HomeEntertainmentFilmထုတ်လွှင့်ရက်နဲ့အတူ teaser ထွက်ရှိလာတဲ့ Money Heist Season 5

ထုတ်လွှင့်ရက်နဲ့အတူ teaser ထွက်ရှိလာတဲ့ Money Heist Season 5

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Professor ဦးဆောင်တဲ့ အကြီးဆုံး ဘဏ်ဓားပြမှုကြီးဟာ အဆုံးသတ်ကို ရောက်ရှိလာပါတော့မယ်။ Professor နဲ့ အဖွဲ့သားတွေရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးတော့မယ့် နောက်ဆုံး ဇာတ်သိမ်း season အကြောင်းကိုတော့ မနေ့ကပဲ teaser နဲ့အတူ ပရိသတ်တွေကို Netflix က စပရိုက်စ် လုပ်လိုက်ပါတယ်။

ဒီတစ်ခါမှာတော့ အဖွဲ့သားတွေဟာ ပိုများပြားတဲ့ ပစ်ခတ်မှုတွေနဲ့အတူ ဒေါသတကြီး တုံ့ပြန်လာကြမှာ ဖြစ်ပါတယ်။ သူတို့တစ်ဖွဲ့သားလုံး Nairobi ရဲ့ သေဆုံးမှုကို မေ့ဖျောက်နိုင်ကြမှာ မဟုတ်ပါဘူး။ အခုဆိုရင် သူတို့ရင်ဆိုင်နေကြရတာဟာ ဘဏ်ဓားပြမှုတစ်ခုတင် မဟုတ်တော့ဘဲ စစ်ပွဲတစ်ခု ဖြစ်သွားပါပြီ။ teaser မှာ ဖော်ပြသွားချက်အရဆိုရင် တစ်ဖွဲ့လုံးရဲ့ ပတ်ဝန်းကျင်မှာ စစ်ပွဲတစ်ခုအသွင် ဆောင်နေတာကို တွေ့ရမှာပါ။

Photo via IMDb

ဒီအခိုက်အတန့်လေးမှာ အဖွဲ့သားတစ်ယောက်ချင်းစီရဲ့ စိတ်ခံစားချက်တွေကို အနှေးပြကွက်နဲ့ မြင်တွေ့ရပြီး အားလုံးဟာ ချစ်ခင်ရတဲ့ လူတစ်ယောက်ကို ဆုံးရှုံးသွားရမှုကြောင့် လက်စားချေဖို့ ကြိုးစားမယ့်အကြောင်း ရှုမြင် ခံစားရမှာ ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ ခံစားချက်ကို အဆုံးစွန်ထိ မြှင့်တင်ပေးနေတာကတော့ နောက်ခံတေးသီချင်းပဲ ဖြစ်ပါတယ်။ ယခင်ကလို Bella Ciao ကို အသုံးမပြုတော့ဘဲ Linkin Park ရဲ့ In The End ကို သုံးထားတာက သူတို့တိုက်ပွဲရဲ့ အဆုံးသတ်ကို ရင်တမမ ဖြစ်စေမယ့် ခံစားချက်ကို ပေးနေပါတယ်။

Photo via IMDb

teaser ထဲမှာ ဖော်ပြသွားချက်အရ Netflix ဟာ ယခုလာမယ့် Season 5 ကို အပိုင်းနှစ်ပိုင်းခွဲပြီး ပြသသွားမှာ ဖြစ်ပါတယ်။ ပထမပိုင်းကိုတော့ စက်တင်ဘာလ(၃)ရက်နေ့မှာ စတင်ထုတ်လွှင့် ပြသမှာဖြစ်ပြီး ဒုတိယပိုင်းကိုတော့ ဒီဇင်ဘာလ(၃)ရက်နေ့မှာ ပြသသွားမှာ ဖြစ်ပါတယ်။

Season 5 ဖန်တီးရိုက်ကူးမှုနဲ့ ပတ်သက်ပြီး ရှိုးရဲ့ ဖန်တီးသူ Alex Pina က အခုလို ပြောကြားထားတာ ရှိပါတယ်။

“ကပ်ရောဂါကာလမှာ Part 5 ကို စရေးရတော့ အပိုင်းဆယ်ပိုင်းပါတဲ့ season တစ်ခု ဆိုတာကို ပြောင်းလဲလိုက်ဖို့ လိုတယ်လို့ ကျွန်တော်တို့ ခံစားရတယ်။ အဲဒါကြောင့် Part A မှာတင် စီးရီးတစ်ခုရဲ့ ဇာတ်သိမ်းမှာ ပါသင့်ပါထိုက်တဲ့ ခံစားမှုရသတွေ ပါဝင်ဖို့ ကျွန်တော်တို့ သုံးနိုင်သမျှ အရာအားလုံးသုံးပြီး ဖန်တီးထားပါတယ်။ တကယ့် ပြင်းထန် ကြမ်းကြုတ်တဲ့ ပုံစံတစ်ခု ဖြစ်အောင် ကျွန်တော်တို့ တွန်းပို့ထားပြီး သူတို့တစ်ဖွဲ့သားလုံး အရှုံးပေးရလုနီးနီး အခြေအနေမျိုးကို ဖန်တီးထားပါတယ် …”

“Part B မှာတော့ ကာရိုက်တာတွေနဲ့ ပတ်သက်ပြီး ခံစားရစေမယ့် အရာမျိုးကို ပိုပြီးအာရုံစိုက်ထားပါတယ်။ ဒါဟာ သူတို့ရဲ့ ခရီးတလျှောက် ကျွန်တော်တို့ကိုယ်တိုင် လိုက်ပါခံစားခဲ့ရပြီး သူတို့ရဲ့ နှုတ်ဆက်ခွဲခွာမှုကိုပါ ကြည့်ရှုသူတွေနဲ့ တိုက်ရိုက် ချိတ်ဆက်ပေးထားတာမျိုးပါ … ” လို့ ဇာတ်သိမ်း season နဲ့ ပတ်သက်ပြီး ရှိုးဖန်တီးသူက ဆိုထားပါတယ်။

Glasgow

Source: indianexpress

(Zawgyi Version)

Professor ဦးေဆာင္တဲ့ အႀကီးဆုံး ဘဏ္ဓားျပမႈႀကီးဟာ အဆုံးသတ္ကို ေရာက္ရွိလာပါေတာ့မယ္။ Professor နဲ႔ အဖြဲ႕သားေတြရဲ႕ ကံၾကမၼာကို အဆုံးအျဖတ္ေပးေတာ့မယ့္ ေနာက္ဆုံး ဇာတ္သိမ္း season အေၾကာင္းကိုေတာ့ မေန႔ကပဲ teaser နဲ႔အတူ ပရိသတ္ေတြကို Netflix က စပ႐ိုက္စ္ လုပ္လိုက္ပါတယ္။

ဒီတစ္ခါမွာေတာ့ အဖြဲ႕သားေတြဟာ ပိုမ်ားျပားတဲ့ ပစ္ခတ္မႈေတြနဲ႔အတူ ေဒါသတႀကီး တုံ႔ျပန္လာၾကမွာ ျဖစ္ပါတယ္။ သူတို႔တစ္ဖြဲ႕သားလုံး Nairobi ရဲ႕ ေသဆုံးမႈကို ေမ့ေဖ်ာက္ႏိုင္ၾကမွာ မဟုတ္ပါဘူး။ အခုဆိုရင္ သူတို႔ရင္ဆိုင္ေနၾကရတာဟာ ဘဏ္ဓားျပမႈတစ္ခုတင္ မဟုတ္ေတာ့ဘဲ စစ္ပြဲတစ္ခု ျဖစ္သြားပါၿပီ။ teaser မွာ ေဖာ္ျပသြားခ်က္အရဆိုရင္ တစ္ဖြဲ႕လုံးရဲ႕ ပတ္ဝန္းက်င္မွာ စစ္ပြဲတစ္ခုအသြင္ ေဆာင္ေနတာကို ေတြ႕ရမွာပါ။

Photo via IMDb

ဒီအခိုက္အတန႔္ေလးမွာ အဖြဲ႕သားတစ္ေယာက္ခ်င္းစီရဲ႕ စိတ္ခံစားခ်က္ေတြကို အေႏွးျပကြက္နဲ႔ ျမင္ေတြ႕ရၿပီး အားလုံးဟာ ခ်စ္ခင္ရတဲ့ လူတစ္ေယာက္ကို ဆုံးရႈံးသြားရမႈေၾကာင့္ လက္စားေခ်ဖို႔ ႀကိဳးစားမယ့္အေၾကာင္း ရႈျမင္ ခံစားရမွာ ျဖစ္ပါတယ္။

ပရိသတ္ေတြရဲ႕ ခံစားခ်က္ကို အဆုံးစြန္ထိ ျမႇင့္တင္ေပးေနတာကေတာ့ ေနာက္ခံေတးသီခ်င္းပဲ ျဖစ္ပါတယ္။ ယခင္ကလို Bella Ciao ကို အသုံးမျပဳေတာ့ဘဲ Linkin Park ရဲ႕ In The End ကို သုံးထားတာက သူတို႔တိုက္ပြဲရဲ႕ အဆုံးသတ္ကို ရင္တမမ ျဖစ္ေစမယ့္ ခံစားခ်က္ကို ေပးေနပါတယ္။

Photo via IMDb

teaser ထဲမွာ ေဖာ္ျပသြားခ်က္အရ Netflix ဟာ ယခုလာမယ့္ Season 5 ကို အပိုင္းႏွစ္ပိုင္းခြဲၿပီး ျပသသြားမွာ ျဖစ္ပါတယ္။ ပထမပိုင္းကိုေတာ့ စက္တင္ဘာလ(၃)ရက္ေန႔မွာ စတင္ထုတ္လႊင့္ ျပသမွာျဖစ္ၿပီး ဒုတိယပိုင္းကိုေတာ့ ဒီဇင္ဘာလ(၃)ရက္ေန႔မွာ ျပသသြားမွာ ျဖစ္ပါတယ္။

Season 5 ဖန္တီး႐ိုက္ကူးမႈနဲ႔ ပတ္သက္ၿပီး ရႈိးရဲ႕ ဖန္တီးသူ Alex Pina က အခုလို ေျပာၾကားထားတာ ရွိပါတယ္။

“ကပ္ေရာဂါကာလမွာ Part 5 ကို စေရးရေတာ့ အပိုင္းဆယ္ပိုင္းပါတဲ့ season တစ္ခု ဆိုတာကို ေျပာင္းလဲလိုက္ဖို႔ လိုတယ္လို႔ ကြၽန္ေတာ္တို႔ ခံစားရတယ္။ အဲဒါေၾကာင့္ Part A မွာတင္ စီးရီးတစ္ခုရဲ႕ ဇာတ္သိမ္းမွာ ပါသင့္ပါထိုက္တဲ့ ခံစားမႈရသေတြ ပါဝင္ဖို႔ ကြၽန္ေတာ္တို႔ သုံးႏိုင္သမွ် အရာအားလုံးသုံးၿပီး ဖန္တီးထားပါတယ္။ တကယ့္ ျပင္းထန္ ၾကမ္းၾကဳတ္တဲ့ ပုံစံတစ္ခု ျဖစ္ေအာင္ ကြၽန္ေတာ္တို႔ တြန္းပို႔ထားၿပီး သူတို႔တစ္ဖြဲ႕သားလုံး အရႈံးေပးရလုနီးနီး အေျခအေနမ်ိဳးကို ဖန္တီးထားပါတယ္ …”

“Part B မွာေတာ့ ကာ႐ိုက္တာေတြနဲ႔ ပတ္သက္ၿပီး ခံစားရေစမယ့္ အရာမ်ိဳးကို ပိုၿပီးအာ႐ုံစိုက္ထားပါတယ္။ ဒါဟာ သူတို႔ရဲ႕ ခရီးတေလွ်ာက္ ကြၽန္ေတာ္တို႔ကိုယ္တိုင္ လိုက္ပါခံစားခဲ့ရၿပီး သူတို႔ရဲ႕ ႏႈတ္ဆက္ခြဲခြာမႈကိုပါ ၾကည့္ရႈသူေတြနဲ႔ တိုက္႐ိုက္ ခ်ိတ္ဆက္ေပးထားတာမ်ိဳးပါ … ” လို႔ ဇာတ္သိမ္း season နဲ႔ ပတ္သက္ၿပီး ရႈိးဖန္တီးသူက ဆိုထားပါတယ္။

Glasgow

Source: indianexpress

 

RELATED ARTICLES

Most Popular