HomeEntertainmentFilmဇာတ်သိမ်းဖြစ်မယ့် Season 5 ကို ရိုက်ကူးရေး ပြီးစီးသွားတဲ့ Money Heist 

ဇာတ်သိမ်းဖြစ်မယ့် Season 5 ကို ရိုက်ကူးရေး ပြီးစီးသွားတဲ့ Money Heist 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Netflix ရဲ့ နာမည်ကျော်စီးရီး Money Heist ဟာ Season 5 ရဲ့ ရိုက်ကူးရေးကို ပြီးစီးသွားပြီလို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ ပြီးခဲ့တဲ့ သောကြာနေ့က တွစ်တာစာမျက်နှာပေါ်မှာ ရိုက်ကွင်းပေါ်က ဓာတ်ပုံတစ်ခုကို ဝေမျှပြီး Netflix က ပရိသတ်ဆီ အသိပေးလိုက်တာ ဖြစ်ပါတယ်။

Photo: Netflix/ twitter

ယခုရိုက်ကူး ပြီးစီးသွားတဲ့ Season 5 ကတော့ Money Heist ရဲ့ နောက်ဆုံး ဇာတ်သိမ်း ဖြစ်ပါတယ်။ Season 5 မှာ ဇာတ်သိမ်းမယ့်အကြောင်းကိုတော့ မနှစ်က ဇူလိုင်လကတည်းက ပရိသတ်ကို အသိပေးထားခဲ့တာပါ။ ရှိုးရဲ့ ဖန်တီးသူ Alex Pina ရဲ့ ပြောစကားအရ နောက်ဆုံး Season မှာ ဘဏ်ဖောက်တဲ့ အဖွဲ့ဟာ ကွဲသွားမှာဖြစ်ပြီး ပရော်ဖက်ဆာဟာလည်း အရှုံးပေးရလုနီးနီး ဖြစ်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကာရိုက်တာတွေအားလုံးဟာ နောက်ပြန်လှည့်လို့ မရတော့တဲ့ အခြေအနေတစ်ခုထဲကို ရောက်သွားမယ်လို့လည်း ဆိုပါတယ်။

Photo via IMDb

Money Heist ဇာတ်လမ်းတွဲကတော့ ပရော်ဖက်ဆာလို့ ခေါ်တဲ့ ဉာဏ်ကြီးရှင်တစ်ယောက်ရဲ့ ကြိုးကိုင်မှုနဲ့ အထင်ကရ ဘဏ်ကြီးနှစ်ခုကို ဖောက်ထွင်းကြတဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ အဖြစ်အပျက်တွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီစီးရီးဟာ ပရော်ဖက်ဆာရဲ့ ရှုပ်ထွေးတဲ့ အစီအစဉ်တွေပေါ်မှာ အခြေခံထားတာ ဖြစ်ပြီး ဘဏ်ဖောက်မယ့် အဖွဲ့သားတစ်ယောက်ချင်းစီရဲ့ ကျွမ်းကျင်မှုနဲ့ အကျင့်စရိုက်တွေကိုပါ သမမျှတစွာ ရောမွှေထားတာ ဖြစ်ပါတယ်။

Photo via IMDb

ဒီစီးရီးရဲ့ ထူးခြားချက်တစ်ခုကတော့ ပရော်ဖက်ဆာရဲ့ အဖွဲ့ထဲကို ဝင်ရောက်လာကြတဲ့ ဂိုဏ်းသားတိုင်းဟာ အမည်ရင်းကို ဖော်ပြခွင့်မရှိဘဲ ကမ္ဘာ့နာမည်ကြီး မြို့အမည်တွေကိုသာ ကိုယ်စားပြု ခေါ်ဝေါ်ကြရတာ ဖြစ်ပါတယ်။ Season 1 နဲ့ 2 မှာ Royal Mint ကို ဘဏ်ဖောက်ခဲ့ပြီး Season 3 နဲ့ 4 မှာတော့ Bank of Spain ကို ဖောက်ထွင်းနေကြတာ ဖြစ်ပြီး ယခုလာမယ့် Season 5 ကတော့ အဆုံးသတ် ရလဒ်ကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Linda December

Source: screenrant

(Zawgyi Version)

Netflix ရဲ႕ နာမည္ေက်ာ္စီးရီး Money Heist ဟာ Season 5 ရဲ႕ ႐ိုက္ကူးေရးကို ၿပီးစီးသြားၿပီလို႔ သိရပါတယ္။ ဒီအေၾကာင္းကိုေတာ့ ၿပီးခဲ့တဲ့ ေသာၾကာေန႔က တြစ္တာစာမ်က္ႏွာေပၚမွာ ႐ိုက္ကြင္းေပၚက ဓာတ္ပုံတစ္ခုကို ေဝမွ်ၿပီး Netflix က ပရိသတ္ဆီ အသိေပးလိုက္တာ ျဖစ္ပါတယ္။

Photo: Netflix/ twitter

ယခု႐ိုက္ကူး ၿပီးစီးသြားတဲ့ Season 5 ကေတာ့ Money Heist ရဲ႕ ေနာက္ဆုံး ဇာတ္သိမ္း ျဖစ္ပါတယ္။ Season 5 မွာ ဇာတ္သိမ္းမယ့္အေၾကာင္းကိုေတာ့ မႏွစ္က ဇူလိုင္လကတည္းက ပရိသတ္ကို အသိေပးထားခဲ့တာပါ။ ရႈိးရဲ႕ ဖန္တီးသူ Alex Pina ရဲ႕ ေျပာစကားအရ ေနာက္ဆုံး Season မွာ ဘဏ္ေဖာက္တဲ့ အဖြဲ႕ဟာ ကြဲသြားမွာျဖစ္ၿပီး ပေရာ္ဖက္ဆာဟာလည္း အရႈံးေပးရလုနီးနီး ျဖစ္သြားမယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ကာ႐ိုက္တာေတြအားလုံးဟာ ေနာက္ျပန္လွည့္လို႔ မရေတာ့တဲ့ အေျခအေနတစ္ခုထဲကို ေရာက္သြားမယ္လို႔လည္း ဆိုပါတယ္။

Photo via IMDb

Money Heist ဇာတ္လမ္းတြဲကေတာ့ ပေရာ္ဖက္ဆာလို႔ ေခၚတဲ့ ဉာဏ္ႀကီးရွင္တစ္ေယာက္ရဲ႕ ႀကိဳးကိုင္မႈနဲ႔ အထင္ကရ ဘဏ္ႀကီးႏွစ္ခုကို ေဖာက္ထြင္းၾကတဲ့ အဖြဲ႕တစ္ဖြဲ႕ရဲ႕ အျဖစ္အပ်က္ေတြကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒီစီးရီးဟာ ပေရာ္ဖက္ဆာရဲ႕ ရႈပ္ေထြးတဲ့ အစီအစဥ္ေတြေပၚမွာ အေျခခံထားတာ ျဖစ္ၿပီး ဘဏ္ေဖာက္မယ့္ အဖြဲ႕သားတစ္ေယာက္ခ်င္းစီရဲ႕ ကြၽမ္းက်င္မႈနဲ႔ အက်င့္စ႐ိုက္ေတြကိုပါ သမမွ်တစြာ ေရာေမႊထားတာ ျဖစ္ပါတယ္။

Photo via IMDb

ဒီစီးရီးရဲ႕ ထူးျခားခ်က္တစ္ခုကေတာ့ ပေရာ္ဖက္ဆာရဲ႕ အဖြဲ႕ထဲကို ဝင္ေရာက္လာၾကတဲ့ ဂိုဏ္းသားတိုင္းဟာ အမည္ရင္းကို ေဖာ္ျပခြင့္မရွိဘဲ ကမာၻ႔နာမည္ႀကီး ၿမိဳ႕အမည္ေတြကိုသာ ကိုယ္စားျပဳ ေခၚေဝၚၾကရတာ ျဖစ္ပါတယ္။ Season 1 နဲ႔ 2 မွာ Royal Mint ကို ဘဏ္ေဖာက္ခဲ့ၿပီး Season 3 နဲ႔ 4 မွာေတာ့ Bank of Spain ကို ေဖာက္ထြင္းေနၾကတာ ျဖစ္ၿပီး ယခုလာမယ့္ Season 5 ကေတာ့ အဆုံးသတ္ ရလဒ္ကို ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။

Linda December

Source: screenrant

 

RELATED ARTICLES

Most Popular