HomeCelebs Update NewsInternationalTravis ရဲ႕ေမြးေန႔မွာ ေဒၚလာႏွစ္သိန္းရွစ္ေသာင္းတန္ လမ္ေဘာ္ဂီနီ လက္ေဆာင္ေပးလိုက္တဲ့ Kylie Jenner

Travis ရဲ႕ေမြးေန႔မွာ ေဒၚလာႏွစ္သိန္းရွစ္ေသာင္းတန္ လမ္ေဘာ္ဂီနီ လက္ေဆာင္ေပးလိုက္တဲ့ Kylie Jenner

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ရှုပါ။

မၾကာေသးခင္ကပဲ အသက္အငယ္ဆုံး ဘီလ်ံနာျဖစ္လာတဲ့ Kylie Jenner ဟာ ေဘာစိတစ္ေယာက္ရဲ႕ အထာေတာ့ အျပည့္ရိွသူပါ။ ဧၿပီလ(၃၀)ရက္ေန႔မွာ က်ေရာက္တဲ့ ခင္ပြန္းသည္ rapper Travis Scott ရဲ႕ (၂၈)ႏွစ္ေျမာက္ ေမြးေန႔အတြက္ ေဒၚလာ ႏွစ္သိန္းရွစ္ေသာင္း တန္ဖိုးရိွတဲ့ အသစ္စက္စက္ ေငြေရာင္ လမ္ေဘာ္ဂီနီကားႀကီးကို အမိုက္စား ေမြးေန႔လက္ေဆာင္အျဖစ္ ေပးအပ္လိုက္တာ ျဖစ္ပါတယ္။

Kylie ဟာ ေမြးေန႔ေတြကို က်င္းပတဲ့ေနရာမွာ က်န္တဲ့မိသားစု၀င္ေတြထက္ ပိုၿပီးခမ္းခမ္းနားနား ျပဳလုပ္တတ္သူ ျဖစ္ပါတယ္။ သူမဟာ ေမြးေန႔မတိုင္ခင္ ငါးရက္ေလာက္အလိုတည္းက Travis ရဲ႕ ေမြးေန႔ပြဲကို က်င္းပေပးေနတာလည္း ျဖစ္ပါတယ္။ ေမြးေန႔လက္ေဆာင္အတြက္ ေက်းဇူးတင္ေၾကာင္းကိုလည္း Travis က သူ႔ရဲ႕ IG story မွာ တင္ထားပါေသးတယ္။ ငယ္ငယ္ရြယ္ရြယ္နဲ႔ ေအာင္ျမင္ေနၾကသူေတြပီပီ Kylie ရဲ႕ (၂၁)ႏွစ္ေျမာက္ ေမြးေန႔တုန္းကလည္း Travis က အျဖဴေရာင္ ရိုးလ္စ္ရိြဳက္ကားႀကီးကို လက္ေဆာင္ေပးခဲ့ဖူးပါေသးတယ္။

https://www.instagram.com/p/Bw5NA5bAvYG/?utm_source=ig_embed

Travis နဲ႔ Kylie တို႔ဟာ အခုထက္ထိ တရား၀င္ လက္မထပ္ရေသးေပမယ့္လည္း တစ္ေယာက္နဲ႔တစ္ေယာက္ေတာ့ “ေယာက္်ားေရ … ” “မိန္းမေရ…”နဲ႔ ေခၚေ၀ၚသုံးႏႈန္းၾကပါတယ္။ လက္မထပ္ရေသးေပမယ့္ (၂)ႏွစ္ေက်ာ္ခန္႔ လက္တြဲလာတဲ့ Travis ဟာ သူမအတြက္ ဘယ္လိုအေရးႀကီးေၾကာင္းကို သူမရဲ႕ အင္စတာဂရမ္မွာ မၾကာခဏ တင္ေလ့ရိွတာေၾကာင့္ Kylie ရဲ႕ ပရိသတ္ေတြကေတာ့ သူတို႔ႏွစ္ဦးရဲ႕ ပတ္သက္မႈ အတိမ္အနက္ကို သိရိွၿပီးသား ျဖစ္ပါတယ္။

Photo: pinterest

Travis နဲ႔ တစ္ႏွစ္အရြယ္ သမီးေလး စေတာ္မီ ၀က္ဘ္စတာကို ရရိွထားတဲ့ Kylie ဟာ သူမရဲ႕ အင္စတာဂရမ္အေကာင့္မွာ ခင္ပြန္းသည္အတြက္ ေမြးေန႔ဆုေတာင္းေပးရင္းနဲ႔ ေနာက္ထပ္ကေလးတစ္ေယာက္ ယူဖို႔အတြက္ အသင့္ျဖစ္ေနၿပီဆိုတာကိုလည္း Travis ကို အသိေပးလိုက္ပါေသးတယ္။

Photo: pinterest

Travis ရဲ႕ ေမြးေန႔ပြဲအတြက္ ရည္စူးၿပီး ဧၿပီလ(၂၅)ရက္ေန႔တုန္းကလည္း Avengers: End Game theme နဲ႔ ပါတီပြဲတစ္ခုကို ျပဳလုပ္ေပးခဲ့ၿပီး သူမက Captain Marvel ရဲ႕၀တ္စုံကို ၀တ္ဆင္ကာ Travis ကေတာ့ Iron Man ရဲ႕၀တ္စုံကို ၀တ္ဆင္ခဲ့ၾကပါတယ္။ ဒါ့အျပင္ End Game ကို စတင္ရုံတင္ျပသတဲ့ အဲ့ဒီ့ေန႔ တစ္ေန႔တည္းမွာပဲ အထူးသီးသန္႔ပြဲအျဖစ္ ပါတီတက္လာတဲ့သူေတြနဲ႔အတူ အထူးပြဲအျဖစ္ ၾကည့္ရႈခံစားခဲ့ၾကပါေသးတယ္။

Photo: pinterest

ဒါတင္မကေသးဘဲ ေနာက္တစ္ေန႔ မနက္ခင္းမွာေတာ့ ေဟာလိ၀ုဒ္ရဲ႕ အေနာက္ဘက္ျခမ္းက အထင္ကရ ေနရာျဖစ္တဲ့ Santa Monica လမ္းမႀကီးနဲ႔ La Cienega လမ္းမႀကီးတို႔ လမ္းဆုံေနရာမွာ လမ္းသြားလမ္းလာေတြ၊ ယာဥ္ေမာင္းသူေတြ အားလုံးျမင္ရေအာင္ ေဘလ္ဘုတ္ေထာင္ၿပီး ေမြးေန႔ဆုေတာင္း ျပဳလုပ္ေပးခဲ့ျပန္ပါတယ္။ သမီးေလး စေတာ္မီကို ခ်ီထားၿပီး “ဟက္ပီးဘက္ေဒးပါ ဒယ္ဒီ”ဆိုတဲ့ စာတန္းေလးနဲ႔ ေဘလ္ဘုတ္ေထာင္ၿပီး ေမြးေန႔ဆုေတာင္း ျပဳလုပ္ခဲ့တာပါ။

စပရိုက္စ္ေတြ၊ တန္ဖိုးႀကီးလက္ေဆာင္ေတြနဲ႔ ၿခံရံထားတဲ့ သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးဟာ ေရရွည္မွာေရာ တည္ၿမဲေနမွာလားဆိုတာကေတာ့ … ။

Xei

Source: hollywoodlife.com

(Unicode Version)

မကြာသေးခင်ကပဲ အသက်အငယ်ဆုံး ဘီလျံနာဖြစ်လာတဲ့ Kylie Jenner ဟာ ဘောစိတစ်ယောက်ရဲ့ အထာတော့ အပြည့်ရှိသူပါ။ ဧပြီလ(၃၀)ရက်နေ့မှာ ကျရောက်တဲ့ ခင်ပွန်းသည် rapper Travis Scott ရဲ့ (၂၈)နှစ်မြောက် မွေးနေ့အတွက် ဒေါ်လာ နှစ်သိန်းရှစ်သောင်း တန်ဖိုးရှိတဲ့ အသစ်စက်စက် ငွေရောင် လမ်ဘော်ဂီနီကားကြီးကို အမိုက်စား မွေးနေ့လက်ဆောင်အဖြစ် ပေးအပ်လိုက်တာ ဖြစ်ပါတယ်။

Kylie ဟာ မွေးနေ့တွေကို ကျင်းပတဲ့နေရာမှာ ကျန်တဲ့မိသားစုဝင်တွေထက် ပိုပြီးခမ်းခမ်းနားနား ပြုလုပ်တတ်သူ ဖြစ်ပါတယ်။ သူမဟာ မွေးနေ့မတိုင်ခင် ငါးရက်လောက်အလိုတည်းက Travis ရဲ့ မွေးနေ့ပွဲကို ကျင်းပပေးနေတာလည်း ဖြစ်ပါတယ်။ မွေးနေ့လက်ဆောင်အတွက် ကျေးဇူးတင်ကြောင်းကိုလည်း Travis က သူ့ရဲ့ IG story မှာ တင်ထားပါသေးတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေကြသူတွေပီပီ Kylie ရဲ့ (၂၁)နှစ်မြောက် မွေးနေ့တုန်းကလည်း Travis က အဖြူရောင် ရိုးလ်စ်ရွိုက်ကားကြီးကို လက်ဆောင်ပေးခဲ့ဖူးပါသေးတယ်။

https://www.instagram.com/p/Bw5NA5bAvYG/?utm_source=ig_embed

Travis နဲ့ Kylie တို့ဟာ အခုထက်ထိ တရားဝင် လက်မထပ်ရသေးပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက်တော့ “ယောက်ျားရေ … ” “မိန်းမရေ…”နဲ့ ခေါ်ဝေါ်သုံးနှုန်းကြပါတယ်။ လက်မထပ်ရသေးပေမယ့် (၂)နှစ်ကျော်ခန့် လက်တွဲလာတဲ့ Travis ဟာ သူမအတွက် ဘယ်လိုအရေးကြီးကြောင်းကို သူမရဲ့ အင်စတာဂရမ်မှာ မကြာခဏ တင်လေ့ရှိတာကြောင့် Kylie ရဲ့ ပရိသတ်တွေကတော့ သူတို့နှစ်ဦးရဲ့ ပတ်သက်မှု အတိမ်အနက်ကို သိရှိပြီးသား ဖြစ်ပါတယ်။

Photo: pinterest

Travis နဲ့ တစ်နှစ်အရွယ် သမီးလေး စတော်မီ ဝက်ဘ်စတာကို ရရှိထားတဲ့ Kylie ဟာ သူမရဲ့ အင်စတာဂရမ်အကောင့်မှာ ခင်ပွန်းသည်အတွက် မွေးနေ့ဆုတောင်းပေးရင်းနဲ့ နောက်ထပ်ကလေးတစ်ယောက် ယူဖို့အတွက် အသင့်ဖြစ်နေပြီဆိုတာကိုလည်း Travis ကို အသိပေးလိုက်ပါသေးတယ်။

Photo: pinterest

Travis ရဲ့ မွေးနေ့ပွဲအတွက် ရည်စူးပြီး ဧပြီလ(၂၅)ရက်နေ့တုန်းကလည်း Avengers: End Game theme နဲ့ ပါတီပွဲတစ်ခုကို ပြုလုပ်ပေးခဲ့ပြီး သူမက Captain Marvel ရဲ့ဝတ်စုံကို ဝတ်ဆင်ကာ Travis ကတော့ Iron Man ရဲ့ဝတ်စုံကို ဝတ်ဆင်ခဲ့ကြပါတယ်။ ဒါ့အပြင် End Game ကို စတင်ရုံတင်ပြသတဲ့ အဲ့ဒီ့နေ့ တစ်နေ့တည်းမှာပဲ အထူးသီးသန့်ပွဲအဖြစ် ပါတီတက်လာတဲ့သူတွေနဲ့အတူ အထူးပွဲအဖြစ် ကြည့်ရှုခံစားခဲ့ကြပါသေးတယ်။

Photo: pinterest

ဒါတင်မကသေးဘဲ နောက်တစ်နေ့ မနက်ခင်းမှာတော့ ဟောလိဝုဒ်ရဲ့ အနောက်ဘက်ခြမ်းက အထင်ကရ နေရာဖြစ်တဲ့ Santa Monica လမ်းမကြီးနဲ့ La Cienega လမ်းမကြီးတို့ လမ်းဆုံနေရာမှာ လမ်းသွားလမ်းလာတွေ၊ ယာဉ်မောင်းသူတွေ အားလုံးမြင်ရအောင် ဘေလ်ဘုတ်ထောင်ပြီး မွေးနေ့ဆုတောင်း ပြုလုပ်ပေးခဲ့ပြန်ပါတယ်။ သမီးလေး စတော်မီကို ချီထားပြီး “ဟက်ပီးဘက်ဒေးပါ ဒယ်ဒီ”ဆိုတဲ့ စာတန်းလေးနဲ့ ဘေလ်ဘုတ်ထောင်ပြီး မွေးနေ့ဆုတောင်း ပြုလုပ်ခဲ့တာပါ။

စပရိုက်စ်တွေ၊ တန်ဖိုးကြီးလက်ဆောင်တွေနဲ့ ခြံရံထားတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ ရေရှည်မှာရော တည်မြဲနေမှာလားဆိုတာကတော့ … ။

Xei

Source: hollywoodlife.com

 

 

 

 

 

 

RELATED ARTICLES

Most Popular