HomeCelebs Update NewsInternationalBatman Makeup Line အသစ်ထုတ်လုပ်မယ့် Kylie Jenner

Batman Makeup Line အသစ်ထုတ်လုပ်မယ့် Kylie Jenner

အောက်တိုဘာလဟာ ဟောလိုးဝင်းပွဲတော်ကာလ ဖြစ်တဲ့အတွက် နှစ်စဉ်ထုတ်လုပ်နေကျအတိုင်းပဲ Kylie Jenner ကတော့ Kylie Cosmetics ရဲ့ Halloween Collection ကို ထုတ်လုပ်သွားဦးမှာ ဖြစ်ပါတယ်။ ယခုနှစ်အတွက်ကိုတော့ သူမဟာ ဆက်ဆီကျတဲ့ Batgirl အဖြစ် ပြောင်းလဲပြီး Batman makeup line ကို ထုတ်လုပ်မယ်လို့ သိရပါတယ်။

Kylie Cosmetics ရဲ့ နောက်ဆုံးထွက် collection အဖြစ် Batman makeup ကို ထုတ်လုပ်မယ့်အကြောင်း အောက်တိုဘာလ(၇)ရက်နေ့ သောကြာနေ့မှာတော့ Kylie ဟာ သူမရဲ့အင်စတာဂရမ်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပို့စ်မှာတော့ သူမဟာ မူလ Batgirl ပုံစံကနေ ခွဲထွက်ပြီး အပြာရောင် ရောစပ်ထားတဲ့ eye makeup နဲ့ မျက်နှာဖုံးကို အသုံးပြုထားပါတယ်။

 

View this post on Instagram

 

A post shared by Kylie Cosmetics (@kyliecosmetics)

80’s ခေတ်ကပုံစံ မိတ်ကပ်ပြင်ဆင်မှုနဲ့ ရုပ်မြင်သံကြားစက်အဟောင်းတစ်ခုကိုပါ ကမ်ပိန်းအတွက် အသုံးပြုထားပြီး Batman makeup line ဟာ မကြာခင် ထွက်ရှိတော့မယ့်အကြောင်း Kylie က အသိပေးထားပါတယ်။ သို့သော်လည်း ထွက်ရှိမယ့် နေ့ရက်အတိအကျကိုတော့ မပြောသေးပါဘူး။ သို့ပေမယ့်လည်း ခန့်မှန်းရရင်တော့ ယခုဟောလိုးဝင်းကာလအတွင်းမှာပဲ ဒီ makeup line ကို ထုတ်လုပ်သွားမယ်လို့ ယူဆရပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်ပြီး သူမရဲ့ပရိသတ်တွေကတော့ အလွန်သဘောတွေ့နေကြပြီး အသစ်ထွက်မယ့် မိတ်ကပ်အသစ်ကိုရော၊ သူမ လိမ်းခြယ်ထားတဲ့ မိတ်ကပ်ပုံစံကိုပါ နှစ်သက်ကြောင်း ပြောနေကြပါတယ်။ တချို့ကတော့ ဒါဟာ Kylie နဲ့ Travis Scott တို့ရဲ့ ရှစ်လအရွယ်ရှိပြီ ဖြစ်တဲ့ သားလေးကို “Batman Webster” လို့ အမည်ပေး ကင်ပွန်းတပ်မယ့်အကြောင်း အရိပ်အမြွက်ပေးတာပါလို့ နောက်ပြောင်နေကြပါတယ်။

Photo: kyliejenner/ Instagram

တကယ်တော့ Kylie ရဲ့ချစ်သူ Travis Scott ဟာလည်း Batman ပရိသတ်တစ်ယောက် ဖြစ်ပါတယ်။ သို့သော်လည်း သူတို့ရဲ့သားလေးကိုတော့ Wolf Webster လို့ အမည်ပေးပြီးသား ဖြစ်တာကြောင့် ကလေးအမည်ပေးမှာမျိုးတော့ မဟုတ်တာ သေချာပါတယ်။

Kylie ရဲ့ ရာဇဝင်မှာတော့ classic ရုပ်ရှင်တွေနဲ့ ပူးပေါင်းပြီး makeup line အသစ်ထုတ်တာဟာ အခုက ပထမဆုံးအကြိမ် မဟုတ်သေးပါဘူး။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း A Nightmare on Elm Street ရုပ်ရှင်နဲ့ ပူးပေါင်းပြီး cosmetics အသစ် ထုတ်လုပ်ခဲ့ပါသေးတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular