HomeEntertainmentFilmMoney Heist ဇာတ်လမ်းတွဲရဲ့ ရိုက်ကွင်းနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ 

Money Heist ဇာတ်လမ်းတွဲရဲ့ ရိုက်ကွင်းနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Money Heist ဟာ ကမ္ဘာနဲ့အဝှမ်း ပရိသတ်အခိုင်အမာ ရရှိထားတဲ့ နာမည်ကြီး ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ဘဏ်ဓားပြတိုက်တဲ့ ဇာတ်လမ်းတစ်ခု ဖြစ်ပေမယ့် သာမန်ဘဏ်ဓားပြတိုက်တဲ့ ဇာတ်လမ်းတွေနဲ့ မတူဘဲ ခွဲထွက်ထားတဲ့အပြင် လှည့်ကွက်များစွာလည်း ပါဝင်တာကြောင့် ပရိသတ်တွေကလည်း စိတ်ဝင်စားစွာ ကြည့်ရှုနေကြတာ ဖြစ်ပါတယ်။ စီးရီးတစ်ခုကို ကြည့်တဲ့အခါ ရိုက်ကွင်းနောက်ကွယ်က အဖြစ်အပျက်တွေကိုပါ သိရရင် ပိုပြီးအရသာရှိတာကြောင့် Money Heist ရဲ့ ရိုက်ကွင်းနောက်ကွယ်က လူသိပ်မသိသေးတဲ့ ဖြစ်ရပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပရိသတ်အခိုင်အမာ ရရှိခဲ့သောဇာတ်လမ်းတွဲ
photo via screenrant

Money Heist ဟာ season အသစ်ထွက်လာတိုင်း ပရိသတ်တွေ ပိုတိုးလာတာကြောင့် ပရိသတ်အင်အား အခိုင်အမာ ပိုင်ဆိုင်ထားပါတယ်။ တကယ့်နာမည်ကြီးတွေဖြစ်တဲ့ ဘောလုံးသမား Neymar ၊ horror ဝတ္ထုရေးဆရာကြီး Stephen King တို့လို ပုဂ္ဂိုလ်တွေကပါ ဒီစီးရီးရဲ့ ပရိသတ်တွေ ဖြစ်နေကြတာဟာ ဆန်းတော့မဆန်းပါဘူး။

Neymar ဆိုရင် ဒီဇာတ်လမ်းတွဲကို ကြိုက်နှစ်သက်လွန်းတာကြောင့် ရုပ်ရှင်အဖွဲ့သားတွေကို ဆက်သွယ်ပြီးတော့ cameo အဖြစ် ပါဝင်ခွင့်ရဖို့ တောင်းဆိုခဲ့ပါသေးတယ်။ ဒီလိုနဲ့ တတိယမြောက်ထွက်တဲ့ season ထဲမှာတော့ Neymar ဟာ ဘရာဇီးလ် ဘုန်းတော်ကြီးတစ်ယောက်နေရာကနေ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း စိတ်မကောင်းစရာပဲ သူပါဝင်ခဲ့တဲ့အခန်းဟာ တည်းဖြတ်တဲ့အချိန်မှာ ကတ်ကြေးစာ မိသွားခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်တွေဟာလည်း သူပါဝင်ထားတဲ့အခန်းကို ကြည့်ရှုခွင့် မရလိုက်ကြတော့ပါဘူး။

လျှို့ဝှက်နာမည်များ
photo via screenrant

ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေကို ကမ္ဘာပေါ်က နာမည်ကြီးမြို့တွေရဲ့ နာမည်တွေနဲ့ လျှို့ဝှက်အမည်တွေ ပေးထားတာကို ပရိသတ်တွေ သိထားကြပြီးသားပါ။ ဒါပေမယ့်လည်း ထူးဆန်းတာတစ်ခုကတော့ ဇာတ်ကောင်တွေအကုန်လုံးနီးပါးမှာ မြို့နာမည်တွေရှိကြပေမယ့် ပရော်ဖက်ဆာတစ်ယောက်ကတော့ မြို့နာမည်မရှိတာကို သတိထားမိကြမယ်ထင်ပါတယ်။ တကယ်တော့ သူ့မှာလည်း မြို့နာမည်တစ်ခုရှိပြီး အဲ့ဒီနာမည်ကတော့ Vatican ဖြစ်ပါတယ်။

Vatican မြို့ဟာ ထူးခြားဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေပြီး ဗဟုသုတကြွယ်ဝသူတွေ နေကြတဲ့ မြို့တစ်ခုဖြစ်တာကြောင့် ပရော်ဖက်ဆာ ဇာတ်ကောင်နဲ့ ဒီမြို့အမည်ဟာ တော်တော်လေးကို လိုက်ဖက်တာကို တွေ့ရမှာပါ။ ဒါ့အပြင် ပရော်ဖက်ဆာအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားဟာ မျက်စိမကောင်းတဲ့ လူတစ်ယောက်မဟုတ်ဘဲ မျက်မှန်လည်း မလိုအပ်ပါဘူး။ ဒါပေမဲ့လည်း ဇာတ်ကောင်အတွက် လိုအပ်တာကြောင့် အဲ့ဒီမျက်မှန်ကိုတပ်ပြီး အသားကျအောင်နေတတ်ဖို့  တော်တော်လေ့ကျင့်ခဲ့ရပါသေးတယ်။

Netflix ရဲ့ကယ်တင်မှု
photo via screenrant

ဒီဇာတ်လမ်းတွဲဟာ စတင်ရိုက်ကူးတဲ့အချိန်တုန်းက ဘတ်ဂျက်ကိုနည်းနည်းပဲ သုံးခဲ့တာ ဖြစ်ပြီးတော့ သရုပ်ဆောင်တွေဟာလည်း Madrid မြို့ရဲ့လမ်းတွေပေါ်မှာပဲ ရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အစပိုင်းမှာ ဒီဇာတ်လမ်းတွဲဟာ ကြည့်ရှုသူနည်းတာကြောင့် ရိုက်ကူးရေးကို ရပ်နားဖို့တောင် လုပ်ခဲ့ပါသေးတယ်။

ဒါပေမဲ့လည်း Netflix က ဒီဇာတ်လမ်းတွဲကို ဝယ်ယူလိုက်တဲ့အချိန်မှာတော့ သရုပ်ဆောင်တွေကို ကိုယ်ပိုင်ကျွန်းတွေနဲ့ နိုင်ငံရပ်ခြားနေရာတွေမှာပါ ရိုက်ကူးစေခဲ့ပါတယ်။ အဲ့ဒါတွေကြောင့်လည်း ဒီဇာတ်လမ်းတွဲဟာ ပိုအောင်မြင်လာခဲ့ပြီး ကြည့်ရှုသူတွေလည်း များပြားလာခဲ့တာ ဖြစ်ပါတယ်။

Salvador Dali ကို ဂုဏ်ပြုထားတဲ့ မျက်နှာဖုံးများ
photo via screenrant

ဒီဇာတ်လမ်းတွဲထဲက ဇာတ်ကောင်တွေ ဝတ်ဆင်တဲ့ မျက်နှာဖုံးတွေကို တစ်နေရာရာမှာ မြင်ဖူးသလိုလို ခံစားမိကြသူတွေ ရှိမှာပါ။ တကယ်တော့ အဆိုပါ မျက်နှာဖုံးဒီဇိုင်းဟာ နာမည်ကျော် ဂန္ထဝင်ပန်းချီဆရာကြီး Salvador Dali ကို ဂုဏ်ပြုသောအားဖြင့် အသုံးပြုထားတာ ဖြစ်ပါတယ်။

Salvador Dali ဟာ စပိန်နိုင်ငံက Surrealist artist ( အိပ်မက်ဆန်ဆန် ပန်းချီတွေကို ရေးဆွဲတဲ့ ပန်းချီဆရာ) တစ်ယောက် ဖြစ်ပါတယ်။ သူဟာ စပိန်နိုင်ငံအပြင် တစ်ကမ္ဘာလုံးရဲ့ ပန်းချီအပေါ် ရှုမြင်ပုံတွေကို ပြောင်းလဲပစ်ခဲ့တဲ့ ပန်းချီဆရာတွေထဲကတစ်ယောက်လည်း ဖြစ်ပါတယ်။ စပိန်နိုင်ငံသားတွေဟာ သူ့အတွက် သိပ်ကိုဂုဏ်ယူကြပြီးတော့ ဒီဇာတ်လမ်းတွဲဟာ စပိန်ဇာတ်လမ်းတွဲတစ်ခု ဖြစ်တဲ့အတွက် သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဇာတ်ကောင်တွေဝတ်တဲ့မျက်နှာဖုံးတွေကို သူ့ရဲ့မျက်နှာအဖြစ် ပုံဖော်ထားခဲ့တာ ဖြစ်ပါတယ်။

မြို့နာမည်တွေအစ Tokyo က
photo via screenrant

သိပ်ကောင်းတဲ့ အိုင်ဒီယာတွေဟာ တစ်ခါတစ်လေကျရင် ဘာမဟုတ်တဲ့ အရာလေးတွေကနေ ရလေ့ရှိပါတယ်။ အဲ့ဒါကတော့ ဒီဇာတ်လမ်းတွဲရဲ့ ထူးခြားမှုတစ်ခုလို့ ပြောရမယ့် ဇာတ်ကောင်တွေရဲ့ မြို့အမည်တွေနဲ့ ပတ်သက်ပါတယ်။

တစ်ရက်မှာတော့ ဇာတ်လမ်းတွဲရဲ့ ဖန်တီးသူ Alex Pina ဟာ အလုပ်အတွက် ဘာအကြံမှမထွက်ဘဲ စိတ်ညစ်နေတဲ့အချိန်မှာ သူ့ရဲ့သူငယ်ချင်းဟာ Tokyo ဆိုတဲ့ စာတန်းပါတဲ့အင်္ကျီကို ဝတ်ဆင်လာတာ တွေ့သွားပါတယ်။ သူဟာ အဲ့ဒီစာတန်းကို ကြည့်ပြီးတော့ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေကို နာမည်ကြီးမြို့နာမည်တွေ ပေးဖို့အတွက် အကြံရခဲ့တာ ဖြစ်ပါတယ်။

မတူညီတဲ့ နာမည်များ
photo via screenrant

ဒီဇာတ်လမ်းတွဲရဲ့အမည်ဟာ စပိန်ဘာသာနဲ့ဆိုရင် La Casa De Papel ဖြစ်ပြီး အင်္ဂလိပ်နာမည်ကတော့ Money Heist ဖြစ်ပါတယ်။ စပိန်ဘာသာနဲ့ နာမည်ရွေးချယ်ရာမှာ La Casa De Papel ဟာ ပထမဆုံးရွေးချယ်မှု မဟုတ်ခဲ့ဘဲနဲ့ အစကရွေးချယ်ထားခဲ့တဲ့နာမည်ဟာ Los Desahuciados ဖြစ်ပါတယ်။

ဒါ့အပြင် အင်္ဂလိပ်နာမည်ဖြစ်တဲ့ Money Heist ဟာလည်း La Casa De Papel ဆိုတဲ့နာမည်ကို ဘာသာပြန်ထားတာမဟုတ်ပါဘူး။ La Casa De Papel ကို ဘာသာပြန်လိုက်ရင် The House of Paper လို့ အဓိပ္ပာယ်ရပြီးတော့ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေ ဘဏ်ကိုဓားပြမတိုက်ခင်မှာ အစီအစဉ်ချတဲ့ ဘဏ်ပုံစံအငယ်လေးတွေကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။

ဒါကတော့ နာမည်ကျော် စပိန်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Money Heist ရဲ့ ရိုက်ကွင်းနောက်ကွယ်က စိတ်ဝင်စားစရာ အဖြစ်အပျက်လေးတွေပဲ ဖြစ်ပါတယ်။ Money Heist ပရိသတ်တစ်ယောက်ဆိုရင် စီးရီးထဲက အကြိုက်ဆုံး ဇာတ်ဝင်ခန်းတစ်ခန်းလောက်ဖြစ်ဖြစ် ပြောပြခဲ့ပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Money Heist ဟာ ကမာၻနဲ႔အဝွမ္း ပရိသတ္အခိုင္အမာ ရရွိထားတဲ့ နာမည္ႀကီး ဇာတ္လမ္းတြဲတစ္ခု ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲဟာ ဘဏ္ဓားျပတိုက္တဲ့ ဇာတ္လမ္းတစ္ခု ျဖစ္ေပမယ့္ သာမန္ဘဏ္ဓားျပတိုက္တဲ့ ဇာတ္လမ္းေတြနဲ႔ မတူဘဲ ခြဲထြက္ထားတဲ့အျပင္ လွည့္ကြက္မ်ားစြာလည္း ပါဝင္တာေၾကာင့္ ပရိသတ္ေတြကလည္း စိတ္ဝင္စားစြာ ၾကည့္ရႈေနၾကတာ ျဖစ္ပါတယ္။ စီးရီးတစ္ခုကို ၾကည့္တဲ့အခါ ႐ိုက္ကြင္းေနာက္ကြယ္က အျဖစ္အပ်က္ေတြကိုပါ သိရရင္ ပိုၿပီးအရသာရွိတာေၾကာင့္ Money Heist ရဲ႕ ႐ိုက္ကြင္းေနာက္ကြယ္က လူသိပ္မသိေသးတဲ့ ျဖစ္ရပ္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ပရိသတ္အခိုင္အမာ ရရွိခဲ့ေသာဇာတ္လမ္းတြဲ
photo via screenrant

Money Heist ဟာ season အသစ္ထြက္လာတိုင္း ပရိသတ္ေတြ ပိုတိုးလာတာေၾကာင့္ ပရိသတ္အင္အား အခိုင္အမာ ပိုင္ဆိုင္ထားပါတယ္။ တကယ့္နာမည္ႀကီးေတြျဖစ္တဲ့ ေဘာလုံးသမား Neymar ၊ horror ဝတၳဳေရးဆရာႀကီး Stephen King တို႔လို ပုဂၢိဳလ္ေတြကပါ ဒီစီးရီးရဲ႕ ပရိသတ္ေတြ ျဖစ္ေနၾကတာဟာ ဆန္းေတာ့မဆန္းပါဘူး။

Neymar ဆိုရင္ ဒီဇာတ္လမ္းတြဲကို ႀကိဳက္ႏွစ္သက္လြန္းတာေၾကာင့္ ႐ုပ္ရွင္အဖြဲ႕သားေတြကို ဆက္သြယ္ၿပီးေတာ့ cameo အျဖစ္ ပါဝင္ခြင့္ရဖို႔ ေတာင္းဆိုခဲ့ပါေသးတယ္။ ဒီလိုနဲ႔ တတိယေျမာက္ထြက္တဲ့ season ထဲမွာေတာ့ Neymar ဟာ ဘရာဇီးလ္ ဘုန္းေတာ္ႀကီးတစ္ေယာက္ေနရာကေန ဧည့္သည္သ႐ုပ္ေဆာင္အျဖစ္ ပါဝင္ခဲ့ပါတယ္။ ဒါေပမဲ့လည္း စိတ္မေကာင္းစရာပဲ သူပါဝင္ခဲ့တဲ့အခန္းဟာ တည္းျဖတ္တဲ့အခ်ိန္မွာ ကတ္ေၾကးစာ မိသြားခဲ့ပါတယ္။ ဒါေၾကာင့္ ပရိသတ္ေတြဟာလည္း သူပါဝင္ထားတဲ့အခန္းကို ၾကည့္ရႈခြင့္ မရလိုက္ၾကေတာ့ပါဘူး။

လွ်ိဳ႕ဝွက္နာမည္မ်ား
photo via screenrant

ဒီဇာတ္လမ္းထဲက ဇာတ္ေကာင္ေတြကို ကမာၻေပၚက နာမည္ႀကီးၿမိဳ႕ေတြရဲ႕ နာမည္ေတြနဲ႔ လွ်ိဳ႕ဝွက္အမည္ေတြ ေပးထားတာကို ပရိသတ္ေတြ သိထားၾကၿပီးသားပါ။ ဒါေပမယ့္လည္း ထူးဆန္းတာတစ္ခုကေတာ့ ဇာတ္ေကာင္ေတြအကုန္လုံးနီးပါးမွာ ၿမိဳ႕နာမည္ေတြရွိၾကေပမယ့္ ပေရာ္ဖက္ဆာတစ္ေယာက္ကေတာ့ ၿမိဳ႕နာမည္မရွိတာကို သတိထားမိၾကမယ္ထင္ပါတယ္။ တကယ္ေတာ့ သူ႔မွာလည္း ၿမိဳ႕နာမည္တစ္ခုရွိၿပီး အဲ့ဒီနာမည္ကေတာ့ Vatican ျဖစ္ပါတယ္။

Vatican ၿမိဳ႕ဟာ ထူးျခားဆန္းၾကယ္မႈေတြနဲ႔ ျပည့္ႏွက္ေနၿပီး ဗဟုသုတႂကြယ္ဝသူေတြ ေနၾကတဲ့ ၿမိဳ႕တစ္ခုျဖစ္တာေၾကာင့္ ပေရာ္ဖက္ဆာ ဇာတ္ေကာင္နဲ႔ ဒီၿမိဳ႕အမည္ဟာ ေတာ္ေတာ္ေလးကို လိုက္ဖက္တာကို ေတြ႕ရမွာပါ။ ဒါ့အျပင္ ပေရာ္ဖက္ဆာအျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ မင္းသားဟာ မ်က္စိမေကာင္းတဲ့ လူတစ္ေယာက္မဟုတ္ဘဲ မ်က္မွန္လည္း မလိုအပ္ပါဘူး။ ဒါေပမဲ့လည္း ဇာတ္ေကာင္အတြက္ လိုအပ္တာေၾကာင့္ အဲ့ဒီမ်က္မွန္ကိုတပ္ၿပီး အသားက်ေအာင္ေနတတ္ဖို႔  ေတာ္ေတာ္ေလ့က်င့္ခဲ့ရပါေသးတယ္။

Netflix ရဲ႕ကယ္တင္မႈ
photo via screenrant

ဒီဇာတ္လမ္းတြဲဟာ စတင္႐ိုက္ကူးတဲ့အခ်ိန္တုန္းက ဘတ္ဂ်က္ကိုနည္းနည္းပဲ သုံးခဲ့တာ ျဖစ္ၿပီးေတာ့ သ႐ုပ္ေဆာင္ေတြဟာလည္း Madrid ၿမိဳ႕ရဲ႕လမ္းေတြေပၚမွာပဲ ႐ိုက္ကူးခဲ့ရတာ ျဖစ္ပါတယ္။ ဒါ့အျပင္ အစပိုင္းမွာ ဒီဇာတ္လမ္းတြဲဟာ ၾကည့္ရႈသူနည္းတာေၾကာင့္ ႐ိုက္ကူးေရးကို ရပ္နားဖို႔ေတာင္ လုပ္ခဲ့ပါေသးတယ္။

ဒါေပမဲ့လည္း Netflix က ဒီဇာတ္လမ္းတြဲကို ဝယ္ယူလိုက္တဲ့အခ်ိန္မွာေတာ့ သ႐ုပ္ေဆာင္ေတြကို ကိုယ္ပိုင္ကြၽန္းေတြနဲ႔ ႏိုင္ငံရပ္ျခားေနရာေတြမွာပါ ႐ိုက္ကူးေစခဲ့ပါတယ္။ အဲ့ဒါေတြေၾကာင့္လည္း ဒီဇာတ္လမ္းတြဲဟာ ပိုေအာင္ျမင္လာခဲ့ၿပီး ၾကည့္ရႈသူေတြလည္း မ်ားျပားလာခဲ့တာ ျဖစ္ပါတယ္။

Salvador Dali ကို ဂုဏ္ျပဳထားတဲ့ မ်က္ႏွာဖုံးမ်ား
photo via screenrant

ဒီဇာတ္လမ္းတြဲထဲက ဇာတ္ေကာင္ေတြ ဝတ္ဆင္တဲ့ မ်က္ႏွာဖုံးေတြကို တစ္ေနရာရာမွာ ျမင္ဖူးသလိုလို ခံစားမိၾကသူေတြ ရွိမွာပါ။ တကယ္ေတာ့ အဆိုပါ မ်က္ႏွာဖုံးဒီဇိုင္းဟာ နာမည္ေက်ာ္ ဂႏၴဝင္ပန္းခ်ီဆရာႀကီး Salvador Dali ကို ဂုဏ္ျပဳေသာအားျဖင့္ အသုံးျပဳထားတာ ျဖစ္ပါတယ္။

Salvador Dali ဟာ စပိန္ႏိုင္ငံက Surrealist artist ( အိပ္မက္ဆန္ဆန္ ပန္းခ်ီေတြကို ေရးဆြဲတဲ့ ပန္းခ်ီဆရာ) တစ္ေယာက္ ျဖစ္ပါတယ္။ သူဟာ စပိန္ႏိုင္ငံအျပင္ တစ္ကမာၻလုံးရဲ႕ ပန္းခ်ီအေပၚ ရႈျမင္ပုံေတြကို ေျပာင္းလဲပစ္ခဲ့တဲ့ ပန္းခ်ီဆရာေတြထဲကတစ္ေယာက္လည္း ျဖစ္ပါတယ္။ စပိန္ႏိုင္ငံသားေတြဟာ သူ႔အတြက္ သိပ္ကိုဂုဏ္ယူၾကၿပီးေတာ့ ဒီဇာတ္လမ္းတြဲဟာ စပိန္ဇာတ္လမ္းတြဲတစ္ခု ျဖစ္တဲ့အတြက္ သူ႔ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ဇာတ္ေကာင္ေတြဝတ္တဲ့မ်က္ႏွာဖုံးေတြကို သူ႔ရဲ႕မ်က္ႏွာအျဖစ္ ပုံေဖာ္ထားခဲ့တာ ျဖစ္ပါတယ္။

ၿမိဳ႕နာမည္ေတြအစ Tokyo က
photo via screenrant

သိပ္ေကာင္းတဲ့ အိုင္ဒီယာေတြဟာ တစ္ခါတစ္ေလက်ရင္ ဘာမဟုတ္တဲ့ အရာေလးေတြကေန ရေလ့ရွိပါတယ္။ အဲ့ဒါကေတာ့ ဒီဇာတ္လမ္းတြဲရဲ႕ ထူးျခားမႈတစ္ခုလို႔ ေျပာရမယ့္ ဇာတ္ေကာင္ေတြရဲ႕ ၿမိဳ႕အမည္ေတြနဲ႔ ပတ္သက္ပါတယ္။

တစ္ရက္မွာေတာ့ ဇာတ္လမ္းတြဲရဲ႕ ဖန္တီးသူ Alex Pina ဟာ အလုပ္အတြက္ ဘာအႀကံမွမထြက္ဘဲ စိတ္ညစ္ေနတဲ့အခ်ိန္မွာ သူ႔ရဲ႕သူငယ္ခ်င္းဟာ Tokyo ဆိုတဲ့ စာတန္းပါတဲ့အက်ႌကို ဝတ္ဆင္လာတာ ေတြ႕သြားပါတယ္။ သူဟာ အဲ့ဒီစာတန္းကို ၾကည့္ၿပီးေတာ့ ဒီဇာတ္လမ္းထဲက ဇာတ္ေကာင္ေတြကို နာမည္ႀကီးၿမိဳ႕နာမည္ေတြ ေပးဖို႔အတြက္ အႀကံရခဲ့တာ ျဖစ္ပါတယ္။

မတူညီတဲ့ နာမည္မ်ား
photo via screenrant

ဒီဇာတ္လမ္းတြဲရဲ႕အမည္ဟာ စပိန္ဘာသာနဲ႔ဆိုရင္ La Casa De Papel ျဖစ္ၿပီး အဂၤလိပ္နာမည္ကေတာ့ Money Heist ျဖစ္ပါတယ္။ စပိန္ဘာသာနဲ႔ နာမည္ေ႐ြးခ်ယ္ရာမွာ La Casa De Papel ဟာ ပထမဆုံးေ႐ြးခ်ယ္မႈ မဟုတ္ခဲ့ဘဲနဲ႔ အစကေ႐ြးခ်ယ္ထားခဲ့တဲ့နာမည္ဟာ Los Desahuciados ျဖစ္ပါတယ္။

ဒါ့အျပင္ အဂၤလိပ္နာမည္ျဖစ္တဲ့ Money Heist ဟာလည္း La Casa De Papel ဆိုတဲ့နာမည္ကို ဘာသာျပန္ထားတာမဟုတ္ပါဘူး။ La Casa De Papel ကို ဘာသာျပန္လိုက္ရင္ The House of Paper လို႔ အဓိပၸာယ္ရၿပီးေတာ့ ဒီဇာတ္လမ္းထဲက ဇာတ္ေကာင္ေတြ ဘဏ္ကိုဓားျပမတိုက္ခင္မွာ အစီအစဥ္ခ်တဲ့ ဘဏ္ပုံစံအငယ္ေလးေတြကို ရည္ၫႊန္းထားတာ ျဖစ္ပါတယ္။

ဒါကေတာ့ နာမည္ေက်ာ္ စပိန္ဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ Money Heist ရဲ႕ ႐ိုက္ကြင္းေနာက္ကြယ္က စိတ္ဝင္စားစရာ အျဖစ္အပ်က္ေလးေတြပဲ ျဖစ္ပါတယ္။ Money Heist ပရိသတ္တစ္ေယာက္ဆိုရင္ စီးရီးထဲက အႀကိဳက္ဆုံး ဇာတ္ဝင္ခန္းတစ္ခန္းေလာက္ျဖစ္ျဖစ္ ေျပာျပခဲ့ပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular