပ်တွေကို ဝယ်ယူလာတဲ့အကြောင်း သြဂုတ်လ(၂၂)ရက်နေ့က သူမရဲ့ Instagram Story မှာ တင်ကာ ကြွားခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ ဒေါ်လာထောင်သောင်းချီတန်တဲ့ ရှူးဖိနပ်အရံ မြောက်များစွာကို သိမ်းထားတဲ့ ဖိနပ်အခန်းကြီးကိုပါ ပြလိုက်တဲ့အခါမှာတော့ ပရိသတ်အများအပြားဟာ ဝေဖန်ထောက်ပြလာကြပါတော့တယ်။


သေရေးရှင်ရေးတမျှ အရေးကြီးနေတဲ့ အမေဇုန်သစ်တော၊ တောမီးလောင်ကျွမ်းမှုကြီးမှာ တောမီးငြှိမ်းသတ်ရေးအတွက်လည်း ငွေမလှူဒါန်းသလို အနည်းဆုံး လူထုကို လှုံ့ဆော်မှုပြုတာလောက်လေးကိုတောင် မလုပ်တဲ့အတွက် ဝေဖန်ခံနေရတာလည်း ဖြစ်ပါတယ်။ သူမမှာ ငွေကြေးလည်း မြောက်များစွာရှိပြီး Follower တွေလည်း သန်းနဲ့ချီ ရှိနေတဲ့အချိန်မှာ အမေဇုန်သစ်တောကြီးအတွက် လုပ်ပေးနိုင်တဲ့ကိစ္စတွေ အများအပြား ရှိနေလျက်နဲ့ လျစ်လျူရှုထားတဲ့အတွက်လည်း ပရိသတ်အချို့ရဲ့ စိတ်ပျက်မှုကို ခံနေရတာပါ။

ဒီအရေးကိစ္စမှာ ရေငုံနှုတ်ပိတ်နေတာဟာ Kylie တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ သူမရဲ့ နာမည်ကြီးမိသားစုက အမေတွေ၊ အစ်မတွေဟာလည်း အမေဇုန်တောမီးနဲ့ ပတ်သက်လို့ သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ အသိပေးလှုံ့ဆော်တာ တစ်ခုတစ်လေမှ မရှိတာကိုလည်း တွေ့ရပါတယ်။ သို့ပေမယ့် မိသားစုထဲမှာဆိုရင် Kylie က အချမ်းသာဆုံးဖြစ်ပြီး ဇိမ်ခံပစ္စည်းတွေကို အကြွားဆုံးဖြစ်တာကြောင့် ပိုအပြောခံနေရတာလည်း ဖြစ်နိုင်ပါတယ်။

Xei

Source: hollywoodlife

 

RELATED ARTICLES

Most Popular