HomeEntertainmentFilmMoney Heist ရဲ့ Final Season မှာ ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်လာနိုင်လဲ?

Money Heist ရဲ့ Final Season မှာ ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်လာနိုင်လဲ?

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Money Heist ဟာ Netflix ရဲ့ နာမည်ကြီးဇာတ်လမ်းတွဲတစ်ခု ဖြစ်ပြီး မကြာသေးခင်က Netflix ရဲ့ ကြေညာချက်အရ ယခုလာမယ့် season (5) ဟာ နောက်ဆုံးဇာတ်သိမ်းမယ့် season လို့လည်း သိရပါတယ်။ စပိန်စကားပြော မှုခင်းဒရာမာတစ်ခုဖြစ်ပြီး သူ့ရဲ့ဇာတ်အလှည့်အပြောင်းတွေနဲ့ ဒိုင်ယာလော့ခ်တွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ စီးရီးတစ်ခုလည်း ဖြစ်ပါတယ်။

ဒီစီးရီးထဲမှာတော့ ပရော်ဖက်ဆာအဖြစ် Álvaro Morte ၊ Tokyo အဖြစ် Úrsula Corberó ၊ Raquel အဖြစ် Itziar Ituño ၊ Berlin အဖြစ် Pedro Alonso ၊ Nairobi အဖြစ် Alba Flores စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ season 4 ကိုတော့ ၂၀၂၀ခုနှစ် ဧပြီလ(၃)ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပြီး ဇာတ်အလှည့်အပြောင်းအချို့နဲ့ ပရိသတ်ကို ရှော့ခ်တိုက်ထားပါတယ်။ ဒါကြောင့် season 4 အနှစ်ချုပ်နဲ့ လာမယ့် season 5 မှာ ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်လာမလည်းဆိုတာ ခန့်မှန်းထားတဲ့ fan theory အချို့ကိုပါ ဖော်ပြသွားမှာမို့ spoiler တွေ ပါဝင်သွားမှာဖြစ်ကြောင်း ကြိုတင်သတိပေးလိုက်ပါတယ်။

**Spoiler Alert**
Season 4 အနှစ်ချုပ်
Photo via IMDb

Money Heist ရဲ့ season 4 မှာ ပရိသတ်တွေကို ရှော့ခ်အရစေဆုံးကတော့ Nairobi ရဲ့ သေဆုံးမှုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Raquel ဟာလည်း Lisbon ဆိုတဲ့ အမည်ဝှက်ကို ခံယူပြီး အဖွဲ့ရဲ့ဒုတိယမြောက် ဓားပြမှုဖြစ်တဲ့ စပိန်ဘဏ် ဖောက်ထွင်းမှုမှာ အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်လာခဲ့ပါတယ်။

လာမယ့် နောက်ဆုံးဇာတ်သိမ်း season 5 နဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ လအနည်းငယ်တည်းက သရုပ်ဆောင်တွေဟာ သဲလွန်စတွေ အမျိုးမျိုး ပေးနေခဲ့တာကြောင့် ပရိသတ်တွေမှာလည်း သိပ်ကိုစိတ်လှုပ်ရှားနေကြပါတယ်။ ဒါကြောင့် စီးရီးထဲက အဓိကဇာတ်ကောင်တွေမှာ ဘယ်လိုကံကြမ္မာတွေနဲ့ ကြုံတွေ့သွားနိုင်လည်းဆိုတာ ခန့်မှန်းထားတဲ့ fan theory အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Lisbon သေမှာလား?
Photo via IMDb

season 4 ထွက်ရှိပြီး သိပ်မကြာခင်မှာပဲ Álvaro Morte ဟာ သူ့ရဲ့ဇာတ်ကောင် ပရော်ဖက်ဆာရဲ့ အဆုံးသတ် ကံကြမ္မာအကြောင်း ပြောသွားခဲ့ပါတယ်။ Express UK သတင်းဌာနရဲ့ ဖော်ပြချက်အရ Álvaro Morte ဟာ ၂၀၂၀ခုနှစ် မေလမှာ ကျင်းပခဲ့တဲ့ Chelsea Film Festival မှာ သူ့ဇာတ်ကောင် ပရော်ဖက်ဆာရဲ့အကြောင်းကို သဲလွန်စပေးခဲ့တာလို့ သိရပါတယ်။

“ပရော်ဖက်ဆာဟာ တကယ့်ကို ထူးဆန်းပြီး ကြောင်စီစီနိုင်တဲ့ လူတစ်ယောက်ပါ။ အရမ်းလည်း အထီးကျန်ဆန်တဲ့ လူတစ်ယောက်ဖြစ်ပြီးတော့ အဖွဲ့နဲ့အတူ အလုပ်လုပ်တာရော၊ အချစ်ကို ရှာတွေ့သွားတာရောက သူ့ဘဝအတွက်တော့ အခန်းကဏ္ဍသေးသေးလေး တစ်ခုပဲ ရှိပါသေးတယ်။ ဒီကာရိုက်တာရဲ့ အဆုံးသတ်ကို ပြောရမယ်ဆိုရင်တော့ အချိန်တစ်ခုမှာ သူ့ကိုအရင်လို အထီးကျန်ဆန်ပြီး သူ့အနေနဲ့ ပိုပြီးသက်သောင့်သက်သာဖြစ်တဲ့ ဘဝလေးကို ပြန်သွားစေချင်ပါတယ်… ” လို့ Álvaro Morte က ဆိုထားပါတယ်။

သူ့စကားအပေါ်မှာ အခြေခံပြီး ထွက်လာတဲ့ ခန့်မှန်းမှုကတော့ Lisbon နဲ့ ပရော်ဖက်ဆာတို့ လမ်းခွဲရတာ ဖြစ်မလား၊ Lisbon သေဆုံးသွားတာ ဖြစ်နိုင်မလားဆိုပြီး သီအိုရီနှစ်ခု ထွက်လာပါတယ်။ လမ်းခွဲဖို့ကို စဉ်းစားတဲ့အခါ Lisbon ဟာ သူမ တစ်ဘဝလုံး နှစ်မြုပ်ခဲ့တဲ့ ရဲဘဝကိုတောင် စွန့်လွှတ်ပြီး ပရော်ဖက်ဆာဆီကို လိုက်လာခဲ့တဲ့အတွက် လမ်းခွဲဖို့က သိပ်မဖြစ်နိုင်ဘဲ Lisbon သေဆုံးဖို့က ပိုပြီးဖြစ်နိုင်ချေများတယ်လို့ ခန့်မှန်းထားကြပါတယ်။

Manila ရဲ့နောက်ကြောင်းရာဇဝင်
Photo via IMDb

ရှိုးရဲ့ဖန်တီးသူ Álex Pina ဟာ Manila ရဲ့ဇာတ်ရုပ်မှာ ပိုပြီးသိချင်စရာတွေ ရှိသေးတယ်လို့ ပြောထားပါတယ်။ ဒါကြောင့် အခုလာမယ့် season မှာ Denver ရဲ့ငယ်သူငယ်ချင်းဖြစ်ပြီး လိင်ပြောင်းထားတဲ့ Manila ရဲ့ဇာတ်ရုပ်ကို ပိုပြီးအသေးစိတ် ကြည့်ရှုရဖို့ ရှိပါတယ်။

Alicia နဲ့ ပရော်ဖက်ဆာတို့ကြားက တိုက်ပွဲ
Photo via IMDb

season 4 ရဲ့နောက်ဆုံးအပိုင်းမှာ ပရော်ဖက်ဆာ ပုန်းအောင်းနေတဲ့ နေရာကို စုံစမ်းရေးမှူး Alicia Sierra က ရှာဖွေတွေ့ရှိသွားပြီး ပရော်ဖက်ဆာကို သေနတ်နဲ့ ချိန်ထားတဲ့အခန်းမှာ ပြီးဆုံးသွားပါတယ်။ ရှိုးရဲ့ဖန်တီးသူ Álex Pina ရဲ့ ပြောကြားချက်အရ လာမယ့် season ဟာ ဆန့်ကျင်ဘက် ကာရိုက်တာနှစ်ခုကြား အသေအကျေ တိုက်ခိုက်ကြတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာမယ်လို့ သိရပါတယ်။ ဒီတော့ Alicia ဟာ Lisbon လို ပရော်ဖက်ဆာရဲ့အဖွဲ့ထဲကို ဝင်မှာမဟုတ်ဘဲ ပရော်ဖက်ဆာကို တိုက်ခိုက်ဖို့က ပိုပြီးအခွင့်အလမ်း များနေတယ်လို့ ခန့်မှန်းနေကြပါတယ်။

Alicia ရဲ့ တကယ်သရုပ်မှန်
Photo via IMDb

စုံစမ်းရေးမှူး Alicia ရဲ့ဇာတ်ရုပ်နဲ့ ပတ်သက်ပြီး ပရိသတ်တွေကြားမှာ ခန့်မှန်းနေခဲ့ကြတာ အတော်လေး ကြာမြင့်ခဲ့ပါပြီ။ ပရိသတ်တွေရဲ့ ခန့်မှန်းမှုအရ Alicia ဟာ Tatiana ဖြစ်နိုင်တယ်ဆိုတဲ့ သီအိုရီတစ်ခု ရှိနေပါတယ်။ Tatianna ဟာ Berlin လက်ထပ်ယူခဲ့တဲ့ မိန်းကလေး ဖြစ်ပြီး Alicia ဟာ German ဆိုတဲ့ သူမရဲ့ခင်ပွန်းသည်အမည်ကို ရှိုးထဲမှာ ခဏခဏ ပြောဆိုထားတာ ရှိခဲ့ပါတယ်။ ဒါကြောင့် Alicia ပြောပြောနေတဲ့ German ဆိုတာဟာ တစ်ခြားလူမဟုတ်ဘဲ Berlin ဖြစ်နေနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

Photo via IMDb

Alicia နဲ့ Tatianna နေရာမှာ မင်းသမီးနှစ်လက်က သရုပ်ဆောင်ထားပေမယ့် သူတို့ရဲ့မျက်နှာပေါက်တွေ ဆင်တူနေပြီး ဆံပင်အနီရောင်နဲ့ ရှေ့ဆံမြိတ်ထားတာတွေကပါ တူညီနေတယ်လို့ ထောက်ပြထားကြတာ ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာကတော့ ခင်ပွန်းသည်ကို ဆုံးရှုံးပြီး ကြမ်းတမ်းတဲ့ အချိန်တွေကို ဖြတ်ကျော်ခဲ့ရလို့ Tatianna ရဲ့ လှပမှုတွေ ပျောက်ဆုံးပြီး Alicia ပုံစံဖြစ်လာခဲ့တယ်လို့ ဆိုနေကြပါတယ်။

အရှေ့မှာတုန်းကလည်း ပရော်ဖက်ဆာနဲ့ Berlin တို့က ညီအစ်ကိုဖြစ်နေတဲ့အကြောင်းကို season 2 ပြီးကာနီးမှ ပြထားတဲ့ ဥပမာတစ်ခုလည်း ရှိနေတာကြောင့် အခုဆက်စပ်မှုကလည်း လာမယ့်ဇာတ်သိမ်း season မှာ ဖြစ်နိုင်ချေများတယ်လို့ ခန့်မှန်းနေကြပါတယ်။

အပိုင်း(၁၀)ပိုင်း ပါဝင်မယ့် Season (5)
Photo via IMDb

Álex Pina ရဲ့ ပြောကြားချက်အရ လာမယ့် season ဟာ အပိုင်း(၁၀)ပိုင်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ “ဒီအဖွဲ့တစ်ဖွဲ့လုံးကို ဘယ်လိုဖျက်ဆီးပစ်ရမယ်ဆိုတာ ကျွန်တော်တို့ တစ်နှစ်လောက် စဉ်းစားခဲ့ကြပါတယ်။ ပရော်ဖက်ဆာကို ဘယ်လိုအဆုံးသတ်ပေးရမလဲ။ ဇာတ်ကောင်တွေ အများကြီးအတွက် နောက်ပြန်လှည့်လို့ မရနိုင်မယ့် အခြေအနေတစ်ခုကို ဘယ်လိုဖန်တီးပေးကြမလဲ။ အားလုံးစဉ်းစားပြီးနောက်မှာ season 5 က ရလဒ်အနေနဲ့ ထွက်လာပါတယ်။ ဒီစစ်ပွဲဟာ သူ့ရဲ့အမြင့်ဆုံး ဇာတ်ရှိန်ကို ရောက်လာမှာဖြစ်ပြီး ပိုအစွန်းရောက်သလို၊ ပိုပြီးတော့လည်း ကြမ်းတမ်းပါလိမ့်မယ်။ ဒါပေမယ့် ကြည့်လို့အကောင်းဆုံး၊ စိတ်လှုပ်ရှားရဆုံး season ဖြစ်နေမှာကတော့ သေချာပါတယ်… ” လို့ Álex Pina က ကြေညာချက်တစ်ခုမှာ ပြောကြားထားပါတယ်။

Money Heist ရဲ့ season 5 ဟာ ကိုဗစ်ကြောင့် ရိုက်ကူးရေးတွေ ရပ်နားထားရာကနေ ဩဂုတ်လ(၃)ရက်နေ့မှာ ရိုက်ကူးရေး ပြန်လည်စတင်မယ်လို့ သိရပါတယ်။

Glasgow

Source: indian express

(Zawgyi Version)

Money Heist ဟာ Netflix ရဲ႕ နာမည္ႀကီးဇာတ္လမ္းတြဲတစ္ခု ျဖစ္ၿပီး မၾကာေသးခင္က Netflix ရဲ႕ ေၾကညာခ်က္အရ ယခုလာမယ့္ season (5) ဟာ ေနာက္ဆုံးဇာတ္သိမ္းမယ့္ season လို႔လည္း သိရပါတယ္။ စပိန္စကားေျပာ မႈခင္းဒရာမာတစ္ခုျဖစ္ၿပီး သူ႔ရဲ႕ဇာတ္အလွည့္အေျပာင္းေတြနဲ႔ ဒိုင္ယာေလာ့ခ္ေတြေၾကာင့္ ပရိသတ္ေတြၾကားမွာ ေရပန္းစားတဲ့ စီးရီးတစ္ခုလည္း ျဖစ္ပါတယ္။

ဒီစီးရီးထဲမွာေတာ့ ပေရာ္ဖက္ဆာအျဖစ္ Álvaro Morte ၊ Tokyo အျဖစ္ Úrsula Corberó ၊ Raquel အျဖစ္ Itziar Ituño ၊ Berlin အျဖစ္ Pedro Alonso ၊ Nairobi အျဖစ္ Alba Flores စတဲ့ သ႐ုပ္ေဆာင္ေတြ ပါဝင္ထားပါတယ္။ season 4 ကိုေတာ့ ၂၀၂၀ခုႏွစ္ ဧၿပီလ(၃)ရက္ေန႔မွာ ထုတ္လႊင့္ခဲ့ၿပီး ဇာတ္အလွည့္အေျပာင္းအခ်ိဳ႕နဲ႔ ပရိသတ္ကို ေရွာ့ခ္တိုက္ထားပါတယ္။ ဒါေၾကာင့္ season 4 အႏွစ္ခ်ဳပ္နဲ႔ လာမယ့္ season 5 မွာ ဘယ္လိုအလွည့္အေျပာင္းေတြ ျဖစ္လာမလည္းဆိုတာ ခန႔္မွန္းထားတဲ့ fan theory အခ်ိဳ႕ကိုပါ ေဖာ္ျပသြားမွာမို႔ spoiler ေတြ ပါဝင္သြားမွာျဖစ္ေၾကာင္း ႀကိဳတင္သတိေပးလိုက္ပါတယ္။

Photo via IMDb
**Spoiler Alert**
Season 4 အႏွစ္ခ်ဳပ္

Money Heist ရဲ႕ season 4 မွာ ပရိသတ္ေတြကို ေရွာ့ခ္အရေစဆုံးကေတာ့ Nairobi ရဲ႕ ေသဆုံးမႈပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Raquel ဟာလည္း Lisbon ဆိုတဲ့ အမည္ဝွက္ကို ခံယူၿပီး အဖြဲ႕ရဲ႕ဒုတိယေျမာက္ ဓားျပမႈျဖစ္တဲ့ စပိန္ဘဏ္ ေဖာက္ထြင္းမႈမွာ အဖြဲ႕ဝင္တစ္ေယာက္အျဖစ္ ပါဝင္လာခဲ့ပါတယ္။

လာမယ့္ ေနာက္ဆုံးဇာတ္သိမ္း season 5 နဲ႔ ပတ္သက္ၿပီး လြန္ခဲ့တဲ့ လအနည္းငယ္တည္းက သ႐ုပ္ေဆာင္ေတြဟာ သဲလြန္စေတြ အမ်ိဳးမ်ိဳး ေပးေနခဲ့တာေၾကာင့္ ပရိသတ္ေတြမွာလည္း သိပ္ကိုစိတ္လႈပ္ရွားေနၾကပါတယ္။ ဒါေၾကာင့္ စီးရီးထဲက အဓိကဇာတ္ေကာင္ေတြမွာ ဘယ္လိုကံၾကမၼာေတြနဲ႔ ႀကဳံေတြ႕သြားႏိုင္လည္းဆိုတာ ခန႔္မွန္းထားတဲ့ fan theory အခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

Lisbon ေသမွာလား?
Photo via IMDb

season 4 ထြက္ရွိၿပီး သိပ္မၾကာခင္မွာပဲ Álvaro Morte ဟာ သူ႔ရဲ႕ဇာတ္ေကာင္ ပေရာ္ဖက္ဆာရဲ႕ အဆုံးသတ္ ကံၾကမၼာအေၾကာင္း ေျပာသြားခဲ့ပါတယ္။ Express UK သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ Álvaro Morte ဟာ ၂၀၂၀ခုႏွစ္ ေမလမွာ က်င္းပခဲ့တဲ့ Chelsea Film Festival မွာ သူ႔ဇာတ္ေကာင္ ပေရာ္ဖက္ဆာရဲ႕အေၾကာင္းကို သဲလြန္စေပးခဲ့တာလို႔ သိရပါတယ္။

“ပေရာ္ဖက္ဆာဟာ တကယ့္ကို ထူးဆန္းၿပီး ေၾကာင္စီစီႏိုင္တဲ့ လူတစ္ေယာက္ပါ။ အရမ္းလည္း အထီးက်န္ဆန္တဲ့ လူတစ္ေယာက္ျဖစ္ၿပီးေတာ့ အဖြဲ႕နဲ႔အတူ အလုပ္လုပ္တာေရာ၊ အခ်စ္ကို ရွာေတြ႕သြားတာေရာက သူ႔ဘဝအတြက္ေတာ့ အခန္းက႑ေသးေသးေလး တစ္ခုပဲ ရွိပါေသးတယ္။ ဒီကာ႐ိုက္တာရဲ႕ အဆုံးသတ္ကို ေျပာရမယ္ဆိုရင္ေတာ့ အခ်ိန္တစ္ခုမွာ သူ႔ကိုအရင္လို အထီးက်န္ဆန္ၿပီး သူ႔အေနနဲ႔ ပိုၿပီးသက္ေသာင့္သက္သာျဖစ္တဲ့ ဘဝေလးကို ျပန္သြားေစခ်င္ပါတယ္… ” လို႔ Álvaro Morte က ဆိုထားပါတယ္။

သူ႔စကားအေပၚမွာ အေျခခံၿပီး ထြက္လာတဲ့ ခန႔္မွန္းမႈကေတာ့ Lisbon နဲ႔ ပေရာ္ဖက္ဆာတို႔ လမ္းခြဲရတာ ျဖစ္မလား၊ Lisbon ေသဆုံးသြားတာ ျဖစ္ႏိုင္မလားဆိုၿပီး သီအိုရီႏွစ္ခု ထြက္လာပါတယ္။ လမ္းခြဲဖို႔ကို စဥ္းစားတဲ့အခါ Lisbon ဟာ သူမ တစ္ဘဝလုံး ႏွစ္ျမဳပ္ခဲ့တဲ့ ရဲဘဝကိုေတာင္ စြန႔္လႊတ္ၿပီး ပေရာ္ဖက္ဆာဆီကို လိုက္လာခဲ့တဲ့အတြက္ လမ္းခြဲဖို႔က သိပ္မျဖစ္ႏိုင္ဘဲ Lisbon ေသဆုံးဖို႔က ပိုၿပီးျဖစ္ႏိုင္ေခ်မ်ားတယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

Manila ရဲ႕ေနာက္ေၾကာင္းရာဇဝင္
Photo via IMDb

ရႈိးရဲ႕ဖန္တီးသူ Álex Pina ဟာ Manila ရဲ႕ဇာတ္႐ုပ္မွာ ပိုၿပီးသိခ်င္စရာေတြ ရွိေသးတယ္လို႔ ေျပာထားပါတယ္။ ဒါေၾကာင့္ အခုလာမယ့္ season မွာ Denver ရဲ႕ငယ္သူငယ္ခ်င္းျဖစ္ၿပီး လိင္ေျပာင္းထားတဲ့ Manila ရဲ႕ဇာတ္႐ုပ္ကို ပိုၿပီးအေသးစိတ္ ၾကည့္ရႈရဖို႔ ရွိပါတယ္။

Alicia နဲ႔ ပေရာ္ဖက္ဆာတို႔ၾကားက တိုက္ပြဲ
Photo via IMDb

season 4 ရဲ႕ေနာက္ဆုံးအပိုင္းမွာ ပေရာ္ဖက္ဆာ ပုန္းေအာင္းေနတဲ့ ေနရာကို စုံစမ္းေရးမႉး Alicia Sierra က ရွာေဖြေတြ႕ရွိသြားၿပီး ပေရာ္ဖက္ဆာကို ေသနတ္နဲ႔ ခ်ိန္ထားတဲ့အခန္းမွာ ၿပီးဆုံးသြားပါတယ္။ ရႈိးရဲ႕ဖန္တီးသူ Álex Pina ရဲ႕ ေျပာၾကားခ်က္အရ လာမယ့္ season ဟာ ဆန႔္က်င္ဘက္ ကာ႐ိုက္တာႏွစ္ခုၾကား အေသအေက် တိုက္ခိုက္ၾကတဲ့ တိုက္ပြဲတစ္ခု ျဖစ္လာမယ္လို႔ သိရပါတယ္။ ဒီေတာ့ Alicia ဟာ Lisbon လို ပေရာ္ဖက္ဆာရဲ႕အဖြဲ႕ထဲကို ဝင္မွာမဟုတ္ဘဲ ပေရာ္ဖက္ဆာကို တိုက္ခိုက္ဖို႔က ပိုၿပီးအခြင့္အလမ္း မ်ားေနတယ္လို႔ ခန႔္မွန္းေနၾကပါတယ္။

Alicia ရဲ႕ တကယ္သ႐ုပ္မွန္
Photo via IMDb

စုံစမ္းေရးမႉး Alicia ရဲ႕ဇာတ္႐ုပ္နဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြၾကားမွာ ခန႔္မွန္းေနခဲ့ၾကတာ အေတာ္ေလး ၾကာျမင့္ခဲ့ပါၿပီ။ ပရိသတ္ေတြရဲ႕ ခန႔္မွန္းမႈအရ Alicia ဟာ Tatiana ျဖစ္ႏိုင္တယ္ဆိုတဲ့ သီအိုရီတစ္ခု ရွိေနပါတယ္။ Tatianna ဟာ Berlin လက္ထပ္ယူခဲ့တဲ့ မိန္းကေလး ျဖစ္ၿပီး Alicia ဟာ German ဆိုတဲ့ သူမရဲ႕ခင္ပြန္းသည္အမည္ကို ရႈိးထဲမွာ ခဏခဏ ေျပာဆိုထားတာ ရွိခဲ့ပါတယ္။ ဒါေၾကာင့္ Alicia ေျပာေျပာေနတဲ့ German ဆိုတာဟာ တစ္ျခားလူမဟုတ္ဘဲ Berlin ျဖစ္ေနႏိုင္တယ္လို႔ ခန႔္မွန္းေနၾကပါတယ္။

Photo via IMDb

Alicia နဲ႔ Tatianna ေနရာမွာ မင္းသမီးႏွစ္လက္က သ႐ုပ္ေဆာင္ထားေပမယ့္ သူတို႔ရဲ႕မ်က္ႏွာေပါက္ေတြ ဆင္တူေနၿပီး ဆံပင္အနီေရာင္နဲ႔ ေရွ႕ဆံၿမိတ္ထားတာေတြကပါ တူညီေနတယ္လို႔ ေထာက္ျပထားၾကတာ ရွိပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာကေတာ့ ခင္ပြန္းသည္ကို ဆုံးရႈံးၿပီး ၾကမ္းတမ္းတဲ့ အခ်ိန္ေတြကို ျဖတ္ေက်ာ္ခဲ့ရလို႔ Tatianna ရဲ႕ လွပမႈေတြ ေပ်ာက္ဆုံးၿပီး Alicia ပုံစံျဖစ္လာခဲ့တယ္လို႔ ဆိုေနၾကပါတယ္။

အေရွ႕မွာတုန္းကလည္း ပေရာ္ဖက္ဆာနဲ႔ Berlin တို႔က ညီအစ္ကိုျဖစ္ေနတဲ့အေၾကာင္းကို season 2 ၿပီးကာနီးမွ ျပထားတဲ့ ဥပမာတစ္ခုလည္း ရွိေနတာေၾကာင့္ အခုဆက္စပ္မႈကလည္း လာမယ့္ဇာတ္သိမ္း season မွာ ျဖစ္ႏိုင္ေခ်မ်ားတယ္လို႔ ခန႔္မွန္းေနၾကပါတယ္။

အပိုင္း(၁၀)ပိုင္း ပါဝင္မယ့္ Season (5)
Photo via IMDb

Álex Pina ရဲ႕ ေျပာၾကားခ်က္အရ လာမယ့္ season ဟာ အပိုင္း(၁၀)ပိုင္း ပါဝင္မွာျဖစ္တယ္လို႔ သိရပါတယ္။ “ဒီအဖြဲ႕တစ္ဖြဲ႕လုံးကို ဘယ္လိုဖ်က္ဆီးပစ္ရမယ္ဆိုတာ ကြၽန္ေတာ္တို႔ တစ္ႏွစ္ေလာက္ စဥ္းစားခဲ့ၾကပါတယ္။ ပေရာ္ဖက္ဆာကို ဘယ္လိုအဆုံးသတ္ေပးရမလဲ။ ဇာတ္ေကာင္ေတြ အမ်ားႀကီးအတြက္ ေနာက္ျပန္လွည့္လို႔ မရႏိုင္မယ့္ အေျခအေနတစ္ခုကို ဘယ္လိုဖန္တီးေပးၾကမလဲ။ အားလုံးစဥ္းစားၿပီးေနာက္မွာ season 5 က ရလဒ္အေနနဲ႔ ထြက္လာပါတယ္။ ဒီစစ္ပြဲဟာ သူ႔ရဲ႕အျမင့္ဆုံး ဇာတ္ရွိန္ကို ေရာက္လာမွာျဖစ္ၿပီး ပိုအစြန္းေရာက္သလို၊ ပိုၿပီးေတာ့လည္း ၾကမ္းတမ္းပါလိမ့္မယ္။ ဒါေပမယ့္ ၾကည့္လို႔အေကာင္းဆုံး၊ စိတ္လႈပ္ရွားရဆုံး season ျဖစ္ေနမွာကေတာ့ ေသခ်ာပါတယ္… ” လို႔ Álex Pina က ေၾကညာခ်က္တစ္ခုမွာ ေျပာၾကားထားပါတယ္။

Money Heist ရဲ႕ season 5 ဟာ ကိုဗစ္ေၾကာင့္ ႐ိုက္ကူးေရးေတြ ရပ္နားထားရာကေန ဩဂုတ္လ(၃)ရက္ေန႔မွာ ႐ိုက္ကူးေရး ျပန္လည္စတင္မယ္လို႔ သိရပါတယ္။

Glasgow

Source: indian express

 

RELATED ARTICLES

Most Popular