HomeCelebs Update NewsInternationalKylie Jenner ရဲ့မွေးနေ့အတွက် တစ်အိမ်လုံးကို နှင်းဆီပန်းတွေနဲ့ အလှဆင်ပေးခဲ့တဲ့ Travis Scott

Kylie Jenner ရဲ့မွေးနေ့အတွက် တစ်အိမ်လုံးကို နှင်းဆီပန်းတွေနဲ့ အလှဆင်ပေးခဲ့တဲ့ Travis Scott

Kylie Jenner ကတော့ ပြီးခဲ့တဲ့ ဩဂုတ်လ(၁၀)ရက်နေ့မှာ အသက်(၂၅)နှစ် ပြည့်သွားပါတယ်။ သူမရဲ့မွေးနေ့အတွက် ချစ်သူ ရက်ပ်ပါ Travis Scott ဟာ တစ်အိမ်လုံးကို နှင်းဆီပန်းတွေနဲ့ လှပစွာ ဖုံးအုပ်အလှဆင်ပြီး surprise လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

အသက်(၃၁)နှစ်ရှိပြီ ဖြစ်တဲ့ Travis Scott ဟာ Kylie ရဲ့ မွေးနေ့အတွက် အခုလို လှပစွာ surprise လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ Holmby Hills မှာ တည်ရှိတဲ့ Kylie ရဲ့ ဒေါ်လာ(၃၆.၅)သန်းတန် ဇိမ်ခံအိမ်ကြီးတစ်ခုလုံးရဲ့ လျှောက်လမ်းတွေ၊ အခန်းတွေအားလုံးမှာ ပန်းရောင်ဖျော့ နှင်းဆီပန်းပေါင်းများစွာနဲ့ အလှဆင်ပေးထားတာ ဖြစ်ပါတယ်။

အသက်ငယ်ရွယ်လွန်းပေမယ့် အဆမတန် ချမ်းသာကြွယ်ဝနေတဲ့ Kylie အတွက် မွေးနေ့မှာ ပန်းပေးမယ်ဆိုရင် ပန်းစည်းတစ်ခုလောက်နဲ့တော့ လုံလောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ Travis ဟာ တစ်အိမ်လုံးကို ပန်းခင်းကြီးအဖြစ် ပြောင်းလဲပစ်လိုက်ဖို့ စိတ်ကူးခဲ့ပုံရပါတယ်။ ဒီပန်းတွေရဲ့ တန်ဖိုးကတော့ သေချာပေါက် ဒေါ်လာသောင်းဂဏန်း ကျသင့်မှာ မလွဲပါဘူး။

Kylie ရဲ့ မွေးနေ့အတွက် မိခင်ဖြစ်သူ Kris Jenner ကတော့ ဒေါ်လာ(၁)သိန်းခန့် တန်ဖိုးရှိတဲ့ Birkin လက်ကိုင်အိတ်တစ်လုံးကို လက်ဆောင်ပေးခဲ့ပါသေးတယ်။ အဲဒီအိတ်ကတော့ ရှားပါးတဲ့ အရောင်စပ်နဲ့ ဖန်တီးထားတာ ဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ အဲဒီဒီဇိုင်းနဲ့အိတ်ဟာ သုံးလုံးသာ ရှိတယ်လို့လည်း ဆိုပါတယ်။

Photo: kyliejenner/ Instagram

Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ ၂၀၂၂ ခုနှစ်မှာ Kylie ရဲ့ ချမ်းသာကြွယ်ဝမှုကတော့ ဒေါ်လာသန်း(၆၀၀)ကျော် ရှိတယ်လို့ သိရပါတယ်။ သူမဟာ မိသားစုလိုက် ပါဝင်ထားတဲ့ reality show ပေါင်းများစွာကနေ ဒေါ်လာသန်းပေါင်းများစွာ ရရှိနေသလို သူမရဲ့ Kylie အမှတ်တံဆိပ် ကိုယ်ပိုင်အလှကုန်တွေကြောင့်လည်း အခုလို ကျိကျိတက် ချမ်းသာကြွယ်ဝလာတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Kylie ဟာ အရာရာမှာ ကိန်းကြီးခန်းကြီးနိုင်ပြီး ဇိမ်ခံပစ္စည်းတွေကိုပဲ သုံးစွဲလေ့ရှိတာဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular