HomeCelebs Update NewsInternationalLady A လို့ အဖွဲ့နာမည်ပြောင်းလိုက်တဲ့ Lady Antebellum 

Lady A လို့ အဖွဲ့နာမည်ပြောင်းလိုက်တဲ့ Lady Antebellum 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Lady Antebellum ပရိသတ်တွေအတွက် သိကိုသိထားရမယ့် သတင်းတစ်ခု ပေါ်ထွက်လာပါပြီ။ အဲ့ဒါကတော့ အဖွဲ့ဝင်သုံးယောက်နဲ့ ဖွဲ့စည်းထားတဲ့ country အဖွဲ့ Lady Antebellum ဟာ သူတို့ရဲ့ band နာမည်ကို Lady A လို့ ပြောင်းလဲလိုက်တာပဲ ဖြစ်ပါတယ်။ မြန်မာပရိသတ်တွေကြားမှာတော့ Need You Now ဆိုတဲ့သီချင်းနဲ့ ဒီအဖွဲ့ကို ရင်းနှီးကြမှာပါ။

ဒါဟာ အခုလက်ရှိ အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားနေတဲ့ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးနဲ့ လူမည်းများကို ပိုပြီးအသိအမှတ်ပြု နေရာပေးရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်နေပါတယ်။ နာမည်ကျော်များစွာဟာ ဒီလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အင်တိုက်အားတိုက် ပါဝင်နေကြတာဖြစ်ပြီး Lady Antebellum အဖွဲ့ဟာလည်း သူတို့ရဲ့အဖွဲ့နာမည်ကို ပြောင်းပစ်ဖို့အထိ စဉ်းစားခဲ့တာပဲ ဖြစ်ပါတယ်။ နာမည်ပြောင်းရတဲ့ အကြောင်းကတော့ Antebellum ဆိုတဲ့ စကားလုံးကြောင့် ဖြစ်ပါတယ်။

Photo: ladya/ Instagram

အဖွဲ့ရဲ့ ကြေငြာချက်အရ အဖွဲ့ကိုစတင်တည်ထောင်ခဲ့စဉ် လွန်ခဲ့တဲ့(၁၄)နှစ်က အမေရိကန်တောင်ပိုင်းက antebellum စတိုင်လ် အိမ်တစ်အိမ်ရှေ့မှာ အဖွဲ့ဓာတ်ပုံရိုက်မိရာက အဆိုပါ အိမ်လေးကို အစွဲပြုပြီး Lady Antebellum လို့ အမည်မှည့်ခေါ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဂီတသမားတွေ ဖြစ်တဲ့အလျောက် အမေရိကန်တောင်ပိုင်းက ထွက်ပေါ်ခဲ့တဲ့ Southern Rock ၊ Blues ၊ R&B ၊ Gospel နဲ့ Country ဂီတတွေကိုလည်း ချစ်မြတ်နိုးတာကြောင့် ဒီနာမည်လေးကို ရွေးဖြစ်ခဲ့တာပါလို့ ဆိုပါတယ်။

သို့ပေမယ့် antebellum ဆိုတဲ့ စကားလုံးဟာ အမေရိကန်ပြည်တွင်းစစ် မတိုင်ခင်က လူမည်းတွေ ကျွန်ပြုခံခဲ့ရတဲ့ကာလကို သွားရောက်ကိုယ်စားပြုသလိုလည်း ဖြစ်နေတာကိုတော့ အဲ့ဒီ့အချိန်က မစဉ်းစားမိခဲ့ကြဘူးလို့ ဆိုပါတယ်။ အခုအချိန်မှ အဖွဲ့ရဲ့နာမည်ဟာ ဒီလိုလူမျိုးရေးခွဲခြားမှုနဲ့ ပတ်သက်လာရတဲ့ အကြောင်းကိုတော့ နောင်တရပြီး ရှက်လည်းရှက်ရွံ့မိပါတယ်လို့ ဆိုထားပါတယ်။

Photo: ladya/ Instagram

အတိတ်က ထည့်သွင်းမစဉ်းစားမိခဲ့မှုကြောင့် ဒီလိုနာမည်ပေးခဲ့မိတဲ့အပေါ် နက်နက်ရှိုင်းရှိုင်း ဝမ်းနည်း၊ စိတ်မကောင်းကြောင်း ဆိုထားပြီး ပရိသတ်အများစု အတိုကောက်ခေါ်ကြတဲ့ fan name Lady A ကို ပြောင်းလဲလိုက်တဲ့အကြောင်း အဖွဲ့ရဲ့ အင်စတာဂရမ်အကောင့်မှာ ကြေငြာထားပါတယ်။

အရင်က မှားခဲ့မိတာကို ခွင့်လွှတ်ပြီး Lady A အဖြစ်နဲ့ ရှေ့လျှောက် ပရိသတ်တွေက ဆက်လက်ချစ်ခင်အားပေးကြဖို့ကိုလည်း တောင်းဆိုထားပါသေးတယ်။ နာမည်ပြောင်းမယ့်အကြောင်း ကြေငြာပြီး နာရီပိုင်းလောက်အကြာမှာပဲ ဆိုရှယ်မီဒီယာပေါ်က အဖွဲ့ရဲ့စာမျက်နှာအားလုံးကိုလည်း Lady Antebellum အဖြစ်မှ Lady A လို့ ပြောင်းလဲခဲ့ကြတာကို တွေ့ရပါတယ်။

LaNina

Source: elitedaily

(Zawgyi Version)

Lady Antebellum ပရိသတ္ေတြအတြက္ သိကိုသိထားရမယ့္ သတင္းတစ္ခု ေပၚထြက္လာပါၿပီ။ အဲ့ဒါကေတာ့ အဖြဲ႕ဝင္သုံးေယာက္နဲ႔ ဖြဲ႕စည္းထားတဲ့ country အဖြဲ႕ Lady Antebellum ဟာ သူတို႔ရဲ႕ band နာမည္ကို Lady A လို႔ ေျပာင္းလဲလိုက္တာပဲ ျဖစ္ပါတယ္။ ျမန္မာပရိသတ္ေတြၾကားမွာေတာ့ Need You Now ဆိုတဲ့သီခ်င္းနဲ႔ ဒီအဖြဲ႕ကို ရင္းႏွီးၾကမွာပါ။

ဒါဟာ အခုလက္ရွိ အေမရိကန္ျပည္ေထာင္စုမွာ ျဖစ္ပြားေနတဲ့ လူမ်ိဳးေရးခြဲျခားမႈ ဆန႔္က်င္ေရးနဲ႔ လူမည္းမ်ားကို ပိုၿပီးအသိအမွတ္ျပဳ ေနရာေပးေရး လႈပ္ရွားမႈေတြနဲ႔ ပတ္သက္ေနပါတယ္။ နာမည္ေက်ာ္မ်ားစြာဟာ ဒီလႈပ္ရွားမႈေတြနဲ႔ ပတ္သက္ၿပီး အင္တိုက္အားတိုက္ ပါဝင္ေနၾကတာျဖစ္ၿပီး Lady Antebellum အဖြဲ႕ဟာလည္း သူတို႔ရဲ႕အဖြဲ႕နာမည္ကို ေျပာင္းပစ္ဖို႔အထိ စဥ္းစားခဲ့တာပဲ ျဖစ္ပါတယ္။ နာမည္ေျပာင္းရတဲ့ အေၾကာင္းကေတာ့ Antebellum ဆိုတဲ့ စကားလုံးေၾကာင့္ ျဖစ္ပါတယ္။

Photo: ladya/ Instagram

အဖြဲ႕ရဲ႕ ေၾကျငာခ်က္အရ အဖြဲ႕ကိုစတင္တည္ေထာင္ခဲ့စဥ္ လြန္ခဲ့တဲ့(၁၄)ႏွစ္က အေမရိကန္ေတာင္ပိုင္းက antebellum စတိုင္လ္ အိမ္တစ္အိမ္ေရွ႕မွာ အဖြဲ႕ဓာတ္ပုံ႐ိုက္မိရာက အဆိုပါ အိမ္ေလးကို အစြဲျပဳၿပီး Lady Antebellum လို႔ အမည္မွည့္ေခၚခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။ ဂီတသမားေတြ ျဖစ္တဲ့အေလ်ာက္ အေမရိကန္ေတာင္ပိုင္းက ထြက္ေပၚခဲ့တဲ့ Southern Rock ၊ Blues ၊ R&B ၊ Gospel နဲ႔ Country ဂီတေတြကိုလည္း ခ်စ္ျမတ္ႏိုးတာေၾကာင့္ ဒီနာမည္ေလးကို ေ႐ြးျဖစ္ခဲ့တာပါလို႔ ဆိုပါတယ္။

သို႔ေပမယ့္ antebellum ဆိုတဲ့ စကားလုံးဟာ အေမရိကန္ျပည္တြင္းစစ္ မတိုင္ခင္က လူမည္းေတြ ကြၽန္ျပဳခံခဲ့ရတဲ့ကာလကို သြားေရာက္ကိုယ္စားျပဳသလိုလည္း ျဖစ္ေနတာကိုေတာ့ အဲ့ဒီ့အခ်ိန္က မစဥ္းစားမိခဲ့ၾကဘူးလို႔ ဆိုပါတယ္။ အခုအခ်ိန္မွ အဖြဲ႕ရဲ႕နာမည္ဟာ ဒီလိုလူမ်ိဳးေရးခြဲျခားမႈနဲ႔ ပတ္သက္လာရတဲ့ အေၾကာင္းကိုေတာ့ ေနာင္တရၿပီး ရွက္လည္းရွက္႐ြံ႕မိပါတယ္လို႔ ဆိုထားပါတယ္။

Photo: ladya/ Instagram

အတိတ္က ထည့္သြင္းမစဥ္းစားမိခဲ့မႈေၾကာင့္ ဒီလိုနာမည္ေပးခဲ့မိတဲ့အေပၚ နက္နက္ရႈိင္းရႈိင္း ဝမ္းနည္း၊ စိတ္မေကာင္းေၾကာင္း ဆိုထားၿပီး ပရိသတ္အမ်ားစု အတိုေကာက္ေခၚၾကတဲ့ fan name Lady A ကို ေျပာင္းလဲလိုက္တဲ့အေၾကာင္း အဖြဲ႕ရဲ႕ အင္စတာဂရမ္အေကာင့္မွာ ေၾကျငာထားပါတယ္။

အရင္က မွားခဲ့မိတာကို ခြင့္လႊတ္ၿပီး Lady A အျဖစ္နဲ႔ ေရွ႕ေလွ်ာက္ ပရိသတ္ေတြက ဆက္လက္ခ်စ္ခင္အားေပးၾကဖို႔ကိုလည္း ေတာင္းဆိုထားပါေသးတယ္။ နာမည္ေျပာင္းမယ့္အေၾကာင္း ေၾကျငာၿပီး နာရီပိုင္းေလာက္အၾကာမွာပဲ ဆိုရွယ္မီဒီယာေပၚက အဖြဲ႕ရဲ႕စာမ်က္ႏွာအားလုံးကိုလည္း Lady Antebellum အျဖစ္မွ Lady A လို႔ ေျပာင္းလဲခဲ့ၾကတာကို ေတြ႕ရပါတယ္။

LaNina

Source: elitedaily

 

RELATED ARTICLES

Most Popular